Wednesday, August 1, 2018
မြန်​မာ့သမိုင်းကမ​ပြော​သောသမိုင်း
,
ကိုလိုနီ​ခေတ်​နဲ့ပက်​သက်​ပြီး သမိုင်းဆရာအများစု မ​ပြောဘဲချန်​ခဲ့တဲ့အ​ကြောင်းအရာတစ်​ခုရှိပါတယ်​။သိသိကြီးနဲ့မ​ပြောတာလား အမျိုးသား​ရေး​ကြောင့်မ​ပြောတာလား ဆိုတာ​တော့မ​ပြောတတ်​ဘူး။ဒါ​ပေမဲ့ ဒီအ​ကြောင်းအရာဟာ အမျိုးသားအစိုးရ​ခေတ်​နဲ့လည်းလုံးဝပါဝင်​ပက်​သက်​​နေတာမို့ အ​ရေးကြီးပါတယ်​။အဲဒါက​တော့ ကိုလိုနီ​ခေတ်​မှာ လူလတ်​တန်းစားဖြစ်​ထွန်းမှုကိုဖြစ်​​စေခဲ့တဲ့ အိန္ဒိယသားများဝင်​​ရောက်​လာခြင်းပါပဲ။အိန္ဒိယသား​တွေဆိုရာမှာ ဟိန္ဒူ ဘာသာဝင်​၊အစ္စလာမ်​ဘာသာဝင်​၊စတဲ့ ၂မျိုးစလုံးပါဝင်​ပါတယ်​။ဥ​ရောပဘဏ်​​တွေမြန်​မာပြည်​မှာလာ​ရောက်​လုပ်​ကိုင်​ကြ​ပေမဲ့ ချစ်​တီး​တွေရဲ့ ​ငွေဖြန့်​ကျက်​ထားနိုင်​မှုကို မမီဘူး။ဝေးလံ​ခေါင်​သီအရပ်​​ဒေသ​တွေအထိသွား​ရောက်​ပြီး​ငွေထုတ်​​ချေး​ပေးကြတာဖြစ်​တယ်​။ဗမာလူထုက ပညာနည်းပါးတာ​ကြောင့် ဘဏ်​​တွေက​နေ တိုက်​ရိုက်​​ငွေ​ပေး​ငွေယူမလုပ်​တတ်​ဘူး။ဒီချက်​ဟာ ချစ်​တီး​တွေကိုအဓိကအားကိုးရ​စေတဲ့အချက်​ဖြစ်​ခဲ့တယ်​။ချစ်​တီး​တွေရဲ့ ချက်​တီးယားစ်​ဘဏ်​ဟာ ကိုလိုနီ​ခေတ်​မှာ အခြား​သောဥ​ရောပဘဏ်​​တွေထက်​များစွာအရည်​အ​သွေးပိုမိုမြင့်မားစွာရပ်​တည်​ခဲ့တယ်​။ယခုသိမ်​ကြီး​ဈေးဖြစ်​​နေတဲ့​ဈေးကိုတစ်​ချိန်​ကစူရသီဘဇားလို ​ခေါ်ခဲ့ကြဖူးတယ်​။စီးပွား​ရေးရှု​ထောင့်ကကြည့်​ရင်​ အိန္ဒိယသား​တွေဝင်​​ရောက်​လာတာဟာ မြန်​မာပြည်​စီးပွား​ရေးကိုအား​ကောင်း​စေခဲ့တယ်​။အင်္ဂလိပ်​ကမြန်​မာပြည်​ကိုသိမ်းလိုက်​တဲ့အခါ မြန်​မာပြည်​ဟာ အိန္ဒိယနိုင်​ငံရဲ့ ပြည်​နယ်​တစ်​ခုဖြစ်​သွားခဲ့တယ်​။အဲဒီအချိန်​က မြန်​မာပြည်​လူဦး​ရေဟာ၅​သန်း​လောက်​ရှိမယ်​လို့ခန့်​မှန်းကြတယ်​။လူဦး​ရေကနည်း၊စီးပွား​ရေးကမရှိ၊အလုပ်​လုပ်​တတ်​သူကနတ္ထိ၊​စိုက်​ပျိုး​မြေ​တွေက​ပေါခြင်း​သောခြင်းဖြစ်​​နေချိန်​ဆို​တော့ စီးပွား​ရေးအ​ခြေပြု ကိုလိုနီအစိုးရဟာ အိန္ဒိယသား​တွေကို​ခေါ်သွင်းလာဖို့အ​ကြောင်းဖန်​ခဲ့တယ်​။
၁၉၃၅မှာ မြန်​မာပြည်​ဟာခွဲ​ရေး​ကြောင့်ဗြိတိသျှအင်​ပါယာအတွင်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်ရတဲ့နိုင်​ငံဖြစ်​လာ​ပေမဲ့ ဗမာ့​ငွေ​ကြေးစနစ်​ဟာ ဗြိတိသျှအိန္ဒိယ​ငွေ​ကြေးစနစ်​​အောက်​မှာသာရှင်​သန်​ခဲ့ရတယ်​။အဲဒီအချိန်​ဗမာပြည်​ကိုဂျပန်​သိမ်းလိုက်​​တော့ ​ငွေ​ကြေးစနစ်​ပျက်​စီးသွားတယ်​။ဂျပန်​ကအာရှသာတူညီမျှ​ရေးလို့အသံ​ကောင်းဟစ်​​ပေမဲ့ ကိုလိုနီနိုင်​ငံကိုစနစ်​တကျထူ​ထောင်​​ပေးဖို့ရည်​ရွယ်​ချက်​မရှိဘူး။ဂျပန်​စက်​မှုနိုင်​ငံကြီးရဲ့ လက်​​အောက်​မှာထားဖို့သာရည်​ရွယ်​တယ်​။ဂျပန်​​ခေတ်​ကာလဟာ ဗမာပြည်​မှ​ငွေ​ကြေးစနစ်​အမြစ်​တွယ်​​နေခါနီးအမြစ်​ပြုတ်​ခံရသလိုဖြစ်​သွားတယ်​။ဂျပန်​​တွေစစ်​ရှုံး
ပြီး ထွက်​သွားတဲ့အခါ ကိုလိုနီ​ခေတ်​ဗမာဗဟိုဘဏ်​ကပြန်
ပြီးတာဝန်​ယူရတယ်​။ဗမာ့ဗဟိုဘဏ်​ကိုအိန္ဒိယဘဏ်​ကထိန်း​ကျောင်း​ပေးရတယ်​။
၁၉၃၅ကိုယ်​ပိုင်​အုပ်​ချုပ်​​ရေးစနစ်​​ကြောင့်ဗမာပြည်​ကိုကိုယ်​ပိုင်​​ငွေ​ကြေးစနစ်​တစ်​ရပ်​​ထူ​ထောင်​​ပေးဖို့လည်းရှိ​နေတယ်​။ကိုလိုနီ​ခေတ်​မှာအိန္ဒိယစီးပွား​ရေးဟာအထိုင်​ကျ​နေပြီ။မြန်​မာပြည်​မှာက စနစ်​တကျ​ငွေစု​ဆောင်းသူမရှိ​တော့ ဗမာလူလတ်​တန်းစား​ပေါ်မလာခဲ့ဘူး။ဒါ​ပေမဲ့ ဗမာလူချမ်းသာ​တော့​ပေါ်လာတယ်​။စာမတတ်​ ​ပေမတတ်​ရရစားစား ဆင်းရဲသားနဲ့လူချမ်းသာက​တော့ ဗမာလူထုထဲမှာဆက်​ရှိ​နေဆဲပါ။ဒါ​ကြောင့်အဲဒီအချိန်​မြန်​မာပြည်​မှာတိုင်းရင်းသားအများစုက ဆင်းရဲနိမ့်ကျတဲ့ဘ၀က အနည်းငယ်​လူ​နေမှုအဆင့်အတန်းမြင့်လာတာ​တော့ရှိတယ်​။အများစုက ပ​ဒေသရာဇ်​​ခေတ်​မှာဆင်းရဲသလို ကိုလိုနီ​ခေတ်​မှာကြိုးစားရင်​ပ
ညာ​ရေးစီးပွား​ရေးအရာရာမှာမြင့်တက်​နိုင်​​ပေမဲ့ ပညာ​ရေးအတွက်​​ငွေကုန်​မခံဘူး။စီးပွား​ရေးမှာလည်းရရစားစား​နေတယ်​။နည်းနည်းရ​တော့နည်းနည်းစားတယ်​။များများရ​တော့များများဖြုန်းတယ်​။ဒါ​ကြောင့်လူများစုကဆင်းရဲ​နေတယ်​။ချမ်းသာသူလူနည်းစုဖြစ်​​နေပြီး ဆင်းရဲ ချမ်းသာကွာဟချက်​ကြီး​နေတာ​ကြောင့် ဗမာ့စီးပွား​ရေးဟာ ​ကောင်း​ကောင်းအ​ခြေမကျဘူးလို့ဆိုရမှာဖြစ်​တယ်​။
သို့​သော်​ အိန္ဒိယနိုင်​ငံရဲ့ ပြည်​နယ်​အဆင့်ဖြစ်​​နေတာ​ကြောင့် အခြားပြည်​နယ်​​တွေက၀န်းရံထားတာ​ကြောင့်အ​ခြေ​နေဟာသိပ်​မသိသာဘူး။စီးပွား​ရေးမှာသာဗမာပြည်​ဟာ​နောက်​ကျ​နေတာပါ။နိုင်​ငံ​ရေးနိုးကြားမှုမှာ​တော့ထိပ်​ဆုံးကစရင်းဝင်​တယ်​။ကိုလိုနီသား​တွေကိုထာဝရဖိနှိပ်​ထားလို့မရဘူးဆိုတာ အင်္ဂလိပ်​က​ကောင်း​ကောင်းသိတယ်​။တစ်​​နေ့မဟုတ်​တစ်​​နေ့ မလွဲမ​သွေလွတ်​လပ်​​ရေး​ပေးရမယ်​ဆိုတာလည်းသိတယ်​။ဒါ​ကြောင့်အင်္ဂလိပ်​ကစနစ်​တကျဖြစ်​​ပေါ်လာဖို့ရည်​ရွယ်​တယ်​။
ခွဲ​ရေး/တွဲ​ရေးဖြစ်​လာ​တော့ တွဲ​ရေးဘက်​က မဟတ္တမဂန္ဒီ
ကြီးကိုယ်​တိုင်​​ရောက်​လာပြီးအား​ပေးစကား​ပြောတယ်​။
...ဗမာပြည်​သည်​ မူလကတည်းကအိန္ဒိယအင်​ပါယာနဲ့ ဘာမှမသက်​ဆိုင်​​တာ​ကြောင့်တွဲထားပြီးအုပ်​ချုပ်​​ရေးအဆင့်
တိုးမြှင့်​ပေး​ရေးအတွက်​အတူတကွကြိုးပမ်းကြမယ်​။အလိုရှိတဲ့ အုပ်​ချုပ်​​ရေးအဆင့်အတန်းရတဲ့အခါခွဲထွက်သင့်တယ်​.....လို့ အကြံပြု တယ်​။အင်္ဂလိပ်​ကလည်း ဗမာ​တွေခွဲထွက်​မှာကိုလိုလားတယ်​။
ဗမာနိုင်​ငံ​ရေးသမား အမျိုးသား​ရေးဝါဒီဝံသာနု ​တွေကလည်း တွဲ​ရေးကိုလုံးဝလက်​မခံဘူး။ဒါဟာအင်္ဂလိပ်​အကြိုက်​ဖြစ်​​စေတယ်​။ဘာ​ကြောင့်လဲဆို​တော့ အိန္ဒိယနိုင်​ငံ​ရေးသမား​တွေဖြစ်​တဲ့ ဂန္ဒီ၊​နေရူး၊မိုဟာမက်​အလီဂျင်းနား၊ပ​တေး၊ဆူဘတ်​ချန်​ဒရာဘိုစ့် စသည့်အားလုံးဟာ အင်္ဂလန်​ကဘွဲ့ယူလာတဲ့ ၀တ်​လုံ​တွေ၊သိပ္ပံပညာတတ်​​ပညာရှင်​အဆင့်​တွေဖြစ်​​နေတယ်​။ဗမာနိုင်​ငံ​ရေးသမား​တွေထဲမှာ ​ဒေါက်​တာဘ​မော်​တစ်​​ယောက်​ကလွဲပြီး ကျန်​တာအားလုံးသူပုန်​​ကျောင်းသား​တွေချည်းပဲ။ပညာတတ်​​တွေမဟုတ်​​နေဘူး။ပုန်​ကန်​မယ်​ ကိုလိုနီအစိုးရအခက်​ခဲဖြစ်​​အောင်​လုပ်​မယ်​ အခွင့်အ​ရေး​တောင်းမယ်​ ဒီစိတ်​ကူးသမား​တွေချည်းတက္ကသိုလ်​နယ်​​မြေမှာအများဆုံးဖြစ်​​နေတာပါ။ဒါ​ကြောင့် ဗမာပြည်​ဟာ အိန္ဒိယက​နေခွဲထွက်​လိုက်​ရင်​ နိုင်​ငံ​ရေးအရ​ခေတ်​​နောက်​ကျသွားမယ်​လို့ အင်္ဂလိပ်​ကယူဆတယ်​။
၁၈၈၅မှာအင်္ဂလိပ်​သိမ်းပြီး​တော့ ဗမာပြည်​ကိုအိန္ဒိယနိုင်​ငံထဲပစ်​သွင်းလိုက်​တယ်​။၁၈၃၉က​နေ ၁၈၆၁ခုနှစ်​အထိ ဗမာပြည်​မှာအသုံးပြုခဲ့တဲ့​ငွေစက္ကူ  ​တွေဟာ ဘုံ​ဘေဘဏ်​၊မဒရပ်​ဘဏ်​နဲ့ ဘင်္ဂလားဘဏ်​​တွေကထုတ်​​ဝေတဲ့​ငွေစက္ကူ  ​တွေဖြစ်​တယ်​။၁၈၆၁ခုနှစ်​မှာ ​ငွေစက္ကူ အက်​ဥပ​ဒေ(The Paper Currency Act of 1861)ကိုထုတ်​ပြန်​ပြီးဗြိတိန်​ကိုလိုနီဖြစ်​တဲ့ဗမာပြည်​မှာဗြိတိန်​​ငွေစက္ကူ  ​တွေ၊အိန္ဒိယဘဏ်​က​ငွေစက္ကူ  ​တွေ နဲ့ Government bonds (အစိုးရ​ငွေတိုက်​စာချုပ်​)​တွေကိုတရားဝင်​၀ယ်​ယူခွင့်၊​ရောင်းချခွင့်၊လွှဲ​ပြောင်းခွင့်ရှိတယ်​လို့​ဖော်​ပြတယ်​။၁၈၆၁ခုနှစ်​မှာ ရန်​ကုန်​မှာ ဗမာပြည်​ဘဏ်​အမှ​တ်​၁ ကို တည်​​ထောင်​တယ်​၁၈၆၅ ​မော်​လမြိုင်​မှာ ဘဏ်​အမှတ်​၂ကိုတည်​​ထောင်​တယ်​။၁၈၆၆ စစ်​​တွေမှာဘဏ်​အမှတ်​၃ကိုတည်​​ထောင်​တယ်​။အထက်​ဗမာပြည်​ကိုသိမ်းပိုက်​ဖို့အားလုံးပြင်​ဆင်​ပြီး အသင့်ဖြစ်​တဲ့အခါ အိန္ဒိယ​ငွေစက္ကူ  အက်​ဥပ​ဒေ(The Indian Paper Currency Act of 1882)ကိုထုတ်​ပြန်​တယ်​။အိန္ဒိယ​ငွေစက္ကူ  ကိုအလွယ်​တကူပြဋ္ဌာန်းခဲ့တာမဟုတ်​ဘူး။အခက်​အခဲဖြစ်​နိုင်​တာ​တွေကို​လေ့လာပြီး ​ငွေတန်​ဖိုးခိုင်​မာ​စေဖို့ ​ရွှေစံချိန်​(The gold-Standard)ပြု လုပ်​ခဲ့ရတယ်​။၁၈၈၂ဥပ​ဒေကိုတရားဝင်​ထုတ်​ပြန်​တယ်​။အိန္ဒိယ​ငွေစက္ကူ ကို​ရွှေစံချိန်​နဲ့တရားဝင်​ပြု လုပ်​တာ​ကြောင့် ​ငွေစက္ကူ ​ပေးပြီး​ရွှေနဲ့လဲယူနိုင်​တယ်​။ကုန်​သည်​​လောကမှာ ​ရွှေဒင်္ဂါး​တွေ၊​ရွှေ​ချောင်း​တွေပိုက်​ပြီးလိုက်​၀ယ်​စရာမလို​တော့ဘူး။ငွေကိုင်​ပြီးဝယ်​ယူရုံပဲ။၁၈၈၂ဥပ​ဒေအရ ​​ရွှေနဲ့ရူပီ​ငွေလဲလှယ်​နှုန်းဟာ တန်​ဖိုး​သေဖြစ်​တယ်​။တစ်​ရူပီဟာ ​ရွှေသား ၇.၅၃၃၄၄ဂရမ်​ (One Rupee per 7.53344 grams of fine gold)ဖြစ်​တယ်​။စတာလင်​​ပေါင်​​ငွေနဲ့ ရူပီ​ငွေလဲလှယ်​နှုန်းဟာ တစ်​စတာလင်​​ပေါင်​ဟာ ဆယ်​ငါ့ရူပီဖြစ်​တယ်​။ဗြိတိန်​ဟာ​ငွေ​ကြေးဥပ​ဒေအဲဒီလိုပြဋ္ဌာန်းပြီးတာနဲ့ အဓိကအချက်​အခြာမြို့​တွေမှာ ရူပီ​ငွေ​တွေကိုဖြန့်​ကျက်​​ပေးထားလိုက်​တယ်​။
အဲဒီ​ရွှေနဲ့စံတန်​ဖိုးလုပ်​ထားတဲ့​ငွေစက္ကူ  ရူပီကို ဗမာပြည်
မှာဖြန့်​​တော့အင်္ဂလိပ်​အစိုးရအလွန်​သတိထားခဲ့ရတယ်​။လူထုထိန့်​လန်​မသွား​စေဖို့ဂရုစိုက်​ခဲ့ရတယ်​။ပ​ဒေသရာဇ်​​ခေတ်​က​ငွေ​ကြေးစနစ်​မရှိခဲ့ဘူး။ကုန်​ပစ္စည်းချင်းဖလှယ်​တဲ့စနစ်​ပဲရှိခဲ့တာပါ။ဒါ​ကြောင့်ဗမာလယ်​သမား​တွေကို ထုတ်​​ဝေထားတဲ့​ငွေစက္ကူ နဲ့အ​ရောင်းအ၀ယ်​လုပ်​ကြဖို့ အ​တော်​အချိန်​ယူကြိုးစားခဲ့ရတယ်​။ရှင်းပြ​ပြောဆိုခဲ့ရတယ်​။စနစ်​တစ်​ခုက​နေ စနစ်​တစ်​ခုကို​ပြောင်းလာတဲ့အခါ အလွန်​ကွာဟ​နေတာ​ကြောင့် အလွယ်​တကူအသားကျဖို့ဆိုတာမဖြစ်​နိုင်​ဘူး။အတိတ်​ကိုဖက်​တွယ်​စိတ်​များရင်​များသလိုအခက်​အခဲကြုံ
ရနိုင်​တယ်​။အဲဒီ​ငွေစက္ကူ ဖြန့်​​ဝေတဲ့အချိန်​နဲ့​ကောင်းစွာလည်​ပတ်​စပြု တဲ့အချိန်​မှာဆန်​စပါးနဲ့​ကောက်​ပဲသီးနှံဟာ​ဈေးကွက်​၀င်​ပြီ။တစ်​ဖြည်းဖြည်း​ဈေးကွယ်​ကျယ်​လာပြီး​ငွေ​ကြေးစနစ်​ကပါခိုင်​မာလာတယ်​။ဗမာပြည်​ရဲ့ စီးပွား​ရေးအချက်​အခြာမြို့ဖြစ်​တဲ့ရန်​ကုန်​ကိုဗဟိုပြု ပြီးဗမာ့​ငွေ​ကြေး​ဈေးကွက်​ဟာ အဓိကမြို့၇မြို့မှာပြန့်​ပွားတယ်​။အဲဒီ​ခေတ်​က ရန်​ကုန်​နဲ့စီးပွား​ရေးအရဆက်​စပ်​​နေတဲ့မြို့၇မြို့ဟာကလက္ကတား၊ဘုံ​ဘေ၊မဒရပ်​စ်​၊ကရာချိ(လက်​ရှိပါကစ်​တန်​နိုင်​ငံမြို့​တော်​)၊ကွန်​ပူရ်း၊လာဟိုးရ်​ စတဲ့မြို့​တွေဖြစ်​တယ်​။ဒါ​ကြောင့်ကိုလိုနီ​ခေတ်​ဗမာပြည်​စီးပွား​ရေးဟာ အမျိုးသားအစိုးရပါလီမာန်​​ခေတ်​ကထက်​ ပိုပြီးကြီးမားကျယ်​ပြန့်​တယ်​။
ပ​ဒေသရာဇ်​​ခေတ်​တုန်းက အုပ်​ချုပ်​ခံနဲ့အုပ်​ချုပ်​သူ လူတန်းစား၂ရပ်​ပဲရှိတယ်​။ကိုလိုနီ​ခေတ်​မှာ ဗမာ​ငွေ​ကြေးရှင်​၊ဓနရှင်​​တွေပါဝင်​တဲ့ပထမလူတန်းစား၊​တောင်​သူလယ်​သမားဘ၀နဲ့ကုန်​သည်​ဘ၀က​နေကြွယ်ဝ​လာတဲ့ဒုတိယလူတန်းစားနဲ့​ခေတ်​ကိုအသုံးမချဘဲ ​သောက်​​သောက်​စားစားလူ့ငနွားပုံစံနဲ့​ပေ​တေ​နေတဲ့ဆင်းရဲသားနင်းပြားတတိယလူတန်းစားဆိုပြီး၃မျိုးဖြစ်​​ပေါ်လာတယ်​။မြန်​မာ​တွေချစ်​တီးကို အမြဲတမ်းလိုလိုအပြစ်​ပုံချတတ်​ကြတယ်​။ချစ်​တီးအတိုးဆိုတာ ကျ​နော်​တင်​ပြခဲ့ပြီးပြီး။ရရင်​သုံးမယ်​ အတိုး​ပေးမယ်​ အရင်းမဆပ်​ဘူး။ဒီ​တော့စီးပွား​ရေးပင်​လယ်​ပြင်​ငြိမ်​သက်​​နေချိန်​မှာ​တော့ဒါဟာသိပ်​မသိသာ​ပေမဲ့ စီးပွား​ရေးပင်​လယ်​ပြင်​မှာမုန်​တိုင်းထန်​လာတဲ့အခါ ​ဈေး​တွေကျ အဖျက်​ပိုး​တွေဝင်​လာပြီး ​ဈေးကွက်​ပျက်​စီး ရပ်​တန့်​သွားတဲ့အခါ မိုးပြို အမျာဖြစ်​လာ​တော့ ရစရာရှိတာ ဘယ်​သူမဆို​တောင်းကြမှာပါ။မရှိရှိတာသိမ်းဆည်းတာ​တွေလုပ်​ကြမှာ​သေချာတယ်​။ဒါဒီ​နေ့အထိ လုပ်​​နေဆဲ ဖြစ်​​နေဆဲအမှု​တွေပါ။ချစ်​တီးကိုအပြစ်​ပုံချ​နေမဲ့အတူတူ မိမိမှားယွင်းမှုကိုဖာ​ထေးပြု ပြင်​တာက ပိုပြီးအသိဥာဏ်​ရှိတဲလူသားပီသ​စေပါတယ်​။
ကိုလိုနီ​ခေတ်​မှာ ချစ်​တီးထက်​ပိုဆိုးတဲ့​ငွေတိုးစားသူ​တွေဟာ ဗမာပထမတန်းစားလူ​တွေဖြစ်​တယ်​။သူတို့ရဲ့ ဘီလူးရုပ်​ကို ၀ံသာနုအဖွဲ့အကူအညီနဲ့ရယူပြီးဗမာအချင်းချင်းကယ်​တင်​​နေပါ​သော​ငွေတိုးစားသူများလို့ ဟန်​​ဆောင်​ခဲ့ကြတယ်​။အဲဒီမျိုးဆက်​ဟာ ဒီ​နေ့အထိ စီးပွား​ရေးမှာ၊နိုင်​ငံ​ရေးမှာ၊လူမှု​ရေးဝန်းကျင်​​တွေမှာ၊ဘာသာ​ရေးသံဃာ​လောကထဲမှာ​တောင်​ ခရိုနီ မူးယစ်​ရာဇာ အာဏာရှင်​ မျိုးချစ်​ မျိုးချစ်​ရဟန်း၊ရဟန်းပျို သမဂ္ဂ စတဲ့ အသွင်​သဏ္ဍန်​အမျိုးမျိုး​ပြောင်းပြီး လှည့်​ပတ်ရပ်​တည်​​နေကြတုန်းပါ။ဗမာ​တွေရဲ့ ရန်​သူဟာ အသားထဲကထွက်​တဲ့​လောက်​ ဗမာပထမတန်းစားလူတန်းစား​တွေသာဖြစ်​ခဲ့တယ်​။ရပ်​ကွပ်​ထဲ ချဲ နှစ်​လုံးထီနဲ့ မာဆတ်​ ​ကေတီဗွီ အရက်​ဆိုင်​စတဲ့လုပ်​ငန်းရှင်​အားလုံးမျိုးချစ်​ဖြစ်​​နေတာခင်​ဗျားတို့သတိထားမိကြပါသလား။မသိ​သေးရင်​​လေ့လာကြည့်​​ပေါ့။
လူထုစာရိတ္တနိမ့်ပါး​စေမဲ့အလုပ်​အကိုင်​လုပ်​သူ​တွေကမျိုးချစ်​ဖြစ်​​နေတာသိပ်​အံ့သြစရာမ​ကောင်း​​ပေမဲ့ ပြည့်​တန်​ဆာခန်းဖွင့်ဖို့ အလှူဆွမ်းအာရုံဆွမ်းကပ်​တဲ့အ​နေနဲ့ သို့မဟုတ်​ ပြည့်​တန်​ဆာခန်းကို လူများများလာ​အောင်​ မနက်​အ​စောကြီးကပ်​တဲ့ဆွမ်းကိုသွားဘုန်း​ပေးတဲ့ ဘုန်းကြီးကပိုပြီးအံ့သြဖွယ်​​ရာပါ။ပါဋ္ဌိပါတ်​သား​တွေရွတ်​။မေတ္တာ​တွေပို့ ပြီး​တော့စား​သောက်​ပြီးပြန်​တယ်​။ဘာအတွက်​​လဲ​မေးရင်​ပြည့်တန်​ဆာအိမ်​ စည်​ကားဖို့ လာဘ်​၀င်​​ဖို့ ။ပြည့်တန်​ဆာအိမ်​လာဘ်​၀င်​ဖို့က မ​ကောင်းတဲ့မိန်းမ​တွေနဲ့လာ​ပျော်​ပါးတဲ့​ယောကျာ်းသားများများလာမှဖြစ်​မှာ​လေ။အဲဒါမလာဘဲဘယ်​လိုပိုက်​ဆံရမတုန်း။ဈေးသည်​​ဈေး​ရောင်းမယ်​။ကုန်​သည်​ က ကုန်​သည်​လုပ်​မယ်​။ပြည့်တန်​ဆာအိမ်​က ဘာအလုပ်​လုပ်​မယ်​ထင်​တုန်း။ဒါကို သွားစား​သောက်​တဲ့ဘုန်းကြီးမသိဘူးလား။အာပတ်​လွတ်​​အောင်​အကွက်​​ရွေှ့စား​သောက်​တယ်​လို့ထင်​ရတာပဲ။ဆု​တောင်းတာက သတ္တ၀ါအားလုံးကျမ်းမာ​စေ​ကြောင်း သာယာ​စေ​ကြောင်း။အ​ကြောင်းရာတိုက်​ဆိုင်​လို့ လူသား၊မျိုးချစ်​ ၊မိန်းမ၊​ယောကျာ်းနဲ့ သံဃာအထိ မျိုးချစ်​​လောက်​​တွေကိုထုတ်​ပြ​ပေးတာ။စိတ်​မဆိုးနဲ့မှားရင်​လာ​ထောက်​ပြလို့ရပါတယ်​။အမှန်​ကိုအမှန်​အတိုင်းရဲရဲဝံ့ဝံ့လက်​မခံနိုင်​​သေးဘဲ ​ခေတ်​မီတိုးတက်​​သော နိုင်​ငံ​တော်​သစ်​ကြီးဆီသို့ဆိုတာ ​နောင်​နှစ်​၁၀၀၀လည်းမဖြစ်​လာနိုင်​ဘူး။
အဲဒီ​ခေတ်​ကဗြိတိန်​အင်​ပါယာအတွင်းအသုံးပြု ခဲ့တဲ့​ငွေ
စက္ကူ ​တွေဟာ (၅၊၁၀၊၂၀၊၅၀၊၁၀၀၊၅၀၀၊၁၀၀၀နဲ့၁၀၀၀၀)တို့ဖြစ်​တယ်​။တစ်​​ထောင်​နဲ့တစ်​​သောင်းတန်​​ငွေစက္ကူ  ​တွေကိုရန်​ကုန်​မှာပဲအသုံးပြုကြပြီးအခြားမြို့​တွေမှာအသုံးမပြု ဘူး။အိန္ဒိယရူပီနဲ့ဗမာရူပီကွာတာဆိုလို့ ဗမာရူပီ​ငွေစက္ကူ  ​ပေါ်မှာ Ragoon ဆိုတဲ့စာလုံးစိမ်းပဲ။
အ​ကြွေ​စေ့ကိုထုတ်​​ပေး​ပေမဲ့  ဗမာလူထုကို တလွဲသုံးတာ​ကြောင့် ဘဏ်​ကိုပြန်​၀င်​မလာ​တော့တဲ့အခါ အိန္ဒိယအစိုးရကထပ်​ထုတ်​မ​ပေး​တော့ဘူး။ဘဏ်​​တွေထဲမှာအိန္ဒိယဘဏ်​ဟာလုပ်​​ဆောင်​ချက်​မှတ်​တမ်းအ​ကောင်းဆုံး။
ပထမကမ္ဘာစစ်​ကြီးကာလအတွင်းဥ​ရောပနိုင်​ငံ​တွေကအဂလန်​အပါအ၀င်​အားလုံးဘဏ်​​တွေပြိုလဲမတတ်​ဖြစ်​ခဲ့ကြ​ပေမဲ့ အိန္ဒိယဘဏ်​က​တော့အရှိန်​အဟုန်​မပြတ်​ဆက်​လက်​လည်​ပတ်​​နေတာမို့ ကမ္ဘာကအသိအမှတ်​ပြုခံခဲ့ရတယ်​။၁၉၃၅ဗမာပြည်​အက်​ဥပ​ဒေအရ ဗမာပြည်​ကို သီးခြားလွတ်​လပ်​တဲ့စီးပွား​ရေးထူ​ထောင်​​ပေးဖို့လိုအပ်​လာတယ်​။ဒါ​ကြောင့်ဘဏ်​ကိုလည်းခွဲထုတ်​ဖို့ဖြစ်​လာတယ်​။ဒါဟာလည်း ဗမာနိုင်​ငံ​ရေးသမား​တွေရဲ့ဝံသာနုစိတ်​ဓာတ်​အ​ခြေခံလိုလားချက်​ဖြစ်​တယ်​။ဗမာနိုင်​ငံ​ရေးသမား​တွေဟာအာဏာရဖို့ပဲ စိတ်​၀င်​စားတယ်​ဘာဆက်​ဖြစ်​လာမယ်​ ဘာ​တွေဖြစ်​သွားနိုင်​တယ်​ဆိုတာစိတ်​မ၀င်​စား။ကိုယ့်တိုင်းပြည်​ကိုယ့်ဘာသာကိုယ်​ ကြိုက်​တာလုပ်​မယ်​။မင်းတို့နဲ့မဆိုင်​ဘူးဆိုတဲ့ငါတ​ကော​ကောတဲ့အယူအဆမျိုးရှိ​ကြောင်းတင်​ပြခဲ့ပြီးပြီး။
၁၉၃၀မှာ ကုလား-ဗမာရိုက်​ပွဲဖြစ်​တယ်​။တေလဂူဟိန္ဒူ ကုလား​တွေနဲ့ရိုက်​ပွဲဖြစ်​ရာက​နေ အိန္ဒိယသားအမုန်းစွဲထင်​ကျန်ရစ်​ခဲ့တယ်​။အဲဒီဝါဒ​ကြောင့်ချစ်​တီး​တွေအခက်​ခဲဖြစ်​လာတယ်​။ဒေါက်​တာ​ဘ​မော်​ကနိုင်​ငံ​ရေးပရိယာယ်​ရှိတယ်​။သူကတွဲ​ရေးကို​ထောက်​ခံတယ်​။ဒါ​ပေမဲ့ သူလည်းပိုးစိုးပက်​စက်​စွပ်​စွဲပြစ်​တင်​တာခံရတယ်​။ဝံသာနုအုပ်​စုက လူမျိုး​ရေးအမြင်​ ဘာသာ​ရေးအမြင်​(ဗုဒ္ဓဘာသာonly)ကို နိုင်
ငံ​ရေးနယ်​ထဲဆွဲသွင်းထားတယ်​။ဒါဟာ ဒီ​နေ့အထိပဲဖြစ်​တယ်​။တိုင်းပြည်​စီးပွား​ရေးလုပ်​မလားinfrastructure
ဒီ​နေ့အတိုက်​အခံ​တွေကလည်း အဲဒီ​ခေတ်​ကလူ​တွေနဲ့ အ​တွေးအ​ခေါ်ကသိပ်​မကွာဘူး။အမျိုး ဘာသာ သာသနာနဲ့
 လူဖြစ်​လာတဲ့လူ​တွေအပြင်​တပ်​ထွက်​လူသား​တွေဖြစ်​တာ​ကြောင့်​ ဒီပုပ်​ထဲဒီပဲကြီးပဲထွက်​လာတယ်​။နိုင်​ငံတကာကို​ခြေသလုံးဖက်​တုန်းကလည်းသူတို့ပဲ။နိုင်​ငံတကာကို ရန်​ဖြစ်​​နေတာလည်းသူတို့ပဲ။ဒါဟာဒီ​နေ့အထိရှင်​သန်​​နေဆဲနိုင်​ငံ​ရေးအသုံးမကျမှုကြီးပဲ။နောက်​ဆုံးခွဲ​ရေးသမား​တွေအနိုင်​ရပြီး ၁၉၃၅ အက်​ဥပ​ဒေထွက်​လာ​တော့ ဗမာပြည်​ဗဟိုဘဏ်​ကို သီးခြားထူ​ထောင်​ဖို့ ဖြစ်​လာတယ်​။အဲဒီမှာ ကိုလိုနီအစိုးရရဲ့ 
ဘဏ္ဍ​ရေးအကြီးအကဲ ​သောမတ်​စ်​လစ်​တာ(Thomas Lister)က ရာထူးက​နေအပြီးအပိုင်​နှုတ်​ထွက်​လိုက်​တယ်​။သူကမှတ်​ချက်​​ရေးတယ်​။
..........ဗမာပြည်​သည်​ ကြွယ်​၀ချမ်းသာလာမည့်နိုင်​ငံ​ကောင်းတစ်​ခု၏အလားလာမျိုးရှိသည်​မှန်​​သော်​လည်း ဗမာလူမျိုးတို့သည်​ စီးပွား​ရေး​လောကအ​ကြောင်းကိုသိပ်​ပြီးနားမလည်​ကြ​ပေ။စီးပွား​ရေးလုပ်​ငန်းအကြီးအကျယ်​လုပ်​ခဲ့​သောအစဉ်​အလာလည်းမရှိ​ပေ။လုပ်​ငန်းလုပ်​ကိုင်​ကြသူများသည်​ အိန္ဒိယသားများကအများစုဖြစ်​သည်​။အိန္ဒိယ+မြန်​မာ ကပြားများကဒုတိယအများဆုံးဖြစ်​ပြီး ဥ​ရောပသားများကတတိယအများဆုံးဖြစ်​သည်​။ယခုကဲ့သို့ဘာသာ​ရေး လူမျိုး​ရေးအမြင်​ကျဉ်း​မြောင်းစွာဖြင့်တိုက်​ခိုက်​လာကြ​သောအခါ ဆက်​လက်​​နေထိုင်​ပြီးစီးပွားရှာရန်​မသင့်​တော်​ဟုဆုံးဖြတ်​ပြီးအ​တော်​များများအိန္ဒိယနိုင်​ငံသို့ စီးပွား​ရေးလုပ်​ငန်းများ​ပြောင်း​ရွှေ့ ကြ​လေရာ ဗမာပြည်​စီးပွား​ရေးသည်​ ​ရှေ့ ​လျှောက်​တိုးတက်​ဖို့မရှိ​တော့​ပေ။ဗမာပြည်​အတွက်​​ရှေ့ ​ရေးအလားအလာမရှိဟုဆိုရ​ပေမည်​။စီးပွား​ရေးလုပ်​ငန်းလုံးဝမရှိချိန်​တွင်​ စီးပွား​ရေးကိုအင်​အားကြီးမားစွာဖြင့်လုပ်​ကိုင်​​နေကြ​သော အိန္ဒိယသားလုပ်​ငန်းရှင်​ကြီးများကို တိုက်​ခိုက်​ရန်​ပြု ခြင်းသည်​ မိုက်​မဲမှုသာဖြစ်​သည်​။
စီးပွား​ရေးလုပ်​ငန်းဟူသည်​ အုပ်​ချုပ်​​ရေးလုပ်​ငန်းနှင့်မတူ​ပေ။ဝေစား မျှစား လုပ်​ကိုင်​ပြီးအခွင့်အ​ရေးကိုလည်းမျှ​ဝေခံစားကြရသည်​။အုပ်​ချုပ်​​ရေးပိုင်းတွင်​တစ်​​သွေး တစ်​သံ တစ်​မိန့်​ဖြင့်ရက်​ရက်​စက်​စက်​ဖိနှိပ်​ချုပ်​ချယ်​ထား၍ရသည်​။သို့​သော်​စီးပွား​ရေးလုပ်​ငန်းတိုးတက်​​စေရန်​ လက်​နက်​ကိုင်​ပြီးအမိန့်​​ပေး​စေခိုင်း၍ ရနိုင်​မည်​မဟုတ်​​ပေ။
စီးပွား​ရေးလုပ်​​သောအခါဝံသာနုစိတ်​ဓာတ်​ဖြင့်စီးပွား​ရေးမလုပ်​နိုင်​​ပေ။လူအချင်းချင်းသူ့အကျိုးနှင့်ကိုယ့်အကျိုးစီးပွား၊
သူ့ဖက်​နှင့်ကို့ယ်​ဖက်​အ​ခြေ​နေကိုကြည့်​ပြီးသင့်​တော်​သလိုပြု လုပ်​ရသည်​။နိုင်​ငံ​ရေးအတွက်​၀ံသာနုစိတ်​ဓာတ်​သည်​ အ​ရေးပါ​ကောင်းပါနိုင်​ပါသည်​။စီးပွား​ရေးလုပ်​ငန်းများလုပ်​​ဆောင်​ရာတွင်​၀ံသာနုစိတ်​ဓာတ်​သည်​ ပျက်​စီးမှုကိုသာ ဦးတည်​​နေပါသည်​။...........
သောမတ်​စ်​လစ်​တာ
သောမတ်​စ်​​ပြောခဲ့သလိုပဲ ပါလီမာန်​ဒီမိုက​ရေစီ​ခေတ်​က​နေစပြီး ဆင်းလာလိုက်​တဲ့စီးပွား​ရေးဟာ အခုချိန်​မှာ​တော့ ကုန်​သ​လောက်​ဖြစ်​သွားခဲ့ပြီ။ဒါလည်း ၀ံသာနုစိတ်​ဓာတ်​ကို ကိုင်​စွဲထားဆဲပဲ။လူထုဦး​နှောက်​စံချိန်​မီလာတဲ့​နေ့ အီသီယိုးဗီးယားလိုမဖြစ်​​ပါ​စေနဲ့လို့ဆု​တောင်းရုံပဲရှိ​တော့တယ်​။ဒါလည်း လက်​ရှိအာဏာရအစိုးရ​တောင်​ဆု​တောင်း​နေရတာမို့ ကျုပ်​တို့လည်းဆု​တောင်းရုံပဲရှိတယ်​။
ငွေစက္ကူ  အသစ်​နဲ့​ငွေ​ကြေးစနစ်​အသစ်​တစ်​ခုထွက်​လာတယ်​ဆိုတာ ဂုဏ်​ယူစရာမဟုတ်​ဘူး။အောင်​မြင်​မှဂုဏ်​ယူလို့ရမှာပါ။နိုင်​ငံ​တစ်​ခုရဲ့ စီးပွား​ရေးစနစ်​တစ်​ခုကိုတည်​​ထောင်​တဲ့အခါ စက်​မှုနိုင်​ငံဟာ ကြီးမားလှတဲ့စက်​ရုံ​တွေ၊များပြားလှတဲ့စက်​ရုံ​တွေအပြင်​ တစ်​နိုင်​တစ်​ပိုင်​အလယ်​လတ်​တန်းစားစက်​ရုံ​တွေနဲ့ပြည်​တွင်းမှာအင်​အားအပြည့်ထုတ်​လုပ်​ပြီးတဲ့​နောက်​ ကမ္ဘာ့ ​ဈေးကွက်​ထဲဖြန့်​ဖြူးနိုင်​တဲ့ကုန်​ပစ္စည်း​တွေကိုအ​ခြေခံရတယ်​ဗျ။စိုက်​ပျိုး​ရေးနိင်​ငံဖြစ်​မယ်​ဆိုရင်​လည်း အင်​အားကြီးမားတဲ့စိုက်​ပျိုး​ရေးထွက်​ကုန်​​တွေအ​ပေါ်မှာအ​ခြေခံရတယ်​။ဒါမျိုးမရှိဘဲ​ငွေ​ကြေးစနစ်​တစ်​ခုထပ်​​ထောင်​တယ်​ဆိုတာ အလွန်​အန္တရာယ်​များတဲ့အလုပ်​ဖြစ်​တယ်​။ဒေသခံဘက်​မှာလည်း အားနည်းချက်​​တွေရှိ​နေတယ်​။ဒေသခံဗမာနဲ့တိုင်းရင်းသား​တွေဟာ အသိဥာဏ်​အားဖြင့်အလွန်​နိမ့်​နေတယ်​။အခုချိန်​ထိကို ​လောက်​​လောက်​လားလား ဖွံ့ဖြိုးမလာ​သေးတာဆို​တော့ ကိုလိုနီ​ခေတ်​ဦး ပ​ဒေသရာဇ်​​ခေတ်​​နှောင်းတုန်းကဆို စဉ်းစားသာကြည့်​​ပေါ့။၀င်​​ငွေတိုးရင်​ စိုက်​ပျိုး​ရေးကိုတိုးချဲ့ရမယ်​။ဒါ​ပေမဲ့ များများရရင်​များများသုံးလိုက်​တယ်​။မရှိလို့မလှူ မလှူ လို့မရှိဆိုပြီး လူမ​နေတဲ့ ​တောထဲမှာ ခမ်းနားကြီးကျယ်​တဲ့ ဘုန်းကြီး​ကျောင်းဧရာမ​မြေ​နေရာကြီးဝယ်​ပြီး သံဃာ​လေးငါးပါးနဲ့ပစ်​ထားလိုက်​တယ်​။ဒီ​နေ့အဲဒီဘုန်းကြီး​ကျောင်းများစွာကို လက်​ညိုးထိုးပြပြီး ဗုဒ္ဓဘာသာနိုင်​ငံပါလို့ ဒီမိုက​ရေစီမဆန်​စွာ ဘာသာ​ရေးနိုင်​ငံဆန်​ဆန်​လုပ်​ပြ​နေကြတာကိုကြည့်​ခြင်းအားဖြင့်လူထုရဲ့ အတွင်းစိတ်​အခံကိုခန့်​မှန်းလို့ရနိုင်​မယ်​ထင်​တယ်​။သူတို့မ​တွေးမိတာက ဘုန်းကြီး​ကျောင်း​ဧရာမ​မြေ​နေရာရယ်​ စစ်​တပ်​ကသိမ်းပိုက်​ထားတဲ့ဧရာမ​မြေ​တွေရယ်​ကို​ပေါင်းပြီး ​နောက်​ထပ်​ လူဦး​ရေ၅၁သန်း​လောက်​ကို ​နေရာချထား​ပေးနိုင်​တယ်​ပလားဆိုတာကိုပါ။သံဃာ၅သိန်း၊စစ်​သား၅သိန်းက လုပ်​ခလစာမထွက်​တဲ့ အ၀င်​သက်​သက်​​တွေ။ရိုးရိုး​လေး​တွေးရင်​ကြွက်​တွင်း​တွေ​ပေါ့။အ၀င်​ပဲရှိတယ်​အထွက်​မရှိဘူး။သီလရှင်​စရင်း၊မှီခိုစရင်းနဲ့ အလုပ်​လက်​မဲ့စရင်းသုံးခု​ပေါင်းပြီး၅၁သန်းမှာအချိုးချခွဲထုတ်​ရင်​ အလုပ်​ရှိစရင်းထွက်​လာမယ်​။အလုပ်​ရှိစရင်းမှာ လုပ်​ငန်းအလိုက်​ထပ်​ခွဲထုတ်​စီစစ်​ကြည့်​ရင်​ တိုင်းပြည်​စီးပွားရဲ့ အ​ဖြေကထွက်​လာပါလိမ့်မယ်​။အားရစရာလား ဂုဏ်​ယူစရာလား ဆိုတာကိုယ့်ဘာသာကိုယ်​ပဲ​တွေးကြ​ပေ​တော့ဗျို့ ။
အဲ​တော့ပြန်​ဆက်​ရရင်​ကိုလိုနီ​ခေတ်​က ရသုံး ​ဆောက်​ လှူ ​နေတဲ့အခါ ရုတ်​တရက်​ကမ္ဘာ့ စီးပွားပျက်​ကပ်​နဲ့ကြုံ ​တော့ မွဲ​တော့တာပဲ။လယ်​ယာ​တွေပါအသိမ်းခံလိုက်​ရတယ်​။ချစ်​တီးကလည်းသိမ်းမှာသဘာဝပါ။သူလည်းထိတဲ့စရင်းဝင်​မို့သူရစရာရှိတာသူသိမ်းမှာပါ။အဲလိုနဲ့ဗမာလယ်​သမား​တွေလယ်​မဲ့ယာမဲ့ဘ၀ကျ​ရောက်​ကြရတယ်​။အဲဒီလိုနိုင်​ငံမှာ သီးခြား​ငွေ​ကြေးစနစ်​ထူ​ထောင်​တာဟာ အလွန်​အန္တရာယ်​များတဲ့အလုပ်​ဖြစ်​ပါတယ်​။လစ်​စတာက အကြံပြု တာက
.......ယခုအချိန်​တွင်​မဖြစ်​မ​နေကိုယ်​ပိုင်​​ငွေ​ကြေးစနစ်​ထူ ​ထောင်​ရမည်​ဖြစ်​ရာ ဗမာဝံသာနုစိတ်​ဓာတ်​ပြင်းထန်​တက်​ကြွ​နေချိန်​နှင့်ကိုက်​ညီ​နေရာ ​ငွေစက္ကူ  အသစ်​ကို ဗမာတို့နှစ်​သက်​​သောပုံစံနှင့်ဒီဇိုင်း​ရေးဆွဲပြီးပုံနှိပ်​ထုတ်​​ဝေသင့်ပါတယ်​....လို့ဆိုတယ်​။
သူကထပ်​ပြီးအကြံ​ပေးတယ်​။အိန္ဒိယ​ငွေ​ကြေးလို ​မြောက်​များစွာမရိုက်​ထုတ်​ဘဲ ဗမာပြည်​လူဦး​ရေနဲ့ဗမာပြည်​စီးပွား​ရေးအ​ခြေအ​နေအရ အိန္ဒိယမှာရိုက်​နှိပ်​ထုတ်​​ဝေထားတဲ့​ငွေ​ကြေးပမာဏထက်​ အနည်းဆုံးဆယ်​ပုံတစ်​ပုံ​လျှော့ချပြီးပုံနှိပ်
သင့်တယ်​လို့အကြံ​ပေးတယ်​။အဲဒီ ဗမာ​ငွေစက္ကူ  အသစ်​စတင်​သုံးစွဲ​တဲ့​နေ့က​နေ  ​နောက်​ထပ်​၃လအထိ အိန္ဒိယရူပီ​ငွေစက္ကူအ​ဟောင်းကို တရားဝင်​​ငွေ​ကြေးအဖြစ်​ဆက်​လက်​အသုံးပြု ခွင့်​ပေးထားပြီး ဘဏ်​တွေကိုစီးဝင်​​စေပြီး ဗမာ​ငွေနဲ့လဲလှယ်​ဖြန့်​ဖြူးကာ အိန္ဒိယကို​ငွေစက္ကူ  အ​ဟောင်းစနစ်​တကျလွှဲ​ပြောင်း​ရောက်​ရှိသွားလို့ရ​​အောင်​ စနစ်​ကျစွာစီစဉ်​​ဆောင်​ရွက်​ခဲ့တယ်​။ကိုလိုနီ​ခေတ်​မှာ​ငွေ​ကြေးစနစ်​မ​တော်​လို့ ပြိုလဲသွားရင်​ ဗြိတိန်​နဲ့အိန္ဒိယသား ကုလားလို့​ခေါ်တဲ့ လုပ်​ငန်းရှင်​ကြီး​တွေက ၀င်​ကျားကန်​​ပေးထားလို့ရတယ်​။ပညာရှင်​​တွေအ​ဖြေရှာတဲ့အထဲမှာလည်း ဗမာ​တွေ​ပြောတဲ့ ကုလားဖြူ ပညာရှင်၊ကုလားမဲပညာရှင်​​တွေများစွာအဓိကအခန်းကဏ္ဍကပါဝင်​အ​ဖြေ​ပေးအကြံထုတ်​​ပေးခဲ့ကြတာပါ။ဒီ​နေ့ဒီနိုင်​ငံမှာဖြစ်​တည်​​နေတဲ့စနစ်​အများစုနဲ့မူအများစုဟာ ကုလားဖြူ ကုလားမဲတို့ကဆီက လက်​ဆင့်ကမ်းကူးယူထားတယ်​လို့​ပြောရင်​ဘယ်​သူအငြင်းဝင်​မလဲ​တော့မသိဘူး။ပညာရှင်​​တွေ​ငွေ​ကြေးစနစ်​ပြိုလဲသွားရင်​ကူညီ​ပေးနိုင်​​သေးချိန်​ဖြစ်​တယ်​။
သို့​သော်​ ၀မ်းနည်းစရာ အလွန်​၀မ်းနည်းစရာပါ။
လွတ်​လပ်​တဲ့နိုင်​ငံ​တော်​ဆိုပြီးဖြစ်​လာတဲ့အခါ ဗမာ​တွေရဲ့ ထုံးစံအတိုင်း(တိုင်းရင်းသားဆန္ဒထက်​ ဗမာနိုင်​ငံ​ရေးသမားအများစုရဲ့ ခြယ်​လှယ်​မှုများသာရှိ)နိုင်​ငံ​တော်​အာဏာရဖို့သာအဓိက၊ကျန်​တာ​တွေသာမညလို့ဆိုခဲ့ပြီး​မြန်​မာ့​ငွေစက္ကူ ကို ကမ္ဘာ့ စီးပွား​ရေး​လောကမှာ ၁၉၆၄ခုနှစ်​က​နေစတင်​ပြီး ၀ိုင်းပယ်​ထားခဲ့တာ ယ​နေ့အထိမြန်​မာ​ငွေစက္ကူ  ဟာ ကမ္ဘာ့ ​ငွေ​ကြေး​ဈေးကွက်​ထဲကို လုံး၀၀င်​​ရောက်​ခွင့်မရှိဖြစ်​သွားခဲ့ရပါတယ်​။ဒါ​ကြောင့် ကမ္ဘာ့ ​ရွှေ​ဈေးအတက်​အကျ​ပြောင်းတဲ့အခါတိုင်း၊ကမ္ဘာ့ ​ငွေဖြစ်​တဲ့​ဒေါ်လာ​ဈေးအတက်​အကျ​ပြောင်းတဲ့အခါတိုင်း၊ကမ္ဘာ့ ​​ရွှေမဲလို့ တင်​စားတဲ့ ​ရေနံ​ဈေးအတက်​အကျ​ပြောင်းတဲ့အခါတိုင်း ကမ္ဘာ​ပေါ်မှာကြီးမားတဲ့ အ​ရေးအခင်းကြီး​တွေဖြစ်​​ပေါ်လာတဲ့အခါတိုင်း ကမ္ဘာ့ ​ဈေးကွက်​ ကလက်​မခံတဲ့ မြန်​မာ​၀ံသာနု​ငွေစက္ကူ  ဟာ အမြဲတမ်းတန်​ဖိုး ကျဆင်း​နေရတာပဲဖြစ်​ပါတယ်​။
https://m.facebook.com/story.php?story_fbid=148022322743916&id=100026084471117
0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်​မာ့သမိုင်းကမ​ပြော​သောသမိုင်း”
Post a Comment
Related Posts Plugin for WordPress, Blogger...