Friday, November 7, 2014

အကြမ်းဖက်အထိကရုဏ်း လက်သည်ဘယ်သူလဲ? ဖေါ်လိုက်ပြီ

,

ကဲအောင်သောင်း တို့ အောင်မင်းတို့ A
ငြင်းနိုင်ရင် ငြင်းစမ်း အမှန်တွေ ဖေါ်လိုက်ပြီ

==================================================
အပိုင်း(၁)
ဆဲချင်သလိုဆဲ မတတ်နိုင်တော့ပြီ အမှန်ကိုတော့ ရေးတော့မည်။
ဗိုလ်သန်းရွှေ ဗိုလ်မောင်အေးတို့မဆင်းခင်လေး ရှုပ်ထား ယုတ်ထားသမျှ ကျနော့ဆီ အရောက်ပေးပို့လာကြသော တပ်မတော် အရာရှိကလေးများကိုတော့ အားနာသည်။ သို့သော် အမှန်တရားအတွက် ကျနော်ဖေါ်ကောင်လုပ်ပေးတော့မည်။

ပြသနာအစက အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက် မြန်မာပြည်သွားသော ကာလတွင် ဗိုလ်သန်းရွှေနှင့် တရုတ်တို့ ချေခြင်းလိမ်တော့သည်။
ဗိုလ်သန်းရွှေတို့ တပ်မတော်က အကြွေးအလွန်ထူနေသောကြောင့်ထွက်ပေါက်ရှာရေးမဟာဗျူဟာခင်းခဲ့ကြသည်။ ဂျင်ဝက်၏ ချီးကျူးထောပနာပြုမှုအတွက် အမြတ်ထွက်အောင် ဘဘကြီး ဗိုလ်ရွှေကိုယ်တိုင်တွေ့ဆုံပြီး ရှေးမြန်မာအနာဂတ်အတွက် အကြေလည်ရှင်းပြပြီး ၂၀၁၀ ရွေးကောက်ပွဲအကြောင်း ဂျင်ဝက်နှင့် နိုင်ငံတကာသို့ လက်ဆောင်ပါးလိုက်သည်။
ရွေးကောက်ပွဲကျင်းပရန် ၂လခွဲတင်းတင်းလောက်လိုသော ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် ဂျင်ဝက်အား ဗိုလ်သန်းရွေက ၂ နာရီကြာမျှတွေ့ဆုံပြီး အသေးစိတ်ချပြကာ ၄င်းလိုချင်သော အခြေနေအား နားချသည်။ တဖက်မှလဲတရုတ်ပြည်နှင့် နားလည်မှုရအောင် Lion Share ဟုခေါ်သော စီမံကိန်းကြီးများဖြင့် မက်လုံးပေးထားသည်။ သို့သော် နိုင်ငံတကာ ကြွေးမြည်အား တရုတ်မှ ဆပ်ပေးမည်မဟုတ်သကဲ့သို့ ပိတ်ဆို့မှုများဖြင့် တင်းကြပ်နေသော မြန်မာ စစ်အစိုးရက ဂျင်ဝက်ဆိုသော အမေရိကန်ဆီးနိတ်အမတ်အား ငါးစာလုပ်ပြီး နိုင်ငံတကာ ငါးပွက်အိုင်ကြီးထဲသို့ ပစ်ချခဲ့သည်။

ဗိုလ်ချုပ်မှုးကြီး အရူးကြီးသန်းရွှေနှင့် တွေ့ခဲ့ပြီးသော ဂျင်ဝက်က တက္ကသိုလ်ရိပ်သာလမ်းမှ နိုင်ငံတော် အချုပ်အိမ်စံ တပင်တိုင် အတိုက်ခံသမားကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်သွားတွေ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား ဒေါသလျော့ဖို့နှင့် ဥာဏ်ကျယ်ကျယ်ဖြင့်စဉ်းစားဖို့ ဂျင်ဝက်က တိုက်တွန်းသည်။ ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေဘောင်အတွင်းထဲမှ နိုင်ငံရေးနှင့် မိမိယုံကြည်ချက်ကို လုပ်ကိုင်ရန် ဂျင်ဝက်က မေတ္တာရပ်ခံသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျင်ဝက်တို့ ဆွေးနွေးပွဲ အခြေတော်တော်မလှပဲ ရုတ်သိမ်းခဲ့ရသည်။
(အမေရိကန်သံရုံးမှ၎င်းနိုင်ငံခြားရေးဌာနသို့ ပေးပို့သော သတင်းအား ၀ီကီလိက ဖေါက်သယ် ပြန်ချခဲ့သည်)။
ဂျင်ဝက် ပြန်သွားသောအခါ တရုတ်သံရုံးမှ နိုင်ငံတော် အေးချမ်းသာယာရေးကောင်စီသို့ တရုတ်ပြည်မှ သံစာ တစောင် ပေးပို့သည်။ ၄င်းစာပါအရ ဗိုလ်သန်းရွှေနှင့် အခြားသော စစ်အရာရှိများ ဂျင်ဝက်နှင့် ဆွေးနွေးထားသောကိစ္စများအား အင်္ဂလိပ်သို့ ဘာသာပြန်အဖြစ် တရုတ်က တောင်းခံခဲ့သည်။ ထိုအချိန်တွင် ဗိုလ်သန်းရွှေလုပ်သမျှ ဘောလိုက်မနေသော မင်းအောင်လှိုင်(ယခု ကာချုပ်)မှ အားလုံးတရုတ်ပြည်ဆိုင်ရာ ကိစ္စများအတွက် လိုလေသေးမရှိလုပ်ပေးသည်။ ထိုအချိန်က ဗိုလ်ချုပ်မြင့်အောင် (ယခု ထောင်ဒဏ် ၁၅နှစ် သာယာဝတီ အကျဉ်းထောင်) က တရုတ်အား မိမိတို့၏ နိုင်ငံတကာ သံတမန်ကိစ္စများ အသိပေးတင်ပြရမည်မှာ အဓိပ္ပါယ်မရှိကြောင်း ပြောဆိုခဲ့မှုကြောင့် ဗိုလ်သန်းရွှေမှ မျက်မုန်းကျိုးသွားခဲ့သည်။
ထိုကြောင့် ၂၀၁၁ ခုနှစ်ဖေဖေါ်ဝါ၇ီလတွင် ဗိုလ်ချုပ်မြင်အောင်အား ၄င်း၏ အောက်လက် အရာ၇ှိဖြစ်သူ ယခု အာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၏ ညွန်ကြားမှုအောက်တွင် တာဝန်ထမ်းဆောင်၇န် ဗိုလ်သန်းရွှေမှညွန်ကြားမှုအား လက်မခံနိုင်ဖြစ်ပြီး ဆင်ခြေပေးထောက်ပြမိရာမှ ထောင်နန်းစံသူအဖြစ်သို့ပို့ဆောင်ခံခဲ့ရ၏။ အကြောင်းမှာ ဗိုလ်ချုပ်မြင်အောင်သည် တရုတ်ပြည်အား မြန်မာ အစိုရမှ အလုံးစုံကြောက်၇ွံ့မှီခိုအားထားနေမှုအား တပ်မှူးများ၏ အစည်းဝေးအချို့တွင် မကြာခဏ ထောက်ပြလေ့ရှိသောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။
တရုတ်ပြည်မှ ပိုပြီးယုံကြည်မှုရစေ၇န်နှင့် မိမိအား အကာကွယ်ပေးရန် ဗိုလ်သန်းရွှေအပါဝင် စစ်ဝန်ကြီးများနှင့် တကွ စီးပွါးရေးလုပ်ငန်း၇ှင် ခရိုနီများဖြင့် စက်တင်ဘာလ (ရ)ရက်နေခင်း ၁၀ နာရီတွင စိတ်ကောက်တော်မူနေသော တရုတ်သမ္မတ ဟူချင်တောင်းနှင်ပ တွေ့ဆုံပြီး ၄င်းပြုလုပ်ထားသော ဗျူဟာ များအား အသေးစိတ် တင်သွင်းခဲ့သည်။ သို့သော် သတင်းဌာနများနှင့် သံတမန်ရပ်ကွက်များတွင် ကုန်သွယ်ရေးနှင်ပ ရွေးကောက်ပွဲများအကြောင်းကို သာ ကူညီဆောင်ရွက် လက်တွဲဖို့၇ှိကြောင်း တင်ပြထားခဲ့သည်။ (China lauds 'friendly' Myanmar as junta leader arrives By Dan Martin (AFP) – Sep 7, 2010) ဆောင်းပါးကို ပြန်လည် ဖတ်ရှု့နိုင်သည်။
တရုတ်နိုင်ငံ သံတမန်များမှတဆင့် နိုင်ငံတကာသို့ သံချောင်းခေါက်ကာ ဗိုလ်သန်းရွှေတို့၏ ရွှေးကောက်ပွဲအတွက် စည်းရုံးပေးခဲ့ကြသည်။ ဗိုလ်သန်းရွှေတို့ကလည်း တရုတ်တို့ဘက်သို့ Lion Share အားလုံးအားပေးသည့် အနေဖြင့် မြစ်ဆုံရေကာတာနှင့် လက်ပံတောင်းစီမံကိန်းအပါဝင် စီမံကိန်းအကြီးစားပေါင်း ၁၂၄ ခု ပေးခဲ့သည်။ထို့အပြင် မြစ်ဆုံဒေသ လုံခြုံရေးအတွက် တိုင်းရင်းသားလက်နက်ကိုဖြစ်သော ကချင်တိုင်းရင်းသားများအား အမြစ်လှန်ဖယ်၇ှားရေးကိုပါ ၀န်ခံကတိပြုခဲ့သည်ကို သက်သေအထောက်ထားတိကျစွာ စာရေးသူထံတွင် လက်ဝယ်ရှိပါသည်။
ထို့အပြင် ၂၀၀၉ ခုနှစ်ကပင် တရုတ်တို့နှင့် သဘောတူခဲ့သော နှစ် ၅၀ ကြာ စာချုပ်ဖြင့် ရခိုင်ကမ်းလွန်ဒေသမှ ရှည်လျားကွေးကောက်သော ဂစ်ပိုက်လိုင်းကြီး၏ လုံခြုံရေးသည် အလွန်အရေးပါသော အခြေနေသို့ ရောက်ရှိခဲ့ပြီး ၂၀၁၀ ရွှေးကောက်ပွဲ ပြီးဆုံးသွားသည့်နောက် တရုတ်စီးပွားရေးရင်းနှီးမြုပ်နှံမှုအား ထိကပါးရိကပါး အခြေနေသို့ ရောက်ရှိလာမည်ဖြစ်သော မြစ်ဆုံရေကာတာ ဖြစ်သော အမြင့်ပေ ၄၅၈ ရှိပြီး အလျားပေ ၄၂၉၇ပေးခွဲရှိသည့် ရေကာတာကြီးအား မြန်မာပြည်သူတရပ်လုံးမှ ကန့်ကွက် ဆန္ဒပြကြရာမှ သမ္မတ ဦးသိန်းစိန်အနေဖြင့် လူထု ယုံကြည်မှုအား ၄င်းမှ တည်ဆောက်ပြရန်အလို့ဌာ ခေတ္တရပ်ဆိုင်းရန် ၂၀၁၁ ခုနှစ် စက်တင်ဘာလ နေခင်း ၁၁ နာ၇ီတွင် ကြေငြာချုက်ထုတ်ခဲ့သည်ကို တရုတ်ပြည်အစိုးရ အထင်မမှားစေရန် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် အား တရုတ်ပြည်သို့ အောက်တိုဘာလ တွင်စေလွှတ်တောင်းပန်ခိုင်းကာ နှစ်သိမ့်မှုလုပ်ခဲ့ရ၏။
ထိုနောက် ရခိုင်ဒေသ မှ သွယ်တန်းမည်ဆောက်လုပ်နေသော ဂစ်ပိုက်လိုင်းကြီး၏ လုံခြုံရေးအတွက် အောက်လမ်းနည်းဖြင့် မသမာသော အစီမံများလုပ်ဆောင်ရန် အသေးစိတ်အစီစဉ်များအား တရုတ်သို့ တင်ပြခဲ့ပြီး၊ ရခိုင်ဒေသအတွင်း မတည်ငြိမ်မှုများအား စတင်အကောင်ထည်ဖေါ်ဆောင်ရွက်ရန် ၀န်ကြီး ဦးအောင်သောင်းတို့ အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်မည့် အစီစဉ်များ စတင်ခဲ့သည်။
အပိုင်း(၂)အား မနက်ဖြန် မတ်လ ၂၇ ရက်တွင် ဆက်လက်ဖေါ်ပြပါမည်။

ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး

အပိုင်း (၂)
ဦးအောင်သောင်းတို့ ကချင်ပြည်နယ်ဘက်သို့ ငြိမ်းချမ်းရေးတမန်တော်ကြီးအဖြင့် ၂၀၁၁ ခုနှစ် ဂျွန်လ ၉ ရက်နေ့တွင် မြန်မာ စစ်ဘက်မှ ကေအိုင်ကေတို့ နေရာယူထားသော တာပိန် ရေအားလျှပ်စစ်ဓါတ်အားစက်ရုံတည်ရှိရာသို့ သွားသော လမ်းကြောင်းမှ ဖယ်ရှားရန် တရုတ်ပြည်အစိုးရအား ကတိပေးထားသည့်အတိုင်း ကေအိုင်အေနှင်ရ ၁၇ နှစ်ကြာချုပ်ဆိုထားသော စာချုပ်အား စစ်ပွဲဖြင့် စတင်ပျက်ပြယ်စေခဲ့သော ပြည်တွင်းစစ်အား ပြန်လည်ငြိမ်းအေးရန် ကြံ့ဖွတ်နဲ့ ဦးအောင်သောင်းတို့ လုပ်လာကြသည်။ ထိုတာပိန်ေ၇အားလျှပ်စစ်စက်ရုံသည် တရုတ်ပြည်မှ အင်ဂျင်နီယာ ၉၀ ရာနုံန်းဖြင့် ၀င်ရောက်လုပ်ကိုင်ပြီး ယူနန်ပြည်နယ် မီးလင်းရေးကို ဦးတည်ထားသော စက်ရုံဖြစ်သည့်အတွက် တရုတ်အစိုးရ၏ အထောက်ပံများ မြန်မာစစ်ဘက်ဆိုင်ရာနောက်တွင် ရှိနေကြောင်း နယူးယောက်တိုင်းသတင်းစာမှ သြဂုတ်လ ၇ ရက်နေ့တွင် အတိလင်း ရေးသားထောက်ပြထားသည်။
ဒီဇင်ဘာ ၁၂ ၇က် ၂၀၁၁ ခုနှစ်တွင် စစ်ပွဲကြောင့် ဒုက္ခသယ်အရေး နိုင်ငံတကာသို့ ပုံပွလာသောအခါ ဦးအောင်သောင်း နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း ဦးသိန်းဇော်နှင့် ယခု ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးလုပ်ဆောင်၇န် ရွှေလီတွင် ကေအိုင်ကေ အကြီးကဲများနှင့် တွေ့ဆုံဆွေးနွေးကြောင်းကို နိုင်ငံတကာသို့ လော်ဘီလုပ် ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက် ၂၀၁၁ ခုနှစ်နေ့ရက်တွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဝန်ကြီးဌာနမှအမိန့်ဖြင့် ကချင်ဒေသ သက်ဆိုင်ရာ နယ်မြေအတွင်းရှိ တပ်၇င်းတပ်ဖွဲ့များအား စစ်ရေးလှုပ်ရှားမှုများအား ၇ပ်တန့်ထားကြောင်း မြန်မာ့ အလင်း သတင်းစာတွင် ဖေါ်ပြပြီး နိုင်ငံတကာ စစ်ရေး အကဲခတ်များအား ဗြောင်လိမ်ခဲ့သည်။ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ဖားကန့်ဒေသတွင် တိုက်ပွဲများ အပြင်းထန် ဖြစ်နေသောကြောင့် ဆိုနိုင်သည်။

ကချင်ငြိမ်းချမ်းရေးလုပ်မည်ဟု လေလုံးထွားခဲ့သော ၀န်ကြီးများ အရှက်ကွဲပြီး မြားဦးလှည့်လာသည်မှာ ၇ခိုင်ဒေသ ဖြစ်လာခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းပြသနာ စတင်ရန် ၀န်ကြီးလက်သယ်အချို့ အာရုံစိုက်ခဲ့ရသော အကြောင်းရင်ခံတခု အခိုင်မာ တင်ပြရသော် ရခိုင်ပြည်နယ်သားများ၏ အခွင့်ရေးအရ ခံစားပိုင်ခွင့်အား ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်အမတ် (ကျောက်ဖြူမြို့နယ်) ဒေါက်တာအေးမောင် (၇ခိုင် အမျိုးသား တိုးတက်ရေး ပါတီဥက္ကဌ) နှင့် ဦးဘရှင်တို့ မှ ဇန်နာဝရီလ ၁ ရက်နေ့တွင် ကျောက်ဖြူမြို့နယ် နာရီစင်ရှိ၇ာနေရာသို့ လူထုအစည်းဝေးခေါ်ယူကာ ရခိုင်ပြည်သူများအား ရခိုင်ပြည်မှ ထွက်ရှိသော သံယံဇာတများအတွက် ခံစားခွင့်ရှိကြောင်းကို ၂၀၀၈ ဖွဲ့စည်းပုံတွင် မည်သို့ ပြဌာန်းထားကြောင်းကို စုရုံးခွင့် ရရှိသော လူထု ၅၀၀ အား ပြောကြားခဲ့သည်က စလာသည်ဟု ဆိုနိုင်သည်။
Aye Maung said the main aim of holding the public conference is to mobilize the local Arakanese people as well as their brethren of other ethnic nationalities for their wider participation in making demands on the gas project for the development of Arakan State.
“We will make demands just for what we should get from our union and we hope all Arakanese people and our ethnic brothers with their kind hearts will support our move to strive for our regional development and hope the responsible authorities in all levels will do their best to meet our demands,” he said.
He also said his party would be able to make known to the central government what local people are expecting from the Shwe Gas Project after holding public conferences in the region, although lawmakers from his party had not received any positive answers from the union ministers when they raised questions about the project last September, with the aim of softening the stance of the central government over the region’s natural resources.
“No matter how the regional natural resources are being centralized in the 2008 constitution, we hope the government will consider the fact that every region or division needs to use its own resources for its development,” he said.
The regional election commission granted permission on 27 December for the RNDP to hold the public conference, which is scheduled from 5 pm to 11 pm on 1 January at the clock-tower grounds in Kyaukpru. It was learned that only 500 people are allowed to take part in the conference, and six senior leaders of the party, including Dr. Aye Maung and U Ba Shin, the legislator from People’s Parliament in Kyaukpru, will speak at the conference. http://www.narinjara.com/…/colonial-era-explotation-should-…-.

တွင် ပြန်လည်ဖတ်ရှု့နိုင်ပါသည်။
ဒေါ်အောင်ဆန်း စုကြည်လွတ်ခါနီ အချိန်လေးမှာပင် အမေရိကန်အစိုးရမှ နိုင်ငံခြားရေးဆိုင်ရာ သံတမန်ကြီး ၂ ကြိမ်နှင့် အာရှရေးဆိုင်ရာ သံတမန်ကြီး တို့ ၁ကြိမ် သွားရောက်တွေ့ဆုံခွင့် ရသော အခြေနေအား ဗိုလ်သန်းရွှေတို့မှ ဖန်တီးကာ မက်လုံးပေးခဲ့သည်။ ဒေါ်စုလွတ်လာသောအခါဝယ် လက်ရှိ ၂၀၀၈ ဥပေးလမ်းကြောင်းမှပင် လျောက်လှမ်းစေရန် သံတမန်ကြီးများကလည်း ပထမဦးဆုံး သံခင်းစတင်ရေးသယ်ယူလာသော ဂျင်ဝက်ကဲ့သို့ပင် အခင်းကျင်းအထောက်ပံ့များ ပြုလုပ်နိုင်အောင် ဆောင်ရွက်ပေးကြသည်ကို နေပြည်တော်မှ သဘောတော်ကျနေခဲ့ကြ၏။ ထိုကာလတွင် နိုင်ငံရေးနှင့် ဒီမိုကရေစီအရေးတက်ကြွသော အသွင်များသာ ရှေ့တန်းရောက်ရှိနေပြီး တိုင်းပြည်တခုလုံး အလွန်သာယာသော အခင်းကျင်း ကြီးသဖွယ် တွေ့မြင်နိုင်သည်။
သိပ်မကြာ ရွေးကောက်ပွဲ ၂၀၁၂ တွင် ကြားဖြတ် ရွေးကောက်ပွဲ ဧပြီလ ၁ရက်နေ့ပြီးနောက်ပိုင်း မေလ ၂ ၇က်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင်း ကျမ်းကျိန်ဆိုပြီးနောက် ၃ ပတ်အကြာ မေလ၂၈ ရက်နေ့မှစကာ ပြသနာတက်တော့၏။
ကျောက်နီမှော်ကျေးရွာသူ မသီတာထွေးအား ရိုဟင်ဂျာ အစ္စလမ်ဘာသာဝင် အမျိုးသား၃ ဦးမှ အဓမ္မပြုကျင့်သည်ကို ရွာသားများ သိသိခြင်းပင် သက်ဆိုင်ရာသို့ မေလ ၂၈ ရက်နေ့ညတွင်းမှာပင် တိုင်ကြားခဲ့ကြောင်း အားလုံးသိသည်။

ကျောက်နီမှော်ရွာသားများမှ ပြသနာတစုံတရာ ပြုလုပ်ခြင်းမရှိပဲ သက်ဆိုင်ရာ၏ အရေးယူဆောင်ရွက်မှုကိုသာ မျှော်လင့်နေခဲ့သည်။ ၂၉ ရက်နေ့ မေလတွင် မသီတာထွေးအား မုဒိန်းကျင့် သတ်ဖြတ်သူများဟူ ယူဆရသူ ၃ဦးအား မောင်းတော ရဲစခန်း၏ ညွန်ကြားချက်ဖြင့် လာရောက်စစ်ဆေးကြောင်း သတင်းလွှင့်ပြီး ကျောက်နီမှော် ရယက ရုံးတွင်ပင် အကျဉ်းရုံးစစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ပြီး ၄င်းနေရာတွင် စောင့်ကြည့်နေကြသော ၇ခိုင်အမျိုးသား အမျိုးသမီး ဒေါသအိုးကို ပိုပြီး ပေါက်ကွဲလာအောင် ဒုရဲမှူး လှအေးမောင်က ဖန်တီးပြခဲ့၏။
မေလ ၃၀ ရက်တွင် ရခိုင် အမျိုးသားများ မကြေနပ်သံကျယ်လောင်ပြီး အုံးထနေသောကြောင့် ကျောက်နီမှော် ရယကမှ ရဲသို့ အကြောင်းကြားကာ အဆိုပါတရာခံ ၃ ဦးအား လာရောက်ခေါ်ဆောင်သွားစေခဲ့ပြီး ရမ်းဗြဲရဲစခန်းသို့ ပို့ဆောင်ခဲ့သည်မှာ သမာရိုးကျ လုပ်ရိုးလုပ်စဉ်မဟုတ်ကြောင်း ကောက်ချက်ချနိုင်သည်။
ထိုအကွက်သည် ၀န်ကြီးအောင်သောင်းတို့၏ အကွက်ထဲသို့ ရောက်သွား၏၊ ရခိုင်ပြည်နယ် ၀န်ကြီး ဦးလှမောင်တင်သည် ဦးအောင်သောင်း၏ ပေးတာယူ ကြွေးတာစားသော အခြွေရံဖြစ်နေခဲ့၏။ ဂျွန်လ ၃ ရက်နေ့တွင် မူဆလင် ဘာသာဝင် ၁၀ ဦးအား မူဆလင်များ၏ရှေ့မှောက်မှာပင် တောင်ဂုတ် ကားဂိတ်တွင် အုံးအုံးကြွက်ကြွက် သတ်ဖြတ်ပြခဲ့သည်။
ဖြစ်ပွားပုံမှာ သံသယကင်းဖွယ် အစိုးရ လက်သယ်များ ပါဝင်ပတ်သက်နေ၏။ တောင်ကုတ် ကားဂိတ်တွင် နဆက အရာ၇ှိ ၃ ဦးမှ ကားပေါ်တက်ကာ မှတ်ပုံတင်စစ်ဆေးခြင်းများပြုလုပ်ရန် ကားပေါ်မှ အားလုံးဆင်းပေးရသည်။

ထိုနောက် မှတ်ပုံတင်များတဦးခြင်းစစ်ဆေးပြီး အဆိုပါ မူဆလင် ၁၀ဦးနှင့် အခြားရခိုင် တိုင်းရင်းသား ၄ ဦးကိုသာ ကာပေါ်ပြန်တက်ခွင့်ပြုပြီး ကားထွက်ခွင့်ပြုလိုက်သည်။ တောင်ကုတ်ကားဂိတ်တွင် မြန်မာ အမျိုးသား ၆ဦးနှင့် ရခိုင်းအမျိုးသမီး ၅ ဦးကျန်နေရစ်သည်။ မူဆလင်၁၀ ဦးတွင် ပါလာသော လက်ကိုင်ဖုန်း၃လုံးးအား ဖုန်းကိုင်ဆောင်ထားမှု အထောက်ထား မခိုင်လုံဟု ဆိုကာ နဆကမှ သိမ်းယူထားလိုက်သည်။
တောင်ဂုတ် ကားဂိတ်မှ ကားစထွက်ပြီး ကိုက် ၃၀၀ လောက်မှာပင် ဆိုင်ကယ်စီးလူတအုပ်က ၄င်းကားအား တားဆီးပြီး ကားပေါ်တက်ကာ သတ်ဖြတ်နေသည်ကို လက်နက်ကိုင်ဆောင်ထားသော တောင်ကုတ် ကားဂိတ်မှ လှမ်းမြင်နေကြသော နဆက နှင့် ရဲဝန်ထမ်းများ တုပ်တုပ်မျှမလှုပ်လှမ်းကြည့်နေခဲ့ကြသည်ဟု တောင်ကုတ်ကားဂိတ်တွင် ဆင်းကျန်ရစ်ခြင်းခံရသော ခရီးသယ်က ဖေါက်သယ်ချပါသည်။

၎င်းအမှုခင်းဖြစ်ပွားလာသည်နှင့် ပိုပြီး မီးတောက်ကြီးမားလာအောင်နေ့စဉ်ထုတ်အစိုးရ မြန်မာ့အလင်း သတင်းစာ ဂျွန်လ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ် တောင်ကုတ်အရေးခင်းအား အသေးစိတ်ရေးသားဖေါ်ပြထားပေးပြီး မီးလောင်ရာ လေပင့်ပေးသည့်အနေဖြင် ထပ်ပြီး ကြီးထွားအောင် သတင်းစာ တွင် စကားလုံး အသုံးနုံန်းများအား ခက်ခက်ထန်ထန်လုပ်ပေးလိုက်ကြ၏။
ဂျွန်လ ၈ ရက်နေ့ နေ့ခင်း ၁၂ နာရီတွင် ရွှေဇာ ဗလီသို့ ၀တ်ပြု၇န်သွားရောက်ကြသော မူဆလင်လူငယ်များအားလုံးနီးပါ ဒုတ် ဓါး လက်နက်များ ကိုင်ဆောင်ကာ ၄င်းဗလီကြီးအား စုရုံးသွားနေကြသည်ကို လုံခြုံရေးတာဝန်၇ှိသူနှင့် နဆက ၀န်ထမ်းများမှ ခွင့်ပြုခဲ့၏၊ အဆိုပါ နေခင်း ဗလီဝတ်ပြုပြီးသော နေခင်း ၁နာရီတွင် ဘန်ဂါလီမူဆလင်များသည် ၄င်းတိုပ ရွှေဇာ ဗလီမှ ထွက်လာသည်နှင့် မောင်းတောမြို့ရှိ ဗုဒ္ဒဘာသာ ဘုန်းကြီးကျောင်းနှင့် ဘာသာဝင်များအား မီးကုန်ယမ်းကုန်တိုက်ခိုက်နေသည်ကို ညနေ ၄ နာရီအထိ လုံခြုံရေးများ ရပ်ကြည့်နေခဲ့သည်။ မောင်းတောမြို့၏ အချက်ခြာကျသော အဆောက်ဦးများ စားသောက်ဆိုင်များ နေအိမ်များ အပြင် ကမ္ဘောဇ ဘန်တို့ကိုပါ အားရပါးရ ဖျက်ဆီးခွင့်ပြုခဲ့သည်ကို arakanland.com တွင် တင်ပြထားသော ဗွီဒီယိုဖိုင်များနှင့် Eleven Media Group တို့မှ ၇ိုက်ကူးထားသော ဓါတ်ပုံအထောက်ထားများက သက်သေခံဖြစ်နေခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် ရခိုင်ပြည်နယ်ရှိမြို့များတွင် ကြီးမားသော ရန်ပွဲများဆထက်တံပိုးကြီးမားခဲ့ရပြီး နောက်ဆုံး ဂျွန်လ ၈ ရက်နှေ့ညမှ စတင်ကာ စစ်တပ်အုပ်ချုပ်ရေး ပုဒ်မ ၁၄၄ အား တမြို့ပြီးတမြို့ ထုတ်ပြကာ လက်နက်ကိုင် စစ်တပ်များအား ရခိုင်ပြည်နယ်သို့ ပထမဆုံး နယ်မြေစိုးမိုးရေးအဖြစ်ထိုးသွင်းခဲ့၏။
ရည်ရွယ်ချက်မှာ ဗိုလ်သန်းရွှေ့တို့ တရုတ်ပြည်အား ဂတိပြုထားသည့်အတိုင်း တာဝန်ယူထားသော ရခိုင်ပြည်မှ သွယ်တန်းထားသည့် ဂစ်ပိုက်လိုင်းလုံခြုံရေးနှင့် ဂစ်ပိုက်လိုင်းဖြတ်သန်းရာဒေသ ၀န်းကျင်းအတွင် အဓမ္မ လယ်မြေသိမ်းမှုများအတွက် အမှောင်ချနိုင်ရန် စစ်တပ်ဖြင့် ထိန်းကွပ်ကာ အားလုံးနေရာယူသွားနိုင်အောင် အကွက်ကျကျ စီစဉ်သည်မှာ ထင်ရှားသိသာလွန်းသည်။
ရခိုင်ပြည်နယ်အတွင်းအရေးခင်းမြင့်မားလာသောအခါ ရခိုင်တွင် ပွနေသော ဖရိုဖ၇ဲဘ၀များအားနိုင်ငံတကာမှ ဝေဖန်မှုများကြီးမားလာသောအခါ နေပြည်တော်မှ သမ္မတ အပါဝင် ၀န်ကြီးများမှ အကူညီပေးရေးအား ၂၀၁၂ ဂျူလိုင်လ ၂၂ တွင် အိုအိုင်စီအား ပြည်တော်သွင်းရန်း သဘောတူခဲ့ကြပြီး အိုအိုင်စီနှင့် စာချွန်လွှာ လက်မှတ်များရေးထိုးပြကာ ဗုဒ္ဓဘာသာဝင်တိုင်းပြည်အနှံ ဒေါသူပုန်ထအောင် စနက်တံ မီးတို့ပေးလိုက်ကြသည်။

ထိုနောက် မလေး၇ှားမှပေးပို့သော ရခိုင်ပြည်မှ ဒုက္ခသယ်များအတွက် ပေးပို့သော ပစ္စည်းထုတ်များတွင် ရိုဟင်ဂျာ ဒုက္ခသယ်များ၏ ဓါတ်ပုံးများ ဖေါ်ပြထားသည် စတေကာများအား ရန်ကုန် ဆိပ်ကမ်းတွင် ၂၀၁၂ ခု စက်တင်ဘာလ ၁၄ ရက်နေ့တွင် အကောက်ခွန်ဌာနမှ အောက်ခံ ကပ်သွင်းပေးပြီး၊ ရခိုင်ပြည်ဘက်သို့ ပို့ကာ ထိုအထုတ်ပိုးများတွင် ရိုဟင်ဂျာ ဒုက္ခသယ်ပုံရိပ်များကပ်ထားကြောင်း စက်တင်ဘာ ၂၉ ရက်နေ့တွင် လုံခြုံရေးဝန်ထမ်းများမှ စတင် ဖေါ်ထုတ်ပြသသော သွေးထိုးလှုံ့ဆော်သည့် ပုံရိပ်အား ငပွလုပ်ခဲ့ကြ၏။ (သတင်း အရင်းမြစ်သည် အကောက်ခွန်ဝန်ထမ်းမှ)
The aid has been loaded into 40 containers and will be send on board a vessel from Port Klang.
“We will be transporting it by a commercial vessel as requested by the Myanmar government, and the vessel is expected to leave next Wednesday.
“It will take four days to reach Yangon Port, and from there, it will take us two days by truck to reach Rakhine state,” he said.
He hoped that Prime Minister Datuk Seri Najib Razak and former prime minister Tun Dr Mahathir Mohamad would be able to send off the vessel.
Abdul Azeez thanked the Myanmar government for its support and cooperation in helping the club to undertake the humanitarian mission.
Read more: Humanitarian aid to people in Rakhine, Myanmar - Latest - New Straits Times http://www.nst.com.my/…/humanitarian-aid-to-people-in-rakhi…
အစ္စလမ်ဘာသာဝင်များအထဲတွင် အတွေးခေါ် အားနည်းသော ၊ ဘာသာတရားအား တရားဟောဆရာ မော်လီဆပ်များမှ ပြောသောစကားများကိုသာယုံကြည်သော မြို့ပေါ်မှ မူဆလင်အချို့များ နှင့် မြန်မာပြည်အားနည်းပေါင်းစုံဖြင့် ဘင်္ဂလားဒေ့ခ်ျမှ ခိုးဝင်လာသော ယခုခေါ်ဆိုနေကြသော ရိုဟင်ဂျာများအဖို့ မြန်မာ့ ယဉ်ကျေးမှုနှင့် မြန်မာပြည်မအတွင်း အများစုကိုးကွယ်ကြသော ဗုဒ္ဒဘာသာအား လိုက်လျောညီထွေသွာ ဆက်ဆံပြုမူနေထိုင်မှု မရှိကြသောကြောင့် အဆိုပါ ဘာသာနှစ်ခုအကြားတွင် ကသိကအောင့်လေးလုပ်ပေးလိုက်သည်နှင့် ယမ်းပုံမီးကျ ပေါက်ကွဲတတ်ကြောင်း ကြံ့ဖွတ်အမတ်များက သိကြလေသည်။
အပိုင်း ၃
ဂိုလ်ရှယ်လေး

အပိုင်း(၃)
ဦးသိန်းစိန် (သမ္မတ) မှ တက်တက်လာခြင်း အပြောကောင်းကောင်း နွဲ့နွဲ့ကလေးဖြင့် ပြောချလာလိုက်သည်မှာ ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရစကားလုံးမိန့်ခွန်းများအတွက် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ရှေ့နေကြီး ဦးသိန်းညွန့်မှ မေးခွန်းထုတ်ခဲ့သော ၂၀၁၂ ခုနှစ်မတ်လသည်နေပြည်တော်တွင်းအတွင်းကြိတ်ပုံးတိုက်ပွဲဖြစ်ပွါးနေသာ
အခြေနေသို့ရောက်ရှိခဲ့သည်။။

သမ္မတ ဦးသိန်းစိန်မှ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ တွင် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းကြောင်း ကြေငြာပြီး ကာလမှပင် ဖြစ်ပွားလာသော ကိစ္စဖြစ်ခဲ့သည်။ ဒုသမ္မတ ဦးတင်အောင်မြစ်ဦးသည် ၄င်း အတွင်းရေးမှုး(၁) နအဖတွင် လုပ်ခဲ့သောကာလတွင် မြစ်ဆုံတည်ဆောက်ရေးအတွက် တရုတ်ပြည်မှ အမေရိကန်ဒေါ်လာ ၃ဒသမ ၆ ဘီလီယန် တန်ဘိုး ရင်းနှီးလုပ်ကိုင်နိုင်၇န် ကြားပွဲစားကြီးလုပ်ခဲ့သော အမေရိကန်ဒေါ်လာ သန်း ၃၀၀ အား မြက်မြက်ကလေး အိပ်ထဲ ထည့်လိုက်သည့်အပြင် စာချုပ်စတင်ချုပ်ဆိုသော အချိန်တွင် ဧည့်သယ်ဝန်ဆောင်မှုစရိတ် အမေရိကန်ဒေါ်လာ သန်း ၅၀ အား တရုတ်ပြည်တွင် ကောင်စစ်ဝန်အဖြစ် တာဝန်ယူနေသော ဗိုလ်ချုပ်မှုးကြီး သားမက် ကို ပေးခဲ့သည့် အတွက် ပြန်လည် လျော်ပေးရမည့်အခြေနေသို့ ဆိုက်ရောက်လာ၏။
၂၀၁၂ ခုနှစ် ဧပြီလ သင်္ကြန်ပြီးသွားသော ကာလ အစိုးရရုံးများပြန်လည်ဖွင့်လှစ်သောကာလတွင် ဒုသမ္မတ ၄င်၏ ဒုသမ္မတ အစိုးရရုံးဆိုင်ရာ ရုံးခန်းသို့ မလာတော့ပဲ မေလဆန်းတွင် နုတ်ထွက်စာ ပေးပို့ခဲ့၏။

ဗိုလ်ချုပ်မှုးကြီးမှ သင်္ကြန်အတက်နေ့တွင် ဦးသိန်းစိန်အား ခေါ်ယူကာ သြ၀ါဒပေးပြီး တရုတ်နှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများ ရှေ့တွင် အနှောက်ယှက်မရှိအောင် သယ်ဆောင်သွားရန်နှင့် လက်ရှိ တင်ရှိနေသော နိုင်ငံတကာအကြွေးများအား အကြေလည် အပြီးပြတ် ဖြေရှင်းနိုင်ရမည်ဟု တာဝန် အပြီးပြတ်ယူခိုင်းသည်မှာ ဦးသိန်းစိန် ငြင်းချက် ထုတ်နိုင်ပါမည်လော။
ဦးသိန်းစိန်မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးသန်းရွှေ သင်္ကြန်အတက်နေ့ အမိန့်အား ရင်ဝယ်ပိုက်ခဲ့၏။ သို့သော် မေလ ၅ ရက်တွင် ရေးသားသော The Guardian က အတိကျ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ကြောင်း ဖေါ်ပြထားခဲ့သော်ငြား သမ္မတရုံးမှ စင်္ကာပူတွင် ဆေးသွားကုနေသယောင် တရားဝင်မဟုတ်ပဲ ဖေ့စ်ဘွတ်မှာ ပျံလွင့်ခဲ့သည်။နောက်ပိုင်းမှ အတည်ပြုပေးခဲ့၏။

ဦးအောင်သောင်းတို့ စီစဉ်သော ရခိုင်အရေးခင်းကြီး ပွက်ပွက်ဆူနေသော ကာလတွင် ဦးသိန်းစိန် ငွေရှာရေးအတွက် အိုအိုင်စီဟုခေါ်သော အဖွဲ့ဝင် ၅၇ နိုင်ငံ အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အား ရုံးစိုက်ခွင့် ပေးရန် သဘောတူလက်မှတ်ရေးထိုးရေးအား စိုင်းပြင်းနေကြပြီး အိုအိုင်စီမှ ပထမ ထောက်ပံငွေ အမေ၇ိကန် ဒေါ်လာ သန်း ၅၀ အတွက် လုံးပမ်းခဲ့ကြ၏။
၂၀၁၂ ဂျူလိုင်လ ၁၈ ရက်နေ့တွင် Network Myanmar ၀က်ဆိုက်တွင် ဦးအောင်သောင်းတို့၏ ဂိုဏ်းအဖွဲ့ဝင် ဦးအောင်သိန်းလင်းမှ ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်ဝေဖန်ထားသော အင်တာဗျူးတခုအား တရုတ် သတင်းထောက်နှစ်ဦးဖြစ်သည့် zhang zhe and Ye Weimin ဇောင်ဇီ နှင့် ယီဝေမင် တို့က အချိန်ကိုက် ဖွင့်ချပေးခဲ့သည်။။ ဂျူလိုင် ၂၄ ရက်နေ့တွင် ဦးသိန်းစိန်သည် တပ်ချုပ်ဟောင်းကြီး နှင့် နောက်တကြိမ်သွားတွေ့ရပြန်၏။ တပ်ချုပ်ကြီးမှ “မင်းတို့ေ၇ွ့တာ အလွန်နှေးလွန်းလို့ အားလုံး သဘောထား ကွဲလွဲမယ့်ပုံမျိုးဖြစ်နေတာ” ဟု နောက်ဆုံး မိန့်ကြားခဲ့သည်။
ဦးသိန်းစိန်မှာ တပ်ချုပ်ဟောင်းကြီးဆီမှ ပြန်လာပြီး သြဂုတ်လ ၁၀ ရက်နေ့တွင် တွင် အိုအိုင်စီ အဖွဲ့နှင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ အပါဝင် တွေ့ဆုံပြီး ရန်ကုန်တွင် အိုအိုင်စီ ရုံးခွဲဖွင့်လှစ်ပေးရန် သဘောတူကြောင်း ပြောဆိုကာ ပထမအရစ် ထောက်ပံကြေးငွေ အမေရိကန်ဒေါ်လာ ၁၈ သန်းအား ရယူလိုက်ကြသည်။ သို့သော် ထိုသတင်းအား မန္တလေး သံဃာထုအတွင်းသို့ ချက်ခြင်း ပို့လွတ်ခဲ့၏။ တဖက်မှလဲ ယူအန်မှ ပီချေးနံဘီးယားနှင့် ကင်တာနားတို့ နှစ်ဦးစလုံးအား မြန်မာပြည်တွင်းသို့ ၀င်ခွင့်ပြုထားပြီး ယူအန်၏ အထောက်ပံ့များကိုလဲ ယူထားခဲ့သည်။ (RFA August 10, 2012) (နောက်ပိုင်းတွင် အိုအိုင်စီလက်သယ်လုပ်ပြီး အကြမ်းဖက်မှုများအား သီးသန့်တင်ပြပေးပါမည်)။
သြဂုတ်လ ၂၇ ရက် ၂၀၁၂ ခုနှစ်တွင် ၀န်ကြီးဌာန အပြောင်းလဲနှင့် အသစ်ခန့်အပ်မှုများဖြင့် ရခိုင်ဒေသအထိကရုံန်းအား သတင်းထုတ်ပြန်ရာတွင် အတော်မှားယွင်းပြီး တလွဲဗြောင်လိမ်နေသော

သတင်း
                                                                Maha Mingyi's status

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အကြမ်းဖက်အထိကရုဏ်း လက်သည်ဘယ်သူလဲ? ဖေါ်လိုက်ပြီ”

Post a Comment

Related Posts Plugin for WordPress, Blogger...