Friday, August 25, 2017

အထက်နန်းရာကျေးရွာအတွင်း အကြမ်းဖက်သင်တန်းတက်ပြီးသူများ ရှိနေကြောင်း သတင်းအရ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဘင်္ဂါလီများက အင်အားပြနှောက်ယှက်ဟန့်တား

,
နေပြည်တော် ၂၀၁၇ ၊ သြဂုတ် ၂၄

အကြမ်းဖက်သင်တန်းတက်ရောက်ပြီးသူများနှင့် သင်တန်းတက်ရောက်ရန် လိုက်လံစည်းရုံးနေသူများ ရောက်ရှိနေကြောင်းသတင်းအရ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တပ်မတော်စစ်ကြောင်း
တစ်ခု အပြင်စည်းလုံခြုံရေး လိုက်ပါလျက် သြဂုတ် ၂၄ ရက် နံနက် ၆ နာရီ
တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အထက်နန်းရာကျေးရွာ
သို့ ရောက်ရှိစစ်ဆေးနေစဉ် ရွာအနောက်မြောက်ဘက်မှ တုတ်၊ ဓား၊ လှံ
ကိုင်ဆောင်ထား သူ ဘင်္ဂါလီ ၂၀၀ ဦးခန့်က စစ်ဆေးရေးအဖွဲ့အား အင်အားပြဟန့်တားခဲ့သဖြင့် ပူးပေါင်း အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူး
အားခေါ်ယူ၍ အကြမ်းဖက်မှုနှင့် မသက်ဆိုင်သူများအား အေးချမ်းစွာ
စစ်ဆေးခံရန် ပြောဆိုခဲ့သည်။

ထို့နောက် တပ်မတော်စစ်ကြောင်းက အပြင်စည်းလုံခြုံရေးဆောင်ရွက်၍
စစ်ဆေးရေးအဖွဲ့က ကျေးရွာအတွင်း ထပ်မံဝင်ရောက်ရှင်းလင်းခဲ့ရာ
နံနက် ၉ နာရီတွင် ရွာတောင်ဘက်လယ်ကွင်းစပ်အနီး ဘင်္ဂါလီအကြမ်းဖက်
သမားတို့က တုတ်၊ ဓားများ ကိုင်ဆောင်၍ ပြန်လည်တိုက်ခိုက်ရန်ကြိုးစား
ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေါင်းဆောင်ဟုယူဆရသည့် အကြမ်းဖက်
သမား တစ်ဦးအား ဟန့်တားပစ်ခတ်ခဲ့ရာ ၎င်းအကြမ်းဖက် သမားအား အသေဖမ်းဆီးရမိခဲ့သည်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူမှာ ဘင်္ဂါလီအကြမ်းဖက်သမား
များ၏ စည်းရုံးရေးတာဝန်ခံနှင့် အကြမ်းဖက်သင်တန်းနည်းပြဆရာ
ကာမာလူဆောင်း (၃၅)နှစ် ဆိုသူဖြစ်ကာ သေဆုံးချိန်တွင် အရိုးအသွား
၃ ပေခန့်၊ ဗျက် ၂ လက်မခွဲခန့်ရှိ ဓားရှည် ကိုင်ဆောင်ထားသည်ကို တွေ့ရှိ
ရသည်။

ထို့ပြင် ရွာအတွင်းမှ ထွက်ပြေးသည့် အထက်နန်းရာအုပ်စု၊ ပန်းကိုင်း
ကျေးရွာနေ နိုမာမောက်(၆၀)နှစ်သည် ရွာအနောက်တောင် ဘက်
လယ်ကွင်းအတွင်း၌ ပြင်ပဒဏ်ရာမရှိဘဲ အမောဆို့ပြီး သေဆုံးနေသည်
ကို တွေ့ရသည်။ အဆိုပါ ကျေးရွာအတွင်း ထပ်မံစစ်ဆေးဖော်ထုတ်စဉ်
အကြမ်းဖက်သင်တန်း တက်ရောက်ပြီးသူနှင့် အကြမ်းဖက် လုပ်ငန်း
အတွက် စည်းရုံးနေသူ မသင်္ကာဖွယ်ဘင်္ဂါလီ ၂၇ ဦးအား ဖမ်းဆီးရမိခဲ့ပြီး
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသေးစိတ်စစ်ဆေးလျက်ရှိသည်။

ဖြစ်စဉ်ဖြစ်ပွားရာ အထက်နန်းရာကျေးရွာသည် သြဂုတ် ၃ ရက်တွင် ကိုင်းကြီး
ကျေးရွာမှ မြိုတိုင်းရင်းသား ၈ ဦး အသတ်ခံရမှုကြောင့် ဒေသခံရခိုင်
တိုင်းရင်းသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စေတီပြင်ကျေးရွာ၏
အနောက်တောင်ဘက် ၂ မိုင်ခန့် အကွာတွင် တည်ရှိကြောင်း သတင်းရရှိသည်။

( တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အထက်နန်းရာကျေးရွာအတွင်း အကြမ်းဖက်သင်တန်းတက်ပြီးသူများ ရှိနေကြောင်း သတင်းအရ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဘင်္ဂါလီများက အင်အားပြနှောက်ယှက်ဟန့်တား”

Post a Comment

Related Posts Plugin for WordPress, Blogger...