Monday, September 24, 2018

ဂျင်းအကြီးစား နပိန်းကောင်များ

,
UN တပ် ဝင်လာရင် ခံချမယ် ဗီယက်နမ်လို ဖြစ်သွားစေရမယ်ဆိုတဲ့ စစ်ဗိုလ်ချုပ် သောက်ပိန်းတွေ - ဘယ်လိုလုပ် ဗိုလ်ချုပ်တွေဖြစ်နေတာလဲဆိုတာတော့ မသိပါဘူး။

သေချာတာကတော့ မျိုးချစ်တာကို ဗန်းပြပြီး ခလေးဦးနှောက် အတွေးအခေါ်လောက်ဘဲရှိကြတယ် ဆိုတာပါဘဲ။

ဗီယက်နမ်နဲ့ မြန်မာ အခြေအနေချင်း မတူပါဘူး ငဘူကြီးတွေရယ်။ ဗီယက်နမ်မှာ ဆော်တုန်းက သူ့ရဲ့ပြည်သူတွေဟာ စစ်တပ်ဘက်က အပြည့်အဝရပ်တည်ပြီး လယ်သမားတွေက အစ ပျောက်ကျားစနစ်နဲ့ တိုက်ခဲ့လို့ အမေရိကန်တွေ အထိနာခဲ့တာပါ။

စစ်တပ်ကို ပြည်သူမထောက်ခံတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေကို နှိပ်စက် ထောင်ချ လယ်သိမ်း မြေသိမ်းတွေလုပ်ထားတဲ့အတွက် လယ်သမားတွေက UN တပ်တွေကို ထွက်တိုက်ဘို့တော့ မရှိဘူးဟေ့။

အဲ့ဒီတပ်တွေကို ဝမ်းသားအားရနဲ့ ထမင်းဖိတ်ကျွေးပြီး မြန်မာစစ်တပ် ဘယ်မှာရှိလဲဆိုတာကို လမ်းညွန်ပေးပြီး သူတို့ကိုယ်တိုင် ရာဇဝတ်ကောင်တွေကို လိုက်ဖမ်းပေးလိမ့်မယ် ငပိန်းကောင်တွေရေ။

အဲ့ဒီအခါကျရင် အမျိုးချစ်ပြနေတဲ့သူတွေကို အရင် ဦးဆုံး ရှေ့တက်ပြီး ဆော်ခိုင်းဘို့ တပ်မတော်ကို ဆက်သွယ်ခိုင်းကြည့်ပါ။

ဘယ်အမျိုးချစ်တွေက ကျနော် ကျမတို့ ကာကွယ်ပေးပါ့မယ်လို့ ။
သေချာတာကတော့ အဲ့ဒီအမျိုးချစ်တွေ ဘယ်ရောက်ကုန်မှန်း မသိဘူးဆိုတာပါဘဲ :* :*

မှတ်ချက် ။    ။ ပြည်သူ့အားကလွှဲပြီး ဘယ်သူမှ မကယ်နိုင်။
************************************
၁၉၇၅ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ

ခမာနီ ဆိုတဲ့ ကွန်မြူနစ်သူပုန်အဖွဲ့ဟာ ပြည်တွင်းစစ်မှာ အနိုင်ရပြီး အစိုးရဖြစ်လာခဲ့တယ် ။

ခမာနီ တွေဟာ စစ်ပွဲအနိုင်ရရှိမှုတခုနဲ့ မတင်းတိမ်နိုင်ပါဘူး။ သူတို့ရဲ့ အောင်မြင်မှုကို ဒီထက်မက ကျယ်ပြန့်ချင်တယ်။ နက်ရှိုင်းချင်တယ် ။ စံပြကွန်မြူ နစ် အန်ကာ နိုင်ငံတော် တည်ထောင်ပြမယ်ဟု ကြုံးဝါး ကြွေးကြော်ပါတယ်။

ဒီအတွက် လူတန်းစားသန့်စင်မှု အစီအစဉ်ကို စတင်အကောင်အထည်ဖော်တယ် ။

ဒီ အစီအစဉ်ရဲ့ ပစ်မှတ်ကတော့ တနိုင်ငံလုံးမှာ ရှိတဲ့ ပညာရှင် ပညာတတ် ဆရာဝန် အင်ဂျင်နီယာ ကျောင်းဆရာမှသည်  ရုံးစာရေးမကျန် အန်ကာပစ္စည်းမဲ့နိုင်ငံရဲ့ရန်သူအဖြစ် သတ်မှတ်လိုက်တယ်။ (မျက်မှန်တပ်သူ မှန်သမျှဟာ စာတတ်သူတွေလို့ သတ်မှတ်ခံရပြီး အကုန် ရန်သူစာရင်းဝင်ကုန်ကြတယ်)

စာတတ်သူချည့်ပဲလားဆိုတော့ မကဘူး။

မြို့ပြမှာ နေထိုင်တဲ့သူအားလုံးဟာ အန်ကာနိုင်ငံတော်ရဲ့
ရန်သူတွေ လို့သတ်မှတ်ပြီး မြို့ပေါ်နေ လူတန်းစားအားလုံးကို ကျေးလက်ကို မောင်းထုတ်တယ်။ ကျေးလက်သို့ သွားရာလမ်းတလျောက် အားလုံးခြေလျင် မည်သည့်ယာဉ်မှစီးနင်းခွင့်မရှိ ။ အစာမပေးပဲ သေနတ်နဲ့ ချိန်ပီး မောင်းထုတ်ပစ်တာ။

ဒါဆို ကျေးလက်ကလူတွေရော သက်သာလားဆိုတော့ မသက်သာဘူး ။ ပြည်တွင်းစစ်ကြောင့် ကျေးလက်ကနေ မြို့ပေါ်ထွက်ပြေးလာခဲ့သူတွေ အားလုံးဟာ ဘုမသိ ဘမသိနဲ့ အန်ကာရဲ့ ရန်သူတွေ ဖြစ်ကုန်တယ်။ မြေပိုင်ဆိုင်မှု ရှိခဲ့ရင် ကျွဲ နွား နဲနဲပါးပါး ပိုင်ရင် စက်ဘီးတစီးလောက်ရှိရင်ကို အန်ကာနိုင်ငံတော်ရဲ့ ရန်သူတွေ ဖြစ်ကုန်တယ် ။

သက်ကြီးရွယ်အိုတွေက အလုပ်မလုပ်နိုင်တဲ့ အရွယ်တွေမို့ အန်ကာကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ် ။ ဒါကြောင့် အန်ကာရဲ့ ရန်သူ။

နောက်ပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ။ လူနည်းစုဝင် အစ္စလာမ် နဲ့ ခရစ်ယာန်တွေ အားလုံးဟာ အန်ကာရဲ့ ရန်သူတွေ ဖြစ်ကုန်တယ်။

အန်ကာရဲ့ ရန်သူတွေ ဘာလုပ်ခံရပါသလဲ။

ပထမဆုံးတော့ အဲ့ဒီ အဖမ်းခံရတဲ့ သူတွေထဲက ခေါင်းအမာဆုံးလို့ ယူဆရသူတချို့ ကို စံနမူနာအနေနဲ့ သတ်ဖြတ်ပစ်တယ်။ ကျန်တဲ့သူတွေ အပိုးကျိးအောင်လို့ ။

စစ်ကြောရေးစခန်းတွေ ဖွင့်တယ် ။ လောက ငရဲလို့တင်စားပြောရမဲ့ ညဉ်းပမ်းနှိပ်စက်မှုတွေနဲ့ အဲဒီစခန်းတွေဟာ လည်ပတ်တယ်။

အစုလိုက် အပြုံ လိုက်ဖမ်းမိထားသူတွေကို ထမင်းတဆုပ်ပေးပီး တနေကုန်တနေခမ်း ခိုင်းစေတယ်။ အားပျက်လဲကျသွားသူတွေဟာ အန်ကာရဲ့ရန်သူ။ မလုပ်နိုင်ဘူး…လို့ ငြီးငြူ သူတွေဟာ အန်ကာရဲ့ရန်သူ ။ အန်ကာရဲ့ ရန်သူ အားလုံးအဖို့ သွားရာလမ်းက တလမ်းတည်းပဲ…

"သေလမ်း"

တယောက်ချင်းစီကို သတ်တယ် ။ အစုလိုက်အပြုံ လိုက်ကိုသတ်တယ် ။ ထမင်းစားရေသောက် လူသတ်တယ် ။ ၁၅ မိနစ်တခါ လူသတ်တယ် ။ အပျင်းပြေ လူသတ်ကြတယ် ။

ခမာနီတွေ လက်ချက်နဲ့ လူ ၂ သန်းလောက် အသက်ပျောက်ကုန်တယ်။

လမ်းလျှောက်ရင် သတိထားလျှောက်
ခလုတ်တိုက်မိမယ် အရိုးခေါင်းတွေနဲ့

သတိထားလျှောက်
ကျွံကျသွားမယ် လူသေမြုပ်ထားတဲ့ ကျင်းထဲကို

ခေါင်းငုံလျှောက်
ခေါင်းမော့လျှောက်ရင် ဖီဆန်သူ

ဘာတွေဖြစ်နေတာလဲ ကမ္ဘောဒီးယား

genocide လေ

တကမ္ဘာလုံးက ဘာလုပ်နေလဲ?
ဒီလောက်ဆိုးရွားတဲ့ ကိစ္စကြီးအတွက် မသိချင်ယောင်ဆောင်နေပါတယ် ။ ငုတ်တုပ် ထိုင်ကြည့်နေကြတယ်။

အဆိုးဆုံးက… သိကို မသိချင်ဘူး။ ဖြစ်ချင်ရာဖြစ် ငါတို့နဲ့ မဆိုင်ဘူးဆိုတဲ့ အနေအထား ။

Kosovo ကိစ္စ ဟာ Genocide awareness  အရှိဆုံးအချိန် လို့ ပြောရရင်

ကမ္ဘောဒီးယားဟာ Genocide awareness မရှိဆုံးကိစ္စလို့ ပြောရင်မလွန်ဘူး။

ဒီလို ကမ္ဘာက  မျက်နှာလွဲခဲပစ် လုပ်ခဲ့တာကြောင့် ခမာနီတွေဟာ သောင်းကျန်းချင်သလို သောင်းကျန်းနေတော့တာ။

ငရဲကျနေတဲ့ ကမ္ဘောဒီးယား ပြည်သူတွေခမျာ မျှော်ရှာတယ်။

အမေရိကန်စစ်တပ်ကြီး ရောက်လာပြီး ငါတို့ကို ကယ်မှာပါကွာ။ ကွန်မြူ နစ် ခမာနီတွေ ဒီလောက်သောင်းကျန်းနေတာ အနောက်အုပ်စု လက်ပိုက်ကြည့်မနေလောက်ပါဘူး ။
သနားစရာ ကမ်ပူချား ပြည်သူများ …

တကယ်တော့ အမေရိကန်ဟာ ဗီယက်နမ်စစ်ပွဲမှာ
အသားနီလန်အောင် အတွယ်ခံလိုက်ရလို့  အင်ဒိုချိုင်းနားကျွန်းဆွယ် ဆိုရင် ပြန်လှည့်မကြည့်ချင်လောက်အောင်ဖြစ်နေတဲ့အချိန်။

ဖြစ်ချင်ရာဖြစ် ငါနဲ့မဆိုင်ဆိုတဲ့ ခံယူချက်နဲ့ အမေရိကန်အများစုက ပေလျာလကန် ပြုကြချိန်။

ဒါဆို အမေရိကန်လာမကယ်ရင် ကမ္ဘောဒီးယားပြည်သူတွေကို ဘယ်သူလာကယ်ပါ့မလဲ ။ ကယ်တင်ရှင်ရယ် လာပါတော့ ။

ကယ်တင်ရှင်တွေ ရောက်လာပါပြီ။

အမေရိကန်တွေ မဟုတ်ပါဘူး။
အမေရိကန်တွေရဲ့ မဟာရန်သူတော် ဗီယက်နမ်ပြည်သူ့တပ်မတော် ပါ။

ဒါဆို ဗီယက်နမ်တွေက ကွန်မြူ နစ်အချင်းချင်းဖြစ်ပြီး ဘာလို့များ ခမာနီတွေကို ဝင်တိုက်တာလဲ။ genocide ကိုတားဆီးချင်လို့လား ?

No…No လုံးဝ မဟုတ်ဘူး ။

မဲခေါင်မြစ်ဝှမ်းဒေသမှာ ခမာနီတွေက ဗီယက်နမ်တွေကို သွားရန်စလိုက်တော့ အရှေ့တောင်အာရှ ရဲ့ ပရပ်ရှား ဗီယက်နမ်က ပြန်တွယ်တဲ့သဘော။

နောက်တခုက ကွန်မြူ နစ် အချင်းချင်းဆိုပေမဲ့ဗီယက်နမ်က ဆိုဗီယက်တပည့် ကွန်မြူ နစ်။ ခမာနီတွေက တရုတ်တပည့်ကွန်မြူ နစ်။

တရုတ်နဲ့ ဆိုဗိယက် လမ်းခွဲကြတော့ တပည့်ကြီး နှစ်ယောက် ထချ ကြရော။

စစ်ရည်ဝနေတဲ့ ဗီယက်နမ်တပ်တွေဟာ ခမာနီတွေကို အချိန်တိုအတွင်း တိုက်ခိုက်ချေမှုန်းပစ်ပါတယ် ။

ခမာနီတွေဟာ ဗဟို အစိုးရ အဆင့်ကနေ နယ်စပ်တွေမှာ ကုပ်ကပ်နေရတဲ့ ဘဝ ရောက်ကုန်ပါတယ်။

ခမာနီတွေရဲ့ အမွေအဖြစ် ကမ္ဘောဒီးယား နိုင်ငံမှာ ကျန်ခဲ့တာဆိုလို့ …

လူထောင်ချီမြုပ်နှံထားတဲ့ ကျင်းကြီးတွေ

ထိုးထိုးထောင်ထောင် ထွက်နေတဲ့ လူသေအရိုးတွေ

ညဉ်းပန်းနှိပ်စက်ရေး စခန်းတွေ

ပိန်းခြုံးချည့်နဲ့နေတဲ့ သေခါနီးလူတွေ

ဗီယက်နမ်တပ်မတော် က နိုင်ငံစုံက သတင်းထောက်တွေ သံတမန်တွေကို ခေါ်ပြီး ဒီမြင်ကွင်းတွေကို ပြပါတယ် ။

မြင်ရသူတွေ အကုန် ရှော့ရကုန်ကြတယ် ။

ကမ္ဘာတခုလုံး မျက်လုံးပြူးမျက်ဆံပြူး ဖြစ်ကုန်တယ် ။

ဒီ အချိန်မှာ အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့ဆီကနေ အသံစထွက်လာပါတယ်။

ခမာနီတွေ ကျူးလွန်တဲ့ genocide အမှုကို ရှုံ့ချ တာလား။ မဟုတ်ပါဘူး။

ကမ္ဘောဒီးယားနိုင်ငံကို ကျူးကျော်တိုက်ခိုက်တဲ့ ဗီယက်နမ်ကို ရှုံ့ချပါသတဲ့။  

ဆိုဗီယက်-ဗီယက်နမ် ကွန်မြူ နစ်အုပ်စု နဲ့တရုတ်-ခမာနီ ကွန်မြူ နစ် အုပ်စု တိုက်ပွဲကြားမှာ အမေရိကန်ဟာ တရုတ်-ခမာနီ အုပ်စုဘက်က အပြည့်အဝ ရပ်တည်လိုက်ပါပြီ။

ဗီယက်နမ်တပ်တွေ ဝင်တိုက်လို့ နယ်စပ်မှာ ကုပ်ကပ်နေရတဲ့ ခမာနီတွေကိုသာလျှင် ကမ္ဘောဒီးယားနိုင်ငံရဲ့ တရားဝင်အစိုးရ အဖြစ် အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြုပါသတဲ့။

ကုလသမဂ္ဂမှာလည်း အမေရိကန် အစိုးရက ခမာနီတွေဘက်က ပဲ ထောက်ခံမဲ ပေးခဲ့ပါတယ် ။

ဟာ ဒါဆို အမေရိကန် အကုန်လုံး အတော်ဆိုးတဲ့သူတွေပါလား။ ကိုယ်ကျိုးအတ္တသမားတွေပါလား ။
အဲဒီလိုပြောဖို့တော့ ခက်ပါတယ် ။

အမေရိကန်ပြည်ထောင်စု အစိုးရ အဖွဲ့အတွင်းက လက်တဆုပ်စာ ထိပ်တန်းအရာရှိကြီး တချို့ဟာ ခမာနီတွေရဲ့ လုပ်ရပ်ကို စက်ဆုပ်ရွံရှာပါတယ် ။ ခမာနီတွေရဲ့ ရာဇဝတ်မှုကို အရေးယူရမယ်လို့ ဆုံးဖြတ်ချက် အခိုင်အမာ ချထားကြပါသတဲ့။

ဒါပေမဲ့ သူတို့ဆုံးဖြတ်ချက်ဟာ လက်ရှိ အမေရိကန်အစိုးရရဲ့ ''ပထဝီနိုင်ငံရေး အကျိုးအမြတ်ပေါ် အခြေခံတဲ့ ခမာနီဘက်က ရပ်တည်မှုကို '' မကျော်လွှားနိုင်ပါဘူး။

အမေရိကန်သမ္မတကြီးအပါအဝင် ပြည်ထောင်စု အစိုးရတရပ်လုံးနီးပါးက ခမာနီတွေဘက်က ရပ်တည်ကြ ထောက်ခံကြပေမဲ့ အဲ့ဒီလက်တဆုပ်စာ အရာရှိကြီးတွေကတော့ ခမာနီတွေကို ခုံရုံးတင်ဖို့ အချက်အလက်တွေ ပြင်ဆင်နေကြပါပြီ။

အဆန်းဗျနော် …
ကိုယ့်အစိုးရ ရဲ့ရပ်တည်ချက်နဲ့ ကိုယ့်ရဲ့လုပ်ဆောင်ချက်ဟာ  ထိပ်တိုက်ဆန့်ကျင်နေလင့်ကစား ကိုယ့်လုပ်ရပ်ဟာ ဥပဒေဘောင်အတွင်းကရှိနေရင် ကိုယ်စွမ်းကိုယ်စ ရှိသလောက်လုပ်ခွင့်ရတဲ့သဘောဗျ ။ ဒီမိုကရေစီဆိုတာ ဒါမျိုးကို ပြောတာထင်ပ ။

ရှည်ရှည်ဝေးဝေး မပြောတော့ဘူးဗျာ။

ခမာနီတွေကို တရားရုံးတင် စစ်ဆေး အပြစ်ပေးနိုင်ခဲ့လား ။

ပေးနိုင်ခဲ့ပါတယ် ။

Cambodia Penal Code အရ
War Crimes တွေနဲ့
Crimes against Humanity နဲ့
Genocide နဲ့ စွဲချက်တင်ပီး အပြစ်ပေးခဲ့ပါတယ် ။

တရားရုံးတော်တွေဟာလည်း ပြည်တွင်း နဲ့ အပြည်ပြည်ဆိုင်ရာ အဆင့်အထိ ပုံစံမျိုးစုံနဲ့ပါဝင်ပါတယ် ။

ခမာနီတွေဟာ အမေရိကန်သမ္မတကြီးကိုယ်တိုင်ဦးဆောင်တဲ့ အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အကာအကွယ်ပေးမှုကို ရခဲ့ပေမယ့် အပြစ်ပေးခံရပါတယ် ။

ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကျူးလွန်ခဲ့တဲ့ အမှုဟာ သာမန်ညောင်ည ကိစ္စ မဟုတ်ပါဘူး ။ လူသားမျိုးနွယ်စုကို ဖျောက်ဖျက်ဖျက်ဆီး လူမျိုးအလိုက် အညွန့်တုံးစေဖို့ ရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့တဲ့ Genocide ရာဇဝတ်မှုပါ။

Genocide ရာဇဝတ်တရားခံတွေကို အမေရိကန်သမ္မတကြီးကတောင် ဝင်ကာကွယ်ပေးလို့မရပါဘူး ။

Geopolitics နဲ့ ကစားပီး Genocide ရာဇဝတ်မှုကနေ လွတ်အောင် လုပ်လို့မရကြောင်းပါ ခင်ဗျား။    ။

=============
Credit : ကျော်လှဦး
=============
ပုံစာ(၁) ။ First They Killed My Father

ပုံစာ(၂)  ။ လူသတ်ကွင်းများဟု နံမည်ဆိုးဖြင့် ကျော်ကြားသည့် ကမ္ဘောဒီးယားနိုင်ငံ ခမာနီအုပ်စိုးစဉ်ကါလ ချွေးတပ်စခန်း တခု၏ မြင်ကွင်း


https://m.facebook.com/story.php?story_fbid=271171947067507&id=100025241122202

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဂျင်းအကြီးစား နပိန်းကောင်များ”

Post a Comment

Related Posts Plugin for WordPress, Blogger...