Friday, November 7, 2014

"အရှက်နဲလွန်းတဲ့ မ.ဘ.သ"

,


မ.ဘ.သ (အမျိုးဘာသာစောင့်ရှောက်ရေး) ဆိုတဲ့ မဟာယာန ဂိုဏ်းသားတွေ အရှက်နဲချက်ကတော့ သြချ ရလောက်တယ်။ဘာတဲ့။ တိုင်းရင်းသား ၁၃၅ မျိုး အလိုရှိသော မျိုးစောင့်ဥပဒေ အမြန်ဆုံး အတည်ပြု တဲ့။နေစမ်းပါအုံး မင်းတို့က တိုင်းရင်းသား ၁၃၅ မျိုးဆိုကာ ဘယ်သူတွေပါတာဆိုတာတောင်သိလို့လား? နောက်ပြီး အဲဒီတိုင်းရင်းသား ၁၃၅ မျိုးစလုံးအားလုံးက အဲဒီမျိုးစောင့်ဥပဒေကို ပြဌာန်းပေးဖို့ ဘယ်တုန်းကတောင်းဆိုကြတာလဲ။ မ.ဘ.သ အနေနဲ့ အထောက်အထားရှိမှပြောစေချင်တယ်။ ငါ့စကားနွားရ ပြောတာမျိုးကတော့ လူတိုင်းပြောတက်ကြတာချည်းပါပဲ။ တိုင်းရင်းသား ၁၃၅ မျိုးဆိုတာ ဝေးလွန်းအားကြီးတယ်ပါတယ်။ကိုယ့် ဗမာလူမျိုး တစ်မျိုးတည်းကတောင် အဲဒီမျိုးစောင့်ဥပဒေကို တညီတညွတ်တည်း ထောက်ခံရဲ.လားဆိုတာကိုပဲ မှန်မှန်ကန်ကန်ဖြေပါအုံး။အဲဒီမျိးစောင့်ဥဒေကိုအမျိုးသမီးအဖွဲ.အစည်းတွေအပါအ၀င် အဖွဲ.အစည်းပေါင်း (၁၀၀) ကျော်က ကန့်ကွက်ထားတယ်။မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လက်မခံဘူး။မြန်မာနိုင်ငံရှေ.နေရှေ.ရပ်များနှင့် ဥပဒေပညာတိုးတက်ပြန့်ပွားရေးအသင်းကလည်း လက်မခံဘူး။ဒီအချက်တွေကိုကြည့်လိုက်ရင်ကိုပဲ မ.ဘ.သ တွေရဲ. ရေးသားချက်ဟာ လီဆယ်ထားတဲ အရေးအသားကြီးဆိုတာသိသာနေပါပြီ။နောက်ပြီး မြန်မာပြည်မှာ တိုင်းရင်းသား (၁၃၅) မျိုးပဲ ရှိတယ်ဆိုတာလည်း မဟုတ်ပါဘူး။ဒီ ၁၃၅ မျိုးဆိုတာကို ဘယ်ပါလီမန် ဘယ်ပြည်သူ့ကိုယ်စားလှယ်တွေနဲ့မှ အတည်ပြုဆုံးဖြတ်ချက်ချထားတာမဟုတ်ပါဘူး။ဒီ ၁၃၅ မျိုးဆိုတာ စစ်အာဏာရှင် ဗိုလ်နေ၀င်း သူ့သဘောနဲ့ ဆုံးဖြတ် သတ်မှတ်ထားတာ။ဒါကို ဒီက မ.ဘ.သ တွေကဘုရားဟောများမှတ်နေကြလားတော့မသိဘူး။ ဗိုလ်နေ၀င်းဆိုတာ သိတဲ့အတိုင်းပဲ ….။မ.ဘ.သ တွေအနေနဲ့စစ်အာဏရှင်တွေ ဘောမတဲ့အလုပ်ကလွဲပြီးကျန်တာမလုပ်တက်တော့ဘူးလားလို့တောင်မေးရမလိုဖြစ်နေပြီ။ဗိုလ်နေ၀င်းက အရင် က တိုင်းရင်းသား ၁၄၄ မျိုးရှိရာကနေ ၉ မျိုးကို သူ့သဘောနဲ့သူဖြုတ်လိုက်တာပါ။အဖြုတ်ခံခဲ့ရတဲ့ ကာယကံရှင်တွေတောင် ဘာမှ မသိလိုက်ရသလို ဘာမှပြန်ပြီးဖြေရှင်းခွင့်လဲမရလိုက်ပါဘူး။ဒါကြောင့် မ.ဘ.သ အနေနဲ့ ကိုယ်မသိရင် ဗဟုသုတမရှိရင်လည်း မရှိသလို နေပါ။လူတက်ကြီးလုပ်ပြီး ဒီလိုမဟုတ်တမ်းတရားရေးနေတာကို ရပ်တန်းရပ်ဖို့ကောင်းပါပြီလို့ အကြံပေးချင်ပါတယ်။
Aungmin Khant

0 ယောက်မှတ်ချက်ပြုခဲ့သည် to “"အရှက်နဲလွန်းတဲ့ မ.ဘ.သ"”

Post a Comment

Related Posts Plugin for WordPress, Blogger...