Sunday, October 19, 2014

Burmanization လို့ပြောရင် ငေါက်ကနဲ

,
Burmanization လို့ပြောရင် ငေါက်ကနဲ ခေါင်းထောင်လာတဲ့သူများကိုလည်း ကျေးဇူးတင်ပါတယ်။
 

ဟုတ်ကဲ့။ ဗမာတွေလည်း ခံရတာပါဘဲ။ ဒါပေမဲ့ ဗမာဖြစ်ခြင်းကြောင့် ခံရတာတော့ မဟုတ်ဘူးပေါ့။
 

ဗမာ မဟုတ်တာနဲ့ကို ခံရမယ် ဆိုတဲ့ စနစ်၊ 
 

-တိုင်းရင်းသားဒေသရောက်မှ တိုင်းရင်းသူတွေကို အုပ်လိုက်သင်းလိုက် ခေတ်အဆက်ဆက် 

မုဒိန်းကျင့်ခွင့်ရနေတာ၊
 


 - တိုင်းရင်းသား စာပေ တောင် သင်ခွင့်မရတော့တာ။
 

- တိုင်းရင်းသား ယဉ်ကျေးမှုတွေတောင် ကျင့်သုံးခွင့်မရတာ
 

- ကိုးကွယ်ယုံကြည်မှု နှိပ်ကွပ်ခံရတာ၊ အဆောက်အဦတွေ ဆောက်လုပ်ခွင့် ပိတ်ပင်ထားတာ၊ ခွင့်ပြုမိန့် 

ဆိုင်းငံထားတာ၊ ချိတ်ပိတ်ထားတာ၊ မီးရှို့ခွင့်၊ ဖျက်ဆီးခွင့်၊ ခိုးခွင့်၊ လုယက်ခွင့် ပြုထားတာ။
 

- ပညာရေး၊ ကျန်းမာရေးအရ ရင်းနှီးမြုပ်နှံမှုခွဲခြားပြီး ပညာမတတ်တဲ့လူမျိုးတွေ၊ မကျန်းမာတဲ့ 

လူမျိုးတွေဖြစ်အောင် စနစ်တကျ စီစဉ်ထားတာ၊
 

- ၀န်ထမ်းဖြစ်ခွင့်၊ ရာထူးကြီးခွင့်၊ white colour workers ဖြစ်ခွင့်တွေမှာ ခွဲခြားထားတာ...
 

- ဒုတိယတန်းစား နိုင်ငံသားတွေဖြစ်တယ် ဆိုတဲ့ ပုံစံမျိုးနဲ့ မြင်သွားအောင် ပညာရေးစနစ်ကို ဖန်တီးခဲ့တာ၊ 

တည်တံ့အောင် ပြုလုပ်ခဲ့တာ ။ ဒါတွေ အားလုံးဟာ burmanization ရဲ့ သိသာထင်ရှားတဲ့ အစိတ်အပိုင်း 

အစအနလေးတွေဘဲ ရှိသေးတယ်။ မမြင်ရတဲ့ ဖုံးကွယ်မှုတွေက တထောကြီး။
 

ဟုတ်ကဲ့။ ဗမာတွေလည်း ခံရတာပါဘဲ။ ဒါပေမဲ့ ဗမာဖြစ်ခြင်းကြောင့် ခံရတာတော့ မဟုတ်ဘူးပေါ့။
 

တိုင်းရင်းသားတွေသာ ဗမာမဟုတ်တဲ့အတွက် ခံကြရတာပေါ့။
 

အမည်မသိ ခေတ်စာဆို ပရော်ဖက်ဆာ ဒေါက်တာပေါ်လွင် Paw Lwinရဲ့ post ထဲက ဖာသည်မနဲ့ 

သူတောင်းစားကို ”လူ” လို့ တန်းတူ လက်ခံပြီး လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ရေးသားခွင့်၊ လူ့အခွင့်အရေး 

ခံစားပိုင်ခွင့် ပေးမယ်ဆိုရင်.
 

ကျုပ်တို့ တိုင်းရင်းသားတွေကိုလည်း ကျုပ်တို့ ဝေါမှာ 

လွတ်လပ်စွာ တွေးခေါ်ရေးသားခွင့်လေးတော့ ပေးကြပါ။ ဗမာ မဟုတ်တာနဲ့တော့ ၀င်တွယ်ကြမယ်လို့ 

တစက်မှ စိတ်မကူးကြပါနဲ့။
(Khon Ja)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “Burmanization လို့ပြောရင် ငေါက်ကနဲ ”

Post a Comment

Related Posts Plugin for WordPress, Blogger...