Monday, July 30, 2018

အစိုးရရဲ့ စွမ်းရည်ကိုပါ စစ်ဆေးတဲ့ ပွဲ -သက္ကမိုးညို

,
အောင်ရဲထွေး အမှုမှာ ပြည်သူတွေ မကျေနပ်ကြတာနဲ့ corrective action အနေနဲ့ (ခရိုင်တရားရုံးရဲ့ အမိန့်ကို ပယ်ဖျက်ဖို့ တိုင်းဒေသကြီး ဥပဒေချုပ်ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက အကြောင်းကြားတယ်)လို့ ဦးဇော်ဌေး အကောင့်မှာ တင်ထားပါတယ်။

တကယ်တော့ ဒါဟာ corrective action မဟုတ်ပါ။ အမှုရဲ့ ဦးတည်ချက်သည် လွတ်သွားတဲ့ သုံးယောက်ကို အပြစ်ပေးရေး ထက် ဒီအမှုရဲ့ နောက်ကွယ်မှာ ဘယ်သူက ပါဝင် ကစားနေသလဲ ဆိုတာ ဖေါ်ထုတ်ဖို့ ဖြစ်သွားပါပြီ.

၂၅ ရက်နေ့မှာ အမှုကို ရုတ်သိမ်းကြောင်း သိရတယ်။ ၂၇ ရက်နေ့ ကြေးမုံ သတင်းစာမှာ ဆောင်းပါးရှင် မောင်စာဂရဲ့ တရားသေ၊ တရားရှင် လွှတ်ခြင်းနဲ့ ဥပဒေ ဆိုပြီး ဥပဒေရေးရာ ကဏ္ဍသစ် ပါလာတယ်။ ၂၇ရက်နေ့ မြန်မာ့အလင်းသတင်းစာမှာပဲ ဆောင်းပါးရှင် ကျော်ဝင်းနီရဲ့ ကိုယ့်တာဝန် ကိုယ်လုပ်ပါဆိုပြီး ပြည်သူ့ သဘောထားစင်မြင့် ကဏ္ဍသစ် ပါလာတယ်။ ကဏ္ဍသစ်နှစ်ခုစလုံးဟာ တရားခံကို လွှတ်ပစ်ခွင့်ရှိတယ်ဆိုတာကို ဥပဒေကြောင်းကနေ ထောက်ခံထားတယ်။ သေသေချာချာဖတ်ရင် ဒီကေ့စ်ကိုပဲ ရည်ညွှန်းနေတာဖြစ်တယ်။

သေချာတာက စာတည်းအဖွဲ့ဟာ ဒီဆောင်းပါးတွေဟာ ရေးသားသူရဲ့ အာဘော်သာ ဖြစ်တယ် ဆိုပြီး ရေးထားကြတာပါ။ ဒါဟာ တစုံတခုများ ဖြစ်လာရင် ဖွင့်ထားတဲ့ ဂယ်ပေါက်တွေပါ

ပြောချင်တာ နိုင်ငံပိုင် သတင်းစာကနေတောင် (တစောင်တောင် မဟုတ်၊ နှစ်စောင်လုံး) တရားခံကို ကာကွယ်တဲ့သဘော သက်ရောက်တဲ့ ဆောင်းပါးတွေထည့်သွင်းပေးခဲ့ရတဲ့ လက်တံရှည်မှုဟာ ဖေါ်ထုတ်ရမယ့် ကိစ္စ ဖြစ်သွားပါပြီ။

နောက်တချက်၊ ဦးဇော်ဌေးရဲ့ စတေးတပ်မှာ တရားလိုပြ သက်သေ ၂၂ဦးရှိတဲ့အထဲမှာ ၁၄ဦးပဲ စစ်ရသေးတာကို ကျန်သက်သေတွေ မစစ်ပဲ ကျေအေးခွင့် ပေးလိုက်တယ်ဆိုတာ ထပ်တွေ့ပါတယ်။ ဒါဆိုရင် တရားလိုပြသက်သေ မစုံခင် ကျေအေးခွင့် တင်ခဲ့တဲ့ ခရိုင်ဥပဒေချုပ်၊ ကျေအေးခွင့် ပြုခဲ့တဲ့ တရားသူကြီး တွေကို သေသေချာချာ စစ်ဆေးဖို့ လိုနေပါပြီ။

ပြည်သူလိုချင်တာ အမှု ပြန်စစ်တာတင် မကတော့ပါဘူး။ နောက်ကွယ်က တစုံတရာ ရှိနေမှန်း သေချာနေရဲ့နဲ့ အမှုလေး ပြန်စစ်လိုက်ကွာ ဆိုပြီး လေပြေထိုးသလို လုပ်တာကိုပါ မကျေနပ်တာ။

ဆက်စပ် ကိစ္စတွေပါ ဖေါ်ပေးစေချင်ပါတယ်။ သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ကျေနပ်ရုံ ဆိုတာထက် ဒါဟာ corruption ကို တိုက်ဖျက်မယ်လို့ ကြွေးကြော်လာတဲ့ အစိုးရရဲ့ စွမ်းရည်ကိုပါ စစ်ဆေးတဲ့ ပွဲ ဖြစ်လာပါလိမ့်မယ်



https://m.facebook.com/story.php?story_fbid=700062620329953&id=100009786643982

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အစိုးရရဲ့ စွမ်းရည်ကိုပါ စစ်ဆေးတဲ့ ပွဲ -သက္ကမိုးညို”

Post a Comment

Related Posts Plugin for WordPress, Blogger...