Sunday, September 3, 2017

ပြည်သူကို ဂျင်းထည့်နေဆဲ ပြည်ထဲရေး

,
လူသတ်သမား ကြည်လင်းကို သံခြေကျင်းခတ်ပြီး
ရုံးထုတ်ပြတယ်ဆိုတာ ပြည်ထဲရေးက ပြည်သူလူထုကို
ဂျင်းအကြီးကြီး ထည့်လိုက်တဲ့ လုပ်ရပ်ပါပဲ

လူမြင်ကွင်းမှာ အကြမ်းဖက် လူသတ်မှုကို
ကျူးလွန်ခဲ့ကြသသတွေကို ရုံးထုတ်ရာမှာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ပြီး ပစ်ကက်ကားနဲ့
အပတ်စဉ်ရုံးထုတ်နေတာကို ဝေဖန်ခံနေရတဲ့ ရဲတပ်ဖွဲ့ဟာ
ပြည်သူလူထုထံမှ ဝေဖန်ခံနေရမှု လျော့ကျစေဖို့
တပ်မတော်မှာ အမှုထမ်းခဲ့သူတွေကို ချန်လှပ်ထားပြီး
စစ်ဗိုလ်ဟောင်းတွေရဲ့ ခိုင်းဖတ်ဖြစ်တဲ့ အရပ်သား
ကြည်လင်းကို ထောင်ဝတ်စုံဝတ်ပေးပြီး သံခြေကျင်းခတ်
ထိုးကျွေးလိုက်တဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်ပါတယ်

ကြည်လင်းကို ထောင်ဝတ်စုံ ဝတ်ပေးရတဲ့ အကြောင်းရင်းကို
ပြန်စစ်ကြည့်ရင်  သေနတ်သမားကြည်လင်းသည် ၂၀၁၆ စက်တင်ဘာ ၁၅ ရက်က မြ၀တီအပြည်ပြည်ဆိုင်ရာ နယ်စပ်ထွက်ပေါက်မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တရားဝင် TBP (ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်)   ပြုလုပ်ထွက်ခွာခဲ့သော်လည်း နယ်စပ်ဝင်ပေါက်မှ ပြန်လည်ဝင်ရောက်လာခြင်း မရှိသဖြင့် လ၀ကဥပဒေဖြင့် အရေးယူခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ်ရဲ တပ်ဖွဲ့မှ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုသာ ဥပဒေအတိုင်း လိုက်နာပြီး အရေးယူအပြစ်ပေးတာ
အမှန်တကယ်ဆိုရင် ပိုမိုကြီးမားတဲ့ လဝက ဥပဒေကို ချိုးဖောက်ကြောင်း သက်သေအပြည့်အစုံနဲ့ ဖမ်းဆီးရမိတဲ့
ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးကို ဘာကြောင့် ယနေ့အချိန်ထိ
လဝက ဥပဒေနဲ့ အရေးမယူသေးပဲ မျက်နှာလွှဲနေကြတာလည်းဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။

ဇေယျာဖြိုးကို ဖမ်းဆီးရမိချိန်မှာ အဖအမည်ကွဲတွေနဲ့
ကိုင်ဆောင်ထားတဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား ၄ ခု
နဲ့အတူ သိမ်းဆည်းရမိကြောင်း တရားဝင်ထုတ်ပြန်ခဲ့တာပါ။
လဝက ဥပဒေအရ မရိုးသားမှုနဲ့ လိမ်လည်ပြီး နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ကိုင်ဆောင်ရင် ထုတ်ပေးသူရော
ကိုင်ဆောင်သူပါ ထောင်ဒဏ် ၁၀ နှစ် ကျခံရမှာ ဖြစ်ပါတယ်။
ဒါဆို ဒီလောက် သက်သေအထောက်အထား အခိုင်အလုံနဲ့
ဖမ်းဆီးရမိထားတဲ့ ဇေယျာဖြိုးကို ဘာကြောင့် လဝက ဥပဒေနဲ့ ထောင် ၁၀ နှစ်  အရင်ပြစ်ဒဏ်မပေးသေးတာလည်း။
ထုတ်လုပ်ပေးသူတွေကိုလည်း ဘာကြောင့် လိုက်လံစစ်ဆေး
မဖော်ထုတ်သေးတာလည်း။

အမှန်တကယ် လဝက ဥပဒေကို ကြီးကြီးမားမား ချိုးဖောက်ခဲ့တဲ့ ဇေယျာဖြိုးကို အရေးမယူသေးပဲ
နယ်စပ်ဖြတ်ကျော်မှု ပုဒ်မနဲ့ ကြည်လင်းကို အရေးယူပြပြီး
သံခြေကျင်းခတ်ပြတာဟာ ပြည်ထဲရေးဌာနက ပြည်သူကို
နားလှည့်ပါးရိုက် လုပ်လိုက်ခြင်းသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Credit ..ZN.H

KMT(Psycho)


https://m.facebook.com/story.php?story_fbid=524045621272844&id=100010022321076

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပြည်သူကို ဂျင်းထည့်နေဆဲ ပြည်ထဲရေး”

Post a Comment

Related Posts Plugin for WordPress, Blogger...