Tuesday, November 21, 2017

စစ်ဘီလူးက အစွယ်တွေထုတ်လာပြီ

,
သတင်းနဲ့ မှတ်ချက်

လတ်တလော ကြားသိရတဲ့သတင်းတွေမှာ ရန်ကုန်မြို့ တွင်း ၁၁ မြို့ နယ်မှာ ဆန္ဒပြခွင့်ပိတ်တာ နဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ရဟန်းသံဃာတွေနဲ့ သီလရှင်တွေ တက်ရောက်ခွင့် ပိတ်တဲ့ သတင်းတွေက ထူးခြားတယ်။ ရန်ကုန်တိုင်း နယ်/လုံ စစ်ဝန်ကြီးနဲ့ နိုင်ငံတော် သံဃာ့
မဟာနာယက(မဟန) က အာဏာစက်၊ ဓမ္မစက်တွေ ထုတ်သုံးလာတာ ဖြစ်တယ်။ အကြောင်း အမျိုးမျိုးပြပြီး တားမြစ်ပိတ်ပင်တာ ဖြစ်ပေမယ့် အကြောင်းပြချက်တွေက ခိုင်လုံရဲ့ လား၊ရိုးသား
မှုရှိရဲ့ လား။ တကယ်တော့ အခြေအနေ၊ အချိန်အခါကြည့်ပြီး နယ်/လုံ စစ်ဝန်ကြီးက ဘီလူး အစွယ်ထုတ်လာတာသာ ဖြစ်တယ်။

ဒီချုပ်က ဦးဆောင်လုပ်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေဟာ  လူမျိုး
ပေါင်းစုံ ပြည်သူလူထုကို အတိုင်းအတာတခုအရ ညီညွတ်စုစည်းစေဖို့ ဖြစ်တယ်။ နိုင်ငံတကာမှာလည်း ဘာ သာခြားတွေကြားက သဟဇာတဖြစ်တဲ့ ပုံရိပ်ကို ထင်ရှားစေဖို့ ဖြစ်တယ်။ စစ်အုပ်စုက ဒါကို မလို လားဘူး။ သူတို့ လိုချင်တာ ပြဿနာပေါင်းစုံနဲ့ တတိုင်းပြည်လုံး ဗြောင်းဆန်နေတာ၊ ဒီချုပ် အစိုးရ ပုဆိုးမနိုင်၊ ပုဝါမနိုင် ဖြစ်နေတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ် သြဇာကျဆင်းလာ တာကိုသာ ဖြစ်တယ်။ သူတို့ လိုချင်တဲ့ရလဒ်အတွက် မအောင့်နိုင်တော့ဘဲ လက်ဦးမှု ယူလိုက်တာပဲ။
အခုတော့ မရှိမဲ့ရှိမဲ့ လူထုအခွင့်အရေးလေးတွေကို လေးဘက်လေးတန် ခြံခတ်ပစ်လိုက်တယ်။ ဆန္ဒပြတယ်ဆိုတာ ကာလ၊ ဒေသ၊ ပယောဂ ညီညွတ်ရပါတယ်။ ဘာအတွက် ဆန္ဒပြချင်ပြချင် သတ်မှတ်ထားတဲ့ နေရာကိုပဲသွားပြီး အော်ချင်တာအော်၊ ပြောချင်တာပြော ဆိုတာဟာ လူ တွေကို အရူးလုပ်တာ၊ မထေမဲ့ မြင်လုပ်တာ သက်သက်ပဲ။ တခြားနိုင်ငံတွေမှာ ကြည့်ပါ။ အိမ် ဖြူတော်ရှေ့ မှာ ဆန္ဒပြလို့ ရတယ်။ ဒေါင်းနင်း လမ်းထိပ်မှာ ဆန္ဒပြလို့ ရတယ်။ သက်ဆိုင်ရာ လွှတ်တော်တွေရှေ့ မှာ ဆန္ဒပြလို့ ရတယ်။ ဗမာပြည်မှာတော့ အဲသလိုလုပ်ဖို့ မပြောနဲ့ သပိတ် မှောက်သူ၊ ဆန္ဒပြသူတွေဟာ မင်းနေပြည်တော် ရှိရာမှာ မြေမနင်းရ၊ ခြေမချရ။ မြို့ ထဲတောင် အ၀င်မခံဘူး။

ရန်ကုန်မြို့ တွင်း ဆန္ဒပြခွင့်ပိတ်တယ်ဆိုတော့ နောက်ဆိုရင် တခြားမြို့ တွေလည်း ပိတ်ပင်ဦးမှာ ပဲ။ အခုထက်ပိုပြီး မတရားတဲ့ အမိန့် အာဏာတွေ ထုတ်ပြန်လာပါလိမ့်မယ်။ ဆန္ဒပြခွင့် ဆိုတာ မျိုးဟာလည်း အာဏာပိုင်ဆီ လက်ဖြန့် တောင်းရတဲ့ အရာမျိုး မဟုတ်ပါဘူး။ အာဏာရှင်လက် အောက်မှာ ဘာအခွင့်အရေးမှ မရှိဘူး။ လိုချင်တာကို တိုက်ယူရတာပါ။ ရှစ်လေးလုံး ပြည်သူ့ 
ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ ခွင့်ပြုချက်တင်ပြီး ဆင်နွှဲခဲ့တာ မဟုတ်ပါ။ တောင်းယူခဲ့တာ မဟုတ်၊ တိုက်ယူခဲ့တာ ဖြစ်တယ်။
# အရေးတော်ပုံ ဂျာနယ်

https://m.facebook.com/story.php?story_fbid=1954045804851368&id=100007379025151

0 ယောက်မှတ်ချက်ပြုခဲ့သည် to “စစ်ဘီလူးက အစွယ်တွေထုတ်လာပြီ”

Post a Comment

Related Posts Plugin for WordPress, Blogger...