Thursday, April 17, 2014

နှုတ်ကြောင့်လည်း မသေ၊ လက်ကြောင့်လည်း မကြေစေဖို့ ပန်းစကားလှုပ်ရှားမှုစတင်

,
နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေဆိုတဲ့ ဆိုရိုးစကားလို ကိုယ့်ရဲ့စကားတစ်ခွန်းကြောင့် လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းမှု ပျက်သုဉ်းစေမယ့်ဘေးကနေ ကင်းဝေစေဖို့ မြန်မာလူငယ် ၁၃ယောက်ဟာ လှည်းတန်းမှာ ပန်းစကားလှုပ်ရှားမှုကို စတင်လိုက်ပါပြီ။ အန္တရာယ်ရှိတဲ့ အမုန်းစကားတွေကို တိုက်ဖျက်ဖို့ပါတဲ့။
ပြည်သူတွေကြားမှာ အမုန်းစကားတွေကို မပြန့်စေဖို့ အဖွဲ့ ၅ဖွဲ့ခွဲပြီး ရန်ကုန်မြို့က လူနေရပ်ကွက်တွေမှာ ဧပြီ ၄ရက်နေ့ကစတင်ပြီး ပန်းစကားလှုပ်ရှားမှုကို စတင်ခဲ့တာဖြစ်ပြီး ကူညီကြသူတွေရှိတယ်လို့ ဆိုပါတယ်။ Facebook စာမျက်နှာမှာ Panzager လှုပ်ရှားမှုကို ကြေညာထားပြီး အများပြည်သူ ပါဝင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
အစိုးရပိုင်သတင်းစာတွေနဲ့ ရုပ်မြင်သံကြားတွေမှာကအစ Hate Speech လို့ခေါ်တဲ့ အမုန်းစကားတွေ ပါနေပြီး အမှန်တရားကို မပြောရဲလို့ အသံတိတ်နေတဲ့ပြည်သူတွေကြားမှာ အမုန်းစကားတွေ တိုးများလာမှာစိုးတာကြောင့် ပန်းစကားကို ပြုလုပ်တာလို့ ကိုသန့်စင်ထွေးက ဆိုပါတယ်။
အမုန်းစကားတွေ ဆိတ်သုဉ်းပြီး ပန်းစကားတွေ အောင်မြင်ဖို့ဆိုတာ အကျင့်စာရိတ္တပိုင်းဆိုင်ရာလည်း ဖြစ်တာကြောင့် အချိန်တစ်ခုတော့ ယူရမှာဖြစ်တယ်လို့ ဘလော့ဂါ နေဘုန်းလတ်က ဆိုပါတယ်။
စတစ်ကာတွေနဲ့ ကပ်ခွာတွေအဖြစ် လူတိုင်းကြည့်မိစေဖို့လှုပ်ရှားတာဟာ သတိထားမိစေမှာမို့ ကောင်းပါတယ်လို့ နည်းပညာတက္ကသိုလ်ကျောင်းသူတစ်ယောက် မှတ်ချက်ပေးပါတယ်။
Credit to ===>>kamayutmedia.com

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နှုတ်ကြောင့်လည်း မသေ၊ လက်ကြောင့်လည်း မကြေစေဖို့ ပန်းစကားလှုပ်ရှားမှုစတင်”

Post a Comment

Related Posts Plugin for WordPress, Blogger...