Friday, September 1, 2017

လူထုကိုတင်မဟုတ် နိုင်ငံတကာ သံတမန်မျာကိုပါ ခန်းမထဲသွင်း၍ လိမ်ခဲ့သော တပ်မတော် တပ်မတော်မှ နိုင်ငံတော်အစိုးရကို အသရေဖျက်ရန် လိမ်လည်ခဲ့သလား?

,
ဒု တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်သန်းထွဋ်သိန်းက၂၉သြဂုတ်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

‘‘၂၀၁၆ အောက်တိုဘာ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များ

စတင်ဖြစ်ပွား ပြီးတဲ့နောက် နိုဝင်ဘာ ၂၁ ရက် မှာ ပြည်သူ့လွှတ်တော်နဲ့

ဒီဇင်ဘာ ၈ ရက်မှာ အမျိုးသားလွှတ်တော်က တပ်မတော်သားလွှတ်တော်

ကိုယ်စားလှယ်များက..

ဘင်္ဂါလီအကြမ်းဖက်သမားများ ဆက်လက် ကျူးလွန်နေတဲ့

အကြမ်းဖက်မှုများဟာ အမျိုးသားလုံခြုံရေးနဲ့

နိုင်ငံတော်အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေတဲ့အတွက်

အကြမ်းဖက်သမားများ၊ ကျူးကျော်သူများ နောက်ထပ် မကျူးကျော် ဖို့အတွက်

အကြမ်းဖက်လုပ်ရပ် များ လုံးဝချုပ်ငြိမ်းအမြစ်ပြတ်ချေ မှုန်းရေးအတွက်

လိုအပ်တဲ့အစီအမံများ ချမှတ်ပေးရန် နိုင်ငံတော် အစိုးရကို

တိုက်တွန်းကြောင်းအဆို နှစ်ရပ်ကို တင်သွင်းခဲ့ပေမယ့် ဆွေးနွေးခွင့်မရဘဲ

လွှတ်တော်မှာပယ်ချခြင်းခံခဲ့ပါတယ်’’

ဒါပေမယ့်

ဒီနေ့လုပ်တဲ့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ရဲ့သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ဖက်က အဲဒီလိုအဆိုတင်သွင်းခဲ့မှု လုံးဝ မရှိကြောင်း သူ့တယောက်တည်းသာမက ဒု လွှတ်တော်ဥက္ကဌ နှင့် လွှတ်တော်ရုံးညွှန်ချုပ်ကိုပါ သက်သေတိုင်ပြီး ခိုင်မာစွာ ငြင်းဆိုလိုက်ပါတယ်။

သတင်းထောက်တွေကိုလဲ ကိုယ်တိုင် ညွှန်ချုပ်ရုံးမှတ်တမ်းတွေ ရှာဖွေစစ်ဆေးနိုင်ကြောင်းလည်း ပြောဆိုသွားပါတယ်။

ဦးဝင်းမြင့်ပြောတာသာအမှန်ဆိုရင်..ဒါဟာ

* တပ်မတော်ရဲ့ရိုးသားမှုမရှိတာကို အထင်အရှား ပြတာပါပဲ!
* တပ်မတော်ကနေ လွှတ်တော်ကို အသရေဖျက်စော်ကားတာပဲ!
* တပ်မတော်ကနေ နိုင်ငံတော်အစိုးရကို အကြည်ညိုဖျက်တာပဲ!
* တပ်မတော်ကနေ ပြည်သူလူထုတရပ်လုံးကို ဗြောင်လိမ်ညာတာပဲ!
* တပ်မတော်ဟာ အစိုးရနဲ့ ရခိုင်ပြည်သူတွေအကြား ရည်ရွယ်ချက်ရှိရှိ သွေးခွဲဖို့ ကြိုးစားလိုက်တာပဲ!
 ခရက်ဒစ် Naing Tun

ဂိုလ်ရှယ်လေး

https://m.facebook.com/story.php?story_fbid=1806099142737644&id=100000127263276

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လူထုကိုတင်မဟုတ် နိုင်ငံတကာ သံတမန်မျာကိုပါ ခန်းမထဲသွင်း၍ လိမ်ခဲ့သော တပ်မတော် တပ်မတော်မှ နိုင်ငံတော်အစိုးရကို အသရေဖျက်ရန် လိမ်လည်ခဲ့သလား? ”

Post a Comment

Related Posts Plugin for WordPress, Blogger...