Thursday, August 24, 2017

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သတ်မှတ်ထားသော တရုတ်တိုင်းရင်းသားမျိုးနွယ် ၅၆ စုအကြောင်း

,
#北方组 မြောက်ပိုင်းလူမျိုးစု

မြောက်ပိုင်းလူမျိုးစုများသည် မွန်ဂိုနွယ်ဖွား လူမျိုးစုများ ဖြစ်ကြသည်။

1.蒙古族 Mongols

မွန်ဂိုလူမျိုးများသည် အတွင်းမွန်ဂိုလီးယားဒေသ ရှင်းကျန်းဒေသ စသည့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသများတွင် နေထိုင်သည်။ ကိုယ်ပိုင် မွန်ဂိုဘာသာစကားကို အသုံးပြုကြပြီး ရိုးရာကိုးကွယ်မှုအနေဖြင့် မွန်ဂိုရိုးရာ နတ်များ ဘုန်းကြီးများ ကိုးကွယ်မှုရှိသည်။ တိဗက်ဒေသတွင် ဗုဒ္ဓဘာသာကိုးကွယ်သူများ အစ္စလာမ်ဘာသာဝင်များလည်း ရှိသည်။

2.达斡尔族 Daur

တာဝေါ့အော် သို့မဟုတ် ဒေါ်အာ လူမျိုးများသည် မွန်ဂိုလူမျိုးနွယ်မှ ဆင်းသက်လာသူများဖြစ်ပြီး မွန်ဂိုတို့၏ စာပေ ရိုးရာဓလေ့ ကိုးကွယ်မှုများအတိုင်း ပြုလုပ်သည်။ DNA စစ်ဆေးချက်များအရ ရှေးခေတ် Khita 契丹 ချိတန်း (ခီတန်) လူမျိုးများမှဆင်းသက်လာသည်။

3.鄂温克族 Evenki

အဲ့ဝမ်းခဲ့ သို့မဟုတ် အီဗန်းခီး လူမျိုးများသည်လည်း မွန်ဂိုအနွယ်ဖွား တိုင်းရင်းသားများ ဖြစ်သည်။ တရုတ်နိုင်ငံတွင်သာမက ရုရား ယူကရိန်း နိုင်ငံများတွင်လည်း နေထိုင်သည်။ Tungusic ခေါ် အတွင်းမွန်ဂိုလီးယား ဘာသာစကားတစ်မျိုးကို ပြောကြသည်။ တရုတ်နိုင်ငံ ဟေးလုံကျန်းဒေသ အတွင်းမွန်ဂိုလီးယားတို့တွင် နေထိုင်ကြသည်။

4.鄂伦春组 Oroqen

အဲ့လွင်ချွိန်း သို့မဟုတ် အိုယိုခန်း လူမျိုးများသည် Tungusic ဘာသာစကားကို ပြောသော မွန်ဂိုအနွယ်ဝင်များဖြစ်သည်။ ကိုယ်ပိုင် Oroqen ဘာသာစကားကို အသုံးပြုကြသည်။

5.满族 Manchu

မန်ချူး ဟု ကမ္ဘာအနှံ့အပြားက သိကြသော လူမျိုးစုများသည် မြောက်ပိုင်းမျိုးနွယ်ဝင်များ ဖြစ်သည်။ တရုတ်နိုင်ငံအပြင် ထိုင်ဝမ်ဒေသတို့တွင်လည်း နေထိုင်သည်။ ယနေ့ခေတ် ရုံးသုံးတရုတ်ဘာသာစကား ဖြစ်သော Mamdarin Chinese မှာ မန်ချူးလူမျိုးများ၏ ကိုယ်ပိုင်ဘာသာစကား ဖြစ်သည်။

6.赫哲族 Hezhen/Nanai
ဟဲ့ကျယ်လူမျိုး သို့မဟုတ် ဟယ်ကျန်း သို့မဟုတ် နာနိုင်းလူမျိုးများကို Golds, Goldi အစရှိသည်ဖြင့်လည်း ခေါ်ဝေါ်ပါသေးသည်။ တရုတ်နိုင်ငံ ဟေးလုံကျန်းဒေသ အပြင် ရုရားနိုင်ငံ၌လည်း နေထိုင်ကြသည်။ DNA စစ်ဆေးချက်များအရ ရှေးခေတ် Jurchen (ဂျာချန်) လူမျိုးများမှ ဆင်းသက်လာသည်။

7.锡伯族 Xibe/Sibe

ရှီးပေါလူမျိုးများသည် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ လျောင်နင်းဒေသ ကျိလင်းဒေသများတွင် နေထိုင်သည်။ ကိုယ်ပိုင် Xibe ဘာသာစကားကို အသုံးပြုသည်။

8.朝鲜族 Korean

ချောင်ရှန်း ခေါ် ကိုရီးယားလူမျိုးများသည် တရုတ်နိုင်ငံ ဟေးလုံကျန်းဒေသ ကျိလင်းဒေသ ပေကျင်းမြို့ရှိ Korea Town လျောင်နင်းဒေသများတွင် နေထိုင်သည်။ မဟာယနဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။

#西域组 အနောက်ပိုင်းဒေသမျိုးနွယ်စုများ

အနောက်နိုင်ငံသွေးပါသော လူမျိုးများ ဖြစ်ကြသည်။ အသားရည်အလွန်ဖြူခြင်း အရပ်ရှည်ခြင်း အနောက်တိုင်း မျက်နှာပေါက်ဖြစ်သော နှာခေါင်းချွန်ချွန် မျက်လုံးအရောင်ညို ညိုများ ရှိကြသည်။ အစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။

1.哈萨克族 Kazakh

ဟာဆ့ခဲ့လူမျိုး ခေါ် ကာဇက်လူမျိုးများသည် တူရကီအနွယ်ဝင်များ ဖြစ်ကြသည်။ ရှင်းကျန်းဒေသ၏ မြို့တော် °U°r°u°mqi city တစ်ဝိုက်တွင် နေထိုင်ကြသည်။ ဆွန်နီအစ္စလာမ် ဘာသာဝင်များဖြစ်သည်။

2.柯尔克孜族 Kyrgyz

ခဲအော်ခဲ့ကျစ် သို့မဟုတ် ကာဂျစ်လူမျိုးများသည်လည်း တူရကီနွယ်ဖွားများ ဖြစ်ကြသည်။ တီဗက်ဗုဒ္ဓဘာသာ အစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။

3.塔吉克族 Tajik

ထာကျီခဲ့ သို့မဟုတ် တာဂျစ် လူမျိုးများသည် တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် နေထိုင်ကြသည်။ တာဂျစ်စတန်နိုင်ငံ အာဖဂန်နစ္စတန်နိုင်ငံတို့တွင်လည်း နေထိုင်ကြသည်။ အစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။

4.塔塔尔族 Tatars

ထာထာအော် သို့မဟုတ် တာတာလူမျိုးများသည် ဆွန်နီအစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။ ရှင်းကျန်းတွင် နေထိုင်ကြသည်။ တာတာဘာသာစကား Mandarin Chinese တို့ကိုသုံးသည်။

5.维吾尔族 Uyghur

ဝေဝူးအော်လူမျိုး သို့မဟုတ် အိုင်ကာ သို့မဟုတ် ဝီဂါလူမျိုးများသည် တူရကီအနွယ်ဝင်များ ဖြစ်ကြသည်။ တရုတ်နိုင်ငံ ရှင်းကျန်းဒေသအပြင် ကာဇက်စတန် ဥဘက်စတန် ကာဂျစ်စတန် တူရကီ ရုရှား ဆော်ဒီအာရေးဗျ ဆီးရီးယားတို့တွင် နေထိုင်ကြသည်။ ကိုယ်ပိုင် Uyghur ဘာသာစကား ရှိသည်။ အစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။

6.乌兹别克族 Uzbek

ဝူးကျွတ်ပျယ်ခဲ့ သို့မဟုတ် ဥစဘက်လူမျိုးများသည် တရုတ်နိုင်ငံ ရှင်းကျန်းတွင်သာမက အာဖဂန်နစ်စတန် ဥဘက်စတန် တာဂျစ်စတန် ရုရား ကာဂျစ်စတန် ကာဇက်စတန် ကနေဒါ အမေရိကန်တို့တွင်လည်း ရှိသည်။ အစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။ ဘာသာမဲ့များလည်း ရှိသည်

7.俄罗斯族 Russian

အော်လော်စွတ်း သို့မဟုတ် ရုရားလူမျိုးများသည် ရုရားဘာသာစကား တရုတ်ဘာသာစကားများကို သုံးကြသည်။ ရှင်းကျန်း အတွင်းမွန်ဂိုလီးယား ဟေးလုံကျန်းစီရင်စုတို့တွင် နေထိုင်သည်။

#陕甘宁组

Shan gan  nin လူမျိုးစုဆိုသည်မှာ တရုတ်နိုင်ငံ၏ စီရင်စုကြီး ၃ ခုဖြစ်သော ရှန်းစီး ကန်းစု နင်းရှဒေသတို့တွင် အများဆုံးရှိသော လူမျိုးစုများ ဖြစ်သည်။ အစ္စလာမ်ဘာသာကို အများဆုံး ကိုးကွယ်ကြသည်။ ထိုဒေသရှိ လူမျိုးများကို ပန်းသေး လူမျိုးများဟု ခေါ်ကြသည်။

1.保安族 Bonan

ပေါင်အန်း သို့မဟုတ် ဘိုနန်လူမျိုးများသည်။ တရုတ်နိုင်ငံ ကန်းစုစီရင်စုတွင် ရှိသည်။ Bonana ဘာသာစကားကို အသုံးပြုကြသည်။ ဆွန်နီအစ္စလာမ်များ ဖြစ်သည်။

2.东乡族 Doxiang

တုန်းရှန်းလူမျိုးများသည် ကန်းစုဒေသတွင် နေထိုင်ကြသည်။ ဆွန်နီအစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။

3.回族 Hui

ဟွေးလူမျိုးများသည် တရုတ်နိုင်ငံတွင်သာမက ကာဂျစ်စတန် ကာဇက်စတန် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင်လည်း နေထိုင်သည်။ အစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။

4.撒拉族 Salar

ဆာလာလူမျိုးများသည်လည်း မူစလင်တရုတ်လူမျိုးများ ဖြစ်သည်။ ချင်းဟိုင် ကန်းစုဒေသတို့တွင် နေထိုင်သည်။

5.裕固族 Yughur

ယုကုလူမျိုးများကို Yellow Uyghurs ဟုလည်း ခေါ်ကြသည်။ တိဗက်ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။

#藏青川组

zang qing chuan လူမျိုးစုဆိုသည်မှာ တိဗက်ဒေသ ချင်းဟိုင်ဒေသ စီချွမ်ဒေသတို့ရှိ မျိုးနွယ်စုများကို ခေါ်ခြင်းဖြစ်သည်။

1.藏族 Tibetan

ကျန်းလူမျိုးတို့ကို တိဗက်လူမျိုးဟု ကမ္ဘာက သိကြသည်။ ကမ္ဘာပေါ်တွင် တိဗက်နွယ်ဖွား တိုင်းရင်းသား ဘာသာစကားပေါင်း များစွာရှိသည်။ ကျွန်ုပ်တို့ မြန်မာစကား မြန်မာလူမျိုးများသည်လည်း တိဗက်ဒေသမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ တိဗက်တို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ ကိုယ်ပိုင် တိဗက်ဘာသာစကားကို အသုံးပြုကြသည်။

2.门巴族 Monba

မန်ပါး သို့မဟုတ် မွန်ဘာလူမျိုးများသည် အိန္ဒိယဒေသတွင်လည်း နေထိုင်ကြသည်။ Bon ဘာသာကို ကိုးကွယ်သည်။

3.珞巴族 Lhoba

လော့ပါးလူမျိုးများသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။ အိန္ဒိယ တိဘတ်ဒေသတို့တွင်လည်း နေထိုင်သည်။

4.土族 Tu

ထူလူမျိုးများသည် တရုတ်နိုင်ငံ ချင်းဟိုင်ဒေသ ကန်းစုဒေသတို့တွင် နေထိုင်သည်။ Mongour ဘာသာစကား Wutun ဘာသာစကားကို သုံးသည်။ ဗုဒ္ဓဘာသာ တာအိုဘာသာတို့ကို ကိုးကွယ်သည်။

5.傈僳族 Lisu (လီဆူ)

လီဆူလူမျိုးများသည် တရုတ်နိုင်ငံ ယူနန်နှင့် စီချွမ်ဒေသ မြန်မာနိုင်ငံ ထိုင်းနိုင်ငံ အိန္ဒိယနိုင်ငံတို့တွင် နေထိုင်ကြသည်။ ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာနှင့် သဘာဝတရားကို ကိုးကွယ်သော Animism ဘာသာဝင်များ ဖြစ်သည်။

6.羌族 Qiang

ချန်းလူမျိုးများသည် စီချွမ်ဒေသတွင် နေထိုင်ကြသည်။ ဗုဒ္ဓဘာသာ ရိုးရာချန်းနတ်ဘုရားများကို ကိုးကွယ်သည်။

#南疆组 တောင်ပိုင်းမျိုးနွယ်စုများ

1.布朗族 Blang

ပုလန်လူမျိုးများသည် ယူနန်ဒေသ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် နေထိုင်ကြသည်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။

2.阿昌族 Achang (မိုင်းသာ)

အားချန်လူမျိုးများကို မြန်မာလို မိုင်းသာ ဟု ခေါ်သည်။ (googleအရ) ယူနန်ဒေသ မြန်မာနိုင်ငံတို့တွင် နေကြသည်။ ထေရဝါဒဗုဒ္ဓဘာသာ တာအိုဘာသာ Animism ကို ကိုးကွယ်ကြသည်။

3.景颇族 Jingpo (ဂျိန်းဖော)

ကျင်ဖောလူမျိုးများကို မြန်မာလို ဂျိန်းဖောဟုခေါ်ပြီး ကချင်ဒေသတွင် လူဦးရေ ၁ သန်းခန့်ရှိသည်ဟု သိရသည်။ တရုတ်နိုင်ငံ ယူနန်ဒေသနှင့် အိန္ဒိယတို့တွင် အနည်းကျဉ်း နေထိုင်သည်။

4.普米组 Pumi

ဖူမီလူမျိုးများသည် ယူနန်ဒေသတွင် နေထိုင်သော ထေရဝါဒ ဘာသာဝင်များ ဖြစ်သည်။

5.纳西族 Nashi

န့ရှီးလူမျိုးများသည် ယူနန်နှင့် စီချွမ်ဒေသတို့တွင် နေထိုင်ကြသည်။

6.拉祜族 Lahu (လားဟူ)

လားဟုလူမျိုးများသည် တရုတ် မြန်မာ ထိုင်း လာအို ဗီယက်နမ်တို့တွင် နေထိုင်ကြသည်။ လားဟူဘာသာစကားကို သုံးကြသည်။

7.怒族 Nu

နုလူမျိုးများသည် မြန်မာနိုင်ငံ ကချင်ဒေသနှင့် တရုတ်နိုင်ငံ ယူနန်ဒေသတို့တွင် နေထိုင်ကြသည်။

8.彝族 Yi

ယီလူမျိုးများသည် တရုတ်နိုင်ငံ ယူနန်ဒေသ စီချွမ်ဒေသ ကွေ့ကျိုးတို့တွင် နေထိုင်ကြသည်။ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်လည်း ရှိသည်။

9.白族 Bai

ပိုင်လူမျိုးများသည် ယူနန် ကွေ့ကျိုး ဟူနန်စီရင်စုတို့တွင် နေထိုင်သည်။ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။

10.基诺族 Jino

ကျီးနော့လူမျိုးများသည် Tibeto Burma အနွယ်ဝင်များ ဖြစ်သည်။ ယူနန်ဒေသတွင် နေထိုင်သည်။

11.哈尼族 Hani (အာခါ)

ဟနီးလူမျိုးများသည် ယူနန်ဒေသ မြန်မာ လာအို ထိုင်း ဗီယက်နမ်တို့တွင် နေထိုင်ကြသည်။

12.德昂族 Deang (တအောင်း/ ပလောင်)

တယ်အန်းလူမျိုးများကို မြန်မာနိုင်ငံတွင် တအောင်း သို့မဟုတ် ပလောင်ဟု သိကြသည်။ မွန် ခမာမျိုးနွယ်စုများ ဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။

13.傣族 Dai/Tai (ရှမ်း)

သိုင်လူမျိုးများသည် တရုတ် ထိုင်း လာအို မြန်မာ တို့တွင် နေထိုင်သော ထေရဝါဒဘာသာဝင်များ ဖြစ်သည်။

14.佤族 Wa (ဝ)

ဝါလူမျိုးများသည် မြန်မာနိုင်ငံတွင် ဝတိုင်းရင်းသားများအဖြစ် သိကြသည်။ ဝဘာသာစကား တရုတ်ဘာသာစကား မြန်မာဘာသာစကားတို့ကို အသုံးပြုသည်။

15.独龙族 Derung

တူလုံလူမျိုးများသည် ကိုယ်ပိုင် Derung ဘာသာစကားကို သုံးကြသည်။ တရုတ်နိုင်ငံ ယူနန်ဒေသတွင် နေထိုင်ကြသည်။

16.侗族 Dong

တုံ့လူမျိုးများသည် ကွေ့ကျိုး ဟူနန် ကွမ်းရှီး ဟူနန်ဒေသ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့တွင်လည်း နေထိုင်ကြသည်။

17.苗族 Hmong

မြောင်လူမျိုးများသည် တရုတ်နိုင်ငံတွင်သာမက ဗီယက်နမ် လာအို ထိုင်းနိုင်ငံတို့တွင်လည်း နေထိုင်သည်။

18.水族 Sui
ဆွေလူမျိုးများသည် ကွေးကျိုး ကွမ်ရှီးနှင့် ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သည်။ တာအိုဘာသာ ဗုဒ္ဓဘာသာ aniism တို့ကို ကိုးကွယ်သည်။

19.布依族 Bou yei
ပုရီးလူမျိုးများသည် တရုတ်နိုင်ငံ ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သည်။ ဗုဒ္ဓဘာသာကို ကိုးကွယ်သည်။

20.仡佬族 Gelao

ကဲလောင်လူမျိုးများသည် ကွေ့ကျိုး ကွမ်းရှီး ယူနန်ဒေသတို့တွင် နေထိုင်ကြသည်။

21.土家族 Tujia

ထူကျားလူမျိုးများသည် ဟူနန် ဟူပေ ကွေ့ကျိုးဒေသတို့တွင် နေထိုင်ကြသည်။

22.壮族 Zhuang

ကျွမ့်လူမျိုးများသည် ကွမ်းရှီးဒေသ ကွမ်တုန်း ကွေ့ကျိုး ဟူနန်ဒေသတို့တွင် နေထိုင်ကြသည်။

23.瑶族 Yao

ယောင် လူမျိုးများသည် တရုတ် ဗီယက်နမ် လာအို ထိုင်းတို့တွင် နေထိုင်ကြသည်။

24.仫佬族 Mulao

မုလောင်လူမျိုး

25.毛男族 Maonan

မောက်နမ်လူမျိုး

26.京族 Gin

ကျင်းလူမျိုးများသည် ဗီယက်နမ်ဒေသတွင် အများဆုံး နေထိုင်ကြသည်။

*****汉族Han

ဟန့်လူမျိုးများသည် တရုတ်နိုင်ငံရှိ အဓိက တိုင်းရင်းသားလူမျိုး ဖြစ်သည်။ လူဦးရေ၏ 90% သည် ဟန့်တိုင်းရင်းသားများ ဖြစ်သည်။ တရုတ်နိုင်ငံတွင်သာမက အရှေ့တောင်အာရှ နိုင်ငံများ အမေရိကန် ကနေဒါ အစရှိသော အမေရိကားနိုင်ငံများ အင်္ဂလန် ပြင်သစ် စပိန်အစရှိသော ဥရောပနိုင်ငံများစသည့် ကမ္ဘာ့နေရာ အနှံ့ပြားတွင် နေထိုင်သည်။ ဟန့်တိုင်းရင်းသားများသည် ကမ္ဘာ့အကြီးမားဆုံး တိုင်းရင်းသားမျိုးနွယ်စု ဖြစ်ပြီး စုစုပေါင်းလူဦးရေ 1.3 billion ရှိသည်။ ဟန့်တိုင်းရင်းသားများကို ၄င်းတို့ ပြောဆိုသည့် ဘာသာစကားအရ အုပ်စုများ ပြန်ခွဲထားသည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၌ အဓိကအားဖြင့် Hakka speaking group များ ရှိသည်။ ဖူးကျန့်ဒေသ ကွမ်တုံးဒေသ ထိုင်ဝမ်တို့တွင် အဓိကနေထိုင်သည်။ Yue speaking group ခေါ် ကွမ်တုံးဘာသာစကားကို ပြောသော သူများသည် ဟောင်ကောင် မကာအိုတို့တွင် ရှိသည်။ Wu speaking group Min speaking group Mingnan ဘာသာစကားပြောသော ဟန့်လူမျိုးများကို hokkien ဟု ခေါ်သည်။ အရှေ့တောင်အာရှဒေသတွင် အများဆုံးရှိသည်။ Xiang speaking group Gan speaking group Smaller group များ အနေဖြင့် Tanka, Peanakans, Chuanqing, Kwong Sai အစရှိသည့် မျိုးနွယ်စုငယ်များ ရှိသည်။

မှတ်ချက်။     ။ ကိုးကန့်သည်လည်း မြန်မာနိုင်ငံတွင်သာ တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ထားသော်လဲ တရုတ်နိုင်ငံတွင်မူ ဟန်လူမျိုးအုပ်စုထဲတွင် ပါဝင်သည်။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် တချို့သော တိုင်းရင်းသားမျိုးနွယ်စု အမည်များမှာ နေရပ်ဒေသကို အစွဲပြု၍ ခေါ်ဝေါ်ထားခြင်း ဖြစ်သည်။

#东南组 အနောက်တောင်မျိုးနွယ်စုများ

1.畲族 She

ရှဲတိုင်းရင်းသား

2.高山族 Gao Shan

ထိုင်ဝမ်ကျွန်းတွင် ရှေးမူလထဲက နေထိုင်သူများကို ကောင်းရှန်းလူမျိုးဟု ခေါ်ဆိုကြသည်။

3.黎族 Hlai

လီလူမျိုး

(အချက်အလက်များသည် များပြားလွန်းသဖြင့် အနည်းငယ်မျှသာ စုစည်းတင်ပြထားပါသည်။ လူမျိုးတစ်မျိုးချင်းစီတွင် ထူးခြားသော သက်ဆိုင်ရာ ဘာသာစကားများ ဝတ်စားဆင်ယင်မှု ရိုးရာအစားအစာ ကိုးကွယ်ယုံကြည်မှု များစွာလည်း ရှိပါသေးသည်။ ယွင်းနန် စွတ်ချွမ်းစသည် ဒေသများကို မူရင်းအသံထွက် မသုံးဘဲ မြန်မာနိုင်ငံသားများ သိကြသော ယူနန် စီချွမ် စသည်ဖြင့် သုံးနှုန်းထားသည်။ အမှားပါရင်သည်းခံပေးပါ။)

လူမျိုးစု ၅၆ မျိုးတို့၏ ပုံများကို တင်ရာတွင် အခက်အခဲ ရှိသောကြောင့် လူသိများသော လူမျိုးစုတို့၏ ပုံများကိုသာ တင်ပေးလိုက်ပါသည်။ တပုံချင်းစီ ထောက်ကြည့်ပါ။

#翠琳 #CL(天下第一)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သတ်မှတ်ထားသော တရုတ်တိုင်းရင်းသားမျိုးနွယ် ၅၆ စုအကြောင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...