Tuesday, October 17, 2017

နေပြည်တော်ရဲတပ်ဖွဲ့မှူးနေရာအပါဝင် ရဲမှူးကြီး ၇ဦးကို ပြောင်းရွှေ့တာဝနချထားမှုများပြုလုပ်

,
နေပြည်တော် ၂၀၁၇ ၊အောက်တိုဘာ၁၇

ပြည်ထဲရေးပြည်ထောင်စုဝန်ကြီးကနေပြည်တော်ရဲတပ်ဖွဲ့မှူးနေရာ အပါအဝင် ရဲမှူးကြီး ၇ဦးကို ပြောင်းရွှေ့တာဝန်ချထားမှုများပြုလုပ်လိုက်သည့်အမိန့်ကြော်ငြာစာကို ယနေ့ နေ့စွဲဖြင့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

အပြောင်းအလဲပြုလုပ်လိုက်မှုတွင် နေပြည်တော်ဒုတိုင်းရဲတပ်ဖွဲ့မှူးနေရာပါ ပါဝင်ပြီး၊ နေပြည်တော်ရဲတပ်ဖွဲမှူးအသစ်အဖြစ် ဒုတိယရဲလေ့ကျင့်ရေးအရာရှိချုပ်ရဲမှူးကြီးထက်လွင်က ပြောင်းရွှေ့တာဝန်ယူမည်ဖြစ်သည်။

နေပြည်တော်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးဇော်ခင်အောင်သည် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး တာဝန်ကို ပြောင်းရွှေ့တာဝန်ယူရမည်ဟုသိရသည်။

နေပြည်တော် ဒုတိုင်းရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး ရွှေသောင်းသည် ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာန ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူရမည်ဟု သိရသည်။

ယနေ့ အပြောင်းအလဲပြုမှုတွင်
စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးနေရာ၊ရဲအရာရှိအတတ်သင်ကျောင်း ကျောင်းအုပ်ကြီး နေရာတို့လည်းပါဝင်ပြီး
ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီး လေးစိုးသည်
စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ယူရမည်ဖြစ်ကြောင်းနှင့်
စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလူလူသန်း သည် ရဲအရာရှိအတတ်သင်ကျောင်း ကျောင်းအုပ်ကြီးအဖြစ် တာဝန်ပေးခြင်းခံလိုက်ရသည်။

PN-051၊စိုင်းလမင်း

https://m.facebook.com/story.php?story_fbid=1931770360172083&id=287336421282160

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နေပြည်တော်ရဲတပ်ဖွဲ့မှူးနေရာအပါဝင် ရဲမှူးကြီး ၇ဦးကို ပြောင်းရွှေ့တာဝနချထားမှုများပြုလုပ်”

Post a Comment

Related Posts Plugin for WordPress, Blogger...