Saturday, September 2, 2017

ဦးရွှေမောင် (ခေါ်) အဒူရော်ဇက် သို့ အိတ်ဖွင့် ပေးစာ

,
သို့/
ကိုရွှေမောင် ...
တကျောင်းတည်း တမေဂျာတည်း တဆောင်တည်း အတူပညာသင်ခဲ့ကြတဲ့၊ တရွာတည်း မကြီးခဲ့ကြပေမဲ့ တလှေတည်းစီးခဲ့ကြတဲ့သူတွေချင်းမို့ မိတ်ဆွေအဖြစ်နဲ့ နောက်ဆုံးစကား ပြောရပါတော့မယ်။

ကျောင်းပြီးကတည်းက ခင်ဗျားနဲ့ မတွေ့ဖြစ်ပေမဲ့ ခင်ဗျား ဒေသဆိုင်ရာ NGO တခုမှာ အလုပ်ရကြောင်းသိရတော့ ဝမ်းသာမိပါတယ် ... အဲ ... ၂၀၁၀ မှာ ကြံ့ဖွတ်အမတ် ဖြစ်လာတော့လည်း (ယုံကြည်ချက်ခြင်းက ပြဒါးတလမ်း သံတလမ်း ပေမဲ့) ကိုယ့်မိတ်ဆွေတဦး အမတ်ဖြစ်တဲ့အတွက် မုဒိတာပွားခဲ့ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားဟာ စက်မှုအင်ဂျင်အင်ဂျင်နီယာ တယောက်မို့ ကျုပ်တို့ စက်မှုအင်ဂျင်နီယာဌာနရဲ့ဂုဏ်၊ အမိ ရန်ကုန်စက်မှုတက္ကသိုလ်ကြီးရဲ့ဂုဏ်၊ အင်ဂျင်နီယာတဦးရဲ့ ဂုဏ်ကို စောင့်ထိန်းမယ်လို့ ယုံကြည်မိခဲ့တာကိုး။
ဒါတင်မကပါဘူး၊ ခင်ဗျားဟာ မြန်မာနိုင်ငံသား တဦးအနေနဲ့ နိုင်ငံတော်အပေါ်လည်း သစ္စာစောင့်သိရိုသေမယ်လို့ ထင်ခဲ့မိတယ်။

အခုတော့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲတော့တာပဲ။ ခင်ဗျားလုပ်ရပ်တွေက ဒါတွေနဲ့ ဆန့်ကျင်ဘက်ချည်းပါပဲလား။

ခင်ဗျားအသိဆုံးပါလေ။ ကျုပ်တို့တွေ စွယ်တော်ရိပ်မှာ ခိုနားရင်း ပညာသင်ကြားခဲ့ကြစဉ်က ခင်ဗျားအပါအဝင် မူဆလင်သူငယ်ချင်းတွေ အားလုံး ဘာသာရေး လူမျိုးရေးအရ ခွဲခြားဆက်ဆံခံရမှု လုံးဝ (လုံးဝ) မရှိဘဲ အားလုံး ချစ်ချစ်ခင်ခင် တယောက်နဲ့တယောက် ကူညီရိုင်းပင်းကြရင်း နေထိုင်ခဲ့ကြတယ်ဆိုတာ။ သမိုင်းဝင်း စဥ့်ကူဆောင် အပေါ်ဆုံးထပ်မှာ နေစဉ်ကရော ကြို့ကုန်းဆောင် Block ထဲမှာ နေစဉ်ကရောပေါ့။
အင်မတန် နာမည်ကြီးပြီး ခြောက်ခြားစရာ ကောင်းလှတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ အတန်းတင် စာမေးပွဲရက်တွေကို အားတင်းဖြတ်ကျော်ခဲ့ကြစဉ်ကလည်း အားလုံး လက်ဘက်ရည်ဆိုင်ထိုင်လိုက်၊ ကင်တင်းသွားလိုက်၊ ရှိတာလေး မျှဝေစားလိုက်၊ စာရှင်းပြလိုက်နဲ့ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံး ဖြတ်ကျော်ခဲ့ကြတာပဲ။
ကုန်ကုန်ပြောရရင် ဘာသာရေးအရ ငြင်းခုန်မှု၊ စကားစစ်ထိုးမှုတွေ ရှိကြပေမဲ့ အခင်အမင်မပျက်တဲ့အပြင် အဆောင်က Special dinner လုပ်တဲ့နေ့တွေမှာ ခင်ဗျားတို့ ဘာသာရေးအရ Halal လုပ်ဖို့ ကြက်သားကို သီးသန့်စီစဉ်ပေးတဲ့အထိ ဆရာတွေနဲ့ ကျုပ်တို့တွေက ခင်ဗျားတို့ မူဆလင် သူငယ်ချင်းတွေအပေါ် နားလည်ပေးခဲ့၊ နွေးထွေးခဲ့၊ တာဝန်ကျေခဲ့ကြတယ်။

ခင်ဗျားတို့ မူဆလင်ကျောင်းသားတွေသာမက အစ္စလာမ်ဘာသာဝင် ဆရာတွေကိုလည်း တခြားဆရာတွေနဲ့ တန်းတူ အာစရိယဂိုဏ်းဝင်အဖြစ် ချစ်ခင်ကြည်ညို လေးစားခဲ့တာပါပဲ။ ဒါခင်ဗျား အသိဆုံးပါ။

ခင်ဗျားတဦးတည်း အနေနဲ့ရော၊ တခြား မူဆလင်တွေရော ခွဲခြားဆက်ဆံ ခံရမှု လုံးဝ (လုံးဝ) မရှိဘူး ဆိုတာ ခင်ဗျားမှတ်မိစေချင်လို့ ခုလို ပြန်ပြောပြနေတာပါ။

အဲဒီကာလက ခင်ဗျားဟာ မောင်တောကနေ ကျောင်းလာတက်တယ် ဆိုတာ သိနေကြတာပဲ။ မဆလခေတ်မှာ ကိုယ်တိုင် နိုင်ငံသားဖြစ်ရုံမက မိဘနှစ်ပါးလုံးလည်း နိုင်ငံသားဖြစ်မှ  အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ တက်ခွင့်ရတယ်။  အဲဒီလို မဟုတ်ရင်တက်ခွင့်မပေးတာကြောင့် ခင်ဗျားဟာ မြန်မာနိုင်ငံသား မူဆလင်တဦး ဆိုတာတော့ သေချာပါတယ်။ ဒါပေမဲ့ ခင်ဗျားကိုယ် ခင်ဗျား "ရိုဟင်ဂျာ" ပါရယ်လို့ တခွန်းမှ မပြောခဲ့ဖူးသလို ခင်ဗျားပါးစပ်က ရိုဟင်ဂျာဆိုတဲ့ စကားလုံး တခါမှ မထွက်ခဲ့ဖူးပါဘူး။ ဘင်္ဂါလီနွယ် လို့ပဲ ခင်ဗျားပြောခဲ့တာပါ။

တိုင်းရင်းသားမဟုတ်သော်လည်း နိုင်ငံသားတဦးမို့ ညီအကိုရင်း မဟုတ်တောင် ညီအကို ဝမ်းကွဲအနေနဲ့ တိုင်းပြည်ရဲ့ သစ္စာကို စောင့်သိမယ်လို့ ထင်မိခဲ့တာ ခင်ဗျားက အခုတော့ နောက်ကျောကို ဓားနဲ့ထိုးပါရောလား။

ဘာတဲ့ ... "ရိုဟင်ဂျာ တိုင်းရင်းသားများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များကို မတရား ဖမ်းဆီး၊နှိပ်ကွပ်၊သတ်ဖြတ်၊ လည်လှီး ..."  ဟုတ်လား .. သွားသေလိုက်လေ ... လည်လှီးတတ်တာ ဘယ်သူတွေလဲဆိုတော့ ခင်ဗျားကိုယ်တိုင် လည်လှီးနေတာ ကျုပ်တို့ မျက်မြင်ပဲ။ သူခိုးက လူမဟစ်ချင်စမ်းပါနဲ့။ "နိုင်ငံတကာ အသိုင်းအဝိုင်းက ဝင်ရောက်ကူညီ ဖြေရှင်းရတဲ့ အခြေအနေမျိုး ရောက်လာရင် ..." ဆိုပြီး ခင်ဗျားက ခြိမ်းခြောက်လိုက်သေးတယ် ... ခင်ဗျားစကားတွေ ရွံလွန်းလို့ ဆက်မရေးပြတော့ဘူး ... တခါတည်း အပြတ်ပြောလိုက်မယ် ... ခင်ဗျားပထွေးတွေကို လုံးဝသောက်ဂရုမစိုက်ဘူး ဆိုတာ နားလည်ထားလိုက်ပါ။

ခင်ဗျားလုပ်ရပ်က အတော်  သူရဲဘောကြောင်တဲ့ လုပ်ရပ်ပဲ။ ဒါကိုတော့ သိပ်မအံ့ဩမိပါဘူးလေ။ ၁၉၈၇ ငွေစက္ကူအရေးက စလို့ ကျုပ်တို့တွေ အသည်းဆတ်ဆတ်ခါအောင် နာကျည်းခဲ့ရတဲ့ ဖုန်းမော် အရေးအခင်းနဲ့ နောက်ပိုင်း ဖြစ်သမျှ ကျောင်းသားအရေးအခင်းတွေမှန်သမျှ ခင်ဗျားကို အမြီးဖျားလေးတောင် ရိပ်ကနဲ မတွေ့ခဲ့ရပါဘူး။ ခင်ဗျားရဲ့ နိုင်ငံရေးအစဉ်အလာ နဲ့ သတ္တိက ဒီလောက်ပါပဲလေ။

ခင်ဗျားဟာခင်ဗျား ကြောက်လို့ ဝင်မပါတာကို အပြစ်မတင်ပေမဲ့ ခုလို တိုင်းပြည်ကို သစ္စာဖောက်ပြီး အကြမ်းဖက် သမားတွေကို အားပေးနေတာ၊ ဖုံးကွယ်နေတာ၊ ကာကွယ်နေတာ၊ ဝါဒအမှားဖြန့်နေတာ၊   အားပေးလှုံ့ဆော်နေတာတွေ
ကိုတော့ လုံးဝအထင်သေးတယ်၊ စက်ဆုပ်ရွံရှာတယ်၊ ဆန့်ကျင်တယ်၊  အပြင်းထန်ဆုံး  ပြစ်တင်ရှုတ်ချတယ်။

လွှတ်တော်ကိုယ်စားလှယ် မဟုတ်တော့ပေမဲ့ ဘူးသီးတောင် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဆိုပြီး ဗြောင်လိမ်နေတာ၊ ခုချိန်ထိ MP ဆိုပြီး ခင်ဗျားနာမည်ရှေ့ မရှက်မကြောက် တပ်ထားကတည်းက ခင်ဗျား ဘယ်လောက် အရှက်နည်း မျက်နှာပြောင်သလဲ ဆိုတာ သိသာပါရဲ့။

ခင်ဗျားလို အရှက်မရှိ သူရဲဘောကြောင်တဲ့ သစ္စာဖောက် တယောက် ကျုပ်တို့ သူငယ်ချင်းအဖြစ်နဲ့ ဆက်ရှိနေဖို့ မတန်တဲ့အတွက် မိတ်ဆွေအဖြစ်ကနေ သေခန်းပြတ်တယ်။ ခုချိန်ကစပြီး တိုင်းပြည် သစ္စာဖောက်တဦးအဖြစ်သာ မှတ်ယူတော့မယ်လို့ နောက်ဆုံးပြောလိုက်ပါတယ်။ ကျန်တဲ့ သူငယ်ချင်းအားလုံးလည်း ကျုပ်နဲ့ တသဘောတည်း ရှိမယ်လို့ ယုံကြည်တယ်။

ဟယ်ရီလွင် ခေါ် ဗလ (Mech 84-93)

https://m.facebook.com/story.php?story_fbid=10156149591089587&id=763419586

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးရွှေမောင် (ခေါ်) အဒူရော်ဇက် သို့ အိတ်ဖွင့် ပေးစာ”

Post a Comment

Related Posts Plugin for WordPress, Blogger...