Saturday, August 26, 2017

ရခိုင်မြောက်ပိုင်းက ရဲကင်းစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရ

,
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေထဲက ရဲကင်းစခန်း ၃ဝ ကို ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားတွေက ဒီနေ့ သြဂုတ်လ ၂၅ ရက် မနက် ၁ နာရီလောက်မှာ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ညနေပိုင်း ၃ နာရီခွဲလောက်က ထုတ်ပြန်ချက်အရ  တိုက်ခိုက်မှုကြောင့် တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦးနဲ့ ဒု-လဝကမှူး ၁ ဦး စုစုပေါင်း ၁၂ ဦး ကျဆုံးပြီး၊ ဒဏ်ရာရသူ ၁၁ ဦး ရှိတယ်လို့ သိရပါတယ်။

အကြမ်းဖက်သမား ၅၉ ဦးရဲ့ အလောင်းကို ရရှိထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အခု တိုက်ခိုက်ခဲ့တဲ့  အကြမ်းဖက်သမားတွေဟာ Arakan Rohingya Salvation Army- ARSA လို့ခေါ်တဲ့ အကြမ်းဖက် အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက RFA ကိုပြောပါတယ်။
RFA(25.8.2017)
https://m.facebook.com/story.php?story_fbid=10156547636213128&id=39218993127

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်မြောက်ပိုင်းက ရဲကင်းစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရ”

Post a Comment

Related Posts Plugin for WordPress, Blogger...