Thursday, August 24, 2017

ငွေရိုက်ထုတ်စက်အား တပ်မတော်မှ ထိန်းချုပ်ထားဆဲ

,
(24.8.17)
ငွေအမျိုးစားအလိုက် ရိုက်ထုတ်သော် စက္ကူ နှင့် ဆေးများအပြင် ငွေရိုက်ထုတ်သည့် စက်ယန္တယား အပါအ၀င် နိုင်ငံတော် အတွက်အရေးကြီး သော စာချုပ်စာတမ်းတံဆိပ်ခေါင်းများ အားလုံးတို့အား  ရိုက်နှိပ်ထုတ်လုပ်ပေးသည့် (စက်ရုံ )အား  ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်၌သာ ထိမ်းချုပ်ထားရှိနေပြီး  နိုင်ငံတော်ဗဟိုဘဏ်၏ အုပ်ချုပ်မှု လက်အောက်သို့ လွှဲပြောင်းပေးအပ်မှု မရှိသေးသဖြင့် ငွေကြေးရိုက်ထုတ်မှုအား သင့်လျော်သလို ထိန်းချုပ်ရန် ခက်ခဲကြောင်း အတွင်းသတင်း အရ ငြီးတွားမှုတခု ပေါ်ထွက်လာလေသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ စာရင်းစစ်ချုပ် ဦးအောင်သိန်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဇန်န၀ါရီ ၃၁ ရက်က ကျင်းပသည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း နှစ်စဉ်ရသုံးမှန်းခြေ ငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာ ဆွေးနွေးပွဲတွင် အတိလင်း ထုတ်ဖေါ် ပြောကြားလိုက်သည်။

“ဗဟိုဘဏ်သည် နိုင်ငံတော်ရဲ့ ငွေကြေးပေးချေရမှာ။ ရတာကို ယူရမယ်။ အားလုံးကို တာဝန်ယူရမယ်။ ဆက်ခံရမယ်လို့ ဗဟိုဘဏ် ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းကို “အားလုံးကို ဆက်ခံရမယ်ဆိုရင် ငွေကြေးရိုက်ထုတ်တာရော၊ ငွေကြေးလဲတာရော၊ အစုတ်နဲ့အကောင်း လဲပေးတာရော အားလုံး တာဝန်ယူရမှာပေါ့” လို့မေးတော့ သူက “ဟုတ်ပါတယ်။ အားလုံး တာဝန်ယူရပါတယ်” လို့ ပြောပါတယ်။ သို့သော်လည်း ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာရင်းစစ်ချုပ်ကို ၀ါဇီစက်ရုံကတော့ ဗဟိုဘဏ်ကို လွှဲပေးတဲ့အထဲ မပါဘူးလို့ ပြောပါတယ်။”
“ ဒါဖြင့်ရင် ၀ါဇီက ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ရှိပါတယ်။ ပြည်ထောင်စုဗဟိုဘဏ်ကို လွှဲပေးတဲ့အထဲမှာ ၀ါဇီ ကျန်နေခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မသိဘဲနဲ့ ငွေတွေရိုက်ထုတ်နေရင် ဘယ်လိုလုပ်ပြီး ငွေကြေးမူဝါဒကို ထိန်းချုပ်မလဲ” ဟု ဦးအောင်သိန်းက ထောက်ပြသည်။

အဆိုပါပြောကြားချက်အား ကန့်ကွက်သည့်အနေဖြင့် စီးပွားရေး ပညာရှင်ဟုခေါ်သော မွဲဆေးဖေါ်စပ်သူများ နှင့် ငွေကြေးဖေါင်းပွစေရန် လေမှုတ်သူများအဖွဲ့မှ ဦးမြင့်သောင်းက
“၀ါဇီစက်ရုံကို လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ စက်ရုံလို့ ခေါ်ဆိုပါတယ်။  ငွေစက္ကူ၊ ထီလက်မှတ်၊ စာချုပ်များနှင့် တံဆိပ်ခေါင်းများ ရိုက်ထုတ်နေသည့် စက်ရုံဖြစ်တယ် အဲဒီ စက်ရုံကို လက်ရှိအခြေအနေအတိုင်းသာ ထားရှိသင့်တယ်” လို့ အတိုက်ခံ ငြင်းချက်ထုတ် ပြောဆိုပါသည်။

အဆိုပါ ၀ါဇီစက်ရုံ၏ ယခင်စက်ရုံမှူးဖြစ်ခဲ့သူ ဗိုလ်မှူးကြီးလှဖေမှ ဂျာမန်နည်းပညာဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ငွေစက္ကူ အပါအ၀င် လုံခြုံရေးနှင့်ဆိုင်သော စာရွက်စာတမ်းများ ထုတ်လုပ်ရန် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များတွင် ၀န်ထမ်းများသည် တစ်ခန်းမှတစ်ခန်းသို့ သွားလာခွင့် မရှိကြောင်းနှင့် စက်ရုံတစ်ခု အနေနှင့်သာ ရပ်တည်နေပြီး ငွေစက္ကူ ရိုက်ထုတ်မှုများကို ဗဟိုဘဏ်၏ မှာကြားမှုဖြင့်သာ ရိုက်ထုတ်နေခြင်း ဖြစ်သည့်အတွက် ငွေစက္ကူများကို မလိုအပ်ဘဲ ရိုက်ထုတ်နေသည့် ပြဿနာဖြစ်လာစရာ မရှိကြောင်း ဦးမြင့်သောင်းက တိုက်တိုက်ခံခံ ရပ်တည်ပြော ဆိုနေသည်။

ဝါဇီစက်ရုံကို ကာကွယ်ရေးဝန်ကြီးဌာနက လုံခြုံရေးနှင့် ထိန်းချုပ်မှုအပိုင်းကိုသာ တာဝန်ယူထားပြီး ဘတ်ဂျက်အပိုင်းကိုမူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကသာ တာဝန်ယူထားကြောင်း ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အမည်မဖေါ်လိုသော ငွေစာရင်း စစ်တစ်ဦးဖြစ်သူမှ လက်ရှိ ဗဟိုဘဏ်မှ ငွေလည်ပတ်စီးဆင်းမှု နှေးကွေး၍ ငွေသားပေးဆောင်မှု မလုံလောက်ဖြစ်စေ၇န် ဦးပိုင်မှ ကိုင်တွယ်ထားသည် နိုင်ငံ၏ စီးပွားရေုးလုပ်ငန်းပေါင်း ၆၀%  နုန်းမှ ၀င်ငွေများအား ဗဟိုဘဏ်သို့ ပြန်လည် အပ်နှံခြင်းအား လျော့ပေါ့ အပ်နှံနေပြီး အခြားကျန်သော ငွေသားများအား အမည်မသိ အဖွဲ့စည်းနှင့် အခြားလုံခြုံသော နေရာတွင် ငွေသားများ သိမ်းဆည်းကွယ်ဝှက်မှုများ ပြုလုပ်ထားပြီး လက်ရှိ တိုင်းပြည်အတွင်းငွေသားရှားပါးမှုများ ကြုံတွေ့လာစေရန် တမင်ရည်ရွယ်၍ လုပ်ဆောင်နေကြာင်းကို ၄င်းမှ သိရှိရိပ်မိနေကြာင်း စာရေးသူအား ပြောပြလေသည်။

လက်ရှိ ဧပြီလ(၁) ရက် ၂၀၁၆ ခုနှစ် နံနက် ၁၀နာရီတွင် အာဏာရယူခဲ့သော ပြည်သူ့အစိုးရတက်လာပြီးနောက်ပိုင်း ခနတာမျှ ဒေါ်လာငွေကြေးများ အတက်ကျ သိပ်မရှိလှပဲ တည်ငြိမ်သယောင် ဖြစ်နေခဲ့ပြီး ယခုအခါ ဒေါ်လာဈေးများ ပြန်လည်၍တရိပ်ရိပ် တက်လာနေပြီး ငွေသားလည်ပတ်မှု နှေးကွေး ကြပ်တောက်နေမှုကြောင့် ကုန်ဈေးနုန်းနှင့် ဆိုင်သော အဓိက စားသုံးကုန်ပစ္စည်းများမှာ ဒီရေ တက်သကဲ့သို့ တရိပ်ရိပ် ဆက်လက် တက်လာနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ငွေကြေးရိုက်ထုတ်မှုသည် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တွင် နှစ်စဉ် မြန်မာကျပ်ငွေ အမျိုးစားလိုက် ဘီလီယံပေါင်း (၇၀) ခန့်   ပုံမှန်ရိုက်ထုတ်ခဲ့ရာ အဆိုပါ အစိုးရဟောင်း၏ (၅) နှစ်သက်တမ်းအတွင်း ဘီလီယံပေါင်း ၃၅၀ ခန့် ရှိခဲ့ပြီး ယခုအခါ ပြည်သူ့အစိုးရလက်ထက်အတွင်း ဟောင်းနွမ်းပျက်စီးမှုအပါဝင် ပုံစံမျိုးစုံအန္တရယ်ဖြစ် ငွေသားရွက်များ ပြောက်ဆုံးခဲ့ခြင်းနှင့် ကြီးမားသော စီးပွားရေး လုပ်ငန်းပိုင်ရှင် ခရိုနီများ၏ ငွေအမျိုးစားအလိုက် သိမ်းဆည်း ကွယ်ဝှက် သိုလှောင်ထားခြင်းများကြောင့် လက်ရှိ ငွေကြေးလည်ပတ်မှု အတော်နှေးကွေးနေပြီး တန်ဘိုးကြီး အိမ်ခြံ မြေ အပြင် တန်ဘိုး၇ှိ အသုံးဆောင်ပစ္စည်းများ ဈေးကွက်အတွင်း လက်ငင်းငွေပေးချေမှု စနစ်ဖြင့် ရောင်းချရာတွင် ငွေသား ပေးချေနိုင်မှု အလုံလောက် မ၇ှိ၍ စီးပွားရေး လည်ပတ်မှု နှေးကွေးလာပြီး ၀ယ် ရောင်းလုပ်ငန်းများ တင်ပို့လုပ်ငန်းများအတွက် အခက်ခဲ စတင်ဖြစ်လာနေပြီး ပြည်သူ့အစိုးရအတွက် အကြပ်ရိုက်စရာ ဖြစ်ကြောင်းပါ…..
credit

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ငွေရိုက်ထုတ်စက်အား တပ်မတော်မှ ထိန်းချုပ်ထားဆဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...