Wednesday, August 30, 2017

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်သမားမရှိဘူး ဘင်္ဂလီတွေဟာ သနားစရာကောင်းဟု ထွက်ပြေးလာတဲ့ INGO ဝန်ထမ်းပြော

,
အောင်မြင့်သူ (မာန်အောင်)
သဇင်ပန်းခိုင်၊ သြဂုတ် ၂၉
မေး- Andrew Kyleriley တို့ ဟိုနေ့ က မောင်တောကနေ ထွက်ပြေးလာ ကြတာတွေ ကို တွေ့ ပါတယ်။ အခြေအနေလေးပြောပြပါလား။

ဖြေ- ထွက်ပြေးလာတာမဟုတ်ဘူး။ နေလို့ မရတော့ဘူးလို့ အစိုးရက ဆိုလို့  မဟုတ်ရင် နေချင်သေးတာ။ လူတွေထင်ထားသလို အကြမ်းဖက်မှုဆိုတာမရှိဘူး။ လူ့ အခွင့်အရေး မရှိလို့ ဒီလိုဖြစ်လာတာလို့ မြင်တယ်။

မေး- ARSA ဆိုတဲ့အဖွဲ့ ကရောအကြမ်းဖက်သမားမဟုတ်ဘူးလား။

ဖြေ- ARSA က သူတို့ တာဝန်ယူမူရှိတယ်လေ။ သူတို့ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြပီးသားလေ။ သူတို့ ရဲစခန်းတွေကိုတိုက်ခိုက်ခုခံ တယ် ဆိုတာကို ပြောထားပီး သား။ အရပ်သားတွေကိုသူတို့ မတိုက်ဘူး။
မေး- ဟိုလတုန်းကမြိုလူမျိုးတွေအသတ်ခံရတယ်။ဟိုနေ့က ဟိန္ဒိုတွေအသတ်ခံရတယ်။ အဲဒါကို သိလား။

ဖြေ- မသိဘူး။ ရှိရင်လည်းရှိမှာပေါ့နည်းနည်းပါးပါး တိုက်ခိုက်တာမှာ ပါသွားတာ ဖြစ်နိုင်တာပေါ့။

မေး- ARSA အကြမ်းဖက်အဖွဲ့ တွေက ကလေးတွေကိုစုပြီးတော့ စစ်ရေး သင်တန်းလို မျိုးစုပြီးအကြမ်းဖက်ဖို့  သင်နေတဲ့ ဗွီဒီယိုဖိုင်တွေရှိတယ်။ အဲဒါကိုသိလား။

ဖြေ- ကျွန်တော်မတွေ့ သေးဘူး။ ကျွန်တော်မေးချင်တာက ဘာလို့ လူအနည်းစုပဲ အသတ်ခံရတဲ့ ကိစ္စတွေကိုပဲ မေးချင်နေကြတာလဲ။ ဒီဖက်မှာလည်း အသတ်ခံရတယ် အများကြီးပဲလေ။ အဲဒါကိုထည့် မပြောကြဘူး။

မေး- ဟိုနေ့ က တပြိုင်နက်ရဲစခန်းတွေအတိုက်အခိုက်ခံလိုက်ရတယ်။ အဲဒါက ဘယ်လိုမြင်လဲ။

ဖြေ- ရဲစခန်းက အခု (၃၀) လောက်ပဲလေ။ စခန်းတွေအများကြီးပဲ။ အခုက (၃၀) လောက်ပဲ။ ARSA သူတို့ တိုက်ခိုက်တာကို သူတို့ တာဝန်ယူမူရှိတယ်။ ပြည်သူတွေကို လုံးဝတိုက်ခိုက်ဖို့ အစီစဉ်လုံးမရှိဘူး။ အကြမ်းဖက်တာကိုတော့ ကျွန်တော်က လုံးဝ သဘောမတူဘူး။ ဒါပေမယ့် သူတို့ ဟာ အကြမ်းဖက်အဖွဲ့ အဖွဲ့ စည်းမဟုတ်ဘူး။

မေး- UN ကဒီကိစ္စတွေကိုပဲဇောင်းပေးပြီးတော့လုပ်နေရတာလဲ။ ရိုဟင်ဂျာလို့ ပြောနေတဲ့ အဲဒီဖက်က အဖွဲ့ က ကမ္ဘာမှာဘာလို့ နာမည်ကြီးနေရတာလဲ။ သနားစရာအကောင်းဆုံး လူသားတွေလား သူတို့ တွေက။

ဖြေ- သူတို့ တွေလိုဘယ်သူတွေမြန်မာပြည်မှာခံနေရလို့ လဲ။ အဲဒီမေးခွန်း ကို မေးချင် တယ်။ လာကြည့်ပါ။ အရမ်းကိုခင်ဖို့ ကောင်းကြတယ်။ အကြမ်ဖက်တာတွေ လုံးဝ မရှိပါဘူး။ ကျွန်တော့်ရုံးကိုလာတဲ့ ကောင်လေးတစ်ယောက်ဆိုရင် ပြောပြတယ်။ တခြားရခိုင်တွေသွားသလို ခရီးသွားလာခွင့်မရှိဘူး။ ပြီးတော့ ကျောင်းတက်ခွင့် မရှိဘူးလို့ ပြော တယ်။ ဘာလုပ်မှန်းကိုမသိဘူးလို့ ပြောကြတယ်။

မေး- ဘာလို့ မြန်မာပြည်ကတိုင်းရင်းသားတွေကအဲဒီအခု အကြမ်းဖက် သမား တွေကိုကြောက်နေကြတာလဲ။ ဘာသာရေးကြောင့်လို့ မြင်လား။

ဖြေ- တချို့ တ၀က်လည်း ဖြစ်နိုင်တာပဲလေ ဘာသာရေးကြောင့်ပေါ့။ ဒါပေမယ့်ဗျာ သူတို့ မှာ ခင်ဗျားတို့လို ကျောင်းကောင်းကောင်း မတက်ရဘူး။ ဆေးရုံကောင်းကောင်းမရှိဘူး။ ပညာရေးမရှိဘူး။ အရမ်းသနားဖို့ ကောင်းတဲ့သူတွေပါ။

မေး- Andrew အနေနဲ့ ကလေးတွေအများကြီးမွေးတယ်ဆိုတဲ့ကိစ္စ တွေရှိတာကိုသိလား။ မိသားစုတစ်ခုမှာ ကလေးတွေအများကြီး ရှိကြတယ် ဆိုတာကို အကုန် သူပြောနေကြတယ်။

ဖြေ- အဲဒါကသူတို့ ယူချင်သလောက်ယူကြမှာပဲလေ။ ဒါလူ့ အခွင့်အရေး ပဲလေဗျာ။ ကိုယ်လိုချင်သလောက်ယူမှာပေါ့ ဗျာမဟုတ်လား။

မေး- ဘင်္ဂလားဒေရ့် ကလူသစ်တွေဝင်လာတယ်ဆိုတဲ့ဟာကို ဘယ်လို မြင်လဲ။

ဖြေ- ဘင်္ဂလားဒေရ့် လိုနိုင်ငံကဘာလို့ ဝင်မှာလဲ။ ဒီလောက်သတ်ဖြတ် မှုတွေ ရှိနေတဲ့ နေရာကိုသူတို့ တွေဘယ်လို လာမှာလဲ။ ဘင်္ဂလားဒေရ့် ကလုံးဝမလာဘူး။

မေး- Andrew တို့ အမေရိက UN ကိုပံ့ပိုးပေးတာတွေကို လျှော့ချလိုက်တယ်လို့ ကြားတယ်။ အခုဒီအခု အမေရိကန်အစိုးရလက်ထက်မှာပေါ့။ အစ္စလမ်နိုင်ငံတွေက အဲဒီလို မထောက်ပံ့ပိုးတော့တဲ့အခါမှာ အစ္စလမ်နိုင်ငံတွေက UN ကိုပိုပြီး ကူညီလာကြလား။

ဖြေ- အမေရိကန်က ဆက်ပြီးတော့ပံ့ပိုးပေးနေပါတယ်။ အဲဒီသတင်းကို မကြားမိပါဘူး။

သဇင်ပန်းခိုင်- ဒီလိုအတွေးအခေါ်တွေဟာ မြန်မာပြည်ကလူတွေတွေးတဲ့ ပုံစံနဲ့ လုံးဝကွာနေတာကြောင်း ဒါကိုတင်ပေးပါမယ်။ မြန်မာပြည်က သူတွေက INGO မှာလုပ်နေတဲ့ Andrew တို့ ဘယ်လိုတွေးတယ် ဆိုတာ ကိုကျွန်တော်တို့ ချပြလိုက်ပါမယ်။

Andrew - ကျေးဇူးတင်ပါတယ်ခင်ဗျ။ တစ်ခုတော့ရှိပါတယ် အကြမ်းဖက် တိုက်ခိုက်တာကို ကျွန်တော်လုံးဝ လက်မခံပါဘူး။ ဒါပေမယ့် အခုရခိုင်မှာဖြစ်နေတာက အစိုးရပြောသလိုအကြမ်းဖက်အဖွဲ့ အစည်းမဟုတ်ပါဘူး။

သြဂုတ် ၂၈ ရက်နေ့ မြေနီကုန်း (ရန်ကုန်)တွင် Andrewနဲ့  လူတွေ့ မေးမြန်းခဲ့ တာဖြစ်ပါတယ်။ ဒီအင်တာဗျူးကို စတင်ရသည့် အကြောင်းရင်းမှာ ရခိုင်ဌာနေ တိုင်းရင်းသား ဒုက္ခသည်များအတွက် အလှူကောက်ခံတဲ့အဖွဲ့  ရဲ့ "No Human Right for Terrorists" (အကြမ်းဖက်သမားများ အတွက်လူ့ အခွင့်အရေးမရှိဘူး) ဗီနိုင်းကို မြင်ရာကနေ စတင်ခဲ့ပါတယ်။ Andrewဟာ ထို ဗီနိုင်းစာသားကို ဓါတ်ပုံရိုက်ယူကာ ထိုစာသားအား သူသဘော မတူကြောင်းနဲ့ ရခိုင်တွင် အကြမ်းဖက်သမားမရှိကြောင်း သဇင်ပန်းခိုင်ဂျာနယ်သို့ပြောကြားပါတယ်။ သူနဲ့  တစ်နာရီကြာခန့် အင်တာဗျူးခွင့် ရခဲ့ပါတယ်။


https://m.facebook.com/story.php?story_fbid=691502237725677&id=276408029235102

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်ပြည်နယ်မှာ အကြမ်းဖက်သမားမရှိဘူး ဘင်္ဂလီတွေဟာ သနားစရာကောင်းဟု ထွက်ပြေးလာတဲ့ INGO ဝန်ထမ်းပြော ”

Post a Comment

Related Posts Plugin for WordPress, Blogger...