Sunday, December 17, 2017

R2P လာဖူးပြီ

,
R2P (Responsibility to Protect) ဆိုတာကြီးကို ကိုယ်လည်း ခုမှကြားဖူးတယ် ။

ဘယ်လိုပဲပြောပြော ကိုယ့်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး
ရောက်လါတါမို့ ၊ ဘဝခရီးရဲ့ အစိတ်ပိုင်းတစ်ခု ဖြစ်လာတာပေါ့ ။
.
R2P ဟာ အခြေခံအားဖြင့် - နိုင်ငံတကာမှာ မဖြစ်သင့်ပဲ ဖြစ်ခဲ့တဲ့
ကြီးမားတဲ့ ရက်စက်-ကြမ်းကြုတ်-ယုတ်မာမှုတွေကို တုန့်ပြန်နိုင်ဖို့
နိုင်ငံအားလုံးနီးပါးက ၂၀၀၅ ခုနှစ်မှာ သဘောတူခဲ့ကြတဲ့ ကိစ္စရပ်
တစ်ခုဖြစ်တယ် ။
.
အဓိကအချက် (၃) ချက် ပါတယ် ။

(၁) နိုင်ငံတိုင်း ကိုယ့်နိုင်ငံသားတွေကို အကာကွယ်ပေးဖို့ တာဝန်ရှိတယ် ။

(၂) နိုင်ငံတကာကလည်း ဒီတာဝန်ကျေအောင် အားပေးကူညီဖို့ တါဝန်ရှိတယ် ။

(၃) နိုင်ငံတစ်နိုင်ငံဟာ အဲဒီတာဝန်ကို မကျေပွန် မလုပ်ကိုင်နိုင်ရင်
နိုင်ငံတကာအသိုင်းဝိုင်းက ကုလသမဂ္ဂစည်းမျဉ်းနဲ့အညီ သင့်တော်တဲ့
လုပ်ရပ်တွေကို ပြတ်ပြတ်သားသား အချိန်မီ စုပေါင်းအကောင်ထည်ဖေါ်ဖို့
အသင့်ရှိကြရမယ် - စသည်ဖြင့် အတိုချုပ်ပြောနိုင်တယ် ။
.
ဒီလို စွက်ဖက်လုပ်ကိုင်တာဟာ -
သက်ဆိုင်ရာနိုင်ငံရဲ့ 'အချုပ်အချာအါဏါ' ကို ပိုခိုင်မာအောင်
အကူညီပေးတာဖြစ်တဲ့အတွက် ၊ 'အချုပ်အချာအါဏါ' ဆိုတဲ့
စကါးလုံးကိုသုံးပြီး နိုင်ငံတကာက ဝင်မစွက်ဖက်ဖို့ အကြောင်းပြ
ပြောဆိုတာတွေဟာ ပျက်ပျယ်တယ်လို့ သဘေါတရားပိုင်းအရ
သတ်မှတ်တယ် ။
.
ဗမာပြည်နဲ့ပတ်သက်လို့ သမိုင်းကြောင်းနည်းနည်း လှန်ဖို့လိုမယ် ။
.
(က) ဒီကိစ္စ မြန်မာတိုင်းမ်းမှာ ၂၀၁၄ ကတည်းက ဆေါင်းပါးအဖြစ် ပါခဲ့ပြီးသား ။
လူတွေ စိတ်ဝင်စားမှုနည်းပြီး ၊ တါဝန်ရှိသူတွေရဲ့ ရည်ရွယ်ချက်ရှိရှိ
ထိန်ချန်ထားတာတွေကြောင့် ၊ လူတွေ ကျယ်ကျယ်ပြန့်ပြန့်
မသိခဲ့ကြဘူးလို့ ပြောနိုင်တယ် ။
.
ဆောင်းပါးမှာ ထုတ်ထားတဲ့ မေးခွန်းတချို့က -

- ဗမာပြည်ဟာ R2P ကို ပါဝင်လက်မှတ်ထိုးထားတာ ပြည်သူတွေ သိကြရဲ့လား ။

- သက်ဆိုင်ရာ သဘေါတူညီချက်ကို ဒေသစကါးတွေနဲ့ ဘါသါပြန် ဖြန့်ဝေပေးတာ
ရှိရဲ့လား ။

- R2P ရဲ့ ဂယက်ရိုက်မှုကို နားလည်ကြရဲ့လား - စသည်ဖြင့် ဖြစ်တယ် ။

ဆောင်းပါးထွက်တာ ၃-နှစ် ကြာသွားပေမယ့် ဘါမှ တိုးတက်မှုမရှိတာ
သတိထားမိကြမယ်လို့ ယုံကြည်တယ် ။
.
(ခ) လက်လှမ်းမီသမျှ - ၂၀၁၀ မှာကတည်းက ကုလသမဂ္ဂကို
R2P အတွက် တင်ပြထားခဲ့တာ ရှိတယ်လို့တွေ့မိတယ် ။
.
အဲဒီတုန်းက ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ 'ကချင်' နာမည်တောင်
မပါသေးဘူး ။ အရှေ့ဖက်က ရှမ်း-ကရင်နီ-ကရင်နဲ့ အနောက်ဖက်မှာ
ချင်း-ရိုဟင်ဂျာနာမည်တွေ တပ်ထားတယ် ။
.
R2P ကို မြန်မာအစိုးရ လက်မှတ်ထိုးပြီး '၄' ရက်အကြာမှာစတဲ့
ရှမ်းပြည်တွင်းက စစ်တပ်အကြမ်းဖက်မှုတွေကြောင့် လူပေါင်းသေါင်းချီ
ထွက်ပြေးရတာကို ဖေါ်ပြထားသလို ၊ စစ်တပ်ရဲ့လက်ဝေခံ အကြမ်းဖက်
သူတွေထဲက ကရင်ခွဲထွက် 'DKBA' ကိုလည်း နာမည်အတိကျ တပ်
ထားတယ် ။
.
(ဂ) R2P နဲ့ပတ်သက်တဲ့ ကုလသမဂ္ဂ ဆွေးနွေးပွဲတွေမှာ
မြန်မာကိုယ်စားလှယ်အဖွဲ့က ခပ်တည်တည်နဲ့ မိန့်ခွန်းဝင်ပြောခဲ့တာ
အနည်းဆုံး ၂ ကြိမ်ရှိတယ် ။ (ပိုရှာရင် ပိုတွေ့နိုင်တယ်) ။
.
- အဲဒီ မိန့်ခွန်းတွေဟာ အများစုက စစ်အစိုးရအောက်ကါလမှာ ပြောခဲ့
တာတွေဖြစ်တယ် ။

- ပြည်တွင်းမီဒီယာမှာ ဘယ်တုန်းကမှ ပြန်မဖေါ်ပြခဲ့တာကြောင့် -
အစိုးရရဲ့ လျှာနှစ်ခွ-မျက်နှာနှစ်ဖက်နဲ့ နိုင်ငံတကာမှာ လုပ်စားလာခဲ့တာကို
သိခွင့်ရတယ် ။
.
အဆုံးသတ်အနေနဲ့ အချက်တချို့ ချရေးကြည့်မယ် ။
.
> ပြည်ပက စစ်ရေးအရ ဝင်စွက်ဖက်မလား ကျနော်တထစ်ချ မပြောနိုင်ပါ ။
.
> ဝင်မယ်ဆိုရင်လည်း - လက်နက်မဲ့ ၊ စောင့်ကြည့်ရေးအဖွဲ့ ၊ လုံခြုံရေးနဲ့
အခြေခံလူမှုအကူညီတွေကို စီမံမယ့် အဖွဲ့ငယ်တွေအနေနဲ့ ဝင်ကောင်းလည်း
ဝင်နိုင်ပါတယ် ။
.
> ပထမ-နိုင်ငံ ၊ ဒုတိယ-ခေါင်းဆောင် ၊ တတိယနဲ့ အဆိုးဆုံးက-စစ်ခေါင်း
ဆောင်တွေ နိုင်ငံတကါမှာ "တရားဝင်" သိက္ခာကျသွားပါပြီ ။
.
> အကောင်းဖက်က အတိုဆုံးပြောရရင် - ဒီကိစ္စဟာ ဒီကလူအချို့ကို
အရိုင်းစိုင်းဘဝကနေ ဆွဲတင်ပေးမယ့် ဖြစ်စဉ်တစ်ခုပဲ ။ (ငြင်းချင်သလိုငြင်း ၊
ကိုယ့်အတွေ့ကြုံနဲ့ ဖတ်မှတ်မိသမျှကတော့ အဲဒီလိုပဲ ညွှန်းနေတယ်) ။
.
> ကောင်းလာမလား ဆိုးသွားမလား - ကိုယ်လည်း မပြောတတ်ဘူး ။

- ပြည်တွင်းကစားသမားတွေ
- ပြည်ပကစားသမားတွေ
- လူအများရဲ့ အခြေခံစိတ်နေစိတ်ထားတွေ
- မမျှော်လင့်တဲ့ မောင်းဖြုတ်မယ့်ကိစ္စတွေ စသည်ဖြင့် ထည့်တွက်စရာ
အများကြီးမှ အများကြီးမဟုတ်လား ။
.
အထူးသဖြင့် ပြည်တွင်းမှာကြည့်ရင်လည်း -
ဖမ်းထားတဲ့သူတွေကို တနေကုန် ရက်ရက်စက်စက် နှိပ်စက်ရိုက်နှက်
နေတဲ့ ထောက်လှမ်းရေး-ထောင်ဝန်ထမ်း-ရဲဆိုသူတွေတောင်မှ ၊
အိမ်ပြန်ရောက်ရင် ပုတီးလေးကိုင်ပြီး သူ့ကိုယ်သူတော့ သူတော်ကောင်း
လို့ အတင်းကြီးကို ထင်ချင်ကြသေးတာပဲလေ ။
.
တော်ပါပြီလေ ၊ အမှားနည်းအောင် စကါးလည်း နည်းနည်းပဲပြောတာ
ပိုကေါင်းမယ်ထင်ပါတယ်လေ ။

Cd Mahn Koko ထံမှ ကူးယူသည်။

https://m.facebook.com/story.php?story_fbid=514300075617395&id=100011122213454

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ R2P လာဖူးပြီ”

Post a Comment

Related Posts Plugin for WordPress, Blogger...