Thursday, August 31, 2017

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာသူ တသောင်းရှစ်ထောင်ကျော်ပြီ

,
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ တသောင်း ၈ ထောင်ထက်မနည်း ရှိသွားပြီလို့ IOM လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများ ဆိုင်ရာအဖွဲ့က ပြောလိုက်ပါတယ်။

အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ပြီး၊ သူတို့အတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကြီးအကျယ် လိုအပ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်စ်ဘဇားမြို့က IOM အရာရှိ Sanjukta Sahany က ပြောပါတယ်။

ထွက်ပြေးလာသူ အတော်များများမှာ သေနတ်ဒဏ်ရာတွေ၊ မီးလောင်ဒဏ်ရာတွေ တွေ့ရပြီး၊ စိုးရိမ်ထိတ်လန့် နေကြတယ်လို့လည်း အဲဒီ IOM အရာရှိက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ… မြန်မာနိုင်ငံ ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ထိုင်းနိုင်ငံကို ရောက်ရှိလာနိုင်တဲ့အတွက် ထိုင်းအာဏာပိုင်တွေက ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ ထိုင်းကို ရောက်လာနိုင်တဲ့အတွက် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနနဲ့ လုံခြုံရေးတာဝန်ရှိသူတွေ ကြိုတင်ပြင်ဆင်နေကြတယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သတင်းထောက်တွေကို သြဂုတ်လ (၂၉) ရက်နေ့ မနေ့က ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အရင်တုန်းကလိုပဲ ဒုက္ခသည်တွေကို နေရာချထားပေးမှာဖြစ်ပြီး၊ အခြေအနေကောင်းမွန်တဲ့အချိန်ကျရင် ပြန်ပို့မှာဖြစ်တယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

https://m.facebook.com/story.php?story_fbid=10156571247468128&id=39218993127

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာသူ တသောင်းရှစ်ထောင်ကျော်ပြီ”

Post a Comment

Related Posts Plugin for WordPress, Blogger...