Thursday, December 7, 2017

ခရိုနီတွေက ဓာတ်ဆီဆိုင်ပိုင် နေမှတော့ ဘယ်လိုလုပ်ပြီး ဈေးချလို့ ရတော့မလဲ

,
နိုင်ငံတကာ ဓာတ်ဆီဆိုင်တွေ ဝင်မှာကို ဘာလို့ပိတ်ပင် နေကြတာလဲရှင်းရှင်းလေးပါ အခု အောက်တိန်း 92 ၁လီတာ
၈၀၀ကျပ်လောက်နဲ့ ရောင်းနေရလို့်ပဲ

အောက်တိန်း 92 လောက်အဆင့်ရှိတာကို စလုံးက အောက်တိန်း 99 ဈေးလောက် လိုချင် နေလို့တော့ ဘယ်ရမလဲ

ခရိုနီတွေက ဓာတ်ဆီဆိုင်ပိုင် နေမှတော့ ဘယ်လိုလုပ်ပြီး ဈေးချလို့ ရတော့မလဲရေနံစိမ်းဈေးနဲ့ ဒေါ်လာဈေးကျလဲ ဓာတ်ဆီဈေးက ထူးပြီး မကျသွားဘဲ မှိန်းပြီး ဆက်ရောင်းနေတက်ပြီဆိုလို့ကတော့ ချက်ချင်းလိုက်တက် တတ်ကြတယ်ဝိသမ လောဘသား သူခိုးတွေ

အင်ဒိုနီးရှားလို တိုင်းပြည်မှာ ပရီမီယံလို့သူတို့ခေါ်တဲ့ဆီဟာ မြန်မာက 92 အဆင့်ရှိတယ်
သူတို့ဆီမှာ ဈေးနှုံးအနည်းဆုံးပဲ သူတို့ငွေနဲ့ ပရီမီယံ တစ်လီတာ ၆၄၀၀... နောက်တစ်မျိုးက ၇၉၀၀လောက်ပဲ...  အမြင့်ဆုံးက ၉၈၀၀ရှိတယ် သူတို့ငွေက  မြန်မာငွေနဲ့ဆို ၁၀ဆလောက်ကွာတယ် ဆိုလိုတာက ၆၄၀ကျပ်ကနေ ၉၈၀ကျပ်လောက်နဲ့ ဆီ၁လီတာရနိုင်တယ်....ဒါတောင် အမြဲတန်း ဈေးနှုံးက အတက်အကျရှိတယ်

ကိုယ်တွေတိုင်းပြည်က မျိုးချစ်တယ် ဘာသာ သာသနာဘာညာသာရကာ လူကြားကောင်းအောင် လျှောက်ပြော နေကြတာ
ဘယ်မလဲ ကိုယ်ချင်းစာနာမှု ယဉ်ကျေးသိမ်မွေ့မှုဓါတ်ဆီဈေးတက်နေမှတော့ သယ်ယူပို့ဆောင်စရိတ်တွေ လိုက်တက် လာမယ်
ကုန်ဈေးနှုံးတွေ လိုက်တက်တော့မှာပေါ့

ကားလမ်းပေါ် ကားမောင်းနေတဲ့လူတွေနဲ့ပဲ ယှဉ်ကြည့်ကားပိုင်လို့ကားမောင်းတိုင်း အဆင့်ရှိတာမဟုတ်ဘူး
အဲ့လူတွေဟာ မြန်မာပြည်ရဲ့ လူလတ်တန်းစားတွေတဲ့ဘယ်မလဲ အလယ်အလတ်လမ်းစဉ်
Educate မဖြစ် စာရိတ္တမကောင်း စည်းကမ်းမရှိဒီလူတွေနဲ့ ဒီတိုင်းပြည် သောက်ချိုးမပြေတာ ဘာမှမထူးဆန်းဘူး

တရုတ်ကပုဆိုးတွေ မလာနဲ့ ငါတို့ဈေးကွက်ပျက်တယ်ဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး
သူတို့လိုလိုက်ရောင်းလေ အဲ့လိုမဟုတ်ဘဲ စားသုံးသူတွေ ဈေးသက်သက်သာသာ မရအောင် လိုက်ပိတ်ပင်နေတာ ကြတော့ အလုပ်မဟုတ်ဘူး

ဟိုးအရင်က နေရှင်နယ်တံဆိပ် လျှပ်စစ်ပစ္စည်းတွေလို ကွာလတီတော့ ကောင်းပါရဲ့ ဈေးနှုံးကတော့ ဂျပန်ပစ္စည်းဈေးဖြစ်နေတော့ ဘယ်လို ဈေးကွက် ဦးမလဲ

YBS ကားတွေ လုပ်တော့ လုပ်ပါရဲ့ လိုအပ်ချက် ဟာကွက်တွေ တပုံကြီးနဲ့ပြည်သူတွေက အားမရ
ချောင်းနေတဲ့သူတွေက တစ်စခန်းထနာမည်ကပျက်ချင်ချင်ကနေ လုံးဝ စုတ်ပြတ်သတ် သွားရတော့မယ်

ကားတွေကို ကဒ်စံနစ်မလုပ်နိုင် သေးသ၍ နာမည်ပျက် နေအုန်းမှာပဲ
ကားမောင်းသူတွေကို အခေါက်ရေနဲ့ မပေးတော့ဘဲ ရတဲ့ထဲက % နဲ့ပေးနေမှတော့ ဘယ်သူက နေ့လည် လူပါးချိန် ထွက်ချင်ပါတော့မလဲ
ပိုဆိုးတာက ပွင့်လင်းမြင်သာမှုမရှိစွာ ပိုက်ဆံပုံးကို ဂိတ်မှူးတွေက ဂိတ်ထဲသယ်ပြီး ကားမောင်းသူလည်း မမြင်ရအောင် ရေတွက်ပြီးပေးနေ ကြတာကတော့ ဘယ်လိုစံနစ်မျိုးပါလိမ့်ငတက်ပြားကို ဘဏ္ဏာစိုးခန့်တာမှ စိတ်ချရသေး

ဒီ ဘတ်စ်ကားစံနစ်ကို အစိုးရ ဝကခ ကိုယ်တိုင်က ဘာမှထိမ်းချုပ်စရာ မလိုတာကိုခုတော့ အစိုးရပဲ အဆဲခံနေရတယ်
အမှန်ဆို ကားကုမ္ပဏီ လေးငါးခုလောက်ကို ၅နှစ် တစ်ကြိမ် တင်ဒါချထား ပေးလိုက် လိုအပ်တဲ့ အခွန်အခ အစိုးရလည်းရ...
သူ့ကားသမား သူ့ဘာသူ ရှင်းလမ်းကြောင်းအရှည်တွေကို တစ်ခြမ်းစီ ပိုင်းပြီး အင်တာချိန်းလုပ်ပေး
လမ်းကြောင်းတူ လိုင်း ၂လိုင်းလောက်ထည့်၁လိုင်းက မဆွဲ ဆန္ဒပြလည်း နောက်တစ်လိုင်းက ရှိနေမှာပဲ

တက္ကစီတွေလည်း အကုန် ကုမ္ပဏီကို ချထားပေးလိုက်အခုဟာက ပရိုက်ဗိတ်ဆိုတော့ ဘယ်လို ထိမ်းချုပ်မလဲ
တက္ကစီမောင်းသူတွေကိုလည်း အသက်ကန့်သတ် ထားလိုက်စင်္ကာပူမှာဆို အသက်၄၀မှ တက္ကစီပေးမောင်းတယ်
လူငယ်တွေက ထစ်ခနဲရှိ ရိုက်မယ်နှက်မယ်ဆိုပြီး စိတ်ကိုမထိမ်းနိုင်လို့တဲ့နောက်တစ်ချက်က လူငယ်တွေက ဘယ်အလုပ်ရှာ လုပ်လုပ် ရနိုင်သေးလို့တဲ့တစ်ရက်၈နာရီ မောင်းချင်ရင် ကြိုပြီး ဘွတ်ကင်လုပ်ထား မနက်လား ညလား Peak hour, Peak day ဈေးမတူဘူးမနက်ပိုင်းကနေ ညနေအထိ ၈နာရီကို ၇၅ဒေါ်လာ ဆီက ကိုယ့်ဘာသာထည့်ကားထုတ်တာ ပြန်အပ်တာ အချိန်စောရတယ်မထုတ်ခင် အကုန်စစ်ဆေးပြီးမှယူနောက်ကျရင် ကြိုအကြောင်းကြားနာရီပိုကြေး ထပ်ပေးရမယ်
ကာစတန်မာ ပါစင်ဂျာ ကွန်ပလိန်း အစိုးရဆီမတက် တော့ဘူးသက်ဆိုင်ရာ ကုမ္ပဏီတွေက လိုက်ရှင်းပေတော့
အလုံးစုံ ထိမ်းချုပ်ဖို့ နက်ဝပ်ကင်းစံနစ်ကြီးတော့ လိုမယ်မှတ်ပုံတင်ကို စကမ်ဖတ်လိုက်တာနဲ့ ဘယ်သူဆိုတာ သိရဖို့
အဲ့လိုမှမဟုတ်ရင် ကားအစီးလိုက် ဖျောက်ပြကြလိမ့် အုန်းမယ်

လမ်းကြေးတွေမကောက်တော့ဘူးတဲ့ ဘယ်ဟုတ်ရမှာလဲခရီးတစ်ခေါက်ထွက်ကြည့် ကုဋေရှစ်ဆယ် သူဌေးသား မွဲသွားတာ မျက်မြင်ကိုယ်တွေ့ဖြစ်သွားလိမ့်မယ်လမ်းကြေး တံတားကြေး မြို့ဝင်ကြေး..... ကိုယ်မသိသေးတဲ့ ဘာမှန်းမသိတာတွေ အများကြီးရှိနေပါလားလို့ အားငယ်မိတော့တယ် မြန်မာပြည်ကြီးရယ်...

Crt ko nyi nyi

https://m.facebook.com/story.php?story_fbid=262802030914181&id=100015531579441

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ခရိုနီတွေက ဓာတ်ဆီဆိုင်ပိုင် နေမှတော့ ဘယ်လိုလုပ်ပြီး ဈေးချလို့ ရတော့မလဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...