Sunday, September 3, 2017

မီးလောင်ဗူးဖြင့် အင်ဒိုနီးရှားရှိ မြန်မာသံရုံး တိုက်ခိုက်ခံရ

,
၂၀၁၇ စက်တင်ဘာလ ၃ ရက်နေ့တွင် တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြသမားများက အင်ဒိုနီးရှား နိုင်ငံ ဂျကတာမြို့တော်တွင် ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခံနေရသော ရိုဟင်ဂျာ မွတ်စလင်များကို ထောက်ခံသည့် ဆန္ဒပြပွဲ တစ်ရပ်ကို ကျင်းပခဲ့သည် ။

.
တနင်္ဂနွေနေ့ မနက်စောပိုင်းက
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ မြန်မာသံရုံးထဲသို့ လက်လုပ်မီးလောင်ဗူးဖြင့် ပစ်သွင်းခဲ့ ကြောင်းနှင့် မီးအနည်း ငယ်လောင်ကျွမ်းခဲ့ကြောင့် ဂျကာတာ ရဲတပ်ဖွဲ့က ပြောကြား သည် ။

This comes amid mounting anger in the Southeast Asian nation, home to the world’s biggest Muslim population, over violence against Rohingya Muslims in Myanmar.
ယင်းအဖြစ်ပျက်မှာ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်တွေ အပေါ်အကြမ်းဖက်မှု့ အပေါ်ကမ္ဘာပေါ်တွင် မွတ်စလင် လူဦးရေ အများဆုံး နိုင်ငံဖြစ်သော အရှေ့တောင်အာရှ ရှိ နိုင်ငံတွင် ဒေါသမြင့်တက်လာရာမှ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည် ။

.
မီးငြိမ်းသတ်ပြီးနောက် မီးစာပတ်ထားသော ဗီယာဗူးခွံ အပျက်ကို ရဲက ရှာတွေ့ခဲ့သည် ။ MPV ကားဖြင့် ပေါက်ပြီး ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း ရဲက ပြောသည် ။

ရဲတပ်ဖွဲ့က သံသယရှိသူကို စုံစမ်းစစ်ဆေးနေကြောင်း ပြော သော်လည်း အခုထိတိုင် သံသယ ရှိသူကို ရှာဖွေနိုင်ခဲ့ခြင်း မရှိသေးပေ ။

 တနင်္ဂနွေနေ့က ကျင်းပသော မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲတွင် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သူမရရှိထား သော နိုဗလ်ဆုကို ပြန်လည် ရုတ်သိမ်းရန် နိုဗလ်ဆု ကျင်းပ ရေးကော်မတီကို တောင်းဆိုခဲ့ကြကြောင်း Antara သတင်းဌာနက ရေးသားထားသည် ။

https://m.facebook.com/story.php?story_fbid=1176263819174269&id=100003719851229

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မီးလောင်ဗူးဖြင့် အင်ဒိုနီးရှားရှိ မြန်မာသံရုံး တိုက်ခိုက်ခံရ”

Post a Comment

Related Posts Plugin for WordPress, Blogger...