Saturday, September 2, 2017

ရဲမှူးရဲမှူးးချုပ်မောင်မောင်ခိုင် ၂နှစ် ဒုရဲမှူးကြီး ကျော်တေဇ ၃နှစ် ရဲမှူးကြီး ဇေယျဟန် ၁နှစ် ထောင်ဒဏ်များချမှတ်

,
23.FEBRUARY 2016

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်)နှင့် နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှုနှင့် ပတ်သတ်၍
အဓိက တာဝန်လစ်ဟင်းခဲ့သော
ရဲမှူးချုပ်နှင့် အရာရှိကြီးများကို တရားရုံးက
ထောင်ဒဏ်၃ နှစ် ချမှတ်ခဲ့ကြောင်း
နိုင် ငံ တော် သမ္မတရုံးထံမှ သိရသည်။

အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်မှူး
ရဲမှူးချုပ် မောင်မောင် ခိုင် ကို ထောင ဒဏ် ၂ နှစ်၊
ရဲမှူးကြီး ဇေယျဟန်ကို ထောင် ဒဏ် ၁ နှစ်နှင့်
နယ်ခြားစောင့် ရဲတပ် ရင်းမှူး ဒုရဲမှူးကြီး ကျော်တေဇကို
ထောင် ဒဏ် ၃ နှစ် အမိန့်ချမှတ်လိုက်ကြောင်း
နိုင် ငံ တော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်
ဦးဇော်ဌေး က ပြောကြားသည်။

“ဒီသုံးဦးထဲကို ထောင် ဒဏ် ချလိုက်တာပါ၊
ဖြစ်စဉ် အသေးစိတ်ကိုတော့
တရားရုံးမှာ စုံစမ်း သတင်းယူနိုင် ပါတယ်”ဟု
၎င်းက ဆက်လက် ပြောကြားသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က
မောင်တောမြို့နယ် ရှိ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်) နှင့် ငါးခူးရနယ်မြေ ရဲစခန်း၊ ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက် နယ်မြေ ရဲစခန်းတို့မှာ လူအင် အား ၃၀ဝ ခန့်မှ အလစ်အငိုက် ရယူ၍ အကြမ်းဖက် စီးနင်း ဝင်ရောက် တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပြီး စခန်းရှိ လက်နက်ခဲယမ်းများ
အကြမ်းဖက်များ၏ လုယက်မှုကို ခံခဲ့ရသဖြင့်
နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး
တပ် မ တော်နှင့် ရဲတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေး
လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှုကြောင့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်မှူး
ရဲမှူးချုပ် မောင်မောင် ခိုင်နေရာတွင်
ရဲမှူးချုပ် သူရစန်းလွင် ကို အစားထိုး တာဝန်ထမ်းဆောင်စေခဲ့ပြီး ရဲမှူးချုပ် မောင်မောင် ခိုင် အပါအဝင်
ရဲမှူးကြီး ဇေယျဟန်၊ ဒုရဲမှူးကြီး ကျော်တေဇတို့ကို အကြမ်းဖက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ စုံခုံဖွဲ့ စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

မောင်တောဒေသ အကြမ်းဖက်ခံရ မှုကြောင့်
လက်နက် ၆၇ လက်၊ ကျည် ၁၀၉၃၀၊ ကျည်အိမ် ၁၇၃ ခု၊
လုံးစွပ် ၄၇ ပါ ဆုံးရှုံးခဲ့ပြီး တပ် မ တော်သား ခုနစ်ဦး၊
ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးကာ တပ် မ တော်သား ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၇ ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ် ရာများ ရခဲ့သည်။

အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်မှ
အကြမ်းဖက် တိုက်ခိုက်သူ ၆၉ ဦး သေဆုံးခဲ့ပြီး
၎င်းတို့ထံမှ လက်နက် ခဲယမ်းအချို့ကို
ပြန်လည် သိမ်းဆည်းနိုင် ခဲ့ကြောင်း၊
အကြမ်းဖက်မှု ဖြစ်စဉ်တွင် ရွာများ မီးရှို့ ဖျက်ဆီးခံရပြီး
ပြည်သူ ၁၃ ဦး သေဆုံးကာ
အကြမ်းဖက် အဖွဲ့ဝင်ဦးရေ ၅၀ဝ ကျော်ကို
အရှင် ဖမ်းမိခဲ့ကြောင်း
နိုင် ငံ တော် သမ္မတရုံး ထုတ်ပြန်ချက်အရ သိရသည်။

 Credit....VOICE.
crd photo
===============

မောင်တောမြို့ ကျီးကန်းပြင်ရဲကွပ်ကဲမှုဌာနချုပ်နဲ့ ရဲကင်းစခန်း ၂ ခု အကြမ်းဖက်ခံရမှုတွင် နယ်ခြား စောင့်ရဲ ဒုကွပ်ကဲရေးမှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ နောက်ကွယ်မှ ပတ်သက်မှုများရှိနေ
============================
မောင်တော အောက်တိုဘာ ၂၈

မောင်တောမြို့နယ် ကျီးကန်းပြင် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်စခန်းကို Aqamulmujahidin ကုလားဆိုး သောင်းကျန်းသူအဖွဲ့မှ ၀င်ရောက်စီးနင်းကာ ဌာနချုပ်ဗဟိုကင်းလက်နက်တိုက်ဖောက်ထွင်းမှုနှင့် ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးမှုဖြစ်စဉ်တွေမှာ ပါဝင်ခဲ့တဲ့ အကြမ်းဖက်ခေါင်းဆောင်များထံက နကဖရဲတပ်ဖွဲ့ ဒုကွပ်ကဲရေးမှူး နှင့် မောင်တော ခရိုင် ရဲတပ်ဖွဲ့မှူးတို့မှ ငွေကြေးရယူ ဆောင်ရွက် ခဲ့ကြောင်း ခိုင်လုံတဲ့အထောက် အထားများအရ သိရသည်။
မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှု မဖြစ်ပွားမီက ဦးရှည်ကျရွာသား အကြမ်းဖက် ခေါင်းဆောင် မတ်တာလီအပါအ၀င် ဘင်္ဂလီ  ၁၀ ဦးမှ ရွာအတွင်းမှာရှိတဲ့ ဘင်္ဂလီလူမျိုးများကို RSO သင်တန်း ပေးတယ်ဆိုကာ ငခူရရဲစခန်းက ဖမ်းဆီးခဲ့ပြီး သက်သေခံအထောက်အထား ရှာမရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အမှုတွဲဖျောက်ဖျက်လိုက နယ်ခြားစောင့်ရဲ ဒုကွပ်ကဲရေးမှူး၊ မောင်တော ခရိုင် ရဲတပ်ဖွဲ့မှူးတို့ကို ကန်တော့ရမယ်လို့ ဒုရဲမှူးကြီး ကျော်တေဇ(ထိန်းသိမ်းခံထားရသူ)မှပြောဆိုကာ  မတ်တာလီ၊ မီဟာကိန်း အပါအ၀င် ဘင်္ဂလီ ၆ ဦးက ငွေသိန်း ၄၀၀ စီနဲ့ ကျန် ၄ ဦးက ငွေသိန်း ၁၀၀ စီယူကာ အောက်တိုဘာလ တတိယပတ် အတွင်း ပြန်လွတ်ပေး ခဲ့တယ်လို့လည်း သိရ ပါတယ်....​ဘင်္ဂလီ ၁၀ ဦးလွတ်မြောက်ခဲ့ပြီး ရဲကင်းမှူးကို သတင်းပေးခဲ့တဲ့ ရဲသတင်းပေး ဘင်္ဂလီ ၂ ဦး သတ်ဖြတ်ခံခဲ့ရကာ အောက်တိုဘာလ ၉ ရက်နေ့မှာ ကျီးကန်းပြင်ဌာနချုပ်စခန်းနှင့် ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ မောင်တော ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက အမည်မဖော်လိုသူ ရဲအအရာရှိ တစ်ဦးကပြောကြားခဲ့ပါတယ်… ၂၀၁၂ ခုနှစ် ဘင်္ဂလီအကြမ်းဖက်မှု ဖြစ်စဉ်တွင်လည်း နစကကွပ်ကဲ ရေးမှူး အောင်ကြီးက ဘင်္ဂလီခေါင်းဆောင်များထံမှ ငွေကျပ်သိန်း ၃၀၀၀ ရယူ ခွင့်ပြုပေးခဲ့တဲ့အတွက် ရခိုင်တိုင်းရင်းသား အမြောက်အများ အသတ်ခံခဲ့ ရပြီး ရခိုင်တိုင်းရင်းသားကျေးရွာတွေ မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်… ဒါ့အပြင် မောင်တောမြို့ မြို့သူကြီးရပ်ကွက်မှာနေထိုင်တဲ့ ရခိုင် တိုင်းရင်းသား မောင်ခိုင်အောင် က  ‘’အခုဖမ်းဆီးထားတဲ့ ဘင်္ဂလီလူမျိုး မောင်မောင်စိန် ဟာ အကြမ်းဖက်မှုအတွက် လိုအပ်တဲ့ ငွေကြေးကို ရန်ကုန်မြို့နေတဲ့ ဘင်္ဂလီကုလား အောင်ဇော်ဝင်း ထံမှ အဓိကလက်ခံရယူကာ အကြမ်းဖက် ခေါင်းဆောင်တွေဆီကို တာဝန်ယူ ဖြန့်ဝေပေး ခဲ့တာဖြစ်ပါတယ်။
မောင်မောင်စိန်ဟာနွားသတ်လိုင်စင်စီ လုပ်ကိုင်သူတစ်ဦးဖြစ်တာကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူး နဲ့ ဒုကွပ်ကဲရေးမှူးအပါအ၀င် မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးနဲ့ ရခိုင်ပြည်နယ်က စစ်တပ် အသိုင်းအ၀ိုင်းနဲ့  ရင်းနှီးသူတစ်ဦးတဲ့အတွက် မကြာမီပြန်လွှတ်လာ မယ်ဆိုတဲ့ ပြောဆိုမှုတွေရှိနေပြီး ဖမ်းဆီးထားသည့်ဘင်္ဂလီ အကြမ်းဖက် သမား တွေကို ရဲတပ်ဖွဲ့က လိုလိုလားလား လွတ်ပေးချင်နေအတွက် နည်းလမ်းအမျိုးမျိုးနဲ့ လွတ်မြောက်ဖို့ကိုလည်း နေပြည်တော်ကို တင်ပြ ဆောင်ရွက်နေတယ်’’ လို့ ပြောဆိုခဲ့ပါတယ်။
မကြာမီရက်ပိုင်းအတွင်း အကြမ်းဖက်မှုနဲ့ ဖမ်းဆီးထားတဲ့ အကြမ်းဖမ်းသမားဘင်္ဂလီတွေ ပြန်လွတ် လာမယ်လို့လည်းဒေသတွင်းရဲတပ်ဖွဲ့နဲ့ ရင်းနှီးတဲ့အသိုင်းအ၀ိုင်းဆီက ပြောဆိုသံတွေ ထွက်ပေါ်နေတဲ့အပြင်နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်လူမျိုး ရဲအရာရှိတစ်ဦးက ‘’ အကြမ်းမှုနဲ့ဖမ်းဆီးထားတဲ့ ဘင်္ဂလီအကြမ်ဖက်သမားအချို့ကို ပါဝင်ပတ်သက်မှု မရှိဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ငွေကြေးရယူကာ ရဲတပ်ဖွဲ့အရာရှိကြီးများက ပြန်လည်စေလွတ် ပေးဖို့ကို ဆောင်ရွက်နေတာတွေရှိတယ်’’လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူ ဘင်္ဂလီအကြမ်းဖက်သမား ၅၀ ကျော်ရှိပြီး အဲ့ဒီအထဲမှာပါတဲ့ အကြမ်းဖက်ခေါင်းဆောင်အချို့ထံမှ ငွေကြေးရယူစေလွှတ်ဖို့အတွက် မောင်တောခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ နကဖဒုကွပ်ကဲရေးမှူးတို့ထံ အောင်ဇော်ဝင်းက အကူအညီ တောင်းခံခဲ့ပြီး ဘင်္ဂလီဘာသာရေး ဆောင်ခေါင်းတွေက ရဲတပ်ဖွဲ့ထံ ချဉ်းကပ် ဆောင်ရွက်နေတဲ့အတွက် မကြာမီ အမှုနဲ့မသက်ဆိုင်ဘူးဆိုပြီးအကြမ်းဖက်သမား
အချို့ ပြန်လွတ်လာဖို့ရှိတယ်လို့ ကြားသိရ ပါတယ်။
မောင်တော၊ ဘူးသီးတောင်ဒေသအဖို့ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့တွေ လာဘ်စားမှုတွေကြောင့် ဘင်္ဂလီလူမျိုးတွေကို ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ အကြမ်းဖက်မှုဖြစ်ပွား ခဲ့တဲ့အဓိကအကြောင်းရင်း ကလည်း နကဖ ကွပ်ကဲရေးမှူးနဲ့ ရဲကင်းစခန်းမှူးတွေ ရဲတပ်ဖွဲ့အရာရှိကြီးတွေရဲ့ ငွေကြေးရလိုမှုအပေါ် ဘင်္ဂလီဘာသာရေးခေါင်းဆောင်များက ငွေကြေးနဲ့ စည်းရုံးခဲ့တဲ့အတွက် ယနေ့တိုင် ဘင်္ဂလီများကိုထိန်းသိမ်းနိုင်ခြင်းမရှိတာ
ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေကို လွတ်ပေးလိုက်မည်ဆိုက မောင်တောဒေသမှာ နောက်တစ်ကြိမ် အကြမ်းဖက်မှုထပ်ဖြစ်နိုင်တဲ့ အတွက် ငွေကြေးတတ်နိုင်တဲ့ တိုင်းရင်းသား အချို့ဟာ မောင်တောမြို့နယ်မှာ ပြန်လည် နေထိုင်ခြင်းမရှိသေးဘဲ ဘူးသီးတောင်၊ ရသေ့တောင်နဲ့စစ်တွေမြို့တွေမှာ တိမ်းရှောင် လျက်ရှိကာ အချို့ကတော့ စစ်တွေမှာ အိမ်ယာ တွေ ၀ယ်ယူနေကြပါတယ်….
                                                                                                                                                                   စံ​မောင်​သိန်း

https://m.facebook.com/story.php?story_fbid=1785353521679432&id=1595341120680674

အောက်တိုဘာ ၂၈ ရက် ၂၀၁၆

https://m.facebook.com/story.php?story_fbid=551123171754103&id=496008713932216

https://m.facebook.com/story.php?story_fbid=165958320645460&id=100016938782562

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရဲမှူးရဲမှူးးချုပ်မောင်မောင်ခိုင် ၂နှစ် ဒုရဲမှူးကြီး ကျော်တေဇ ၃နှစ် ရဲမှူးကြီး ဇေယျဟန် ၁နှစ် ထောင်ဒဏ်များချမှတ်”

Post a Comment

Related Posts Plugin for WordPress, Blogger...