အစိုးရအနေဖြင့် တိကျသည့် မြေနေရာ
သတ်မှတ်ပေးမှုမရှိပါက အိမ်ခြေ ဖျက်သိမ်း ခံခဲ့ရသည့် သမီးကလေး ကျေးရွာသား
အားလုံးကို ကရင်ပြည်နယ်သို့ ဖေဖော်ဝါရီ ၁၉ ရက်နေ့နံနက်မှ စတင်ကာ
ပြောင်းရွှေ့ ခေါ်ဆောင်သွားမည်ဟု ကရင်တပ်မတော် DKBA ထံမှ သိရသည်။
အဆိုပါကျေးရွာသားများအားလုံးအား
ကရင်ပြည်နယ်ရှိ ဆုံဆည်းမြိုင်နှင့် ကြာအင်းဆိပ် ကြီးအနီးတစ်ဝိုက်တွင်
မြေနေရာသတ်မှတ် ၍ နေထိုင်ခွင့်ပေးမည်ဖြစ်ပြီး သက် ဆိုင်ရာ အစိုးရအနေဖြင့်
၎င်းရွာသားများအား အစား ထိုးနေရာချထားပေးမှု မပြုလုပ်နိုင်ပါက
အိုးမဲ့အိမ်မဲ့များ မဖြစ်သွားစေရန်ရည်ရွယ်၍ ခေါ်ဆောင်ခြင်းဖြစ်သည်ဟု
သမီးကလေး ကျေးရွာမှကရင်ပြည်နယ်သို့ DKBA ကိုယ်စား ပို့ဆောင်ပေးရန်
တာဝန်ယူထားသည့် မြန်မာ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ကိုနေမျိုးဇင် က
ပြောသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်အိမ်ခြေများ
ဖျက်ဆီးခံခဲ့ရသည့် သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၁၅၃ စုမှာ
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အောင်သိဒ္ဓိဘုန်းကြီး ကျောင်းဝင်း အတွင်း
ယာယီတဲငယ်များဖြင့် ခိုလှုံလျက်ရှိပြီး ယင်း အိမ်ထောင်စုများအတွင်းမှ
ကျောင်း တက်ဆဲ ကျောင်းသားမရှိသည့် အိမ်ထောင်စု ၅၇ စုကိုမူ အဆိုပါ
ဘုန်းကြီးကျောင်းအတွင်းမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင်အပြီး ပြောင်းရွှေ့
ပေးရန် သက်ဆိုင်ရာတိုင်းဒေသကြီး အုပ်ချုပ် ရေးမှူးရုံးမှ
အမိန့်ထုတ်ပြန်ခဲ့သည်။
လှည်းကူးမြို့နယ် သမီးကလေးကျေးရွာ
သားများအနေနှင့် သမီးကလေးကျေးရွာနှင့် အနီးတစ်ဝိုက်တွင်
ပြန်လည်နေထိုင်ခွင့်ရရှိရန် အတွက်သက်ဆိုင်ရာအစိုးရ တို့ထံ မှ မြေနေရာ
ပြန်လည်သတ်မှတ်ပေးရန် မျှော်လင့်နေကြသော်
လည်းယင်းသို့ပြုလုပ်ပေးခြင်းမရှိပါက DKBA က
ရွှေ့ပြောင်းပေးမည်ဟုဆိုသည့်နေရာသို့ လိုက်ပါသွား မည်ဟုဆိုသည်။
”ကိုယ်တွေကို ဒီနေရာမှာ နေခွင့်
မပေးမှတော့ သူတို့ခေါ်တဲ့နောက်လိုက် ရင်လိုက် မဟုတ်ရင် အထုတ်ထဲထည့်
ရေထဲသာမျောခိုင်းလိုက်ဖို့ပဲ ရှိတော့ မယ်”ဟု သမီး ကလေးကျေးရွာတွင်
ဆယ်နှစ်ကျော်နေထိုင်ခဲ့သည့် ဒေါ်မြဝင်းက ဆိုသည်။
ထို့ပြင်
ကျောင်းတက်ဆဲကျောင်းသားများရှိသည့် အိမ်ထောင်စုများမှာ လည်း
ကျောင်းသားများစာမေးပွဲဖြေဆို မှုအပြီးအထိသာ ဘုန်းကြီးကျောင်းဝင်း အတွင်း
ခိုလှုံခွင့် ရမည်ဖြစ်ပြီး စာမေးပွဲ ပြီးဆုံးမည့် ဖေဖော်ဝါရီလကုန်တွင် အပြီး
သတ်ဖယ်ရှားပေးကြရမည် ဖြစ် သည်။
ထို့ကြောင့် အဆိုပါမိသားစုများမှာ
လည်းDKBA မှထပ်မံခေါ်ယူပေးမည့် အခေါက်တွင် လိုက်ပါသွားကြမည်ဟု သိရသည်။DKBA
အနေဖြင့် ပြည် တွင်းရှိ တက်ကြွ လှုပ်ရှားသူအချို့နှင့် ပူးပေါင်းကာ
သမီးကလေးကျေးရွာသား များ ပြောင်းရွှေ့ရေးကို ဆောင်ရွက်မည် ဖြစ်ပြီး ယခုလ ၁၉
ရက်နံနက်ပိုင်းမှ စ ၍ ၁၂ဘီးကားနှစ်စီးဖြင့် စတင်ပြောင်း ရွှေ့ပေးသွားမည်ဟု
သိရသည်။
ရွာသားများအား ခိုလှုံခွင့်ပေးထား သည့်
အောင်သိန္ဒိဘုန်းကြီးကျောင်းမှ ဆရာတော် ဦးအဂ္ဂဓမ္မကမူ ၄င်းရွာသား များအား
ယခုလကုန်အထိ နေထိုင်ခွင့် ပြုပေးရန် ပဲခူး တိုင်းအုပ်ချုပ်ရေးမှူး ထံသို့
ခွင့်တောင်းထားပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့နောက်ပိုင်းတွင်အစိုးရဘက် မှ
ပြောင်းရွှေ့ပေးရန် အမိန့်ပေးမှုများ ထပ်မံမပြုလုပ်သေးဟု မိန့်ကြား သည်။
သုတလင်း
(popularmyanmar)


