Friday, August 25, 2017

အရပ်​သား နိုင်​ငံ​ရေး သမား​တွေ လက်​အောက်​မှာ ဘာ လက်​နက်​ကိုင်​ တပ်​မှ မရှိပါဘူး

,
သတင်း​တွေ နားစွန်​နားဖျား ကြားပြီး လွှတ်​​တော်​ ထဲက အမတ်​​တွေ ကပဲ ရခိုင်​မှာ လုံခြုံ​ရေး တိုးမြှင့်​တာ သ​ဘော မတူလို့ မဲခွဲတာ ရှုံးရ သ​ယောင်​​ယောင်​ ​ပြော​နေ ​ရေး​နေ ကြတာ​တွေ မြင်​​တော့ စိတ်​မသက်​ မသာ ဖြစ်​မိတယ်​။ သတင်းမှန်​ကို ​ရေးပြရမယ့်​ သတင်း​ သမား တစ်​ချို့ပါ ​လေဖမ်း ဝါးတန်းချည်​ပြီး ​ဝေဖန်​​နေတဲ့ စာရင်းထဲ ပါ​နေတာ စိတ်​ပျက်​စရာ ​ကောင်းတယ်​။
ရခိုင်​မှာ လုံခြုံ​ရေး အစီအမံ​တွေ တိုးမြှင့်​ဖို့ သြဂုတ်​ ၂၄ က ​ဒေါ်ခင်​​စော​ဝေ အဆိုတင်​တဲ့ အချိန်​မှာ ပြည်​ထဲ​ရေး ဝန်​ကြီး ဌာနက လာ​ဆွေး​နွေးတယ်​။ ပြည်​ထဲ​ရေး ဒုဝန်​ကြီး​က ဒီအဆိုနဲ့ ပတ်​သက်​ပြီး တိုက်​တွန်းတာက ​နောက်​ကျ​နေတယ်​၊ တိုက်​တွန်းစရာ မလို​လောက်​​အောင်​ ရဲနဲ့တပ်​မ​တော်​က အမျိုးသား​ရေး တာဝန်​အဖြစ်​ ပူး​ပေါင်း ​ဆောင်​ရွက်​​နေတာ ဖြစ်​တဲ့အတွက်​ အဆိုကို မှတ်​တမ်း အဖြစ်​သာ ထားရှိ သင့်​တယ်​ ဆိုပြီး လွှတ်​​တော်​မှာ ရှင်းပြတယ်​။
ဒါ​ပေမယ့်​ ပြည်​ထဲ​ရေး ဝန်​ကြီး ​ပြောတာကို အဆိုရှင်​က သ​ဘော မတူဘူး။ မဲခွဲပြီး ဆုံးဖြတ် ​​ခိုင်းတယ်​။ မဲခွဲတော့ ပြည်ထဲ​ရေး ဝန်​ကြီးရဲ့ရှင်းလင်းချက်​ကို သ​ဘောတူ​ ကျေနပ်​တဲ့ အမတ်​၂၃၂ ဦးက သူ​ပြောတဲ့အတိုင်း မှတ်​တမ်းတင်​ဖို့ ​မဲ​ပေး ခဲ့တာပါ။ အဆို ရှုံးသွားတာ မဟုတ်​ဘူး။ ပြည်​ထဲ​ရေး ဝန်​ကြီးရဲ့ ဆန္ဒ အတိုင်း မှတ်​တမ်း အဖြစ်​သာ ထားရှိဖို့ ဆုံးဖြတ်​လိုက်​တာ ဖြစ်​ပါတယ်​။
နောက်​တစ်​ချက်​က အခု ကချင်​တို့၊ ရှမ်းတို့မှာ ဖြစ်​​နေတဲ့ တိုက်​ပွဲ​တွေ ဟာလည်း လွှတ်​​တော်​မှာ မဲခွဲပြီး တိုက်​ခိုင်း ထားတာ မဟုတ်​ပါဘူး။ နိုင်​ငံ​တော်​ လုံခြုံ​ရေးနဲ့ ​ဒေသ တည်​ငြိမ်​ ​အေးချမ်း​ရေး အတွက်​ လိုအပ်တယ်​​​လို့ တပ်​မ​တော်​က ယူဆတဲ့ အတွက်​ တိုက်​​နေတာပါ။ ဒီလိုပဲ ရခိုင်​ ​ဒေသ အတွက်​ တပ်​အင်​အား​တွေ တိုးချပြီး လုံခြုံ​ရေး တိုးမြှင့်​ သင့်​တယ်​လို့ တပ်​မ​တော်​က ယူဆရင်​ လုပ်​​ပေး ပါလိမ့်​မယ်​။ ဖွဲ့စည်းပုံ အ​ခြေခံ ဥပ​ဒေ အရ အရပ်​သား နိုင်​ငံ​ရေး သမား​တွေ လက်​အောက်​မှာ ဘာ လက်​နက်​ကိုင်​ တပ်​မှ မရှိပါဘူး။ ဒါကို ရှင်းရှင်း လင်းလင်း မြင်​ဖို့ လိုပါတယ်​။
Credit to Zin Thaw Naing

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အရပ်​သား နိုင်​ငံ​ရေး သမား​တွေ လက်​အောက်​မှာ ဘာ လက်​နက်​ကိုင်​ တပ်​မှ မရှိပါဘူး”

Post a Comment

Related Posts Plugin for WordPress, Blogger...