Friday, December 1, 2017

ဒေါက်တာအေးမောင်ရဲ့ဂျင်း

,
ဒေါက်တာအေးမောင် ANP ပါတီ ဥက္ကဌအဖြစ်ကနေရုတ်တရက် နူတ်ထွက်တာ ထူးခြားလွန်းနေတယ်
ပါတီတွင်း သွေးကွဲနေလို့ပဲဆိုဆို ၊ သူ့ကိုပဲ ဦးတည်တိုက်တယ်ပြောပြော မည်သို့ပင်ဆိုစေကာမူ
နောက်ကွယ်မှာ ဒီ့ထက်ပိုတဲ့ အကြောင်းတွေ ရှိနေနိုင်တယ်။

ရခိုင်မှာ အလစ်ဝင်တိုက်တဲ့ အကြွေးကို ပြန်ဆပ်ဖို့တပ်မတော်ကလည်း AA ကို အပြုတ်တိုက်မယ်
ကြေညာပြီး တပ်မတော်နဲ့ AA တိုက်ပွဲတွေ ဖြစ်နေချိန်မှာ ဒီလို ရုတ်တရက် နူတ်ထွက်တာ တိုက်ဆိုင်နေတယ်
တပ်မတော်ကို ရခိုင်ပြည်ကို လွှတ်ဖို့ သွားခေါ်တာ သူကိုးဟိုရောက်တော့မှ AA က ဝင်ဆော်တော့
သူလဲ အမှုပတ်မှာ ကြောက်တယ်နဲ့တူပါတယ်။

ဒေါက်တာအေးမောင်နဲ့ AA ပတ်သက်မှု ရှိနေတာက အထောက်အထား အပြည့်အစုံနဲ့ ငြင်းမရတဲ့
သက်သေတွေ ရှိနေတယ်။ ဒေါက်တာအေးမောင် ကိုယ်တိုင် AA ကို ကာကွယ် ထောက်ခံတဲ့ စကားတွေ မကြာခဏ ပြောဖူးတယ်။

ဒါက လူမြင်ကွင်းမှာ မီဒီယာတွေကနေတဆင့် ကိုယ်တွေ သိထားသလောက်ပဲ ရှိသေးတယ်။ ဒီ့ထက်ပိုတဲ့
ပတ်သက်မှုတွေကို တပ်မတော်က ဘယ်လောက်ထိ သိထားပြီးနေပြီလဲ။ ဘာအထောက်အထားတွေ ရှိနေပြီလဲ
ဒါကစောင့်ကြည့်ရပါဦးမယ်။

TNLA ဆီမှာ သတင်းသွားယူတဲ့ မီဒီယာသမား သုံးယောက်တောင် တပ်မတော်ကမထင်ရင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မနဲ့
အရေးယူခဲ့တာ သူလည်း နားလည်မှာပါ

အကယ်၍ နောက်ဆက်တွဲ သူ့အပေါ် အရေးယူမှုတွေ တပ်မတော်ဘက်က မထင်ရင် မထင်သလို လုပ်မလာဖူးလို့
ကျိန်းသေ မပြောနိုင်တဲ့ အနေအထားမှာ သူ့ကြောင့်သူ့ပါတီပါ မတရားအသင်းနဲ့ ဆက်သွယ်တယ်လို့
အမည်တပ်ပြီး ဖျက်သိမ်းအရေးယူခံရမယ့် အခြေအနေမျိုးကို ကာကွယ်ဖို့ လက်ရှိ သက်သေအပြည့်အစုံရှိနေတဲ့ သူကပဲ ကြိုနူတ်ထွက်ထားတဲ့စာကို တမင်ဖြန့်တာ ဖြစ်ပါလိမ့်မယ်။ဒါမှ ပါတီအနေနဲ့ဖြစ်လာရင်လည်း သူ့ကိုလွှဲချပြီး ငြင်းနိုင်ပါလိမ့်မယ်

အခြေအနေတွေ တည်ငြိမ်သွားလို့ အရေးယူမခံရဘူးဆိုရင်တော့ ပါတီက အတင်းပေးမထွက်လို့ပါ ဘာညာနဲ့
ဥက္ကဌနေရာ သူပဲ ပြန်ယူမယ့် အခြေအနေ ရှိပါကြောင်းသုံးသပ်တင်ပြလိုက်ပါတယ် ...

ZN.H

https://m.facebook.com/story.php?story_fbid=361895607589280&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒေါက်တာအေးမောင်ရဲ့ဂျင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...