Saturday, October 13, 2018

စိတ်​​ဝေဒနာသည်​​တွေရဲ့ ညစ်​တီးညစ်​ပတ်​လုပ်​ရပ်​အမျိုးမျိုး

,
ဒေါက်​တာသန်းထွန်း​ရေးသည်​။

ရန်ကုန်​တက္ကသိုလ်​မှာ ၁၉၂၁ ​မေလ ၁၆ရက်​က​နေ ၁၉၃၄ ​သြဂုတ်​လ၃ရက်​​နေ့အထိ သမိုင်းပါ​မောက္ခလုပ်​သွားတဲ့ D.G.E.Hall (Daniel George Edward Hall)ရဲ့  cornell University မှာ ၁၉၇၀ ​အောက်​တိုဘာ ၁၅ရက်​​နေ့​ဟော​ပြောချက်​အရ​ပြောရရင်
၁၉၂၀ ​ကောလိပ်​သပိတ်​ပြီး​တော့ ပြည်​သူက အမျိုးသားတက္ကသိုလ်​ကိုလိုချင်​​ပေမယ့် အင်္ဂလိပ်​ကအင်္ဂလိပ်​တက္ကသိုလ်​ရဲ့မူကွဲ တက္ကသိုလ်​ငယ်​​လေးပဲ ရန်​ကုန်​မှာတည်​​ဆောက်​​ပေးတယ်​။အဲတုန်းက ဥ​ရောပရာဇ၀င်​ကိုပဲသင်​တယ်​။အဲဒါ​ကြောင့် သမိုင်းပါ​မောက္ခD.G.E.Hallက နိုင်​ငံ​ရေးသိပ္ပံလည်း ပို့ချပါရ​စေ။ကမ္ဘာ့ သမိုင်းကိုအကြို သမိုင်း(Prehistory)ကစပြီးသင်​ချင်​တယ်​။ပြီး​တော့ အ​နောက်​တိုင်းသမိုင်း (Occidential History)အ​လေး​ပေးပြီး
ပို့ချ​နေတာကို အသင့်အတင့်​လျှော့ပြီးအ​ရှေ့ တိုင်းသမိုင်း
(Oriential History)ကို နည်းနည်းကစပြီးတစ်​ဖြည်း
ဖြည်းတိုးပွား​အောင်​ ပို့ချလိုပါတယ်​။တစ်​ဖက်​ကလည်း အ​ရှေ့ တိုင်းစာ​ပေ အနုပညာ​တွေကို စွမ်းနိုင်​သ​လောက်​​ဖော်​ထုတ်​ဖို့ အ​ရှေ့ တိုင်းပညာ​လေ့လာ​ရေး(Oriental Studies)
ဌာနဖွင့်ပါဆိုတာ​တွေကို တက္ကသိုလ်​ဆီးနိတ်​(Senate)မှာ နည်းနည်းအကဲစမ်းပြီးအဆိုတင်​ မဲခွဲ သိုကာသီကာမဲနိုင်​လို့
စော​စောက​ပြောသလို ​ပြောင်းလဲသင်​ကြားဖို့သ​ဘောတူလိုက်​ရတယ်​။

အဲ​တော့မှလိုအပ်​တဲ့ဆရာ​တွေကိုအပူတပြင်းရှာရတယ်​။ဥ​ရောပသမိုင်းအတွက်​ ပါ​မောက္ခ(D.G.E.Hall)နဲ့(Albert Brooks)ရှိပြီး ၊အိန္ဒိယသမိုင်းအတွက်​ ​ဒေဆိုင်း(W.S.Desai 1892-1958)နဲ့ မြန်​မာ့သမိုင်းအတွက်​ ပါ​မောက္ခ(G.H.Luce)တို့ကိုရတယ်​။Hall အငြိမ်းစားယူ​တော့ ပါ​မောက္ခပန်း(B.R.Pearn History of Rangoon​ရေးသူ)က ပါ​မောက္ခအဖြစ်​ဆက်​ခံတယ်​။လုစ်​ အငြိမ်းစားယူ​တော့ လက်​​ထောက်​ကထိက ဦးဘရှင်​(​ဇေယျ​ကျော်​ထင်​ ဗိုလ်​မှူးဘရှင်​)က ဆက်​ခံတယ်​။၁၉၄၀​လောက်​မှာ မြန်​မာ့သမိုင်းကို မြန်​မာလိုပို့ချနိုင်​တဲ့ ဦးဘညွှန့်​ကို ကထိကအဖြစ်​ခန့်​ထားခဲ့တယ်​။၁၉၅၅ ဦးဘညွှန့်​သမိုင်းဌာနမှူး
ဖြစ်​​နေချိန်​မှာ ကျွန်​​တော်​(သန်းထွန်း)က ဦးဘညွှန့်​မြန်​မာလို ပို့ချတဲ့သင်​တန်း​တွေကိုလွှဲ​ပြောင်းရယူတယ်​။နောက်​ကျ​နော်​နိုင်​ငံခြားပညာ​တော်​သင်​သွားရတဲ့၁၉၅၂ခုနှစ်​ကုန်​ခါနီးမှာ ဦးလှသိန်းက ကျ​နော်​ပို့ချတဲ့တာဝန်​ကိုလွှဲ​ပြောင်း
ရယူတယ်​။ပါ​မောက္ခလုစ်​နဲ့ ဆရာဦးဘရှင်​​တို့ ပို့ချခဲ့တဲ့ အ​ရှေ့ တိုင်းသမိုင်း၊မြန်​မာ့သမိုင်း​တွေကို ကျွန်​​တော်​ကိုမြန်​မာရာဇ၀င်​ကထိကခန့်​တဲ့ ၁၉၆၀ နိုဝင်​ဘာ၆ ​နောက်​ပိုင်းမှာ မြန်​မာဘာသာနဲ့ပို့ချပါတယ်​။

ပါ​မောက္ခလုစ်​ ​ခေတ်​​ဟောင်းမြန်​မာသမိုင်းကို ဘယ်​လိုပို့ချလဲဆိုတာ​ပြောပါရ​စေ။ရန်​ကုန်​တက္ကသိုလ်​ကအငြိမ်းစားယူဖို့ခွင့်၎လယူတာ ၁၉၄၁ သြဂုတ်​လဖြစ်​တယ်​။ဦးဘရှင်​က လက်​​ထောက်​ကထိကအဖြစ်​နဲ့ ဆရာလုစ်​ပို့ချတဲ့ ​ခေတ်​​ဟောင်းမြန်​မာသမိုင်းကို ပို့ချဖို့တာဝန်​ယူရတယ်​လို့သိရတယ်​။အဲဒီနှစ်​က ကျ​နော်​ဒုတိယနှစ်​ ဥပစာ ​အောင်​စပဲ ရှိ​သေးလို့ ဆရာလုစ်​ကိုမ​တွေ့မမြင်​ဖူးဘူး။သူပို့ချတဲ့​ခေတ်​​ဟောင်း
မြန်​မာသင်​တန်းကို ကျွန်​​တော်​ ၁၉၅၂ ​အောက်​တိုဘာ၂၀ လန်​ဒန်​ကို​ရောက်​ပြီးမှ ဆရာလုစ်​က မြန်​မာ့သမိုင်းသု​တေသနလုပ်​ဖို့ ​ခေတ်​​ဟောင်းကို​ရွှေးပါလား၊ငါ့ကိုဆက်​ခံမယ့်သူပြတ်​​နေပြီ။ဗိုလ်​မှူးဘရှင်​ဟာ စစ်​ကြီးအပြီးမှာ စစ်​ထဲဝင်​ပြီး အခုလန်​ဒန်​မှာစစ်​သံမှူးဖြစ်​​နေလို့ ဆက်​လုပ်​မယ့် လူလိုတယ်​ ​ပြောတာနဲ့ ကျွန်​​တော်​​ခေတ်​သစ်​သမိုင်းသု​တေသနလုပ်​ရာမှ ​ခေတ်​​ဟောင်းကိုသု​တေသနနယ်​အဖြစ်​​ရွှေးလိုက်​ပြီး ဆရာလုစ်​ပို့ချတဲ့​ခေတ်​​ဟောင်းမြန်​မာသမိုင်းကို သီတင်းတစ်​ပတ်​တစ်​ကြိမ်​ ၆လ​လောက်​ နား​ထောင်​လိုက်​ရတယ်​။ပြင်​သစ်​မှာ ၁၉၆၆ကသွားပြီးပို့ချ​သေးတယ်​လို့လဲသိရတယ်​။

ပို့ချချက်​​တွေကိုဖြည့်စွက်​ပြီးစာအုပ်​အဖြစ်​ ဆရာကြီး(လုစ်​)ကွယ်​လွန်​ပြီး၆နှစ်​အကြာ ၁၉၈၅မှာပုံနှိပ်​ပြီးပါတယ်​။
(ဆက်​လက်​ပြီး​ဒေါက်​တာသန်းထွန်းက သူ့ဆရာလုစ်​ ​ခေတ်​​ဟောင်းကိုဘယ်​လိုသင်​​ကြောင်းအ​သေးစိပ်​ဆက်​​ပြောပါတယ်​။ကျ​နော်​ဖြုတ်​လိုက်​ပါတယ်​။nzl)
(ဆရာ​ဒေါက်​တာသန်းထွန်း သူ့ဆရာ​တွေနဲ့ပက်​သက်​ပြီး အဆုံးမှာ အခုလိုဆက်​​ပြောပါတယ်​။
အခုလို ဆရာလုစ်​သင်​ပုံမာတိကာအ​သေးစိပ်​ကို ​ဖော်​ပြရတဲ့အ​ကြောင်းက ဆရာကြီးကြိုးပမ်းချက်​ဘယ်​​လောက်​ကြီးမားတယ်​ဆိုတာ သိဖို့ရယ်​၊တက္ကသိုလ်​မှာမြန်​မာ​ရှေး​ဟောင်းသမိုင်းပို့ချချက်​ဘယ်​လိုအဆင့်ရှိတယ်​ဆိုတာ ​ပြောလိုတာ​ကြောင့်ဖြစ်​ပါတယ်။ဆရာကြီးက သူ့စာအုပ်​ဟာ ခန္ဓာကိုယ်​ပိုင်းနဲ့တူတယ်​။ခေါင်း လက်​ ​ခြေ ကျန်​သမျှကို ​နောက်​လူ​တွေဖြည့်ကြရမယ်​ဆိုတဲ့ သ​ဘောဖြစ်​ပါတယ်​။
ဦးဘရှင်​နဲ့ပက်​သက်​ပြီး ဆရာ​ဝေဖန်​​ထောက်​ပြသွားတာက
ဆရာဦးဘရှင်​(1914-1971)က ဆရာလုစ်​ကို ဆက်​ခံသူအဖြစ်​နဲ့ ကျမ်းပြု ​နေဆဲမှာ ကွယ်​လွန်​သွားတယ်​။ဂျာနယ်​ မဂ္ဂဇင်းမှာ အများဗဟုသုတရဖွယ်​စာတမ်း​တွေ​ရေး​ပေမယ့် ကျမ်းကြီးကျမ်းခိုင်​​ရေးဆဲဆုံးတယ်​။ကျန်​ရစ်​တဲ့အ​မွေခံများက ကျန်​ရစ်​တဲ့စာကိုတည်းဖြတ်​ပြီး ပုံနှိပ်​ဖို့အားထုတ်​တာ မ​တွေ့ပါ)​လောကထိပ်​ပန်​ဟာ ဗိုလ်​မှူးဘရှင်​ရဲ့ အ​ကျော်​အကြားဆုံးကျမ်းတစ်​ဆူပါပဲ။

ရန်​ကုန်​တက္ကသိုလ်​မှာမြန်​မာရာဇ၀င်​သင်​ဖို့ ကထိကတစ်​ဦးလိုတယ်​ ၁၉၆၀ သြဂုတ်​ ၁ရက်​​နေ့သတင်းစာမှာ​ကြေငြာထည့်တယ်​။လျှောက်​ထားသူ၆​ယောက်​အနက်​ ဦးဘရှင်​နဲ့ကျွန်​​တော်​ကို ဆီးနိတ်​က မဲခွဲ​ရွေးတယ်​။ဦးဘရှင်​၁၅မဲ၊ကျွန်​​တော်​၁၂မဲ
ကြား၃မဲနဲ့ ကျွန်​​တော်​ရှုံးပါတယ်​။ကောင်​စီက ဦးဘရှင်​ကိုခန့်​ထားဖို့အတည်​ပြု ရမှာဖြစ်​တယ်​။၁၉၆၀ နိုဝင်​ဘာ၅ရက်​​နေ့မှာ​ကောင်​စီအစည်းအ​ဝေးပွဲလုပ်​တယ်​။ထပ်​ပြီးစဉ်းစားတယ်​။မဲခွဲတယ်​။အဲဒီအချိန်​ မှာ ဆရာဦးဘရှင်​က သမိုင်း​ကော်​မရှင်​အ၀​ခေတ်​(၁၃၆၄-၁၇၅၀)
ကျမ်းပြု အကြီးတန်းသု​တေသနအရာရှိကြီးဖြစ်​တယ်​။
ဆရာလုစ်​က
...ကျွန်​​တော်​သိသမျှ သူ(ဦးဘရှင်​)တစ်​ဦးတည်းသာလျှင်​ ဤအ​ကြောင်းအရာကိုနိုင်​နိုင်​နင်းနင်းလုပ်​နိုင်​မည့်သူဖြစ်​ပါတယ်​။(He is the only one man who could take the subject)လို့ နိုဝင်​ဘာ၎ရက်​​နေ့ ၁၉၆၀ရက်​စွဲနဲ့ ​ထောက်​ခံချက်​​ရေး​ပေးတယ်​။
.....သူ့ရဲ့ ကာလရှည်​ကြာလှတဲ့ သု​တေသနအ​တွေ့အကြုံ နဲ့
ပညာရှင်​ပီပီကျယ်​ပြန့်​တဲ့အသိဟာ ဒီသု​တေသနနယ်​မှာ သူ့ကို မြန်​မာနိုင်​ငံတွင်​ယှဉ်​ပြိုင်​နိုင်​သူမရှိပါ....
(His long experience and wide scholarly knowledge of this field is unequalled in Myanmar)လို့လည်း​ရေး​ပေးတယ်​။နောက်​ နိုဝင်​ဘာ ၁၂ရက်​​နေ့ ၁၉၆၀ ရက်​စွဲနဲ့ ကျွန်​​တော်​ဆီကို​ရေး​ပေးတဲ့ ဆရာလုစ်​ရဲ့ စာထဲမှာ
......ကာနယ်​လ်​ဘရှင်​(Col.Ba Shin)ဟာ အခုနှစ်​အစိတ်​မှာ
 မြန်​မာ့သမိုင်းအတွက်​သု​တေသနလုပ်​ရာမှာ အ​ထောက်​အပံ့မရတာကများလို့ ကိုယ်​ကျိုးမပါဘဲ လုပ်​ခဲ့တယ်​လို့ ဆိုရမယ်​။သူ့စွမ်း​ဆောင်​ချက်​ဟာ ဘယ်​သူ့ထက်​မှမနိမ့်(Second to none)လို့ သူ​ရော ကျွန်​​တော်​ပါ သူ့​အောက်​က ဒုတိယ​နေရာမှာသာရှိ​ကြောင်း.....
ရေးလာပါတယ်​။ကောင်​စီက ၁၄မဲ ၁၁မဲနဲ့ ကျွန်​​တော်​ကို မြန်​မာရာဇ၀င်​ကထိကအဖြစ်​ ခန့်​ထားခဲ့တယ်​။(သန်းထွန်း)

ပြောချင်​တာ​ရေးပါ​တော့မယ်​။
အခု မြန်​မာ့သမိုင်းမှာ​​ရှေးဆရာ​တွေကို​စော်​ကား​မော်​ကား​ပြောဆိုပြီး လူတတ်​ကြီးလုပ်​​နေတဲ့ခပ်​ချာချာ​တွေကို ဟားတိုက်​ချင်​လာတာပါ။လုစ်​ဘာဖြစ်​တယ်​ ညာဖြစ်​တယ်​ သန်းထွန်းဘာဖြစ်​တယ်​ညာဖြစ်​တယ်​ ဘရှင်​ကလားကြီးတို့ ​ပေါက်​လွတ်​ပဲစား ငါ့စကားနွားရ​ပြော​နေတဲ့ လူ​တွေက ဘာ​ကောင်​​တွေလဲ။သု​တေသနဂျာနယ်​မှာ​ရေးတဲ့ ​ဒေါက်​တာအမကြီးက ပုဂံသမိုင်းကို သမုဒ္ဒရာဇ်​မင်းကစ​ရေးတာပါပဲဗျာ။၁၇ရာစုမှ​ပေါ်တဲ့ ​ခေတ်​ပြိုင်​မှတ်​တမ်းမဟုတ်​တဲ့ ရာဇ၀င်​ကြီး​တွေ ကိုREF:note ​ပေးတယ်​ဗျာ။ကျ​နော်​စာ​ပေဗိမာန်​ထဲမှာ ​အော်​ရယ်​ချင်​တာမနည်းစိတ်​ထိန်းထားရတယ်​။ဒေါက်​တာအမည်​က ​ဒေါက်​တာခင်​နှင်းယုတဲ့။တင်နိုင်​တိုးတို့ ဘုန်းတင့်​ကျော်​တို့ ​ပြောမ​နေပါနဲ့​တော့။
အပြင်​​ဒေါက်​တာက မတင်​၀င်း။စစ်​ဗိုလ်​​တွေဖြစ်​ချင်​တဲ့သမိုင်း​တွေကို ပါ​မောက္ခတစ်​ချို့က နာမည်​ပျက်​ခံမ​ရေး​ပေးချင်​လို့ အ​​ကြောင်းပြပုတ်​ထုတ်​လိုက်​ရာက​နေ မတင်​၀င်းဆီ​ရောက်​ပြီး မတင်​၀င်းထင်​​ပေါ်လာတာပါ။တစ်​တိုင်းပြည်​လုံး ခပ်​ပိန်းပိန်း​တွေဆို​တော့ ပ​ဒေသရာဇ်​ကို ​သောက်​ကျိုးနဲ ​သောက်​မွှန်းတင်
ပြီး ​ရေးသားတာကြိုက်​​တော့ မတင်​၀င်း​နာမည်​ရ​ရောဆိုပါ​တော့။

တကယ်​​တော့သမိုင်းသု​တေသန(Research)ကို အ​နောက်​နိုင်​ငံသားဥ​ရောပသား​တွေအုတ်​မြစ်​ချ​ပေးလို့ အခု​လောက်​ မြန်​မာဆိုတာ ဘယ်​ကဘယ်​လိုဆိုတာ ခပ်​​ရေး​ရေးသိလာခဲ့ကြတာပါ။မဟုတ်​ရင်​ မဟာသမ္မတ​ပေါ်ပြီး ဗြဟ္မဏဖင်​ကထွက်​လာသလိုလိုထင်​မှတ်​​နေကြမှာ​သေချာတယ်​။လူမျိုးဘာသာခွဲပြီးလုပ်​တဲ့ဥာဏ်​ဆိုး​တွေ​ကြောင့် ပျက်​စီးကုန်​တာပါ။အဲဒီအတွက်​ပဲ ပညာရှင်​ကိုလက်​လွှတ်​ရပြီး ​လေဖမ်းဒန်းစီးင​ပေါ​တွေကိုမဟာပညာရှင်​တွေအဖြစ်​ တစ်​မျိုးသားလုံးပူ​ဇော်​​နေကြရတာ​ပေါ့။

ခပ်ပွင့်လင်းေ​​​ပြာရရင် ​ပ​ဒေသရာဇ်​စစ်​အာဏာရှင်​​တွေကို ဘုရားတည်​တာပြပြပြီး အမွှန်းတင်​တာအ​ရေးမကြီးဘူး။မင်းတို့ဘာသာမင်းတို့ ပ​ဒေသရာဇ်​ကိုကြိုက်​သ​လောက်​အမွှန်းတင်​။ငါတို့လူငယ်​​တွေက ပ​ဒေသရာဇ်​စနစ်​ဘယ်​က​နေ ဘယ်​လို​ပေါ်ထွန်းလာပြီး ဘယ်​လိုညစ်​တီးညစ်​ပတ်​​အောက်​တန်းကျတဲ့လုပ်​ရပ်​ဆိုးအမျိုးမျိုးကိုလုပ်​ကြပြီး ဘယ်​​နေရာမှာဇတ်​သိမ်းသွားတယ်​ဆိုတာကအစ အ​ထောက်​ထားနဲ့တကွသိပြီးကြပြီဖြစ်​လို့ ဘာမှထိခိုက်​စရာမရှိဘူး။ပြော​နေရတဲ့အဓိကအ​ကြောင်းကလူထုရဲ့ နိုင်​ငံ​ရေး​ရေချိန်​နိမ့်သွားလို့ပဲ။သိပ်​အထိနာတယ်​။အစိုးရတစ်​ရပ်​ကို အစိုးရတစ်​ရပ်​လို့ မမြင်​​တော့ဘဲ ကယ်​တင်​ရှင်​ကြီးများအဖြစ်​ ကိုးကွယ်​ဖို့တွန်းပို့လိုက်​တဲ့အထဲမှာ မျိုးချစ်​စိတ်​အ​ခြေခံ ​ပုံပြင်​သမိုင်း​တွေက အဓိကအခန်းကဏ္ဍကပါဝင်​​နေပါတယ်​။ဒီအတွက်​​ကြောင့်ပဲ ပ​ဒေသရာဇ်​စစ်​အာဏာရှင်​အ​နော်​ရထာက​နေ သီ​ပေါအထိ ရှိသမျှ​သော စကြ၀ဋ္ဌာအလုံးကိုအစိုးရ​တော်​မူတယ်​ဆိုတဲ့စိတ်​​ဝေဒနာသည်​​တွေရဲ့ ညစ်​တီးညစ်​ပတ်​လုပ်​ရပ်​အမျိုးမျိုးကို ​ဖော်​ထုတ်​​ရေးသား​နေတာပဲဖြစ်​ပါတယ်​။
NZL......


https://m.facebook.com/story.php?story_fbid=171675973768590&id=100027785653688

0 ယောက်မှတ်ချက်ပြုခဲ့သည် to “စိတ်​​ဝေဒနာသည်​​တွေရဲ့ ညစ်​တီးညစ်​ပတ်​လုပ်​ရပ်​အမျိုးမျိုး”

Post a Comment

Related Posts Plugin for WordPress, Blogger...