မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ
၎ ရက်နေ့မှ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့အထိ ၁၄ နှစ်ကြာ အုပ်ချုပ်ခေါင်း
ဆောင် ခဲ့သော နိုင်ငံတော် ဝန်ကြီး ချုပ် ဦးနုသည် မွန်မြတ်မှန်ကန် သော
ဒီမိုကရေစီစနစ်ကို ချစ်မြတ် နိုးကာ ဖက်တွယ်လာခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင်
၁၉၅၈ ခုနှစ် ဖဆပလအဖွဲ့ကြီး ပြိုကွဲခဲ့စဉ် ကြားကဝင်၍ လက်နက် ဖြင့်
နိုင်ငံတော်အာဏာကို သိမ်းယူရန် ကြံ စည်ခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းကို
ပြည်သူ့လွှတ်တော်သို့ ပင့်ဖိတ်၍ တိတ်တိတ်ဆိတ်ဆိတ် အာဏာလွှဲ ပေးခဲ့၏။
သေနတ်ပစ်သံ တစ်ချက်မျှ မကြားစေရ။ ဒီမိုကရေစီနည်းဖြင့်တက်လာသော
အိမ်စောင့်အစိုးရအဖြစ် ဗိုလ်ချုပ်ကြီးနေဝင်းသည် မြန်မာနိုင်ငံ ဝန်ကြီး
ချုပ် တာဝန်ကို အမြည်းသဘောဖြင့် ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလအထိ တာဝန်ယူကာ
မြန်မာပြည်ကို ခပ်ကြမ်းကြမ်း အုပ်ချုပ်ခဲ့ သည်။
၁၉၆၂ ခုနှစ် မတ်လ ၂ရက်နေ့တွင်
စစ်တပ်အာဏာသိမ်း၍ ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေးစင်မြင့်သို့
မသင့်မတင့် တက်ရောက်လာသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီးနေဝင်းသည် ထိုစဉ်က နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်၊
ဝန်ကြီးများကို ထောင်သွင်းအကျဉ်းထားခဲ့ပြီး ၁၉၆၈ ခုနှစ်တွင်အားလုံးကို
အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်၊ ၃၃ ဦး အကြံပေး ကော်မတီ ဖွဲ့ကာ အကြံအဖန်
လုပ်ခဲ့ပြန် သည်။
ဤတွင်လည်း
နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးနုသည်အခြားစကားကိုမပြော။ ဒီမိုကရေစီမှ
ဒီမိုကရေစီဟုဆိုကာ ဗိုလ်ချုပ်ကြီးနေဝင်း ၏ တော်လှန်ရေးအစိုးရကို
တရားဝင်အစိုးရ ဖြစ်စေရန် ပြည်သူ့လွှတ်တော်မှ ဒီမိုကရေစီ အာဏာအပ်နှင်းမည်။
ဗိုလ်ချုပ်ကြီးနေဝင်း သည် နိုင်ငံတော် သမ္မတအဖြစ် သက်တမ်းနှစ် ကြိမ်၊ ၁ဝ
နှစ်တိတိ နိုင်ငံကို အုပ်ချုပ်ပါဟု ဦးနုက တရားဝင် တင်ပြသည်။ သို့သော်
ဦးနုပြောသော နိုင်ငံတော် သမ္မတ သက်တမ်း ၁ဝ နှစ်ကို ဗိုလ်ချုပ်ကြီးနေဝင်းက
မနှစ် မြို့နိုင်။ သည့်ထက်ကြာကြာ တိုင်း ပြည်ကို အုပ်စိုးသွားနိုင်ရန်
တောတွင်းက ဗကပ(ကွန်မြူနစ်) လူထွက်များ အင်းစိန်ထောင်ထဲက ထုတ်လာသော
နိုင်ငံရေးသမား လူ လည်ကြီးများ၏ အကြံပေးဥာဏ် ပေးများကို စုစည်းကာ ၁၉၇၄ ခု
နှစ်တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲ၊ ပြည် သူလူထုကို
မဲဆန္ဒပေးခိုင်းလျက် နှစ်ဆယ့်ခြောက်နှစ်တိတိ တိုင်း ပြည်အုပ်ချုပ်
မင်းလုပ်ခဲ့သည်။ ပြည်သူတွေလက်ထဲက ငွေစက္ကူ များကို သုံးကြိမ်တိတိ
တန်ဖိုးဖျက် ကြေညာခဲ့သည်။ (၁၉၆၄၊ ၁၉၈၅၊ ၁၉၈၇)။ မြန်မာနိုင်ငံအတွင်း၌ စီး
ပွားရေးလုပ်ငန်းပေါင်းစုံကို အဓမ္မ ပြည်သူပိုင်သိမ်းသည်။ မြန်မာတစ်ပြည်လုံး
ဆင်းရဲမွဲတေသွားခဲ့၍ ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်မှု
အနည်းဆုံး နိုင်ငံ-Least Development Country (LDC) အရပ်သား အခေါ်
အဆင်းရဲဆုံးနိုင်ငံ စာရင်း ဝင်သွားသည်။
၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင်
ရန်ကုန်မြို့ ကြို့ကုန်း ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဘုန်းမော်ကို
လုံထိန်းတပ် က ပစ်ခတ်လိုက်သော သေနတ်သံတစ်ချက်သည် ၁၉၈၈ ခုနှစ်
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကြီးအတွက် ပထမဆုံး ထွက်ပေါ် လာသော
သတိပေးသံချောင်း ခေါက်သံ ဖြစ်ခဲ့သည်။ ကြို့ကုန်းရပ်ကွက် စန္ဒာဝင်း
လက်ဖက်ရည်ဆိုင်၌ ဖြစ်ပွားခဲ့သော အရပ် သားများနှင့်
ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတို့ ပဋိပက္ခမှသည် ဥာဏ်ရည်ဥာဏ်သွေး
နိမ့်ကျရှာသော လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်တို့၏ အဆုံးအဖြတ်ပေါ်လာသည်။
၁၃-၃-၁၉၈၈ နေ့ ညတွင် မြန်မာနိုင်ငံကို ၂၆ နှစ် တိုင်တိုင် ဖိနှိပ်အုပ်ချုပ်
လာခဲ့သော စစ်အာဏာရှင်စနစ်ဆိုးကိုဖယ်ရှင်းမည့် သေနတ်ကျည်ဆန်သည်
အပြစ်မဲ့ကျောင်းသား မောင်ဘုန်းမော်၏ ခန္ဓာကိုယ် တွင်းသို့ ဝပ်စင်း
ဝင်ရောက်ခဲ့ချေပြီ။ မောင်ဘုန်းမော် နှင့်အတူ မောင်စိုးမြင့်ဆိုသော
ကျောင်းသားတစ်ဦးလည်း ကျည်ဆန်ထိ၍ ကွယ်လွန်ခဲ့၏။
ဤတွင် ရန်ကုန်တက္ကသိုလ်ကျောင်းတွင်
ပညာသင်ကြား နေကြသော ကျောင်းသား ကိုမင်းကိုနိုင်နှင့် အပေါင်းအဖော်တစ်စု
သည် သမိုင်းဝင် ဂန္ထဝင်အမျိုးသား သီချင်းကို သီဆိုကြလေပြီ။
တို့ခေတ်ကျမှ၊ ညံ့ကြတော့မှာလား
ကမ္ဘာမကြေဘူးဟေ့
(၂)
၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင်
စတင်ခဲ့သော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တောင်းဆိုမှုအရေးတော်ပုံကြီးသည်
ရန်ကုန်မြို့မှ သည် ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းသို့ ပတ်လွှမ်းချီ
တက်သွားခဲ့ပြီ။
အလုပ်သမားတွေ၊ လယ်သမားတွေ၊
ကျောင်းသူကျောင်းသားတွေ၊ ရုံးသူရုံးသားတွေ၊ စက်ရုံပေါင်းစုံနှင့် သင်္ဘော
ကျင်း ဈေးသူ ဈေး သားတွေ အားလုံး အားလုံး အိမ်ထဲ၊ ရုံးထဲ၊ စက်ရုံထဲ၊
ဈေးထဲက ထွက်လာပြီး ဆန္ဒပြ ကြသည်။ စစ်တပ်သည် မိမိအား နိုင်ငံတော်ကို
ကာကွယ်ရန် ပေးအပ်ထားသော မောင်းပြန်သေနတ်တွေကို ကျည်ဆန်ထိုးပြီး ဒီမိုကရေစီ
တောင်းဆိုသူများကိုပစ်၏။ လမ်းပေါ် မှာ၊ မြောင်းထဲမှာ၊ ဈေးထဲမှာ၊
ကျောင်းပေါက်ဝမှာ သေဆုံးကြရှာသော ဒီမိုကရေစီသူရဲကောင်းတွေ သွေးရဲရဲသံရဲရဲ
အတုံးအရုံး ဆုံးရှုံး နစ်နာမှုတွေ များစွာ၊ များစွာ။
ထိုအချိန်၌ မြန်မာနိုင်ငံတွင် တစ်လအတွင်း
နိုင်ငံတော် သမ္မတ သုံးဦးပြောင်း၏။ ဦးစန်းယု၊ ဦးစိန်လွင်နှင့်
ဒေါက်တာမောင်မောင်။ သမ္မတတွေအမျိုးမျိုးပြောင်း၊ ရာထူးလက်ခံပြီး
စကားတွေအများကြီးပြော၊ ပြည်သူတွေက မယုံကြည်ကြပြီ။ ဤအချိန် ၌ ပြည်ထောင် စု
မြန်မာနိုင်ငံတော်၌ ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလက ပြည်ထောင်စုပါတီဥက္ကဋ္ဌ
ဦးနုကို ပြည်သူလူထုက ဒီမိုကရေစီနည်း ကျကျ မဲဆန္ဒပေး ရွေးကောက်ခဲ့ သော
သမိုင်းစာမျက်နှာကို ဦးနုက ပြန်ဖွင့်လေသည်။
နိုင်ငံတော် ဝန်ကြီးချုပ် ဟောင်း ဦးနုသည်
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဒီ
မိုကရေစီ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ပြီး ကြေညာချက်တစ်စောင်ထုတ်သည်။
နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု၏ ကြေညာချက်၌ ကျွန်ုပ်သာ လျှင် ပြည်သူလူထုက
ဒီမိုကရေစီနည်းဖြင့် တရားဝင် တင် မြှောက်ထားသော အစိုးရအဖွဲ့ ဖြစ်သည်ဟု
ဖော်ပြသည်။
ဒီမိုကရေစီနည်းဖြင့် နိုင် ငံတော်
ဝန်ကြီးချုပ် ဦးနု၏ အစိုးရအဖွဲ့တွင် နိုင်ငံတော်သမ္မတ မန်းဝင်းမောင်၊
နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း
တင်ဦး၊ ဝန်ကြီးအဖွဲ့ ဝင်များအဖြစ် ဝိဓူရသခင်ချစ် မောင်၊ ဦးဝမ်ကိုဟော၊
သခင်သိန်းဖေ (ဝါးခယ်မ) အစရှိသဖြင့် ပါဝင်ခဲ့သည်။ သို့သော် ၁၈-၉-၁၉၈၈
နေ့တွင် ဗိုလ်ချုပ်ကြီး စောမောင်က ဦးနေဝင်း (လမ်းစဉ်ပါတီဥက္က ဋ္ဌ) ၏
ညွှန်ကြားမှုကို ခံယူကာ စစ်တပ်က ဒုတိယအကြိမ် အာဏာ သိမ်းခဲ့သဖြင့် နိုင်ငံတော်
ဝန်ကြီးချုပ် ဦးနု ခေါင်းဆောင်သော ဒီမို ကရေစီအစိုးရ အဖွဲ့ဝင်များ
နေအိမ်အကျယ်ချုပ် ထောင်ကြီးချုပ်တွင် အချုပ်ခံရပြီး
အစိုးရအဖွဲ့လုပ်ငန်းများ မလုပ်ဆောင်ရတော့ပေ။
ဤကား နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနု၏ တတိယ အကြိမ်ပြောသော ဒီမိုကရေစီ စ ကားတစ်ခွန်းတည်း။
(၃)
၂ဝ၁၂ နိုဝင်ဘာလ ၂၅ ရက်နေ့က ဦးနုရေးသော တာတေ စနေသားစာအုပ် အရောင်းမြှင့်တင်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော် လမ်း ရှိ Home ၌ ကျင်းပခဲ့ရာ စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ (ယခု ကွယ်လွန်) က စကားတစ်ခွန်း ပြောသည်။
၂ဝ၁၂ နိုဝင်ဘာလ ၂၅ ရက်နေ့က ဦးနုရေးသော တာတေ စနေသားစာအုပ် အရောင်းမြှင့်တင်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော် လမ်း ရှိ Home ၌ ကျင်းပခဲ့ရာ စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ (ယခု ကွယ်လွန်) က စကားတစ်ခွန်း ပြောသည်။
''၁၉၈၈ ခုနှစ် စက်တင်ဘာလက ဦးနုက
ဗိုလ်ချုပ်ကြီးနေဝင်းထံက နိုင်ငံတော်အာဏာကို ဒီမိုကရေစီနည်းအရ
ပြန်ယူလိုက်ပြီ လို့ ကြေညာခဲ့တာ သိပ်မှန်တယ်။ ဦးနုဟာ နိုင်ငံရေးမှာ
အမြဲတစ်ကွက်ကျော် မြင်ပြီး ဆောင်ရွက်တတ်တဲ့ ခေါင်းဆောင်ပါ။ ဦးနုရဲ့
ဥာဏ်ရည်ဥာဏ်သွေးကို ကျွန်တော် တို့ လိုက်မမီလို့ ၁၉၈၈ ခုနှစ်မှာ
ဒီမိုကရေစီအခွင့်ထူးကြီးနဲ့ လွဲခဲ့ပါတယ်'' ဟု ပြောဆိုခဲ့သည်။
၈၈ ခေါင်းဆောင် တစ် ဦးဖြစ်သူ ကိုမင်းကိုနိုင်က နိုင်ငံခြား အသံလွှင့်ဌာနတစ်ခုနှင့် အမေး အဖြေပြောရာတွင်လည်း ဤသို့။
၈၈ ခေါင်းဆောင် တစ် ဦးဖြစ်သူ ကိုမင်းကိုနိုင်က နိုင်ငံခြား အသံလွှင့်ဌာနတစ်ခုနှင့် အမေး အဖြေပြောရာတွင်လည်း ဤသို့။
''၁၉၈၈ ခုနှစ်က နိုင်ငံ
တော်ဝန်ကြီးချုပ်ဟောင်း ဦးနုက ဒီမိုကရေစီနည်းအရ နိုင်ငံတော်အာဏာကို
ကျွန်ုပ် ပြန်ယူလိုက်ပြီ။ ကျွန်ုပ် သာလျှင် ပြည်သူလူထုက တင်မြှောက်တဲ့
တရားဝင်ဝန်ကြီးချုပ် ဖြစ်တယ်။ ပြောဆိုခဲ့တာ။ ပထမ ကျွန်တော်တို့ ထောက်ခံခဲ့
ပါတယ်။ ဦးနု ကြေညာချက်ကို နားထောင်ပြီး ထွက်အလာမှာ (ဦး ----)
(နာမည်အတိအကျ ပြောသည်) နဲ့ ခြံဝမှာ တွေ့တော့ သူက 'ဦးနုက အာဏာရူးကြီးကွ။
သူက ပွဲလန့်တုန်း ဖျာခင်းတာ' လို့ ပြော တယ်။ ကျွန်တော်တို့လည်း နိုင်ငံ ရေး
အသိမကြွယ်တော့ သူ ပြောတာ ယုံကြည်သွားမိတယ်။ တကယ်တော့ အဲဒီတုန်းက
ဦးနုကြေညာတာကို ကျွန်တော်တို့ဝိုင်းဝန်း ထောက်ခံရင် ဒီမိုကရေစီ ရသွားမှာ
ပါ။ ဦးနုခင်းတဲ့ဖျာဟာ ပြည်သူတွေ အတွက် ဒီမိုကရေစီ ရွှေဖျာပေါ့ ဗျာ'' ဟု
ရင်ထုမနာ ပြောခဲ့၊ ဖြေခဲ့ ဖူးလေသည်။
တက္ကသိုလ်စိန်တင်
(ဈေးကွက်သတင်း)


