Friday, August 25, 2017

အာနန်ကော်မရှင်၏ အကြံပြုချက်ကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရကို Fortify Rights အဖွဲ့ တိုက်တွန်း

,
ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေအကြား အတင်းအကြပ်ပြုလုပ်ထားတဲ့ ခွဲခြားမှုတွေကို အဆုံးသတ်ဖို့၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေကို အပြည့်အ၀နဲ့ အနှောင်အဖွဲ့မရှိ လွတ်လွတ်လပ်လပ် ကူညီခွင့်ပေးဖို့၊ နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာအရေး ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ၁၉၈၂- ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ပေးဖို့ အကြံပြုစာမှာ ထောက်ပြထားပါတယ်။ ဒါ့အပြင် လူ့အခွင့်ရေးချိုးဖောက်မှု့နဲ့ ပြစ်မှု့ကျူးလွန်တဲ့သူတွေကိုလည်း အရေးယူ ဆောင်ရွက်ပေးဖို့နဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့်တွေကို ကန့်သတ်ချုပ်ခြယ်ထားတဲ့ တားမြစ်ချက်တွေကို ရပ်ဆိုင်းဖို့ကိုလည်း အခြားသောအကြံပြုချက်တွေနဲ့အတူ ဒီအစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

“ဆက်လက်ငြှင်းပမ်းနှိပ်စက်နေတာတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းပေးရမယ့်အစား၊ အကြံပေးကော်မရှင်ရဲ့ လေ့လာ တွေ့ရှိချက်တွေကို ဖုံးကွယ်ပစ်ဖို့သာ ကြိုးစားနေတယ်” လို့ Fortify Rights အကြီးအကဲဖြစ်သူ မက်သယူးစမစ်က ပြောပါတယ်။

“ကော်မရှင်က အကြမ်းဖက်မှု့တွေကို အဆုံးသတ်သွားဖို့ ခိုင်လုံတိကျတဲ့ အကြံပြုချက်တွေကို ထုတ်ပြန်လိုက်တယ်။ ဒါကို အစိုးရတစ်ရပ်အနေနဲ့ အချိန်မဆိုင်းပဲ အဲဒီအကြံပြုချက်တွေအတိုင်း လိုက်နာဆောင်ရွက်သွားဖို့ လိုပါတယ်။ မြန်မာအစိုးရအနေနဲ့ ပကတိအခြေနေမှန်တွေကို အမြန်ဆုံးထုတ်ပြန်ပြောကြားဖို့ လိုပါလိမ့်မယ်။”
----

၂၀၁၄ ခုနှစ်မှာ က ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်ဦးရေ တစ်သန်းနဲ့အထက်ကို လွတ်လပ်စွာသွားလာခွင့်၊ ကလေးမီးဖွားခွင့်နဲ့ အခြားသော နိစ္စဓူဝကိစ္စရပ်တွေအပေါ်မှာ ပြင်းထန်တဲ့ ကန့်သတ်တားမြစ်ချက်တွေ ပြုလုပ်ထားတာကို ထုတ်ဖော်ထားတဲ့ ဒေသန္တရအမိန့်တွေနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ အထောက်ထား စာရွက်စာတမ်းတွေကို Fortify Rights ဖွင့်ချခဲ့ပါတယ်။

၂၀၁၂-ခုနှစ် ပဋိပက္ခ ဖြစ်ကတည်းက အသက်မသေပဲကျန်ရစ်သူ ရိုဟင်ဂျာအများစုအပါအ၀င် လူပေါင်း တစ်သိန်း နှစ်သောင်းကျော်ကို ရခိုင်ပြည်နယ်၊ မြို့နယ်ရှစ်ခုက ဒုက္ခသည်စခန်းပေါင်း ၃၈-ခုမှာ ယခုထက်တိုင် အစိုးရက ပိတ်လှောင်ထားဆဲ ဖြစ်ပါတယ်။ ဒေသန္တရအမိန့်တွေနဲ့ ပြဌာန်းချက်တွေက ရိုဟင်ဂျာတွေကို တစ်ရွာနဲ့တစ်ရွာ၊ တစ်မြို့ နယ်နဲ့တစ်မြို့နယ် ကိုယ်နေတဲ့ ဒေသကျော်လွန်ပြီး လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်ကို တားမြစ်ထားပါတယ်။

ခရီးသွားလာခွင့် တားမြစ်ချက်တွေကို ချိုးဖောက်တဲ့ ရိုဟင်ဂျာတွေဟာ မြန်မာအစိုးရ လုံခြုံရေးတပ်သားတွေရဲ့ ရာဇ၀တ်မှု့နဲ့ ဖမ်းဆီးတာ၊ ခြိမ်းခြောက် ငွေညှစ်တာ၊ ဒါမှမဟုတ် ကြမ်းတမ်းတဲ့ တုန့်ပြန်မှု့တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

“လွတ်လွတ်လပ်လပ် သွားလာခွင့်တွေကို ကန့်သတ်ချုပ်ခြယ်ထားတာဟာ ဥပဒေနဲ့ ဆန့်ကျင်နေယုံသာမက၊ စီးပွားရေး ဆိုးကျိုးသက်ရောက်မှုတွေနဲ့ လူသေဆုံးနိုင်တဲ့ လုံခြုံရေး ခြိမ်းခြောက်မှု့ အန္တရာယ်တွေလည်း ရှိနေပါတယ်” လို့ မက်သယူး စမစ်က ပြောကြားခဲ့ပါတယ်။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အာနန်ကော်မရှင်၏ အကြံပြုချက်ကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရကို Fortify Rights အဖွဲ့ တိုက်တွန်း ”

Post a Comment

Related Posts Plugin for WordPress, Blogger...