လက်ရှိအစိုးရရဲ့
ကြိကြပ်မှုအောက်မှာထုတ်ဝေနေတဲ့ နေ့စဉ်ထုတ်သတင်းစာတစ်စောင်ဖြစ်တဲ့
(၁၇-၄-၂၀၁၄)နေထုတ်ကြေးမုံသတင်းစာမှာထူးခြားတဲ့အရေးအသားပုံစံနဲ့သတင်းတစ်ပုဒ်ပါလာတာ
တွေ့ရပါတယ်
အဲဒီသတင်းကို ပြည်ထဲရေးဝန်ကြီးဌာနကရရှိပါတယ်လို့ရေးထားပြီး သတင်းထုတ်ပြန်သူက
“မြန်မာ့သတင်းစဉ်”ဖြစ်ကြောင်းဖော်ပြထားပါတယ်
နတ်တလင်းမြို့နယ်“တာစုကံစု”ကျေးရွာကချစ်သူနှစ်ဦးအကြောင်းဖြစ်ပါတယ်
နဖူးစာဆိုတာ
လူတွေဖန်တီးလို့ရကောင်းတဲ့အရာမဟုတ်မှန်း လူတိုင်းသိပါတယ် ၊ လူအချင်းချင်း
ချစ်ခင်စုံမက်ကြတာသဘာဝပါ
၊ နဖူးစာပါလာရင် ဘယ်မိန်းမနဲ့ ဘယ်ယောင်္ကျားမဆို ၊
ဘယ်ဘယ်ယောင်္ကျားနဲ့
ဘယ်မိန်းမဆို ရေစက်ဆုံနိုင်ခွင့်ရှိပါတယ် ၊ဘာမှထူးဆန်းတဲ့အရာမဟုတ်ပါဘူး
ဒါပေမယ့်ကြေးမုံသတင်းစာမှာ
ဖော်ပြပုံကတော့ထူးဆန်းနေပါတယ် ၊ ရေးသားတင်ပြပုံက
နိုင်ငံပိုင်မီဒီယာတစ်ခုမှဟုတ်ပါရဲ့လားသတင်းမီဒီယာကျင့်ဝတ်နဲ့ကောညီပါရဲ့လားလို့မေးခွန်း
ထုတ်ချင်စရာဖြစ်နေပါတယ်၊
အရေးအသားကလက်တစ်လုံးခြားလေးပေမယ့်
လှုံ့ဆော်လိုတဲ့ရည်ရွယ်ချက်က ထင်ရှားနေပါတယ် ၊
သတင်းခေါင်းစဉ်မှာ
“ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား”လို့
သုံးထားတာကိုကပဲ
ပွဲမဆူဆူအောင်ဆွပေးလိုပုံရပါတယ် ၊ နိုင်ငံအတွင်းမှာ လူမျိုးရေးဘာသာရေး
နားလည်မှုလွဲမှားနေတဲ့
အခုလိုအချိန်အခါမျိုးမှာ နိုင်ငံပိုင်သတင်းစာတစ်စောင်ရဲ့ ရေးသားဖော်ပြပုံက
ဒီလိုပါ ၊
“အသက်(၂၂)အရွယ်မိန်းကလေးတစ်ဦးသည် ဘာသာခြားတစ်ဦးနှင့်
ချစ်ကြိုက်နေပြီး”လို့
ဘာသာခြားများအပေါ်အမြင်စောင်းအောင်ဖွပေးထားပါတယ် ၊
ကောင်လေးက
သူ့ချစ်သူရှိတဲ့ရွာကို အလည်လာတာပါတဲ့ ၊
ကောင်မလေးမိဘတွေနဲ့လည်း
ဘာပြသနာမှမရှိဘူး အားလုံးအေးအေးဆေးဆေးပါပဲ ၊ ပြသနာက
ရွာသူရွာသားများက
မကျေမနပ်ဖြစ်ကြတာပါတဲ့ ၊ အဲလိုနဲ့ ဆူဆူပူပူဖြစ်နေကြလို့ မြို့နယ်အုပ်ချုပ်ရေးမှုးနဲ့
အဖွဲ့၊ မြို့နယ်ရဲမှုးဦးစီးတဲ့ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး
ရွာကလူတွေနဲ့ညှိနှိုင်းဖြေရှင်းနေတုန်း
ကောင်မလေးက
မခြေမငံအော်ဟစ်ပြောဆိုတယ်လို့ရေးပါတယ် ၊ အဲဒီလိုမခြေမငံအော်ဟစ်
ပြောဆိုရကောင်းလားဆိုပြီး
ရွာသားတွေက ရဲတွေအပါအ၀င် မြို့နယ်က အရာရှိကြီးတွေရှေ့မှာတင်ပဲ
ကောင်မလေးရဲ့အိမ်ကို
ခဲမိုးရွာကြသတဲ့ ၊ ကောင်လေးစီးလာတဲ့ဆိုင်ကယ်ကိုလည်း တစ်စစီ
ဖျက်ဆီးလိုက်ကြပါသတဲ့
၊ အဲဒီလိုဖျက်စီးနေတာကို ဘာမှအရေးမယူတဲ့အပြင် မြို့နယ်အုပ်ချုပ်ရေးမှုးက
အကြမ်းမဖက်ဖို့
မေတ္တာရပ်ခံပါသတဲ့ ၊ ဒါနဲ့မနက်(၄)နာရီခွဲကျတော့လူစုကွဲပြီးအေးချမ်းသွားတဲ့အကြောင်း
ကောင်လေးကိုတော့
လုံခြုံရာကိုရွှေ့ပြောင်းပေးခဲ့တယ်လို့ရေးထားတာတွေ့ရပါတယ် ၊
အံသြစရာဖြစ်ရပ်ကြီးတစ်ခုပါ
တရားဥပဒေစိုးမိုးရေးကိုအကောင်အထည်ဖော်နေပါတယ်ဆိုတဲ့ ရဲတွေနဲ့
အရာရှိကြီးတွေရှေ့မှာတင်
တရားဥပဒေကိုချိုးဖောက်နေသူတွေကို အရေးမယူပဲ ၊အကြမ်းမဖက်ဖို့
မေတ္တာရပ်ခံနေရရှာပါသတဲ့၊
အမှန်တော့မြန်မာနိုင်ငံအတွင်းမှာဒီလိုမျိုး လူအုပ်စုနဲ့အကြမ်းဖက်လုပ်ရပ်တွေလုပ်ဆောင်နိုင်တဲ့အခြေအနေ
ကို ဦးသိန်းစိန်အစိုးရကိုယ်တိုင်ကရည်ရွယ်ချက်ရှိစွာ
အာမခံပေးထားတာ ရှင်းနေပါတယ် ၊
နောက်ပြီးတော့
သတင်းစာတစ်ခုရဲ့ အဖိုးတန်စာမျက်နှာတွေအပေါ်မှာ ပြည်သူ့အကျိုးပြုသတင်းတွေ
ဦးစားပေးတင်ပြသင့်ပေမယ့်
ဒီလိုအဖြစ်အပျက်တစ်ခုကို တစ်နိုင်ငံလုံးကသိအောင်လုပ်လိုက်တာဟာ
လက်ရှိအစိုးရရဲ့သဘောထား
သရုပ်အမှန်ကိုဖော်ပြလိုက်တာပဲလို့ သုံးသပ်ရမှာဖြစ်ပါတယ် ၊
ပန်းစကားအဖွဲ့က
ဘလော့ဂါနေဘုန်းလတ်ထောက်ပြခဲ့သလိုပြည်တွင်းကဘာသာရေးဆန်ဆန်ပြသနာ
တွေဟာ မဲဆွယ်ဖို့နဲ့
နောက်ကြောင်းပြန်သွားနိုင်ဖို့တမင်လုပ်ဆောင်နေတာဖြစ်တယ် ၊
အမုန်းတရားလှုံ့ဆော်မှုတွေဟာအစိုးရရဲ့သတင်းမီဒီယာတွေ
ပေါ်မှာတောင်တွေ့နေရတယ်ဆိုတာဟာ
စဉ်းစားစရာပဲလို့တွေးမိပါတယ်။

