Monday, December 4, 2017

"R2P ဆိုတာက"

,
တာဝန်အရ ကာကွယ်ပေးရခြင်းလို့ ခေါ်တဲ့
RESPONSIBILITY TO PROTECT  ကို
("RtoP" သို့မဟုတ် "R2P") ဟု ခေါ်တယ်။

ဘယ်သူတွေက ကာကွယ်ပေးမှာလည်း
ဆိုတော့ ကုလသမဂ္ဂတပ်၊ နေတိုး၊ ဆီးတိုး
စသည်ဖြင့် အဖွဲ့အစည်းတွေက ဝင်ရောက်
ကာကွယ်ပေးမှာ ဖြစ်တယ်။

ကုလတပ်နှင့် ထိုအဖွဲ့တွေ ကာကွယ်ပေး
လို့ရအောင်၊ သက်ဆိုင်ရာ ကဏ္ဏအလိုက်
တာဝန်ယူထားတဲ့ ကုလ အရာရှိတွေနှင့်
နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်
အဖွဲ့တွေ၏ တင်ပြချက်ပေါ် မူတည်ပြီး
ထိုနိုင်ငံကို ဝင်ရောက် ကာကွယ် သင့်/
မသင့်ကို ကုလ လုံခြုံရေး ကောင်စီက
ဆုံးဖြတ်ပါတယ်။

ကုလ လုံခြုံရေး ကောင်စီက ဆုံးဖြတ်တယ်
ဆိုသည့်တိုင်အောင် ထိုကောင်စီက သဘော
မတူသော်လည်း ပြစ်ချက်ရှာပြီး အီရတ်ကို
အမေရိကန်တပ် ဝင်ရောက်ခဲ့တာမျိုးလည်း
ရှိတယ်။

ကုလသမဂ္ဂ ပဋိညဉ်စာတမ်းမှာ နိုင်ငံတစ်နိုင်ငံ
၏ အရေးအရာများသည် နိုင်ငံတကာ၏ ငြိမ်း
ချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်လာလျှင်
စစ်ရေးအရ အသုံးပြုခွင့် ရှိသည်လို့ဆိုထား
တယ်။

အဲဒီ သဘောနဲ့ ပြစ်ချက်ရှာပြီး အမေရိကန်
က အီရတ်ကို ဝင်တာကြောင့် ကျူးကျော်စစ်
လို့ကမ္ဘာက သတ်မှတ်ထားတာ ဖြစ်တယ်။
ပထမပိုင်းမှာ R2P နဲ့ ဝင်ဖို့ လုပ်သော်လည်း
လုံခြုံရေး ကောင်စီက သဘောမတူညီလို့
မဝင်ဖြစ်ခဲ့ဘဲ ဗြိတိန်နဲ့ မဟာမိတ်ဖွဲ့ပြီး ပြစ်
ချက်ရှာ ကျူးကျော်ခဲ့ကြတာ ဖြစ်တယ်။

နောက်တခုက R2P ရဲ့ သဘော သဘာဝအရ
နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးဟာ နိုင်ငံတကာ
ကို မထိခိုက်သော်လည်း မိမိ၏ပြည်သူလူထုကို
အစိုးရ အာဏာပိုင်တွေက ကာကွယ်ရန် ပျက်
ကွက်ခဲ့လျှင်လည်း နိုင်ငံတကာက စစ်ရေးအရ
ဝင်ရောက် ဆောင်ရွက် စွက်ဖက်ခွင့်က ရှိနေပြန်
တယ်။

လစ်ဗျားကို R2P နဲ့ဝင်တာ အဲဒီ သဘောပဲ။

R2P မှာ  ဥပဒေအရ ချုပ်နှောင်မှု မရှိသလို
လက်တွေ့ မည်သို့ ကျင့်သုံးမည် ဆိုသည်နှင့်
စပ်လျဉ်း၍လည်း နိုင်ငံတကာမှာ သဘော
တူညီမှု မရှိသေးပါ။

အဲတော့ အယူအဆတရပ်လို့ ဆိုသော်လည်း
သူတို့ ဝင်ချင်လျှင် အချိန်မရွေး ဝင်လာနိုင်
တယ်။

အရှေ့တောင် အာရှမှာ R2P ဝင်လို့ရတာ
(၃) နိုင်ငံ ရှိတယ်။

ထိပ်ဆုံးက 'မြန်မာ' ပါ။

ကျန်တာက သီရိလင်္ကာနှင့် မြောက်ကိုရီး
ယား ဖြစ်တယ်။

ဗမာပြည်က အလွယ်တကူ ဝင်လို့ရတဲ့
နိုင်ငံ တခု ဖြစ်နေတာက 'လူမျိုးတစ်မျိုး
လုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊
စစ်ရာဇဝတ် ကျူးလွန်မှု၊ လူမျိုးတုံး သတ်
ဖြတ်မှု၊ လူသား ဖြစ်တည်မှုကို ဆန့်ကျင်မှု
(Genocide, War Crimes, Ethnic Clea
-nsing and Crimes against humanity)'
စသဖြင့် အားလုံးသော အချက်အလက်တွေ
နဲ့ ပြီးပြည့်စုံနေတယ်။

ရခိုင်ဒေသရှိ ရိုဟင်ဂျာ မူဆလင် ခြောက်သိန်း
ကျော် တဖက်နိုင်ငံကို အသက်လု ပြေးရတဲ့
အတွက် ရှမ်း၊ ကရင်၊ ကချင် လူမျိုးစုတွေ
အပေါ် မတရား သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်
ခြင်းကို စစ်ရေးအရ လက်နက်သဖွယ် အသုံး
ပြုခဲ့ခြင်းတွေနှင့်ပါ စုပေါင်းပြီး အန္တရယ် အရှိ
ဆုံး တိုင်းပြည် အဖြစ် 'အနီရောင်' အဆင့်ကို
သတ်မှတ်ထားတာ ဖြစ်တယ်။

အဲသလို သတ်မှတ်နိုင်အောင် ဗမာပြည်တွင်း
မှာ လူ့အခွင့်အရေး ချိုးဖောက်မှု မှန်သမျှကို
တခုခြင်း၊ တချက်ခြင်း စောင့်ကြည့် မှတ်တမ်း
တင်ကာ ကုလ လုံခြုံရေး ကောင်စီကို သတင်း
ပေးပို့နေတာလည်း အခြားသူတွေ မဟုတ်ဘူး၊
အဲ့ဒီ R2P ကို ရေးဆွဲထားတဲ့ 'ကိုဖီ အာနန်
(Kofi A. Annan)' တို့ အဖွဲ့ပဲ ဖြစ်တယ်။

အဲဒါကြောင့် အာနန် အစီရင်ခံစာကို သဘော
အရ လက်ခံမယ်လို့ ပြသနာ စဖြစ်ခါစမှာ
မယုတ်မလွန် ပြောပေမယ့် နောက်ပိုင်းကျ
လက်မခံရဲဘဲ အသေကြောက်နေကြတာ
အထက်ပါ အချက်တွေကြောင့်ဖြစ်တယ်။

အချုပ် ပြောရရင် R2P နဲ့ ကုလက အမိန့်
ပေးလိုက်ရင် ဒါမှမဟုတ်လည်း ကုလ လုံခြုံ
က သဘောတူသည် ဖြစ်စေ မတူသည် ဖြစ်
စေ 'Southeast Asia Treaty Organizat
-ion' လို့ခေါ်တဲ့ (SEATO) အဖွဲ့အစည်း၊
သို့မဟုတ်ပါကလည်း အမေရိကန်တပ်တွေ
ဦးထုပ်ပြာလေးတွေ ဆောင်းပြီး အချိန်မရွေး
ဝင်ရောက် ထိန်းသိမ်း နိုင်တယ်ဆိုတာ
သတိချပ်ဖို့ ကြပ်ကြပ် လိုပါတယ်။

(Andrew Soe)
၃ ဒီဇင်ဘာ ၂၀၁၇။


https://m.facebook.com/story.php?story_fbid=2097503063869610&id=100008298112541

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ "R2P ဆိုတာက"”

Post a Comment

Related Posts Plugin for WordPress, Blogger...