တစ်နေ့ကပဲ လူတစ်ယောက်
ကို ကျွန်တော်နဲ့ လူမှုမီဒီယာမှာ မပတ်သက် နိုင်တော့အောင် ပိတ်ဆို့ ပစ်လိုက်ရပါ တယ်။
သူက ကျွန်တော့် ကို ဘာမှ မလုပ်ပေမယ့် သူ့ရဲ့ လူမှု မီဒီယာပေါ်က လုပ်ရပ်ကို ကျွန်တော်
မကြိုက်လို့ပါ။ သူ ဖြန့်ဝေ လိုက်တာကို ကျွန်တော် မကြိုက် တာပါ။
သူဖြန့်တာက ဘာလဲဆို
လို့ရှိရင် ကိုယ်လုံးတီး အမျိုးသမီး တစ်ယောက်၊ အဲဒီ့အမျိုးသမီး က တရုတ် အမျိုးသမီးလို့
ယူဆရပါတယ်၊ အဲ… အဲဒီ့ အမျိုးသမီး ကို မျက်နှာဖုံး စွပ်ထားတဲ့ လူတွေက ချုပ်နှောင်
မယူသွားပြီးတော့ ခုံတန်းရှည် တစ်လုံးပေါ် တင်ပါတယ်။ တင်ပြီးတဲ့အခါ လည်လှီးပါတယ်။
လည်လှီးပြီးတော့ ထွက်လာတဲ့ သွေးတွေကို ခွက်နဲ့ ခံပါ တယ်။ ပြီးတဲ့အခါကျတော့
အဲဒီ့အမျိုးသ မီးကို တစ်ကိုယ်လုံး အပိုင်းပိုင်း ခုတ် ထစ်ပစ်ပါတယ်။
အဲဒါ ဗီဒီယိုပါ။
ဇာတ်ဝင်ခန်း တစ် ခန်းဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ်လည်း တခြား တစ်ခုခုဖြစ်ချင်ဖြစ်မယ်။
မြင်ရပုံ အရတော့ တရုတ်နိုင်ငံ တစ်ခုခုမှာ၊ ဒါမှ မဟုတ် တရုတ် ပတ်ဝန်းကျင်
တစ်ခုခုမှာ ရိုက်ထားတဲ့ ပြကွက်ပါပဲ။
ဒါပေမဲ့ နည်းပညာ
စောင်မတာနဲ့ ဘယ်လို လုပ်ချထားသလဲ ဆိုရင် အဲဒီ့ ပြကွက်တွေ ကြားမှာ ဗီဒီယို တည်းဖြတ်
မှုနဲ့ အာရေဗီ စာတွေ ထည့်ထားပါတယ်။ အာရေဗီ စာတွေ ထည့်ချလိုက်တဲ့ အခါ ကျတော့
အာရေဗီတွေ ကပဲ သည်အမှု ကိုကျူးလွန် သလိုလို၊ ဘာလိုလို ဖြစ်ကုန် တော့မယ်။ မတော်တာတွေ
ဖြစ်ကုန်နိုင် တဲ့အထိ ဇယား ရှုပ်ကုန်နိုင်ပါတယ်။
အဲဒီ့ လက်ဆင့်
ကမ်းဖြန့်တဲ့သူက တော့ အင်မတန် တော်တယ်။ ပညာသားပါတယ်။ အဲဒီ့ အာရေဗီစာတွေ များ
ဖတ်တတ်တဲ့ သူရှိရင် ဘာသာပြန် ပေးစေ ချင်လို့ တင်တာ ပါတဲ့။ လုပ်ပေါက်က။
ဒါဟာ အခုလို သိပ်သိမ်မွေ့တဲ့
အချိန် မှာ လူမျိုးရေး၊ ဘာသာရေး ပြဿနာ မတက် တက်လာအောင် တစ်နည်း တစ်ဖုံ
ပံ့ပိုးပေးနေတာပဲ။ လှုံ့ဆော် လိုက်တာပဲ။ မဖြစ်သင့် တာတွေ ဖြစ်လာအောင် သူ တစ်တပ် တစ်အား
ဝင်လုပ်လိုက်တာပဲ။
အဲသလိုလူမျိုးက
ကျွန်တော့် မိတ်ဆွေတွေ ထဲမှာ မရှိထိုက်ဘူး။ ပြောလိုက်ဦးမယ်၊ အဲဒီ့လူက ဦးစီးဌာန တစ်ခုက
ညွှန်ကြား ရေးမှူးတဲ့ဗျား။
တော်တော့်ကို
ရွံသွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သည်ခေတ် ကြီးမယ် ဗီဒီယိုပြကွက်တွေ ကြားထဲမှာ စာတန်း
တွေ ဖြတ်ထည့် တာလောက် လွယ်တာ မရှိဘူး။ ဗီဒီယို တည်းဖြတ်တဲ့ ကွန်ပျူတာ အပျော့ထည်
ဆိုတာ မည်သူမဆို သုံးစွဲ နိုင်မှန်း လူမှု မီဒီယာကို တက်သုံးနေတဲ့ ကွန်ပျူတာ
သုံးစွဲနေသူတွေ မသိဘူး လား။ သိပါတယ်။ ကြိုက် တဲ့ ပြကွက်ကို ကူးလာပြီး
ကိုယ်ကြိုက်တဲ့ ပြကွက်ကြား ထဲမှာ ခုတ်ထစ် ထိုးတည့်လို့ မရဘူးလား။ သိပ်ရတာပေါ့။
သည်တော့ကာ နည်းပညာက
ကျွန် တော်တို့ကို အမျိုးစုံစောင်မနေတယ်ဆို တဲ့ အချက်ကိုလည်း မမေ့သင့်ဘူး။
ရှိပါသေးတယ်။
မလေးရှား လေ ယာဉ်ပျောက် သွားတော့ အလျှိုလျှို ပေါ် လာတဲ့ အထဲမှာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း
များစွာက လေယာဉ် တစ်စီးရေထဲ ပျက် ကျတဲ့ ဗီဒီယို ကြီး ထုတ်လာပြီး မလေး ရှား
လေယာဉ်ကြီး တွေ့ပါပြီလို့ ပြောတဲ့ သူတွေ ရှိသေးတယ်။ သဘောတစ်ခုက။
နည်းပညာ နဲ့ လှည့်ပတ်ပြီး
လူတွေကို အမျိုးစုံ အရူး လုပ်နေကြတာ။ သည် တော့ သည်သဘောတွေ ကို အကင်းပါး ပါးနဲ့
သတင်းပါးဝ ချင်ရင် သိထားဖို့ လိုပါ တယ်။
အကုန်လိုက် ယုံနေမှာလား။
ဒါက ဖြင့် ဓာတ်ပုံ နဲ့မို့၊ ဒါကဖြင့် ဗီဒီယို ပြကွက် တွေနဲ့မို့ဆိုတိုင်း
ယုံစရာလား။ ကျွန် တော်တို့ ယုံရမှာလား။
နည်းပညာက လူတိုင်း
လူတိုင်းကို ဒုက္ခပေးနေပါတယ်။ မိန်းကလေးတွေ အထူး သတိထားပါ။
ယောက်ျားလေးတွေက
ကိစ္စမရှိဘူး။ ယောက်ျားလေးတွေက ကိုယ့်ပုံကို လူမှုမီဒီယာမှာ တင်လိုက်မိလို့ အလွန်
ဆုံးဖြစ်သွားမှ အပြာ စာမျက်နှာတွေမှာ အတင်ခံ ရတော့ လည်း ကျော်ကြားသွား တောပေါ့၊
မဟုတ်ဘူးလား။ မိန်းကလေး တွေ အပြာ စာမျက်နှာမှာ ပါလာရင် ကိုယ့် ရဲ့ဂုဏ်သိက္ခာ
ထိခိုက်နိုင်တာပေါ့။ ကိုယ့် ဘဝမှာ အလ ကားနေ ရင်း ကိုယ်လည်း ဘာမှ မလုပ်ရပါပဲ၊
အမည်းစက် စွန်းထင်း နိုင်တာပေါ့။
ဖြစ်ဖူးပါတယ်။
ကျွန်တော်နဲ့ ခင် မင်ရင်းနှီးနေတဲ့ မိန်းကလေးတွေ ထဲမှာ တော်တော့်ကို ဆိုးဆိုးရွားရွား
ဖြစ်ဖူးပါ တယ်။
တစ်ယောက် ဆိုရင်
အသက်က သိပ်မကြီးသေးပေမယ့် အိမ်ထောင်သည် အ မျိုးသမီးပါ။ သူ့ပုံတွေကို လူမှုမီဒီယာ
မှာ တင်တယ်။ ဘာမှ များများ စားစား မဟုတ်ပါဘူး။ သူ့မိသားစု ပုံ၊ သူတစ် ယောက်တည်းပုံ၊
သူလို ငါလို တင်လိုက် တာပါပဲ။
အဲဒါကို မသမာသူ
တစ်ယောက်က သူ့ပုံနဲ့၊ သူ့နာမည်နဲ့၊ သူ့ အလုပ်အကိုင်နဲ့ ကို ဖော်ပြပြီး သည်အမျိုးသမီး
ဟာဖြင့်ရင် အိမ်ထောင်ရှိလျက် နဲ့ ဖောက်ပြန်ဖို့ ဝါ သနာထုံသူ ပါ၊ မည်သူမဆို
ကြိုစားနိုင် ပါတယ်၊ ဘာညာဆိုပြီး လူမှု မီဒီယာက နေပဲလျှောက်ဖြန့်တော့ ဟိုအမျိုးသမီး
ခမျာ အလကား အခက်ပွေ ရရှာတယ်။ တကယ်က သူ့ကို ကျွန်တော် လူချင်း ကောင်းကောင်း သိတယ်။ သူက
သူ့ဟာ သူ အေးအေးဆေးဆေး၊ ကောင်းကောင်း မွန်မွန်နေတဲ့ သူ။ အဲဒါကို မဟုတ်မဟတ် တွေ အလုပ်ခံ
လိုက် ရတာ။ လုပ်တဲ့သူက ဘယ်သူမှန်းလည်း မသိ၊ ဘယ်ဝါမှန်း လည်း မသိနိုင်။ ခံရတဲ့သူ
မှာတော့ အီလို့ စိမ့်လို့။
နောက်ဆုံး ကျတော့
အဲဒီ့ အမျိုးသ မီးလေးဟာ လူမှု မီဒီယာကို လုံးလုံးကို စွန့်ခွာ သွားပါတော့တယ်။ အဲဒါက
တစ် ယောက်။
နောက်တစ်ယောက်
ကကျတော့ အပျိုမလေး။ သူက ကျတော့လည်း ဘာ ရယ် မဟုတ်ဘူး။ သူ့ပုံလေးတွေ တင် တယ်။
သူ့ကိုယ် သူလည်း လှတယ်လို့ ထင်ရှာတာကိုး။ လှလည်း လှပါတယ်။ တစ်ချီသား မှာတော့
သူ့ပုံတွေကို အဲသလိုမျိုး မြန်မာမ အလန်းစားများ ဆိုတဲ့ ခေါင်းစဉ် နဲ့ ဖွင့်ထားတဲ့
ပင့်ကူ အိမ်စာ မျက်နှာ မှာ သွားတွေ့တော့ အတော် တုန် လှုပ်သွားတယ်။ ကျွန်တော့် ကို
ရင်ဖွင့် တယ်။
သူလည်း တော်တော်
ဆင်ခြင်သွား တယ်။ အဲ… တစ်နှစ်ခွဲ၊ နှစ်နှစ်လောက် ကြာတော့ သူ့ပုံတွေ လူမှု မီဒီယာမှာ
ပြန် တင်တယ်။
ဟဲ့… အမှတ်
မရှိသေးဘူးလား လို့ ကျွန်တော်လည်း လှမ်းမေးမိတော့ တာပေါ့။ အဲဒီတော့ ဘာပြောတယ်မှတ်
တုံး။
‘ဆရာရယ်… မီးကလေ
မီးသူငယ်ချင်းတွေ ပဲ မြင်ရအောင် လုပ်ထား တာပါ ဆရာရဲ့’ တဲ့။ ဒါနဲ့ ကျွန်တော် လည်း
ပြန်မေးမိတယ်။ ‘အဲဒီ့ မီး သူငယ်ချင်းတွေက မီးနောက်ကျော ကို တစ်သက်လုံး ဓားနဲ့ မထိုးပါဘူးလို့
စာ ချုပ်တွေ ဘာတွေများ တရားဝင်ချုပ်ဆို ထားလို့လားဟင်’လို့။
ချစ်တုန်း ခဏလေ၊
အမြင်ကတ် လာတဲ့အခါ သူ့ပုံတစ်ပုံ ကို ယူပြီးတော့ တစ်ယောက်ယောက် ကိုပေး၊ အဲဒီ့သူက
နည်းပညာနဲ့ အဲဒီ့ မျက်နှာကို ကြိုက်တဲ့ ပုံမှာတပ်လို့ ရတယ်။ သည် အတွက်ကြောင့်
ဓာတ်ပုံတွေ ဘာတွေများ တင်မယ်ဆို လို့ရှိရင် ဂရုစိုက်ပါ။ နှစ်ခါသုံးခါ ပြန်စဉ်း
စားပါ။
ကိုယ့်ပုံကိုယ်
တင်လိုက်တာက ဟုတ်ပါပြီ။ လှလိုက်တာလို့ ပြောကြမယ်၊ အရမ်း မိုက်တယ်လို့ လာရေးကြမယ်။ သည်လို
ပဲပြောမှာ။ အဲဒါတွေက အလွတ် ကျက်ထားတာ။ ကျွန်တော် လည်း ပြော နေကျပဲ။ လှလှ မလှလှ အဲသလိုပဲ
ပြော နေကျ၊ ဒါမှ မိန်းကလေးတွေ ကျေနပ်မှာ၊ ဘဝင်ခွေ့တတ်မှန်း သိနေတာကိုးဗျ။
အဲဒီ့ မှတ်ချက်လေးတွေ
ကို မမက် ပါနဲ့။ လူမှု မီဒီယာမှာ ကိုယ်တင်လိုက်တဲ့ ပုံဟာ ကိုယ်တင် လိုက်ပြီးတဲ့ နောက်စက္ကန့်
ပိုင်းအတွင်းမှာ တင်ပဲ မည်သူမဆို ဆွဲချ ကူးယူ ထားလို့ ရတယ် ဆိုတာ ဆင်ခြင်ဖို့ ကောင်းပါတယ်။
မိန်းကလေးတွေ
သိပ်သတိထား သင့်ပါတယ်။
နည်းပညာ က ကိုယ့်ကို
စောင်မ သွားလို့ရှိရင် ကိုယ့်ခမျာ အခြောက်တိုက် တုံးလုံးဖြစ် သွားနိုင်တယ်နော။
အဲဒါလေး ကို သတိထားကြပါ။ ဘယ်တော့ ပဲဖြစ် ဖြစ်၊ ကိုယ့် ကိုယ်ကိုယ် ဂရုစိုက်ကြဖို့
လို ပါတယ်။
သူငယ်ချင်းတွေကို
အသာ ထားပါ ဦးဗျာ။ ချစ်သူတွေ ဖြစ်နေတာ နဲ့ပဲ အ ကုန်လုံး ပုံပြီးယုံလို့ မရတဲ့ အတွက်
ဒုက္ခ ရောက်တဲ့ သူတွေသည် လောကမှာ ခေတ် အဆက် ဆက် အများကြီးပါ။ အခုခေတ် လို ရုပ်သေ၊ ရုပ်ရှင်တွေကို
မည်သူမဆို လွယ်လင့်တကူ ရိုက်နိုင်နေတဲ့ ခေတ်မှာ တော့ သာလို့တောင် ဆိုးသပေါ့။
ကိုယ့်ချစ်သူနဲ့
ကိုယ်နဲ့ လွတ်လွတ် လပ်လပ်နေခဲ့ တာတွေ၊ ချစ်သူဘဝမှာ နယ်ကျွံခဲ့ တာတွေကို ရုပ်သေ မှတ်တမ်း
တွေ၊ ရုပ်ရှင် မှတ်တမ်းတွေ တင်ထားရာ က ကိုယ် သာမက ကိုယ့်မိဘ မောင်ဖွား တွေပါ
အရှက်တကွဲ အကျိုး နည်းဖြစ်ရ တာတွေ ရှိပါတယ်။ မကြာသေးခင်က တစ်ယောက် ဆို မသမာသူတွေ လုပ်
ထည့်လိုက်တာများ အမေ အဖေသာ မက အဘိုး အထိပါ နာမည်ဖော်တာတွေ ရှိတော့ သတိထား ရမှာက
မိန်းကလေး တိုင်းရဲ့တာဝန်ပါ။
သည်ခေတ်ကြီးမှာ
ကိုယ်က ကျူး၊ ကိုယ့်ဒူးတောင် မယုံရဘူးလို့ စက္ကန့် မလပ် သတိထားနိုင်ပါမှ တန်ကာကျပါ လိမ့်မယ်။
အတ္တကျော်

