တကယ်တော့ ပညာမဲ့တဲ့ လက်နက်ကိုင် လူရမ်းကားတွေ ရဲ့ အုပ်ချုပ်မှုကြောင့် ၊ မြန်မာပြည်ရဲ့ ပညာတတ်အများစု တိုင်းပြည်ကို စွန့်ခွာသွားကြပါပြီ။ ပြည်တွင်းမှာ ကျန်ရှိနေတဲ့ ပညာတတ်ကြီးတွေလဲ အသက်အရွယ်တွေ ကြီးရင့်လာကြပါပြီ။ လူငယ် ပညာတတ်မျိုးဆက်သစ်တွေ အခုအချိန်မှာ အရေးတကြီး မွေးထုတ်ရတော့မှာပါ။
ပျက်စီး ယိုယွင်းသွားတဲ့ ပညာရေးစနစ်နဲ့အတူ ၊ ခေတ်အဆက်ဆက် ကိုယ့်လူမျိုး အချင်းချင်း သေနတ် နဲ့ တကယ် ပစ်သတ်ပြီး အနိုင်ကျင့် အုပ်ချုပ်ခဲ့တာကို အရည်အချင်းလို့ ယူဆနေတဲ့ နလပိန်းတုံး တွေ အများကြီး ပေါ်ထွက်လာပါတော့တယ်။ အဲ့ဒီ့ နလပိန်းတုံး တွေကို အာဏာရှင်အသိုင်းအ၀ိုင်းက ပေါလစ်တင်ပေးပြီး အတုအယောင် ပညာတတ်လူတန်းစား အလွှာ တစ်ခု ကို ဖန်တီးလိုက်ပါတယ်။
ဘယ်အရာမဆို ပြသနာရဲ့ အရင်းအမြစ် root of cause ကို ရှာဖွေမှု မလုပ်ဘဲ
လက်လွတ်စပယ် ဆုံးဖြတ်ချက်ချတတ်တဲ့ ငထုံငထိုင်း တွေ ကြောင့် နယ်ပယ်အသီးသီးက
မြန်မာလူမျိုးတွေ ဒုက္ခ ရောက်ကြရတာ လဲ ရာစုနှစ်ပေါင်းများစွာ
ရှည်ကြာနေပါပြီ။ ဒါပေမယ့် နောင်တမရပါဘူး။ အမှားတွေကို ဆက်ပြီး
ကျူးလွန်နေမှာပါဘဲ။
နိုင်ငံသားအချင်းချင်း လူမျိုး ဘာသာ ယဉ်ကျေးမှု တွေနဲ့ အဆင့်အတန်းခွဲခြားမှုတွေ အမြင်ကျဉ်းမြောင်းမှုတွေ က လဲ မြန်မာနိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှု ကို တစစီ ဖြစ်စေခဲ့တယ်။ ဒါကြောင့်လဲ ရည်ရွယ်ချက်ရှိရှိနဲ့ ဗြူဟာချပြီး အမုန်းတရား တွေကို ဖောဖောသီသီ ဖြန့်ဝေခွင့် ပေးနေတာပါဘဲ။
၂ ကောင်ထိုးကျွေးပြီး King ၀င်မယ်ဆိုတဲ့ အယူအဆကြောင့် ၊ ကိုယ့်လက်အောက်ငယ်သားတွေကို သတ်ကွင်းထဲ မှာ အသေခံခိုင်းပြီး အာဏာတည်မြဲဖို့ အတွက် ဇာတ်တူသားစားတာကို အုပ်ချုပ်မှုပညာလို့ ထင်နေတဲ့ လူ့ဘီလူးတွေ ရဲ့ လက်ထဲမှာ တပ်မတော်သားတွေ အပါအ၀င် ပြည်သူပြည်သားတွေ နှစ်အတော်ကြာတဲ့အထိ နလံထူနိုင်ဖို့မလွယ်ပါဘူး။
သေသေချာချာ သုံးသပ်ကြည့်ရင်တော့ ကိုယ့်လူမျိုးတွေ ကို ကိုယ်ဒုက္ခ ပြန်ပေးနေတဲ့ မြန်မာပြည်ရဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ မလွယ်သေးဘူး။
တော်တော် ရုန်းကန်ကြရအုံးမယ်ဗျာ။