ေနျပည္ေတာ္ ၊၂၀၁၇ ၾသဂုတ္ - ၂၅
ရခုိင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ပဒင္းေခါင္းတကာေက်းရြာရွိ ရဲစခန္းတစ္ခု အား ယေန႔နံနက္ အေစာပိုင္း ၁ နာရီတြင္ ဘဂၤါလီ အစြန္းေရာက္အၾကမ္းဖက္သမားမ်ားက လက္လုပ္မုိင္းမ်ားေဖာက္ခြဲကာ လက္နက္ငယ္ မ်ားျဖင့္ စတင္တိုက္ခိုက္ခဲ့ၿပီး ဘူးသီးေတာင္ႏွင့္ ေမာင္ေတာနယ္ေျမအတြင္းရွိ လုံၿခဳံေရးေဆာင္ရြက္ေနသည့္ ရဲကင္းစခန္း ၁၉ ခုကို တစ္ခ်ိန္တည္း၊ တစ္ၿပိဳင္တည္း တုတ္၊ ဓားကိုင္ေဆာင္ထား ေသာ အင္အားမ်ားျဖင့္ တုိက္ခိုက္ျခင္းႏွင့္ တံတားမ်ားမုိင္းေဖာက္ခြဲဖ်က္ဆီးျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရွိသည္။
ျဖစ္စဥ္မ်ားမွာ ယေန႔နံနက္ ၁ နာရီ ၂၀ မိနစ္ခန္႔တြင္ ပေညာင္ပင္ႀကီးႏွင့္ သေရကုန္းေဘာင္ေက်းရြာအၾကားတြင္ မုိင္း ၁ လုံးေပါက္ကြဲခဲ့ၿပီး နံနက္ ၃ နာရီ ၂၅ မိနစ္တြင္ ဘဂၤါလီအစြန္းေရာက္အၾကမ္းဖက္သမားမ်ားက ေလာင္းဒံု၊ နံ႔သာေတာင္၊ နံ႔သာေတာင္ေခ်ာင္း၀၊ ကြမ္းသီးပင္ေခ်ာင္း၀၊ နတ္ေခ်ာင္းႏွင့္ သီဟုိဠ္ရဲကင္း စခန္းမ်ားအား လည္းေကာင္း၊ နံနက္ ၄ နာရီတြင္လည္း ကညင္တန္းေက်းရြာအထြက္၌ ဆြဲမုိင္း ၁ လုံးေဖာက္ခဲြ ၿပီး ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေဖာင္ေတာ္ျပင္ရဲကင္းစခန္းအား လည္းေကာင္း၊ ဇင္ပုိင္ညာ၊ တမန္းသား၊ ဇီးပင္ေခ်ာင္း၀၊ မီးတိုက္၊ သေဘၤာေကြ႕၊ ျမင္းလြတ္၊ အလယ္သံ ေက်ာ္၊ သ၀င္ေခ်ာင္း၊ ဥေဒါင္းတံကား၊ ပေညာင္ပင္ႀကီးႏွင့္ က်ီးကြၽန္းရဲကင္း စခန္းမ်ား အားလည္းေကာင္း တစ္ခ်ိန္တည္း၊ တစ္ၿပိဳင္တည္း၀င္ေရာက္ တိုက္ခိုက္ခဲ့သည္။
ျဖစ္စဥ္တြင္ တပ္မေတာ္မွ စစ္သည္ ၁ ဦး၊ ရဲတပ္ဖြဲ႕၀င္ ၁၀ ဦး ႏုိင္ငံေတာ္အတြက္ အသက္စြန္႔လႊတ္ခဲ့ရၿပီး အခ်ိဳ႕ထိခိုက္ဒဏ္ရာရရွိခဲ့ ကာ ရဲကင္းစခန္းမ်ားမွ လက္နက္ငယ္ ၅ လက္ ဘဂၤါလီအစြန္းေရာက္ အၾကမ္းဖက္သမားမ်ားေနာက္ ပါရွိသြားခဲ့သည္။ မိမိဘက္မွ ျပန္လည္တုိက္ခိုက္ခဲ့ရာ ဘဂၤါလီအစြန္းေရာက္ အၾကမ္းဖက္သမား အေလာင္း ၁၅ ေလာင္းရရွိခဲ့သည္။
နံနက္ ၃ နာရီခန္႔တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေတာင္ဘဇာေက်းရြာရွိ နယ္ေျမခံ တပ္ဌာနခ်ဳပ္အား အင္အား ၁၅၀ ခန္႔ျဖင့္ႏွစ္ဖြဲ႕ခြဲ၍ ၀င္ေရာက္တုိက္ခိုက္ရန္ ႀကိဳးစားေသာ္လည္း တပ္ရင္းဌာနခ်ဳပ္ရွိ အရာရွိ၊ စစ္သည္မ်ားႏွင့္ ရဲေမမ်ားက ျပန္လည္ ပစ္ခတ္ခဲ့၍ နံနက္ ၅ နာရီခန္႕တြင္ အၾကမ္းဖက္အဖြဲ႕မွ အေလာင္း ၆ ေလာင္းက်န္ရွိၿပီး ထြက္ေျပးသြားခဲ့သည္။
ထုိ႔ျပင္ ယေန႔နံနက္ ၉ နာရီ ၄၅ မိနစ္တြင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ခ်ိန္ခါလီ ေက်းရြာ၌ ဘဂၤါလီအစြန္းေရာက္ အၾကမ္းဖက္သမားမ်ားအား ၎တုိ႔၏ ေနအိမ္မ်ားကို ၎တုိ႔ကိုယ္တုိင္ မီး႐ႈိ႕ဖ်က္ဆီးၿပီး ထြက္ေျပးသြား ေၾကာင္း သိရွိရသည္။
ယခုသတင္းထုတ္ျပန္သည့္ အခ်ိန္အထိ က်ားေခါင္းေတာင္ႏွင့္ နတ္ေခ်ာင္း ရဲကင္း စခန္းတို႔တြင္ အျပန္အလွန္ တိုက္ခိုက္မႈမ်ားျဖစ္ပြားလ်က္ရွိၿပီး တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲဲ႕၀င္မ်ားပူးေပါင္းကာ ဘဂၤါလီအစြန္းေရာက္ အၾကမ္း ဖက္သမားမ်ားကုိ လုိက္လံေခ်မႈန္း လ်က္ရွိေၾကာင္းႏွင့္ ကုိဖီအာနန္ ဦးေဆာင္သည့္ ရခုိင္ျပည္နယ္ဆိုင္ရာ အႀကံေပး ေကာ္မရွင္မွ အၿပီးသတ္အစီရင္ခံစာထုတ္ျပန္သည့္အခ်ိန္၊ ၂၀၁၇ ခုႏွစ္၊ စက္တင္ဘာ ၁၂ ရက္မွ ၂၅ ရက္အထိ ျပလုပ္မည့္ ကုလသမဂၢအေထြေထြညီလာခံက်င္းပခ်ိန္တို႔ႏွင့္ အခ်ိန္ကိုက္ အၾကမ္းဖက္တုိက္ခိုက္မႈမ်ား ဖန္တီးကာ တုိက္ကြက္မ်ားေဖာ္ေဆာင္လာ ျခင္းျဖစ္ေၾကာင္း သတင္းရရွိသည္။
https://m.facebook.com/story.php?story_fbid=1436327419821452&id=526503167470553
(Unicode Version)
ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများက လုံခြုံရေးရဲကင်း၊ ရဲစခန်းများနှင့် နယ်မြေခံတပ်ဌာနချုပ်တို့အား အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်
နေပြည်တော် ၊ သြဂုတ် - ၂၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပဒင်းခေါင်းတကာကျေးရွာရှိ ရဲစခန်းတစ်ခု အား ယနေ့နံနက် အစောပိုင်း ၁ နာရီတွင် ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖောက်ခွဲကာ လက်နက်ငယ် များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တောနယ်မြေအတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသည့် ရဲကင်းစခန်း ၁၉ ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တုတ်၊ ဓားကိုင်ဆောင်ထား သော အင်အားများဖြင့် တိုက်ခိုက်ခြင်းနှင့် တံတားများမိုင်းဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိသည်။
ဖြစ်စဉ်များမှာ ယနေ့နံနက် ၁ နာရီ ၂၀ မိနစ်ခန့်တွင် ပညောင်ပင်ကြီးနှင့် သရေကုန်းဘောင်ကျေးရွာအကြားတွင် မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး နံနက် ၃ နာရီ ၂၅ မိနစ်တွင် ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများက လောင်းဒုံ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ ကွမ်းသီးပင်ချောင်းဝ၊ နတ်ချောင်းနှင့် သီဟိုဠ္ရဲကင်း စခန်းများအား လည်းကောင်း၊ နံနက် ၄ နာရီတွင်လည်း ကညင်တန်းကျေးရွာအထွက်၌ ဆွဲမိုင်း ၁ လုံးဖောက်ခွဲ ပြီး ဘူးသီးတောင်မြို့နယ်၊ ဖောင်တော်ပြင်ရဲကင်းစခန်းအား လည်းကောင်း၊ ဇင်ပိုင်ညာ၊ တမန်းသား၊ ဇီးပင်ချောင်းဝ၊ မီးတိုက်၊ သင်္ဘောကွေ့၊ မြင်းလွတ်၊ အလယ်သံ ကျော်၊ သဝင်ချောင်း၊ ဥဒေါင်းတံကား၊ ပညောင်ပင်ကြီးနှင့် ကျီးကျွန်းရဲကင်း စခန်းများ အားလည်းကောင်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်းဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ဖြစ်စဉ်တွင် တပ်မတော်မှ စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ ကာ ရဲကင်းစခန်းများမှ လက်နက်ငယ် ၅ လက် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများနောက် ပါရှိသွားခဲ့သည်။ မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမား အလောင်း ၁၅ လောင်းရရှိခဲ့သည်။
နံနက် ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာရှိ နယ်မြေခံ တပ်ဌာနချုပ်အား အင်အား ၁၅၀ ခန့်ဖြင့်နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားသော်လည်း တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်များနှင့် ရဲမေများက ပြန်လည် ပစ်ခတ်ခဲ့၍ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက်အဖွဲ့မှ အလောင်း ၆ လောင်းကျန်ရှိပြီး ထွက်ပြေးသွားခဲ့သည်။
ထို့ပြင် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ ကျေးရွာ၌ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများအား ၎င်းတို့၏ နေအိမ်များကို ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွား ကြောင်း သိရှိရသည်။
ယခုသတင်းထုတ်ပြန်သည့် အချိန်အထိ ကျားခေါင်းတောင်နှင့် နတ်ချောင်း ရဲကင်း စခန်းတို့တွင် အပြန်အလှန် တိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ဘင်္ဂါလီအစွန်းရောက် အကြမ်း ဖက်သမားများကို လိုက်လံချေမှုန်း လျက်ရှိကြောင်းနှင့် ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှ အပြီးသတ်အစီရင်ခံစာထုတ်ပြန်သည့်အချိန်၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ပြလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပချိန်တို့နှင့် အချိန်ကိုက် အကြမ်းဖက်တိုက်ခိုက်မှုများ ဖန်တီးကာ တိုက်ကွက်များဖော်ဆောင်လာ ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

