Sunday, December 10, 2017

ကရင်ညီအကိုတွေကိုသိစေချင်တယ်

,
အကြမ်းဖက် BIA ဆိုတာ ဘာလဲ။ ဘာလူမျိုးလဲ??
~~~~~~~~~~~~~~~~~

BIA အကြောင်းပြောရမယ်ဆိုရင် ကရင်လူမျိုးအတွက် ကမ္ဘာမကြေ တဲ့ သမိုင်းလို့ သတ် မှတ်ရပါမယ်။ မြန်မာတွေ တိုင်းရင်းသားကို ချစ်ပါတယ်ဆိုတဲ့ နှုတ်ဖြင့် နဲ့ ကရင် တွေ မကျေနပ်သင့်ပါ။ စတီးလ် သမိုင်းတွေ အဲ့လောက်ထိမလေ့လာပေမယ့် ကျောင်းသား ဘ၀တုန်းက သမိုင်းစာအုပ်ကို အထူးဂရုစိုက်ပြီး စိတ်ဝင်စားတဲ့ ဘာသာရပ် တခုဖြစ်တယ်။ အဲ့ဒီအတွက် မသိသေးတဲ့ တိုင်းရင်းသားအပါအ၀င် အထူးသဖြင့် ကရင် လူမျိုးတွေကို သိစေချင်လို့ အခုလို အချိန်ပေးပြီး ရေးရတာပါ။ သိပြီးသားလူတွေအတွက်တော့ သတိရ တဲ့ အနေနဲ့ သဘောထားပြီး မသိသေးတဲ့ လူတွေ အတွက် ဖတ်ပေးပါ။

ဒုတိယ ကမ္ဘာစစ်ဖြစ်စစခြင်းရောက်ရှိလာသော ကော်လား = (GreenLand) = ကော်သူးလေ (လက်ရှိမြန်မာနိုင်ငံ) ၁၉၄၂ ခုနှစ် မတ်လ အတွင်းမှာ အင်္ဂလိပ်အုပ်ချုပ်ရေး ပျက်ပျယ်ခဲ့ပြီး အင်္ဂလိပ်အစိုးရတွေက အင်ဒို မှာ ပြောင်းသွားကြပါတယ်။ အဲ့အချိန်မှာ အညာသား မြန်မာ=ဗမာ စစ်စစ် အောင်ဆန်း ခေါ်လာသော ဖက်စစ်ဂျပန်ရောက်နေပြီး ဖြစ်သည်။ အဲ့ဒီအချိန်မှာ အင်္ဂလိပ် ကို မောင်းထုတ်ရမယ့် အချိန်ဖြစ်နေတော့ သူတို့ အုပ်ချုပ်ရေး မလုပ်ရသေးပါ။

အဲ့ဒီအချိန်မှာ မြန်မာ=ဗမာ သူတို့ကိုသူတို့ သခင်အသင်းဟုကြွေးကြော်လူတစု သူတို့ က အုပ်ချုပ်ရေး ကိုစပြီး တည်ထောင်ခဲ့ပြီး BIA Burma Independent Army ဟုထူထောင်ခဲ့သည်။ ဒီလူတစုဟာ အုပ်ချုပ်ရေး ထားပြီး တိုင်းပြည်အမည်၊ မြို့အမည်များပြောင်းခေါ်လေသည်။ ကရင်လူမျိုးတွေက အင်္ဂလိပ်အပေါ် သစ္စာရှိပြီး အင်္ဂလိပ်အုပ်ချုပ်မှုတောက်လျှောက်မှာ သစ္စာရှိစွာနဲ့ ကရင်တပ် တော်တော် များများ အင်ဒို မှာ ရောက်ရှိခဲ့သည်။ အဲ့ဒီအတွက် မြန်မာ=ဗမာ တွေက ကရင်လူမျိုးကို လုံးဝကြည့် မရဘဲဖြစ်သည်။

ကရင်လူမျိုးကိုလည်း သူတို့ မယုံကြည်သည့်အပြင် အချိန်တိုင်းကြည့်နေပြီး ကရင်လူမျိုး တော်လှန်ခဲ့ ရင် ကရင်လူမျိုး လူစုခွဲဖြစ်အောင် လုပ်ဆောင်ဖို့ ပြင်ဆင်ထားပြီး ပျေက်ကွယ်သွားသည့်အထိ ပြင်စေထားသည်။ မယုံကြည့်မှု နှင့် မကျေနပ်မှုဖြစ်လာပြီးနောက် မြန်မာ=ဗမာ တွေက ကရင်လူမျိုး ဆီက လက်နက်များ အကြမ်းဖက်ဖြင့် သိမ်းစည်း တောင်းဆိုခဲ့သည်။ ကရင်လူမျိုးတွေက ဘယ်သူ့ကိုမှ တော်လှန်ဖို့ ဆန္ဒမရှိသည့်အတွက် အဖွဲ့မဖွဲ့ဘဲ ရှိထားသမျှ လက်နက်တွေကိုလည်း မစုစည်းပါ။ ရှိထားသမျှလက်နက်ဖြစ်တဲ့ ( Double Barrel) နှင့် Single Barrel များ မြန်မာ=ဗမာ ပေးပြီး၊ အေးအေးချမ်းချမ်းနေရဖို့ ရည်ရွယ်ချက်နဲ့ လက်နက်များ ပေးလိုက်သည်။

ဘယ်လိုဘဲ ဖြစ်ဖြစ် တချို့သော ကရင်တွေက ကျန်ခဲ့သော လက်နက် အနည်းအငယ် များ ပုန်းအောင်းထားပြီး၊ တချိန်ချိန်မှာ ဖြစ်လာရင် ကိုယ့်ကို ကိုယ်ပြန်ကာကွယ်ဖို့ လောက်ဘဲ ထားသည်။ အကြမ်းဖက် နှင့် တော်လှန်ဖို့ မဟုတ်ပါ။ ကရင်လူမျိုး ဘယ်သူ့ကိုမှ တော်လှန်ဖို့ ဆန္ဒမရှိတဲ့ အကြောင်းက တချိန်တုန်းက အင်္ဂလိအပေါ် သစ္စာရှိခဲ့သော လူမျိုးဖြစ်တဲ့အတွက် မြန်မာ=ဗမာ တွေက ကရင် ကို လုံးဝကြည့်မရဘဲ မယုံကြည်တော့ပါ။ လက်နက်တွေကိုလည်း မြန်မာ=ဗမာတွေ သိမ်းလိုက်ကုန်သော်လည်း ကရင် လူမျိုး ပပျေက်ဖို့ ပြင်ဆင်ထားသည်။
မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်မှာ ရွာကြီးတရွာဖြစ်တဲ့ တံခွန်တိုင် ရွာသည် ရွာလူမျိုးဖြစ်တဲ့ ကောကစ ရွှေထွန်းကြာ မှာ လက်နက် Double Barrel တလက်ရှိသည့်အတွက် အကြမ်းဖက် မြန်မာ=ဗမာ သခင်အုပ်စုပ်က သွားတောင်းသည်ဖြစ်သော်လည်း သူက မပေးပါ။ တံခွန်တိုင် ရွာ နှင့် မနီးမဝေး ဖြစ်တဲ့ ရွာလေးတရွာမှာ ကောကစ သာဟန် လည်းဘဲ Double Barrel တလက်ရှိသော် လည်း သူမထားရဲလို့ ကောကစ ရွှေထွန်းကြာ ကိုပေးခဲ့သည်။ နောက်တော့ ရဲဘော်နှစ်ယောက်ပြန် လာတယ်။ သူပြန်လာတော့ စစ်တိုက်လက်နက် Rifle တယောက်တလက်ယူလာခဲ့တယ်။

ကောကစ ရွှေထွန်းကြာ လက်နက်တွေများလာတော့ မြန်မာ=ဗမာတွေက မယုံမသေကာဖြစ်ပြီး သူတို့ကို ပုန်ကန် မယ်ဆိုပြီး ဘီအိုင်အေ တပ်တွေက ရွှေထွန်းကြာ ကို လာတိုက်ခိုက်လေသည်။ ဗိုလ် ဘိုအောင် နှင့် သူတို့တပ်များ စက်သင်္ဘောတစီး ရွာသစ်မှာ စိုက်ပြီး တပ်လှန်ထားပြီးတော့ ရွှေထွန်းကြာ ကိုတိုက်တော့မည်။ မြန်မာ=ဗမာ BIA တပ်က ရွှေထွန်းကြာ ကိုလာတိုက်တော့မည် သတင်းကြားတော့ ရဲဘော် နှင့် ရွာသားများကို ခေါ်ပြီး လက်နက်၊ တုန်၊ ဓါး များကိုင်ထားပြီး မရမ်းချောင်း မှာ သွားစောင့်နေသည်။ မရမ်းချောင်းက တံခွန်တိုင် နှင့် ရွာသစ်ကြားမှာရှိပြီး အဲ့ဒီ နေရာမှာ မိရိုးဖလာ နတ်ကိုးကွယ်သူ ပိုးကရင်တွေ ရှိတဲ့ နေအိမ်အနည်းငယ်လယ်ထွန်၊ တောင်ယာ လုပ်စားဖို့ဖြစ်သည်။ အဲ့ဒီ နေအိမ်တဲလေးတွေက အခိုင်မာ ဆောက်ထားသော အိမ်လိုဖြစ်သည်။ ဒီအိမ်တွေက ၁၂ ရာသီ သူများနေသည်။ အဲ့ဒီအတွက် ရွှေထွန်းကြာ ဘီအိုင်အေ ကို စောင့်နေသည်။

နောက်တနေ့ မနက် ၆ နာရီမှာ မြန်မာ=ဗမာ ဘီအိုင်အေ နှင့် ရွှေထွန်းကြာ တို့ မရမ်းချောင်း မှာ တိုက်ပွဲဖြစ်လေသည်။ စစ်ပွဲတွေက ပြင်းထန်တယ်၊ နေ့လည် ရောက်တော့ ရွှေထွန်းကြာ တို့ နည်းနည်း နောက်ဆုပ်ပေးပြီး ကန်ဘေးနား မှာ သွားစောင့်နေသည်။ ရွှေထွန်းကြာ နောက်ဆုပ်တော့ အဲ့ဒီ ပိုးကရင် ရွာကို မြန်မာ=ဗမာ BIA အဖွဲ့က အဲ့ဒီ ရွာကို မီးရှို့ခဲ့သည်။ နောက်တော့ တံခွန်တိုင် ဘက်မှာ မြန်မာ=ဗမာ တပ်က ရွှေထွန်းကြာ တို့ အဖွဲ့ကို သွားတိုက်တော့ ညနေ ၃ နာရီမှာ မြန်မာ=ဗမာအကြမ်း ဖက်ခေါင်းဆောင် ဗိုလ် ဘိုဟန် ကျဆုံးလေသည်။ ဘိုဟန် ကျဆုံးတော့ သူတို့ နောက်ဆုပ်ပြီး မြောင်းမြ သို့ ပြန်ပြေးလေသည်။ ညနေ ၅ နာရီ ရောက်တော့ ရွှေထွန်းကြာ လည်းဘဲ မြန်မာ=ဗမာ အကြမ်းဖက် ရွာဖြစ်တဲ့ ရွာသစ် ကို မီးရှို့ခဲ့သည်။

ကရင်လူမျိုးရဲ့ ပထမဆုံးအကြိမ် ပူလောင်မှုက ၁၈၈၅ ကနေ ၁၈၈၆ ခုနှစ် မြန်မာ=ဗမာအကြမ်းဖက် နှင့် အင်္ဂလိပ် တတိယအကြိမ် စစ်ပွဲ အဲ့ဒီတုန်းက ကုလားဗမာ ဘုရင် သီပေါမင်း အုပ်ချုပ်တဲ့ အချိန်ပေါ့။ ရွှေထွန်းကြာ နဲ့ တိုက်ပွဲဖြစ်ပြီးနောက် နောက်ဆက်တွဲ တိုက်ပွဲတွေ ပိုပြီး ပြင်းထန် လာတယ်။ ကရင် နှင့် မြန်မာ=ဗမာ အဓိဂရုန်း ဖြစ်လာတယ်။ အဲ့ဒီ အဓိဂရုန်းဖြစ်လာတော့ ကရင်လူမျိုးတွေကို မြန်မာ=ဗမာ တွေက ရက်ရက်စက်စက်သတ်ခဲ့တယ်။ မိန်းကလေး ဆိုရင် မုဒိန်း ကျင့်၊ ကလေး ဆိုရင် သတ်ပစ်၊ ယောက်ကျားလေး ဆိုရင် နှိပ်စက်ပြီးမှ သတ်တယ်။

တကယ်တော့ ကရင် လူမျိုးဆိုတာ အစကတည်းက အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဘ၀ကို ဖြတ်သန်းချင်ကြတာ။ ဒါပေမယ့် မြန်မာ=ဗမာ အကြမ်းဖက် တွေက လက်နက်လည်း သိမ်းပြီး မှ ကရင် ကို တိုက်ခိုက်တော့ ရာဇ၀င်သမိုင်းအကြွင်း လို့ ကရင်တွေ အတွက်ဖြစ်လာခဲ့ရတယ်။ လက်နက် မရှိတဲ့ ကရင်ရွာတွေကိုလည်း လာတိုက်တယ်၊ မီးရှို့ ဖျက်စီးတယ်၊ သတ်ဖြတ်တယ်။ လက်နက်မရှိတဲ့ ကန်ကလေး ဘက်မှာလဲ ဘဲ မြန်မာ=ဗမာ အကြမ်းဖက်တွေ လာတိုက်တော့ သူတို့လည်း တိုက်ရတော့တာဘဲ အဲ့ဒီကနေစပြီး မြန်မာ=ဗမာ လက်နက်ကို သူတို့ သိမ်းစည်းရတယ်။ အကြမ်းဖက် မြန်မာ=ဗမာ နှင့် သစ္စာရှိ ကရင်လူမျိုးများ တိုက်ပွဲဖြစ်ပြီးနောက် သူတို့ ဘီအိုင်အေ ခေါင်းဆောင်တွေ က ဂျပန် ဆီ တင်ပြတော့ ဂျပန် ဗိုလ်မှူးကြီး အကြီးမ Col.Ahjeema ကိုစေလွတ်လိုက်တာ ဖြေရှင်းပေးဖို့ပါ။

အဲ့လိုမျိုး လာဖြေရှင်းတော့ ကရင်တွေ အားရ ၀မ်းသာပြီး ငြိမ်းငြိမ်းချမ်းချမ်း နေချင်တာနဲ့ တယောက် နဲ့ တယောက် ရန်မဖြစ်ရရင် ကျေနပ်နေတဲ့ ကရင် လူမျိုးရဲ့ ဗီဇ ဘဲ။ အကြမ်းဖက် မြန်မာ=ဗမာ တွေက ဂျပန် စကားကို နားထောင်မယ်လို့ ထင်ခဲ့တယ်၊ ကရင်လူမျိုးတွေကို အနှိပ်စက်တော့ဘူးလို့ ထင်ထားတယ်။ ဒါပေမယ့် ၁၉၄၂ ခုနှစ် မေလအတွင်း မှာ အကြမ်းဖက် မြန်မာ=ဗမာ တပ်တွေက ကရင်ရွာဖြစ်တဲ့ ညိုချစ်တော် ကို သူတို့ ထပ်ပြီး သွားတိုက်တယ်။ သူတို့ ဒီတခါ စစ်သွားတိုက်တာ ဂျပန် အကြီးမ ဂျပန် ဗိုလ်မှူးကြီး ကို ခေါ်သွားပြီး တိုက်ပွဲတွေ အကြီးအကျယ်ပြန်ဖြစ်တယ်။ အကြမ်း ဖက်မြန်မာ=ဗမာတွေလည်း တိုက်ရင်း နဲ့ နေရာကို ယူရင်းတိုးရင်းချဲ့ရင်း ပြီး သူတို့လည်း အင်အား များတော့ ရွာနဲ့ နီးလာတဲ့ အချိန်မှာ ဂျပန် အကြီးမ ဒါရာရတယ်။ နောက်ဆုံး သူတို့ နောက်ဆုပ်ပြီး မြောင်းမြ သို့ပြန်လှည့်သည်။

ဂျပန် အကြီးမ သေသွားတော့ အကြမ်းဖက် မြန်မာ=ဗမာ တွေက ဂျပန် ဆီ သတင်းထပ်ပို့တယ်။ ဘယ်လိုပို့သလဲ ဆိုရင်…. ကရင်လူမျိုးသည် ဂျပန် ကို ပုန်ကန်တော်လှန်မယ့် အင်္ဂလိပ် လက်ကိုင် တုတ်ဖြစ်သည်၊ ဂျပန် ကို သူတို့ မလိုလားပါဘူး ဆိုတဲ့ သတင်းကို ပို့တယ်။ ကရင် လူမျိုးဆိုတာ ငြိမ်းချမ်းရေးကို မလိုလားဘူး။ ဆူပူမှုကို လိုချင်တဲ့ လူမျိုးဖြစ်တယ် ဆိုပြီး ဂျပန်ဆီ သတင်းပို့တယ်။ အဲ့ဒါကြောင့်မို့ ဂျပန် ကို သူတို့ မလိုလားဘဲ ပုန်ကန် တယ်ဆိုပြီး သတင်းပို့ပေးတယ်။ မြန်မာ=ဗမာ ဆိုတာ သူများယုံအောင် မျက်ရည်ကျသည့်အထိ သရုပ်ဆောင်တတ်သလို၊ ချစ်စရာ ကောင်းအောင် ပြောတတ်တဲ့ အပြောတွေရှိသလို၊ လျှာကိုမှောက်လို့ရ၊ ကောက်ကွေ့တတ်၊ စွဲလန်း၊ စိတ်ဝင်စားအောင် ပြောတတ်တဲ့ ဗီဇ ရှိသည့်အတွက်၊ အခုဆိုရင် ကရင်အဖွဲ့ ကွဲခဲ့တာ ၁၀ ဖွဲ့ထက်မနည်းဖြစ်နေပြီးနော်။

အဲ့ဒီသတင်းပြီးတဲ့နောက်… ဂျပန် ခေါင်းဆောင်တွေက (မီနာ့မီစူစကိ) Minami Suzuki ကို စေလွတ်ပြီး ဂျပန်စစ်သား များ မြောင်းမြဘက်သို့ လာတော့တာဘဲ။ ဂျပန် တွေက ကရင်လူမျိုးကို စိတ်နာ ခဲ့တာ ဂျပန်အကြီးမ သေသွားလို့ဘဲ။ အဲ့ဒီအတွက် ကရင်လူမျိုး တုန့်ပြန်ဖို့ မြောင်းမြ ခရိုင် မှာ ရှိသမျှ ကရင်တွေကို အကုန်လုံး မီးရှို့ဖို့ မြေပုံပေါ်မှာ ဘောပင် အနီ နဲ့ ၀ိုင်းထားတဲ့ နေရာတွေ အကုန်လုံး ရှင်းဖို့ ကရင်လူမျိုးများ ဂျပန် ကို မလိုလားလို့ တကယ်ဘဲ ဂျပန်အကြီးမ ကို သတ်ခဲ့တယ် ယုံပြီးတော့ ကရင်ရွာကို မီးစရှို့တယ်။ သတ်ဖြတ်တယ်၊ အဲ့ဒီ အထဲမှာ အကြမ်းဖက် မြန်မာ=ဗမာ BIA လည်း ကရင်မလေးကို မုဒိန်းကျစ်သတ်ဖြတ်တယ်၊ ကလေး လူကြီး မကျန်အကုန်သတ်တယ်။

ဒါက အကြမ်းဖက်မြန်မာ=ဗမာ BIA ကောင်းကြိုးကြောင့် ကရင်တွေ သိန်းနဲ့ချီ အပြစ်မဲ့၊ အိုးအိမ်၊ စွန့်ခွာဖြစ်ခဲ့ရတဲ့ သမိုင်းအကြွင်း တွေကို ကရင် လူမျိုးတိုင်း မမေ့သင့်ပါ။ ပုံ နှင့် တကွ အောက်ပါအတိုင်း ကြည့်ကြပါ။

အညတရ ရဲဘော်ဟောင်း
Credit စောစတီးလ်

https://m.facebook.com/story.php?story_fbid=869566223205642&id=804438126385119

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကရင်ညီအကိုတွေကိုသိစေချင်တယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...