Friday, February 28, 2014

မြန်မာ့ပို့ကုန်ဈေးကွက်သတင်း

,
ဆန်ပို့ကုန်
 ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရန်ကုန် ဝါးတန်းကုန်စည်ဒိုင်မှာ ဧည့်မထ ၂၅ မှတ် ( ပြည်ပ) ဆန်တစ်အိတ် ၁၁ဝ.၂၅ ပေါင်ကို ကျပ် ၁၄၈ဝဝခန့်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ ဧည့်မထ ၂၅ မှတ် အက်ဖ်အိုဘီ (ရန်ကုန်) ဈေးက မက်ထရစ်တစ်တန်ကို အမေရိကန်ဒေါ် လာ ၃၁၅-၃၁၈ နဲ့ တချို့ကုမ္ပဏီတွေ လိုင်စင်လျှောက်ထားတာ တွေ့ရှိ ပေမယ့် တချို့ကုမ္ပဏီလေးတွေက အမေရိကန်ဒေါ်လာ ၃၃ဝ နဲ့ ကွန်တိန်နာတစ်လုံးစာ၊ နှစ်လုံးစာကို အရည်အသွေးကောင်း ကောင်းနဲ့ ရောင်းချနေရတာလည်း ရှိပါတယ်။ တရုတ်လိုင်း မူဆယ်မှာ ၁၄-၂-၂ဝ၁၄ နေ့ ဈေးနှုန်းအရ ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ် (၅ဝ ကီလို) ကို ၁၂ဝ-၁၂၂ ယွမ်ရှိတဲ့အ တွက် နှစ်မကူး ခင်ကထက် တစ်အိတ် ကို ၃ ယွမ် ဈေးတက်လာပါတယ်။ ငစိန် ၂၅ မှတ်ဆန် တစ်အိတ် (၅ဝ ကီလို) ကို ၁၁၇-၁၁၉ ယွမ်နဲ့ အရင်အတိုင်း ဈေးငြိမ်နေပါတယ်။ နှစ်ကူးပြီးနောက် တရုတ်ပြည်မကြီးကနေ တရုတ်ကုန်သည်တွေ မူဆယ်ဈေးကွက်ကို တဖြည်းဖြည်း ပြန်လာနေကြပြီး အရောင်းအဝယ်တွေလည်း ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်လို့ မူဆယ်ဆန်ဈေးကွက်မှာ ပုံမှန်လေး ပဲ ဆက်သွားနေမယ်လို့ ခန့်မှန်းရပါတယ်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ နှစ် ဖေဖော်ဝါရီပထမပတ်အထိ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၉၆၅ဝဝဝ ကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်။ ရန်ကုန် (အက်ဖ်အိုဘီ)နဲ့ ဧည့်မထ ၂၅ မှတ်ဆန်တွေ သင်္ဘောတင်ပို့လိုင်စင် လျှောက် ထားမှု တွေ ရှိနေပေမယ့် တရုတ်-မူဆယ်ဈေးကွက် အလှုပ်ပေါ်မှာ မူတည်ပြီး ဆန်ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်ပါတယ်။
ပဲမျိုးစုံပို့ကုန်
ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပြည်ပကို တင်ပို့ခဲ့တဲ့ မြန်မာ့ ပဲမျိုးစုံ ပို့ကုန် အခြေအနေကို ဇယား-၁ အတိုင်း တွေ့ရှိရပါတယ်။
ဇယား-၁ (ဈေးနှုန်း USD.PMT)
ပဲအမျိုးအမည် ယခင်တစ်ပတ်
၇-၂-၂ဝ၁၄ ထိ
ယခုတစ်ပတ်
၁၄-၂-၂ဝ၁၄ ထိ
မတ်ပဲ
ပဲတီစိမ်း
ပဲစင်းငုံ
ကုလားပဲ
ပဲလွန်းဖြူ
မြေထောက်ပဲ
၅၆၂၄
    ၄၄၄
    ၂၁၈၇
    -
    ၃၃၆
    ၁၅
၁ဝ၇၃၂
    ၂၈၄၆
    ၂၉၈၂
    ၄၈
    ၃၁၂
    ၄၄
 ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် တရုတ်နှစ်သစ်ကူးအပြီး ပဲ မျိုးစုံ လာရောက်ရောင်းဝယ်နေကြတဲ့ ပဲကုန်သည်ကြီးတွေ ပုံမှန်လာ ရောက်ခဲ့ပါတယ်။ မတ်ပဲ (အာစီ)အနေနဲ့ အဓိက ဝယ်ယူနေတဲ့ အိန္ဒိယ ဝယ်လက်တွေက ဈေးလျှော့ပြီး အဝယ် ရှိသ လို ရောင်းသူ ကုန်သည်တွေဘက်ကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းကျခဲ့ပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန် ကို  အနိမ့်ဆုံး ကျပ် ၅၉၁၅ဝဝ ကနေ အမြင့်ဆုံး ကျပ် ၅၉၄ဝဝဝ အတွင်း၊ တန်ချိန် ၃ဝဝဝ ကျော်သာ အ ရောင်းအဝယ် ဖြစ်ခဲ့ပါ တယ်။ ပဲစင်းငုံနီ (အာစီ)အနေနဲ့ ဒီတစ်ပတ်မှာ အိန္ဒိယဝယ်လက်တွေက နေ့စဉ်ပုံမှန်အဝယ်ရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ တစ် ပတ်နဲ့စာရင် တစ်တန်ကို ကျပ် ၆ဝဝဝ ခန့် ဈေးကျသွားပါတယ်။ အ ရောင်းအဝယ်အနေနဲ့ တစ်တန်ကို အနိမ့်ဆုံး ကျပ် ၅၇၂ဝဝဝ ကနေ အမြင့်ဆုံး ကျပ် ၅၉ဝဝဝဝ အတွင်း တန် ၅ဝဝ ခန့်သာ ရှိခဲ့ပါတယ်။ ပဲစင်းငုံနီဈေး ကျလာရတဲ့အကြောင်းရင်းက နယ်ဈေးကွက်တွေ မှာ ပဲ အဝင်လှိုင်လာတဲ့အပေါ် ဝယ်လက်တွေက ဈေးနှိမ်ပြီး ဝယ်ယူနေတာ ကြောင့် ဖြစ်ပါတယ်။
(zaygwet.com)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်မာ့ပို့ကုန်ဈေးကွက်သတင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...