Friday, October 13, 2017

အဘတွေခေတ် …… ခေတ်ကုန်သွားပြီလား - သရ၀ဏ်(ပြည်)

,
ရခိုင်ဒေသတွင် ဘင်္ဂလီပြသ၁နာတွေ တက်နေတာနှင့်  အားလုံး၏ အာရုံသည် ဘင်္ဂလီတွေအပေါ်ကို ရောက်ကုန်သည်။ ရခိုင်ကိစ္စသည် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို လွှမ်းမိုးထားတော့သည်။ သို့သော် မည်သူက မည်သို့ပင် မေ့လျော့သည် ဖြစ်စေ မြန်မာ့နိုင်ငံရေးကတော့ နည်းဟောင်း လမ်းဟောင်းအတိုင်း ဆက်လက် ချှီတက်ဆဲပင် ဖြစ်သည်။

မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ၊ ပွဲလန့်တုန်း ဖျာခင်း၊ မီးလောင်ရာ လေပင့် စသည့် ရှေးစကားပုံ များသည် အချို့သော သူများအတွက် မသိသူကျော်သွား၊ သိသူဖော်စား ဟူသော လုပ်ငန်းလမ်းညွှန်ချက်ကြီး သဖွယ် အလွန်ပင် ထိရောက် အောင်မြင်လျက် အသုံးတွင်ကျယ်လှသည့် လုပ်ငန်းလမ်းညွှန်ချက်ကြီး သဖွယ်လည်း ဖြစ်နေနိုင်ပါသေးသည်။ ထိုအကြောင်းများ၏ ခြေစလက်နများမှာလည်း ကောလာဟလ မဟုတ်၊ လက်တွေ့ ပင် တစွန်းတစ ထွက်ပေါ်လာချေ၏။ ရခိုင်ပြည်နယ်၊ အမ်းမြို့ တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်စေရေး လှုံ့ဆော်ပေးရန် မကွေးမြို့မှ အမျိုးသား တစ်ဦးကို ကျပ်ငါးသိန်းပေးမည်ဟု စည်းရုံးသူရှိနေပြီး မကွေးတိုင်း အစိုးရ အဖွဲ့ တာဝန်ရှိသူများအား ဆောင်ရွက်သင့်သည်များ ညွှန်ကြားပြီးဖြစ် ကြောင်း မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက စက်တင်ဘာ ၂၆ ရက် ညနေက ၎င်း၏ရုံးခန်းတွင် မီဒီယာများအား ဖိတ်ခေါ် ပြောကြားခဲ့သည်။ ဒေါက်တာအောင်မိုးညို၏ အဆိုအရ အမ်းမြို့တွင် ဆူပူမှုပြုလုပ်ပေးရန် စည်းရုံးသူများက “တို့မှာ ငွေလည်း ရှိတယ်၊ လူအင်အားလည်း ရှိတယ်၊ စစ်တပ်လည်း နောက်ခံရှိတယ်၊ မရှိတာ အာဏာပဲ၊ အဲဒါကို ရအောင်ပြန်လုပ်ရမယ်“ ဟု ပြောဆိုခဲ့ကြောင်း၊ ထိုဆူပူအောင် လှုံ့ ဆော်မှုတွင် ပါဝင်မည်ဆိုပါက မကွေးမှ အမ်းမြို့သို့ သွားသည့် လမ်းတစ်လျှောက်တွင် အပျော်အပါး အားလုံးကို ရရှိစေရန် စီစဉ်ပေးမည်ဟု စည်းရုံးခဲ့ကြောင်းလည်း သိရပါသည်။ ထိုဖြစ်စဉ်အား ဥပဒေနှင့်အညီ အရေးယူပေးနိုင်ရန် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဆွေ က စက်တင်ဘာ ၂၉ မွန်းလွဲပိုင်းက ဦးတိုက် လျှောက်ထားမှုကို မကွေးခရိုင် တရားရုံးမှ လက်ခံခဲ့ကြောင်း သိရသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် အဘတို့ မျိုးတုန်းပျောက်ကွယ်မှု မရှိသေးကြောင်း သိနိုင်ပေသည်။ တနေ့ သောအချိန်တွင် တနည်းနည်းဖြင့် ပြန်လာဖို့  အကွက်ပေါင်းများစွာ ဇယားခင်းနေကြောင်း ထင်ရှားပေ၏။

ထိုအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာလည်း သက်ဝင် လှုပ်ရှားလျက် ရှိသည်။ နိုင်ငံပိုင် အဆောက်အအုံနှင့် မြေကွက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူထားပြီး ယနေ့အထိ လုပ်ငန်း အကောင် အထည် ဖော်ခြင်း မရှိသော စည်းမျဉ်းစည်းကမ်း ကိုက်ညီမှု မရှိသည့် မြေကွက်များအား နိုင်ငံပိုင်အဖြစ် ပြန်လည် သိမ်းဆည်းရန် အောက်တို ဘာ ၃ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (န၀မနေ့ )တွင် မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက အဆိုတင်သွင်းခဲ့သည်။

“ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ခေတ်အဆက်ဆက်က နိုင်ငံပိုင် အဆောက်အအုံနဲ့ မြေကွက်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များက ပတ်သက်ရာ ပတ်သက်ကြောင်းကို မတန်တဆဈေးများဖြင့် ရောင်းချခြင်း၊ နှစ်ရှည် ငှားရမ်းခြင်း၊ အထူးဂရန် ထုတ်ပေးခြင်း၊ အကြောင်း အမျိုးမျိုး ကြောင့် သိမ်းယူခြင်း၊ နည်းလမ်း အမျိုးမျိုးဖြင့် လျှောက်ထား ရယူခြင်း များဖြင့် ရယူပိုင်ဆိုင်ထားကြသည်မှာ ကုန်သလောက်ပင် ရှိနေပြီဖြစ်ပါ တယ်။ ထိုသို့ ရယူထားကြသူများသည် မတန်တဆ ရယူထားကြပြီး တချို့မှာ အဆမတန် စီးပွားဖြစ်ထွန်းနေပြီး တချို့မှာ တစ်ဆင့် ပြန်လည်ရောင်းချခြင်း ဖြင့် အကျိုးအမြတ်များစွာ ရရှိနေခြင်း ဖြစ်ပါတယ်။ တချို့မှာ နှစ်ရှည်လများ ဘာလုပ်ငန်းမှ မလုပ်ပဲ  မူလအတိုင်းပင် ရှိနေသေးတာ တွေ့ မြင်နေရပါတယ်“ ဟု အဆိုရှင်ဦးလှဌေးက ပြောကြား ခဲ့သည်။ ထိုသို့ ပုဂ္ဂလိက လွှဲပြောင်းပေးမှုများသည် ဦးသန်းရွှေ ရာထူးမှ ဆင်းကာနီးတွင် ပြုလုပ်သွားသည်များ ရှိသော်လည်း အများအားဖြင့် ထိုသို့ ပေါပေါပဲပဲ နီးစပ်ရာ လက်ဝါးချင်းရိုက်၍ လွှဲပြောင်းမှု အများစုမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ရှုံးပြီး ဦးသိန်းစိန်အစိုးရ ရာထူးမှ ဆင်းကာနီးတွင် တက်သုတ်ရိုက် ဆောင်ရွက်သွားကြခြင်း ဖြစ်သည်။ အဘများ တိုင်းပြည်ကိုချစ်ပုံမှာ ဆင်းကာနီးအထိ ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည် ၉ ဦး လုပ်ကြံခံရပြီးစဉ်က အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းကို ဂျူဗလီဟောတွင် ထားပြီး အများပြည်သူ လာရောက်ဂါရ၀ပြုရန် စီစဉ်ခဲ့ပေသည်။ ထိုဂျူဗလီဟော (Jubilee Hall) သည် နှစ်ကာလ ကြာမြင့်သောအခါ တပ်မတော် စစ်သမိုင်းပြတိုက် ဖြစ်လာခဲ့ပေသည်။ တပ်မတော် စစ်သမိုင်းပြတိုက်ကို နေပြည်တော်သို့ ပြောင်းရွှေ့ အဆင့်မြှင့်တင် ဖွင့်လှစ်လိုက်သောအခါ ထိုတပ်မတော်ခန်းမကြီးမှာ အသုံးပြုမှု မရှိတော့ချေ။ ဘာအတွက် အသုံးပြုမလဲဟု ပြည်သူလူထုက စိတ်ဝင်စားသော်လည်း မည်သည့် သတင်းမှ ရေရေရာရာ မသိရချေ။ နှစ်ပေါင်းများစွာ သတင်းငုတ်လျှိုး နေပေ၏။ ထို့ နောက် ၂၀၁၇ အောက်တိုဘာ ၄ ရက်နေ့ ထုတ် ပုဂ္ဂလိက သတင်းစာများတွင်မှ တပ်မတော် စစ်သမိုင်းပြတိုက် (အဟောင်း)၏ သတင်းက ပြန်ပေါ်လာသည်။ ထိုနေရာကို ကြယ်ငါးပွင့်အဆင့် အထပ် ရှစ်ထပ်ရှိသည့် ဟိုတယ် ဆောက်မည်ဖြစ်ကြောင်း သိခဲ့ရပေ၏။ ရန်ကုန် စစ်သမိုင်းပြတိုက် နေရာတွင် အမေရိကန်ဒေါ်လာ သန်း ၃၂၀ ကျော် ရင်းနှီးမြှုပ်နှံမည့် အထပ်ရှစ်ထပ်ပါ ရှိသည့် ကြယ်ငါးပွင့် အဆင့် ဟိုတယ် စီမံကိန်းတစ်ခုကို ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ်နှင့်အညီ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီး ဦးမြင့်သောင်းက လွှတ်တော်အတွင်း လာရောက် ဖြေကြားခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပန်တျာလမ်းနှင့် ရွှေတိဂုံဘုရားလမ်း ထောင့်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်ကို ဖြိုဖျက်ပြီး ဟိုတယ်စီမံကိန်း ဆောက်နေမှုသည် မသင့်လျော်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက အောက်တိုဘာ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

“တကယ်တော့ အခုဆောက်မယ့် မြေနေရာကလည်း ရွှေတိဂုံ ဇုန်ထဲမှာ ဖြစ်ပါတယ်။ ကိုက် ၁၀၀၀ အတွင်းမှာပဲ ရှိတယ်။ အဲဒီထဲမှာ အထပ်မြင့် ဆောက်လို့ မရဘူး၊ ဘေးပတ်ဝန်းကျင်မှာ သာသနိက အဆောက်အအုံ တွေ ရှိတယ်။ ဒီကြားထဲ ဟိုတယ်ဆောက်တယ်၊ ဒါလေးတွေက လုံးဝ မသင့်တော်ဘူးလို့ ထင်တယ်။ ဒါပေမယ့်လည်း ပြည်ထောင်စုက ခွင့်ပြုထားတယ် ဆိုတော့ ဘာမှ မတတ်နိုင်ဘူးပေါ့“ ဟု ဦးကျော်ဇေယျက ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်ကလည်း ရွေတိဂုံဘုရားအနီး ဦးထောင်ဗိုလ်အ၀ိုင်း အနီးရှိ ယခင်တပ်ပိုင်မြေနေရာကို Dagon City (I) Housing Project ဟု လုပ်ကြဖူးသည်။ နောက်တော့ ရဟန်းရှင်လူများနှင့် နယ်ပယ်အသီးသီးမှ ၀ိုင်းဝန်းကန့်ကွက် ကြသောကြောင့် ထိုစီမံကိန်း ပျက်သွားဖူးသည်။ တပ်ပိုင်မြေများသည် နိုင်ငံပိုင်မြေများ ဖြစ်သဖြင့် တပ်က အသုံးမပြုတော့ လျှင် ထိုမြေများကို နိုင်ငံတော်သို့သာ ပြန်အပ်သင့်လှပါသည်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားကြီး အနီး မြေများ၊ အင်းလျားကန်အနီး မြေများသည် မြေဈေး အလွန်ကြီးသော နေရာများ ဖြစ်ရာ ...

အပြည့်အစုံ ဖတ်ရှုရန် -
http://www.theladiesnewsjournal.com/articles/wed-2017-10-11-1743/7668

https://m.facebook.com/story.php?story_fbid=826567927518178&id=178829095625401

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အဘတွေခေတ် …… ခေတ်ကုန်သွားပြီလား - သရ၀ဏ်(ပြည်)”

Post a Comment

Related Posts Plugin for WordPress, Blogger...