Wednesday, August 30, 2017

ခိုးဝင် ဘင်္ဂလီ မရှိကြောင်း လဝက ဝန်ကြီး ရဲချုပ် (ငြိမ်း) ဗိုလ်မှူးချုပ် (ငြိမ်း) ဦးခင်ရီ ပြောဆို

,
" ရခိုင်မှာ ပဋိပက္ခ ဖြစ်တာပေါ့ဗျာ။ ဖြစ်တဲ့အခါကျတော့ ကျနော်တို့ကလည်း လဝကလည်း လဝက အလျောက် စာရင်းတွေ စစ်ရ ဆေးရတာပေါ့ဗျာ။ ဟိုဘက် နစက အဖွဲ့အစည်းကလည်း စစ်ရ ဆေးရတာပေါ့ဗျာ။ ဒီအဖွဲ့အစည်းတွေက နိုင်ငံတော်လုံခြုံရေးအတွက် ကိုယ်ကျိုးစွန့်ပြီးတော့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေပါ။ အဲဒီတော့ စစ်လိုက် ဆေးလိုက်တဲ့အခါကျတော့ အခုအချိန်အထိ  ..

အခုအချိန်အထိ ... ၃ နှစ်အတွင်းမှာ လူပေါင်း လေးသောင်းလောက် တိုးလာတာတွေ့တယ်။ ကျနော် ကိန်းဂဏန်းအရ အတိအကျဆိုရရင်  ၄၆,၀၀၀ လောက် တိုးလာတာ တွေ့ရတယ်။ ဒါ နှစ်ဖက်စလုံးရဲ့ စစ်ဆေးချက်အရ။

အဲဒီထဲမှာ အခုအချိန်အထိ .. ကျနော်တို့  နှစ်ဖက်စလုံးရဲ့ စစ်ဆေးချက်အရ ... ခိုးဝင်တာ တယောက်မှ မရှိဘူး။

သို့သော် ဒါအမှန်လို့ ပြောမရဘူး။ ကျနော်တို့ စစ်တဲ့အခါမှာ ရှောင်တိမ်းနေတာတွေ ရှိတယ်။ ကျနော်တို့ကတော့ စစ်ချင်တယ်ဆိုရင် အဖွဲ့စုံ ဘာသာစုံ ဝင်စစ်ပါ။ စစ်လိုက်တော့မှပဲ စွပ်စွဲပြောဆိုမှုတွေ ပျောက်သွားမှာပေါ့။

ကျနော်တို့စစ်တာတော့ တယောက်မှ မတွေ့ဘူး။ ဒီ လေးသောင်းကျော်က ဘာကြောင့် တိုးသလဲ ဆိုတော့ ... မွေးလို့ တိုးတယ်ပေါ့။

ဆိုတော့ ခုနပြောတယ်။ ဝန်ထမ်းတွေ ကိုယ်ကျိုးရှာလို့ ဖြစ်တယ် ဆိုတဲ့ အချက်ဟာ တကယ်တော့ အားနည်းသလို ဖြစ်တာပေါ့။ တကယ်ဆိုရင်တော့ ဒါ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် ဘယ်သူက ဘယ်လိုဖြစ်တယ် ဆိုတဲ့ဟာမျိုး ရှိရင်တော့ ဟုတ်လား ကျနော်တို့က အရေးယူလို့ လွယ်ပါတယ်။ ဘာကြောင့်ဆိုရင် ဒီလိုဟာမျိုး မပြောပါနဲ့။ သေးသေးဖွဲဖွဲလေး ဒီလို ဟုတ်လား လာဘ်ပေးလာဘ်ဖြစ်ရင်တောင် အရေးယူတာ ရှိတယ်။ ဒါဟာ ခုနပြောသလို နိုင်ငံတော် အချုပ်အခြာရဲ့ အစိတ်အပိုင်းတခုလဲ ဖြစ်တယ်။ အရေးမယူစရာ အကြောင်း မရှိဘူး။

နောက်တချက်က အထူးသဖြင့် လဝက ဆိုရင် ပြန်ကြည့်တာပေါ့နော်။ ကျနော်တို့ ဒီစကားတွေကြားတော့ ပြန်ကြည့်တယ်။  ကျနော်တို့ လူတွေက လူပေါင်း ၅၀၀ နီးပါး ရှိတယ်။ ၄၅၇ လား ရှိတယ်။ ကျနော်တို့ တတိုင်းလုံးမှာ။ ကျနော်တို့ လဝက ဝန်ထမ်း။ အဲဒီအထဲမှာ ရခိုင်အမျိုးသားက ၃ ပုံ ၂ ပုံလောက် ရှိတယ်။ ဒေသခံ ရခိုင်များ။ ကျန်တဲ့ လူကလဲ ကျန်တဲ့ တိုင်းရင်းသားဆိုတာလဲ ဒေသခံ ဒီခလေးတွေနဲ့ အိမ်ထောင်ပြုတော့ သူတို့လည်း ဒီရခိုင်သားတွေ ဖြစ်ကုန်ကြတာပဲ။

မှတ်မှတ်ရရ စစ်တွေဆိုလို့ ရှိရင် တိုင်းရုံး ရှိတာကိုး။ စစ်တွေမှာ တိုင်းရုံး ခရိုင်ရုံး မြို့နယ်ရုံး ပေါင်းလို့ ရှိရင် ၄၉ ယောက် ရှိတယ်။ အဲဒီထဲမှာ ၃၅ ယောက်က ရခိုင်တိုင်းရင်းသားတွေ ဖြစ်တယ်။

ဆိုတဲ့သဘောကလေ ရခိုင်တိုင်းရင်းသားတွေ သူတို့ ရခိုင်ကို စောင့်ရှောက်ဖို့ရာ သူတို့မှာ ဒီစိတ်မျိုး ပိုရှိတယ်။ "

Credited to RFA Burmese လွတ်လပ်တဲ့အာရှအသံ
ဝန်ကြီး ဦးခင်ရီနဲ့ RFA တွေ့ဆုံမေးမြန်းခန်း ပထမပိုင်း
https://www.youtube.com/watch?v=DAQK2eoX5Oo
ဝန်ကြီး ဦးခင်ရီနဲ့ RFA တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်း
https://www.youtube.com/watch?v=mNMeJ6WH4hA


ဆက်စပ်ကြည့်ရှုရန်
--------------------
လဝက ပြည်ထောင်စုဝန်ကြီး ဗိုလ်မှူးချုပ် (ငြိမ်း) ဦးခင်ရီနှင့် RFA မှ ကိုကျော်ကျော်အောင်က တွေ့ဆုံမေးမြန်းခြင်း အင်တာဗျူး အပြည့်အစုံ (ပထမပိုင်း + ဒုတိယပိုင်း) |=>

https://www.facebook.com/TheRedBurma/videos/1111413908991736/

ရိုဟင်ဂျာ/ ဘင်္ဂလီ၊ မြန်မာ / ဗမာ ပြဿ နာများနှင့် လဝက ဝန်ကြီး ဗိုလ်မှူးချုပ် (ငြိမ်း) ဦးခင်ရီ အင်တာဗျူး ကောက်နုတ်ချက် |=>

https://www.facebook.com/TheRedBurma/videos/1110910695708724/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ခိုးဝင် ဘင်္ဂလီ မရှိကြောင်း လဝက ဝန်ကြီး ရဲချုပ် (ငြိမ်း) ဗိုလ်မှူးချုပ် (ငြိမ်း) ဦးခင်ရီ ပြောဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...