Sunday, February 9, 2014

ကျောင်းသားများရဲ့အေးချမ်းစွာပညာသင်ကြားရေးဆိုတော့ကျောင်းသားတွေကမအေးမချမ်းဘာတွေလုပ်နေလို့လဲ

,
ကျောင်းဆရာ/ဆရာမများအား တစ်ပတ်တစ်ကြိမ်အလှည့်ကျစနစ်ဖြင့် လုံခြုံရေးကင်းစောင့်ခိုင်းခြင်းသည်ကျောင်း သား/သူများနှင့် ဆရာ/ဆရာမများ အကြားသွေးခွဲထားသည်ပုံစံမျိုးဖြစ်သည် ဟုဆိုသောကျောင်းသားအချို့နှင့် ဆရာ အချို့၏သုံးသပ်သံများအားစုစည်းတင်ပြ လိုက်ပါသည်။
ဆရာဦးဇော်မျိုးလှိုင် (ဒဂုံတက္ကသိုလ်ဆရာ၊ ဆရာမများအသင်းအတွင်းရေးမှူး)
လုံခြုံရေးကင်းဆိုတော့ ဘာကိုလုံခြုံ ချင်တာလဲ။ ဘာတွေမလုံမခြုံဖြစ်နေလို့ လဲ။ ကျောင်းသားများရဲ့အေးချမ်းစွာ ပညာသင်ကြားရေးဆိုတော့ ကျောင်းသား များက မအေးမချမ်းဘာတွေလုပ်နေလို့ လဲလို့မေးချင်တယ်။ ဦးနေ၀င်းက ဆူဆူ ပူပူလုပ်တဲ့လူတွေကတော့ စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ ပစ်ရင်တည့်တည့် ပဲပစ်တယ်လို့သမိုင်းဝင်ပြောခဲ့တယ်။ အဲဒီ ဆူဆူပူပူဆိုတဲ့စကားနဲ့ဆက်စပ်စဉ်းစား လိုက်တော့ ကျောင်းသားတွေကဆူဆူ ပူပူလုပ်နေလို့ ကင်းချရတာလား။ ကျောင်းသားတွေဟာသမိုင်းတစ်လျှောက် မှာ ဟော့ဟော့ရမ်းရမ်းဆူပူသောင်းကျန်း တာတစ်ခုမှမရှိဘူး။ လုံခြုံရေးကင်းစောင့် ရအောင် ဒီတက်္ကသိုလ်ဟာအနက်ရောင် နယ်မြေဖြစ်နေလို့လား။ အညိုရောင်နယ် မြေမို့လို့လား။ အန်္တရာယ်ရှိတဲ့နယ်မြေမို့လို့ လား။ ယခုဟာကကျောင်းသားတွေဆူဆူ ပူပူလုပ်နေတယ်လို့အဓိပ်္ပာယ်ထွက်နေ တယ်။ ကျောင်းသားများဟာသမိုင်းတစ် လျှောက်လုံး ပြည်သူ့လိုအပ်ချက်တွေကို ပြည်သူလူထုကိုယ်စားရှေ့ထွက်ပြီးတောင်း ဆိုခဲ့တာပဲရှိတယ်။ ဒါကိုဆူပူတယ်လို့ မြင် တာလား။ အဲဒါကိုဆူပူတယ်လို့မြင်ရင် ၈၈အရေးတော်ပုံဆိုတာလည်းပေါ်လာမှာ မဟုတ်ဘူး။ လွတ်လပ်ရေးတောင်ရမှာ မဟုတ်ဘူး။ တကယ်ဆိုရင်ဆရာတွေကို လုံခြုံရေးမစောင့်ခိုင်းသင့်ဘူး။ ကျောင်း သားတွေလည်း ဘာမှဆူဆူပူပူလုပ်နေ တာမဟုတ်ဘူး။ ဒါဟာကျောင်းသားထုကို စော်ကားရာရောက်တယ်။ နောက်ဆုံး အဆင့်ပြောမယ်။Toilet   မှာတောင်gent and Ijadies ပဲရေးထားတာ။ တက္ကသိုလ်က ဘွဲ့ပေးရင်လည်း မောင်တို့မယ်တို့ပို့ခေါ်ပြီး လူကြီးလူကောင်းအဖြစ်နဲ့သတ်မှတ်ထားတဲ့ လူတန်းစားကိုအန္တရာယ်ရှိလူတန်းစားအဖြစ် သတ်မှတ်တယ်ဆိုတော့ ဒါဟာနိုင်ငံရေး ဘက်ကိုဦးတည်တာပဲ။ ကျောင်းသားတွေ စာရွက်စာတမ်းတွေဖြန့်မှာကိုလည်းစိုးရိမ် တယ်။ သူတို့ဘက်ကနိုင်ငံရေးလှုံ့ဆော်မှု မျိုးတွေလုပ်မှာကိုဆူပူနေတယ်လို့မြင်တယ် ဆိုရင်မဟုတ်သေးဘူး။ သူတို့ကောင်းတာ လုပ်ရင်ဘာမှထပြီး ကျောင်းသားတွေက ကန့်ကွက်မှာမဟုတ်ဘူး။ မကောင်းတာ လုပ်နေတဲ့လူတွေကတော့ စိုးရိမ်မှာပေါ့။ ဒဂုန်တာရာပြောခဲ့တဲ့ ဓားမိုးထားတဲ့ငြိမ်း ချမ်းရေးလိုပေါ့။ ဓားနဲ့မိုးထားရင်တော့ ငြိမ်နေမှာပေါ့။ အခုလည်းကျောင်းဆရာ တွေကို ဓားကိုင်ခိုင်းထားသလိုဖြစ်နေ တယ်။ ဘယ်ဆရာ၊ ဆရာမမှလုံခြုံရေး မစောင့်ချင်ဘူး။ စောင့်စရာမဟုတ်ဘူးလို့ လည်းမြင်တယ်။ ဆရာ၊ ဆရာမတွေက မလွန်ဆန်နိုင်လို့စောင့်နေရတာ။ ဗိုလ်ချုပ် အောင်ဆန်းခေတ်ကကျောင်းသားတွေကို အင်္ဂလိပ်အစိုးရကရန်သူလို့မြင်တယ်။ တိုင်းပြည်ကိုကျူးကျော်လာတဲ့နိုင်ငံခြား သားတွေက ကျောင်းသားကိုရန်သူလို့ မြင်တာကတော့မဆန်းပါဘူး။ မြန်မာ- မြန်မာချင်းအုပ်ချုပ်နေတဲ့ခေတ်ကျမှ ဘာလို့ကျောင်းသားတွေကိုရန်သူလို့မြင် နေရတာလဲ။ ကင်းစောင့်ရတဲ့အလုပ်ထက် အရေးကြီးတဲ့အလုပ်ကိုမလုပ်ခိုင်းဘဲနဲ့ ဘာမဟုတ်တဲ့လုံခြုံရေးကင်းထိုင်စောင့် ခိုင်းတာဟာ စီမံခန့်ခွဲမှုအားနည်းညံ့ဖျင်း သလိုဖြစ်နေတယ်။
မောင်ကောင်း (ဒဂုံတက္ကသိုလ်ကျောင်း သားသမဂ်္ဂအတွင်းရေးမှူး)
ဆရာကိုဆရာနေရာမထားဘဲတံခါး ပေါက်ဝနေရာထားတယ်ဆိုတာမဖြစ်သင့် ဘူး။ ဆရာတွေဟာအခိုင်းခံပုဂိ္ဂုလ်တွေ မဟုတ်ဘူး။ အနန္တောအနန်္တငါးပါးထဲက ဘုရားနဲ့တစ်ဂိုဏ်းထဲထားတဲ့ဆရာကို ကင်းစောင့်ခိုင်းတယ်ဆိုတော့စဉ်းစားသာ ကြည့်ပေါ့။ ဒါဟာဂျူတီစောင့်ခိုင်းတဲ့လူရဲ့ အမှားပဲ။ ဘာလို့ကင်းစောင့်ရမှာလဲ။ ကျောင်းကိုလာပြီးစစ်တပ်လိုမျိုးလုပ်လို့ မရဘူး။ ကျောင်းသားတွေဟာသူခိုးတွေ မဟုတ်ဘူး။ အဲဒီလိုကင်းစောင့်ခိုင်းတာ ဟာ ကျောင်းသားတွေရဲ့ဂုဏ်သိက္ခာကို လည်းထိခိုက်တယ်။ ဒါဟာစော်ကားတာ ပဲ။ ကျောင်းသားတစ်သောင်းကျော်ကို လုံခြုံရေးဝန်ထမ်းအယောက်သုံးဆယ် လောက်ချထားတာပဲ။ ဘယ်လိုလုပ်လုံခြုံ ရေးဝန်ထမ်းလုံလောက်မှာလဲဗျာ။ ကျောင်း သားတစ်ယောက်ရဲ့အမြင်ဆိုရင်တော့ ဆရာကိုကင်းစောင့်ခိုင်းတာဟာတော်တော် မှားယွင်းတဲ့လုပ်ရပ်ပဲ။ ကျွန်တော်ဆရာ တစ်ဦးဖြစ်မယ်ဆိုရင်လည်း ဒီကိစ်္စကို တော်လှန်မိမှာအမှန်ပဲ။ ပြဿနာတစ်ခု ဖြစ်လာရင်လုံခြုံရေးနဲ့ထိပ်တိုက်မတွေ့စေဘဲ ဆရာ၊ ဆရာမနဲ့တွေ့စေတာဟာရန်တိုက် မှုလို့ပဲမြင်တယ်။ ပြဿနာတစ်ခုဖြစ်လာ ရင် လုံခြုံရေးရဲ့တာဝန်ကိုလှမ်းမမြင်ဘဲ ဆရာ၊ ဆရာမဘက်ကိုအရင်မြင်တော့ ကျောင်းသားနဲ့ဆရာကြားမှာ ပဋိပက္ခ တစ်ခုဖြစ်သွားနိုင်တယ်။ ကျောင်းအာဏာ ပိုင်တွေကကျောင်းသားနဲ့ ဆရာကြားမှာ အမြင်မှားအောင်လုပ်ထားတဲ့လုပ်ရပ်ဖြစ် တယ်။
မခင်ရတနာထွန်း (ဒဂုံတက္ကသိုလ်ကျောင်း သားသမဂ္ဂ အမျိုးသမီးရေးရာတာဝန်ခံ)
ဆရာမတစ်ယောက်ဆိုရင်ဆိပ်ကမ်း ကနေလာရတယ်။ ဆိပ်ကမ်းဘက်ကနေ လာရတဲ့အတွက်ကားရှားတယ်။ မနက် အစောပိုင်းဂျူတီဆိုရငf Taxi ငှားပြီးတော့ ဂျူတီအမီလာရတယ်။ အဲဒီအတွက်စရိတ် ပိုကုန်တာပေါ့။ ဒါမျိုးတွေမဖြစ်သင့်ဘူး။ ကျောင်းသားတွေဘက်ကလည်းကင်းစောင့် နေတဲ့ ဆရာ၊ ဆရာမတွေဟာ ငါတို့ကို စောင့်ကြည့်နေတယ်ဆိုတဲ့အမြင်နဲ့ မြင် သွားနိုင်တယ်။ ကျောင်းသားနဲ့ဆရာ၊ ဆရာမကြားကဆက်ဆံရေးကိုပျက်ပြား အောင်လုပ်သလိုဖြစ်နေတယ်။ ဥပမာ ကျောင်းသားသမဂ္ဂရွေးကောက်ပွဲလုပ်တဲ့ အခါကျရင်တော့ လုံခြုံရေးတွေရောက် လာတတ်တယ်။ တကယ်တမ်းလုံခြုံရေး ယူရမယ့်နေရာမျိုးတွေမှာကျတော့မတွေ့ ရတော့ဘူး။ ဒီကိစ္စဟာလုံခြုံရေးလုပ်ရ မယ့်ကိစ္စလေ။
ဒေါက်တာအာကာမိုးသူ (ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမအသင်းဥက္ကဋ္ဌ)
ကင်းစောင့်ခိုင်းတာကိုမကျေနပ်တာ ထက် စီမံခန့်ခွဲမှုအားနည်းတယ်လို့မြင် တယ်။ ၈၈နောက်ပိုင်းစတာပေါ့။ ၈၈ နောက်ပိုင်းမှာကျောင်းသားတွေကိုအရေး အခင်းစရင် ကျောင်းသားတွေကစတယ်လို့ မြင်လာတယ်။ ပြည်သူလူထုရဲ့နှလုံးသားကို ပိုင်တာလည်းကျောင်းသားတွေပဲ။ ကျောင်းသားတွေရဲ့ဦးဆောင်မှုမှန်သမျှကို ပြည်သူလူထုကထောက်ခံဖို့ဝန်မလေးဘူး။ အဲဒါကိုသိတော့ သူတို့ကကျောင်းသားနဲ့ ပြည်သူကိုခွဲပစ်လိုက်တယ်။ ကျောင်းသား တွေရဲ့ယဉ်ကျေးမှုကိုလည်းဖျက်ပစ်လိုက် တယ်။ မိဘပြည်သူတွေရဲ့အမြင်မှာအခု ဆိုရင် ကျောင်းသားတွေကိုရွံလာအောင် မုန်းလာအောင်လုပ်ပစ်လိုက်တယ်။ ကျောင်းတွေကိုမြို့ပြင်ထုတ်လိုက်တဲ့ကိစ္စ လည်းပါတယ်။ အဲဒါဟာကျောင်းသား တွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအောက်ဆုံး ရောက်သွားအောင်လုပ်လိုက်တယ်။ ကျောင်းသားတွေမြို့ပြင်ထုတ်လိုက်တဲ့ အတွက် ငါတို့လုပ်ချင်ရာလုပ်လို့ရတယ် ဆိုတဲ့အသိရောက်အောင်တွန်းအားပေး သလိုဖြစ်သွားတယ်။ ရန်ကုန်တက်္ကသိုလ် ဆိုရင် မြို့လယ်ခေါင်မှာတည်ထားတယ်။ ပတ်ဝန်းကျင်မှာဆိုရင်ပညာတတ်တွေနေ တယ်။ ကျောင်းသားကတစ်ခုခုလုပ်မယ် ဆိုပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် မသင့်တော်ဘူးဆိုတဲ့အသိဝင်ပြီးလုပ်ရပ်ကို ထိန်းသွားတယ်။ ကျောင်းသားကိုဆရာ ကပဲ equcate လုပ်နိုင်တယ်။ နိုင်ငံရေး လွတ်လပ်ခွင့်အမြင်လည်း ကျောင်းသား ကိုဆရာကပဲပေးနိုင်တယ်။ အဲဒီဟာကို မလုပ်နိုင်အောင်ဆရာနဲ့ကျောင်းသားရဲ့ ဆက်ဆံရေးပျက်ပြားအောင်လုပ်လိုက် တယ်။ ကျောင်းသားဝင်လာရင် ဆရာမ တွေက ကျောင်းသားကတ်စစ်တယ်။ အဲဒီမှာကျောင်းသားကဒီအလုပ်ဟာ ဆရာတွေရဲ့အလုပ်လားဆိုပြီး မြင်သွား အောင်လုပ်လိုက်တယ်။ ဂျူတီတွေကြောင့် ဆရာနဲ့ကျောင်းသားဟာဆက်ဆံရေး မသိမသာပျက်အောင်လုပ်လိုက်တာဖြစ် တယ်။ သူတို့ဘက်ကကျောင်းသားများ အေးချမ်းစွာပညာသင်ကြားရေးအတွက် လို့ပြောတယ်။ ကျောင်းတည်ထားတဲ့ နေရာကမအေးချမ်းလို့လားလို့စဉ်းစား စရာဖြစ်တယ်။ စစ်ဘေးဒုက္ခရောက်နေတဲ့ နေရာမို့လို့လား။ ကင်းတွေစောင့်ခိုင်းရ အောင် ဘာတွေဖြစ်နေလို့လဲ။Teaching  သည်Teaching  ပဲဖြစ်ရမယ်။Security သည်Security  ပဲဖြစ်ရမယ်။ တပ် အမြင်၊ တပ်အတွေးတွေစီမံခန့်ခွဲမှုထဲဝင် လာတော့မကောင်းတော့ဘူး။ ဆရာ၊ ဆရာမဆိုတာ ကျောင်းသားရဲ့လွတ်လပ် မှုတွေလိုက်ကန့်သတ်နေတယ်လို့မြင်သွား တယ်။ ဆရာမတွေကဂျူတီစောင့်ရတာက အလုပ်မဟုတ်ဘူး။ှနခကမငအပ လိုရငှ်နခကမငအပ စောင့်လိုက်ပေါ့။ ကင်းစောင့်တာ ပျက်ကွက်ရင်ထုချေလွှာတင်ရတဲ့အဆင့် ထိရောက်သွားတယ်။ ကျောင်းသားတွေ ကိုလည်း သူခိုးလို့မြင်နေလားမပြောတတ် ဘူး။ ပညာရေးပြုပြင်ပြောင်းလဲမှုလို့ ဘယ်လိုပဲအော်အော် ဒီစနစ်ဆိုးတွေရှိနေ သရွေ့ပြောင်းလဲမှာမဟုတ်ဘူး။ ဒီစနစ် တွေဟာကျောင်းသားနဲ့ဆရာတွေကို သွေးခွဲထားတာဖြစ်တယ်။
ကိုကျော်ဇင်လင်း (ဒဂုံတက္ကသိုလ်ကျောင်း သားသမဂ္ဂ ဒုဥက္ကဋ္ဌ)
တာဝန်ခွဲဝေမှုမတိကျတာပေါ့။ ဆရာ/ဆရာမတွေကိုစောင့်ခိုင်းတယ်ဆို တာက နိုင်ငံမှာတာဝန်ခွဲဝေမှုမတိကျ တာကိုပေါ်လွင်စေပါတယ်။ လုံခြုံရေး စောင့်ရမယ့်နေရာမှာ ဆရာ၊ ဆရာမ တွေကိုစောင့်ခိုင်းတာဟာ ဆရာ၊ ဆရာမ နဲ့ ကျောင်းသားကြားဆက်ဆံရေးကို မသိမသာသွေးခွဲတာဖြစ်တယ်။ ဆရာ၊ ဆရာမနဲ့ကျောင်းသားဆက်ဆံရေးဟာ ပညာရေးပေါ်မှာပဲရှိသင့်တယ်။ ကျောင်း သားချင်းဖြစ်တဲ့ ပြဿနာမှာဆရာကို ထိုးထည့်တာဟာသွေးခွဲမှုတစ်ခုလို့မြင် တယ်။ လုံခြုံရေးဝန်ထမ်းမလောက်လို့ ဆင်ခြေပေးသံတွေလည်းရှိပါတယ်။ မြို့ စွန်မှာတည်ထားတဲ့ကျောင်းတွေဟာ လုံခြုံရေးအင်အားတကယ်လိုအပ်ပါတယ်။ တရားဥပဒေဘောင်အတွင်းကျောင်းသား လှုပ်ရှားတဲ့ဟာတွေကိုစောင့်ကြည့်တဲ့ လုံခြုံရေးမျိုးတော့မဖြစ်သင့်ဘူး။ တကယ့် ပဋိပက္ခတွေဖြစ်မှသာ ကျောင်းသားတွေကို ကာကွယ်ပေးမယ့်လုံခြုံရေးမျိုးထားရမှာ ဖြစ်တယ်။ လုံခြုံရေးအင်အားအင်မတန် မှနည်းပါးတယ်။ ကျောင်းသားအပါအ၀င် မြန်မာလူထုတစ်ရပ်လုံးဟာအဖျက်အဆီးခံ ဘ၀ကနေတက်လာခါစအခြေအနေပါ။ ဒါပေမဲ့ကျောင်းသားတွေရဲ့ စဉ်းစားချင့် ချိန်နိုင်စွမ်းကိုမယုံကြည်ရင် တက္ကသိုလ် ဆိုတဲ့နာမည်ကိုတောင်တပ်စရာမလို တော့ဘူး။ နိုင်ငံမှာတက္ကသိုလ်ဆိုတာ မသုံးနဲ့တော့ဗျာ။ တက္ကသိုလ်လို့ထားပြီ ဆိုရင်တော့ ကျောင်းသားတွေရဲ့စဉ်းစား ချင့်ချိန်နိုင်စွမ်းကိုယုံကြည်ရလိမ့်မယ်။
hotnewsweekly

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကျောင်းသားများရဲ့အေးချမ်းစွာပညာသင်ကြားရေးဆိုတော့ကျောင်းသားတွေကမအေးမချမ်းဘာတွေလုပ်နေလို့လဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...