Tuesday, April 15, 2014

ဒေါသထွက်နေတဲ့လူအုပ်ကြီးနဲ့ မြန်မာပြည်ရဲ့ ပဋိပက္ခ လူငယ်တွေဘယ်လိုဖြေရှင်းမလဲ

,
လူအဖွဲ့အစည်းကြားမှာ ပဋိပက္ခဖြစ်စေမယ့်သတင်းတွေကို ဆိုရှယ်မီဒီယာတွေကနေ ဖြန့်ပြီး ဝါဒဖြန့်သိမ်းသွင်းမှုရဲ့ဒဏ်ကို နယ်မြို့တွေမှာ ခံစားနေရတယ်လို့ Blogger နေဘုန်းလတ်က ပြောလိုက်ပါပြီ။ နိုင်ငံရေးလှည့်ကွက်လိုလို ဒေါသထွက်နေတဲ့လူအုပ်ကြီးကြောင့်လိုလိုနဲ့ တအုံ့နွေးနွေးဖြစ်နေတာကို ဘယ်လိုရှင်းကြမလဲ။
နယ်မြို့တွေမှာနေထိုင်သူတွေဟာ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် လှည့်ဖျားခံနေရပြီး လူငယ်တွေရဲ့ တက်ကြွတဲ့အင်အားတွေကို ပဋိပက္ခတွေမှာသုံးဖို့အတွက် ဖြန်ဖြေဖို့ထက် လှုံ့ဆော်သူအင်အားက များနေတယ်လို့ အကြမ်းဖက်မှုကို လူငယ်များဖြေရှင်းခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးခဲ့ကြ ပါတယ်။
ရန်ကုန်မြို့ မအူကုန်းက Center for Youth and Social Harmony မှာ ဧပြီ ၆ရက်နေ့က ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို ကိုနေဘုန်းလတ်၊ မဇင်မာအောင်နဲ့ ကိုအောင်ကိုကိုတို့ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး လက်ရှိ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေဟာ နိုင်ငံရေးမဲဆွယ်ဖို့နဲ့ နောက်ကြောင်းပြန်လှည့်ဖို့ တမင် ဖန်တီးနေတာလို့ ပြောဆိုခဲ့ကြပါတယ်။
အမျိုးဘာသာသာသနာထိန်းသိမ်းဖို့ဆိုပြီး နိုင်ငံရေးကိုနွယ်လာနေတဲ့ ဒီပဋိပက္ခတွေဟာ ပြည်သူတွေရဲ့ စိုးရိမ်စိတ်တွေကို ဖျောက်ဖျက်ဖို့ မလွယ်သလို တရားဥပဒေစိုးမိုးမှု အားနည်းတာကြောင့် အဓိကဖြစ်ရတယ်လို့ ကိုအောင်ကိုကိုက ဆိုပါတယ်။
 Credit to===>>>.kamayutmedia

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒေါသထွက်နေတဲ့လူအုပ်ကြီးနဲ့ မြန်မာပြည်ရဲ့ ပဋိပက္ခ လူငယ်တွေဘယ်လိုဖြေရှင်းမလဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...