အဲဒီ Arakan Rohingya Salvation Army ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင် Ata Ullah အတား အူလား ကတော့ သူတို့အဖွဲ့ရဲ့ အဓိကရည်မှန်းချက်ဟာ လူမဆန်စွာနှိပ်စက်ငြင်းပမ်းတဲ့ မြန်မာအစိုးရ လက်အောက် ကနေ သူတို့ရိုဟင်ဂျာလူမျိုးတွေ လွတ်မြောက်ရေးဖြစ်တယ်လို့ မကြာခင်ရက်ပိုင်းက ဗီဒီယိုတခု ထုတ်ပြန်ပြီး ပြောကြားခဲ့ပါတယ်။
ဒါ့အပြင်သူတို့အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ လှုပ်ရှားနေတာ ၃ နှစ်ရှိပြီဖြစ်ပေမယ့် ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိခိုက်အောင်လုပ်ဆောင်ခြင်း မရှိကြောင်းနဲ့ သူတို့လူမျိုးတွေကို ခိုလှုံနေထိုင်ခွင့်ပေးထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်ရှိကြောင်းလည်း အတား အူလား က ပြောပါတယ်။
https://m.facebook.com/story.php?story_fbid=10156549263338128&id=39218993127
(26.8.2017)

