Saturday, October 7, 2017

ငွေနှင့်အာဏာပေါင်း၍ မတရား အနိုင်ကျင့် ဗိုလ်​ကျနှိပ်​စက်​ ဘဝပျက်အောင်လုပ်ဆောင်နေမှု

,

စစ်အစိုးရဆင်းခါနီး ၂၀၁၀ နှစ်ကုန်တွင် မြေလွတ်မြေရိုင်း (၁၇၆)ဧက အား (၁)ဧကလျင်  တစ်ရာကျပ်နှုံးဖြင့် (၁၇၆၀၀)ကျပ်ပေးသွင်း၍ ရန်ကုန်မြို့ ကမာရွတ် ပြည်လမ်းနေ ဦးသီဟအောင် (ဘ)ဦးရန်ကွမ်းရှောက် YIG ကုမ္ပဏီ ပိုင်ရှင်သည် ပြင်ဦးလွင် သုံးတောင်ရွာဧရိယာအတွင်း ရယူခဲ့ကြောင်း သိရှိရသည်

ဦးသီဟအောင်(ဘ)ဦးရန်ကွမ်းရှောက်သည် မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်အား ၂၀၁၀ခုနှစ်တွင် ရယူခဲ့သော်လည်း ၂၀၁၇ ယနေ့ချိန်ထိ ဧက(၂၀)ခန့်သာ စိုက်ပျိုးထားကြောင်း သိရှိရသည်။
မြေလွတ်မြေရိုင်း ဥပဒေပုဒ်မ (၂၂)(ဂ)တွင် သတ်မှတ်ကာလ (၄)နှစ်အတွင်း မြေဧရိယာ အပြည့်အဝ စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိပါက နိုင်ငံတော်မှ အလိုအလျောက်ပြန်လည်သိမ်းယူပြီးဖြစ်သည်ဟု ဥပဒေ ပြဌာန်းထားကြောင်း သိရပါသည်​။

မြေလွတ်​​မြေရိုင်း ခွင့်​ပြုမိန့်​တွင်
၂၀၁၁ ခုနှစ်​​ (၁၇.၆) ဧက
၂၀၁၂ ခုနှစ်​ (၅၂.၈) ဧက
၂၀၁၃ ခုနှစ်​ (၅၂.၈) ဧက
၂၀၁၄ ခုနှစ်​ (၅၂.၈) ဧက
စုစု​ပေါင်း (၁၇၆) ဧက အား (၄) နှစ်​အတွင်း (၂၀၁၀ မှ ၂၀၁၄) အတွင်း အပြည့်​အဝ စိုက်​ပျိုးလုပ်​ကိုင်​ရမည်​ဟု ဥပ​ဒေ စည်းမျဉ်းအတိအကျ သတ်​မှတ်​ပြဌာန်းထား​ကြောင်း သိရှိရပါသည်​။

မြေလွတ်မြေရိုင်း လျှောက်ထားရာတွင်လည်း ဧရိယာအတွင်း တောင်သူလုပ်ကွက်များရှိပါက ချန်လှပ်ထားရန် နှင့် တောင်သူများနှင့် လုပ်ကွက်ထပ်နေပါက တာဝန်ယူဖြေရှင်းပါမည်ဟု ဝန်ခံပါကြောင်း ဦးသီဟအောင်ကိုယ်တိုင် ဝန်ခံလက်မှတ်ရေးထိုးထားကြောင်းလည်း ​သိရှိရသည်​။

၎င်းလျှောက်ထားရယူခဲ့သော မြေလွတ်မြေရိုင်းဧရိယာတွင် ဒေသခံတို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသော စိုက်ပျိုးမြေအများအပြား ပါရှိနေသော်လည်း ဦးသီဟအောင်သည် တာဝန်ယူဖြေရှင်းခြင်း မရှိဘဲ ၂၀၁၅ နိုဝင်ဘာတွင် ဒေသခံတောင်သူ (၁၃)ဦးအား    ကျူးကျော်များအဖြစ် စွပ်စွဲ၍ မြေလွတ်မြေရိုင်း ဥပဒေများဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။တရားစွဲဆိုခံရသော တောင်သူများမှာ  ဘိုးဘွားစဉ်ဆက် စိုက်ပျိုးလုပ်ကိုင်လာသူများဖြစ်ကြပြီး အများစုမှာ နိုင်ငံတော်မှ တရားဝင်ထုတ်ပေးထားသော လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)စာအုပ်များ တရားဝင်ပိုင်ဆိုင်ထားသူများ
ဖြစ်ကြောင်း သိရပါသည်။

ဦးသီဟအောင် (ဘ) ဦးရန်ကွမ်းရှောက် သည် အခြားနေရာဒေသများတွင်လည်း မြေလွတ်မြေရိုင်း ဧက ရာထောင်ချီ၍ ရယူထားကြောင်း သိရှိရသည်။

ဦးသီဟ​အောင်​(ဘ)ဦးရန်​ကွမ်း​ရှောက်​သည်​ အဂတိလိုက်​စား မှုဖြင့်​အ​ရေးယူခြင်းခံခဲ့ရ​သော ပြင်​ဦးလွင်​မြိုနယ်​ အုပ်​ချုပ်​​ရေးမှူး​ဟောင်း ဦးတင်​နိုင်​စိုးနှင့်​လည်း ​တောင်​သူများ၏ လယ်​ယာ​မြေလုပ်​ကိုင်​ခွင့်​ ပုံစံ(၇)များ ဖျက်​သိမ်း​ပေးရန်​ ၂၀၁၆ ဇူလိုင်​လတွင်​ ညှိနှိုင်း​ဆောင်​ရွက်​ခဲ့​သေး​ကြောင်း သိရှိရသည်​။

ဌာနဆိုင်​ရာမှ တာဝန်​ရှိသူအချို့သည်​လည်း ​မြေလွတ်​​မြေရိုင်း ဥပ​ဒေပုဒ်​မ (၂၂)(ဂ) အား
လစ်​လျူရှု မျက်​ကွယ်​ပြုခဲ့သည့်​အပြင်​ ​တောင်​သူတို့၏ ဘိုးဘွားပိုင်​​မြေများ လက်​လွတ်​ဆုံးရှုံး​စေရန်​ ဖိအား​ပေး တရားစွဲဆိုခဲ့ကြ​​ကြောင်း သိရှိရပါသည်​။

ထိုသို့ မိဘဘိုးဘွားစဉ်ဆက် ​ကိုယ်​ယာ​မြေတွင်​ ကိုယ်​တိုင်​စိုက်​ပျိုးလုပ်​ကိုင်​​နေခဲ့​သော ​တောင်​သူများမှာ ခရိုနီနှင့်အ​ပေါင်းပါတို့၏ မဟုတ်​မတရား အမှုဆင်​ တရားစွဲခံ​နေရသဖြင့်​ ပြင်​ဦးလွင်​မြိုနယ်​ တရားရုံးတွင်​ တစ်​ပတ်​တစ်​ကြိမ်​ တရားခံများအ​နေဖြင့်​ တရားရင်​ဆိုင်​​နေရသည်​မှာ (၂) နှစ်​​ခန့်​ရှိ​နေပြီဖြစ်​ပြီး မိသားစု​ဆွေမျိုးသားချင်းမိတ်​​ဆွေများ​ဒေသခံ​တောင်​သူများအားလုံး များစွာ စိတ်​ထိခိုက်​ ခံစား​နေရ​ကြောင်း သိရပါသည်​။

ယခုကဲ့သို့ ၂၀၁၀ နှစ်ကုန်တွင် မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့် ရယူခဲ့ပြီး ၂၀၁၇ ယနေ့ချိန်ထိ ဧက(၂၀)ခန့်သာ စိုက်ပျိုးနိုင်သည့်အပြင် အစဉ်အဆက် ကိုယ့်အမည့်ပေါက် ပုံစံ(၇)ရရှိပြီး ကိုယ်ပိုင်ဆိုင်သောယာမြေများတွင် ကိုယ်တိုင်စိုက်ပျိုးလုပ်ကိုင်နေသော တောင်သူများကိုပါ ၂၀၁၅ နိုဝင်ဘာတွင် ကျူးကျော်များအဖြစ် စွပ်စွဲ၍ မြေလွတ်မြေရိုင်း ဥပဒေများဖြင့် တရားစွဲဆိုထားသဖြင့် သုံးတောင်ရွာ ဒေသခံတောင်သူများမှာ ခရိုနီတာကော တို့၏ ငွေနှင့်အာဏာပေါင်း၍ မတရား အနိုင်ကျင့် ဗိုလ်​ကျနှိပ်​စက်​ ဘဝပျက်အောင်လုပ်ဆောင်နေမှုကို မရှုမလှ ခံစားနေကြရပါကြောင်း
ခရက်ဒစ် //ဒေသခံတောင်သူများ
cd
Nai Su Kyi Aye

https://m.facebook.com/groups/108648109792312?view=permalink&id=144149886242134

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ငွေနှင့်အာဏာပေါင်း၍ မတရား အနိုင်ကျင့် ဗိုလ်​ကျနှိပ်​စက်​ ဘဝပျက်အောင်လုပ်ဆောင်နေမှု”

Post a Comment

Related Posts Plugin for WordPress, Blogger...