Friday, October 13, 2017

ကိုအောင်ဟိန်း၏ အသိပေးကြေညာချက်

,
စာရေးသူ ရဟန်းဘဝနေစဉ်တစ်လျှောက်လုံး
မည်သည့်ပါတီနိုင်ငံရေးကိစ္စ အာဏာနိုင်ငံရေကိစ္စမှ ပါဝင်ပတ်သက်ခြင်းမရှိဘဲ အမျိုးသားရေးသက်သက်သာ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်ခဲ့ကြောင်းလဲ ဘယ်နေရာ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းရှေ့မဆိုရှင်းရဲကြောင်း ရှင်းရဲလောက်အောင် သမိုင်းရှင်းကြောင်း၊

လူမှုရေးအရှုပ်အရှင်း မိန်းမကိစ္စစတာနဲ့ပတ်သက်ပြီးလဲ လုံးဝကင်းရှင်းကြောင်း ဘယ်နေရာ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းရှေ့မဆိုရှင်းရဲကြောင်း ရှင်းရဲလောက်အောင် သမိုင်းရှင်းကြောင်း၊

ငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်ပြီးတော့လဲ စာရေးသူဥက္ကဋ္ဌအဖြစ်လုပ်ဆောင်ခဲ့တဲ့ ရှမ်း/မြောက်(မဘသ)၊ စိတ္တသုခအခမဲ့တရားတော်ရိုက်ကူးတည်းဖြတ်ဖြန့်ချိရေးအသင်း၊ ရွှေသံလွှင်နာရေးကူညီမှုအသင်းတွေရဲ့ ငွေကြေးနဲ့ပတ်သက်ပြီး တစ်ကျပ်တစ်ပြားမှ ကိုင်ဆောင်ခြင်းမရှိကြောင်း ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့လဲ အရှုတ်အရှင်းလုံးဝကင်းရှင်းကြောင်း ဘယ်နေရာ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းရှေ့မဆိုရှင်းရဲကြောင်း ရှင်းရဲလောက်အောင် သမိုင်းရှင်းကြောင်းတို့ကို ကိုအောင်ဟိန်းအမည်နဲ့ လူဝတ်လဲတဲ့နေ့ (6-10-2017)ရက်နေ့ ညနေ(6:30)အချိန်မှာဘဲ တစ်တိုင်းပြည်လုံးသိရှိအောင် အသိအလင်းထုတ်ပြန်အသိပေးကြေညာခဲ့ပြီးဖြစ်ပါတယ်။

စားရေးသူအနေနဲ့ ထုတ်ပြန်အသိပေးကြေညာပြီး မူလနေမြဲအတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးနှင့်ပရဟိတလုပ်ငန်းများလုပ်ဆောင်ရာရုံးမှာဘဲ တစ်ဖဝါးမှမခွာ (၇)ရက်တိုင်အောင် စောင့်ဆိုင်းနေပါသော်လည်း အခြေအမြစ်မရှိကွယ်ရာမှာသာ ထင်မိထင်ရာ ပြောဆိုနေရုံမှတစ်ပါး မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်းမှ လာရောက်ခဲ့ခြင်းမရှိပါ။

သို့ပါ၍ (13-10-2017)ရက်နေ့မှစပြီး စာရေးသူကို ပါတီနိုင်ငံရေး၊ လူမှုရေး၊ ငွေရေးကြေးရေးအရှုတ်အရှင်းနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာဘဲဖြစ်ဖြစ် အရပ်ထဲမှာဘဲဖြစ်ဖြစ် နှုတ်ဖြင့် စာဖြင့် အခြေအမြစ်မရှိ သက်သေအထောက်အထားမရှိ ဝေဖန်တိုက်ခိုက်ပြောဆိုမှုများရှိခဲ့ပါက ဥပဒေနဲ့အညီ မည်သူ့ကိုမဆို ပြတ်ပြတ်သားသားတုန့်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်။

                      ကိုအောင်ဟိန်း
                     (၁၂-၁၀-၂၀၁၇)
                     ညနေ(၄း၅၀)

မှတ်ချက် ။  ။ စားရေးသူ လူဝတ်လဲသွားသော်လည်း နဂိုစိတ်ဓာတ်ခံယူချက် အတိုင်း
တစ်ဆံခြည်မှလျော့သွားမည်မဟုတ်ကြောင်းကိုလဲ ရဲရဲကြီးအာမခံသလို နောက်ဆုံးထွက်သက်အထိ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်အဖြစ်သာ ရိုးရိုးသားသား မှန်မှန် ကျင့်ကြံရပ်တည် နေထိုင်သွားမည်။

https://m.facebook.com/story.php?story_fbid=887556681406591&id=510514695777460

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကိုအောင်ဟိန်း၏ အသိပေးကြေညာချက်”

Post a Comment

Related Posts Plugin for WordPress, Blogger...