Wednesday, August 23, 2017

#မေးပါရစေဗျာ...copyမှလာတာ

,
အခုကျွန်တော်နေထိုင်နေတာ မြောက်ကိုရီးယားလား? မြန်မာနိုင်ငံလားဆိုတာ?

မနေ့ည(၂၂ရက်.၈လ.၂၀၁၇)က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၃/ရန်ပြေရပ်ကွပ်မှာ  Townaaceကားပေါ်က လော်စပီကာကြီးတပ်လို့ အော်နေတော့ နာထောင်မိတယ်....

အဲ့ဒီ့ည ရက်စွဲနဲ့ ဒေသန္တရအမိန့်ဆိုပြီး
ကြေညာနေတာက
#အစ္စလာမ်ဘာသာဝင်များသည် #ဘာသာရေးစာသင်ကျောင်းများတွင် ဝတ်ပြုမှု့မလုပ်ရ!
#ဘာသာရေးစာပေများမသင်ကြားရ!
#နေအိမ်များတွင် ဝတ်ပြုမှု့မလုပ်ရ!
#နေအိမ်များတွင်ဘာသာရေးစာပေများမသင်ကြားရ!

ကဲ!
လက်ရှိသာကေတမြို့နယ်မှာ အစ္စလာမ်ဘာသာဝင် သောင်းဂဏန်းရှိတယ်..
ဝတ်ပြုဦးချရာ မစ္စဂျစ်(ပလီ)တစ်လုံးမှမရှိဘူး!
ဒါရန်ကုန်မြို့လယ်ကောင်နဲ့အနီးနားဆုံးမြို့နယ်

ဘာသာရေးစာသင်ကျောင်မှာ စာသင်ကြားခြင်းမပြုရ ဆိုတော့ ဟာသများလားတောင်ထင်မိတယ်
ပိုဆိုးတာက နေအိမ်များမှာပါ မသင်ကြားရဘူးဆိုတော့
မိဘက သားသမီးကိုတောင်
ဘာသာရေးအဆုံးအမနဲ့ ကျမ်းစာ သင်ရင် ဥပဒေချိုးဖောက်သလိုဖြစ်နေပြီ..
တစ်မြို့နယ်လုံး ဝတ်ပြုရာနေရာမရှိတဲ့အပြင်
ကိုယ်အိမ်ကိုယ်ပါ
ကိုယ့်ယုံကြည်ရာကို ကိုးကွယ်ခွင့်မရဆိုသလို ဖြစ်နေလေတော့..
..
အစိုးရကျောင်းတက်နေတဲ့ ညီငယ် တစ်ပတ်တစ်ခါ ဘုရားပန်းဖိုးပေးရတာရယ်..
ဝါဆိုသင်္ကန်းကြေး ပေးရတာရယ်
ဆရာကန်တော့ပွဲ ကြေး
ကထိန်သင်္ကန်းနဲ့ ဘုံကထိန်အတွက် လစဉ်ပေးနေရတဲ့ အခြေအနေကို သာဓုအကြိမ်ကြိမ်ခေါ်မိပြီး
ဘာသာရေးအားလုံးပိတ်ပင်ထားတဲ့
မြောက်ကိုရီယားကိုသာ တစ်တစ်ခွခွ ဆဲခြင်နေတော့တာဘဲဗျာ..

ကွန်မြူကရေစီနှင့်အတူ ပြောင်လဲခဲ့ပြီလေ

ရွှေတာဝ

0 ယောက်မှတ်ချက်ပြုခဲ့သည် to “#မေးပါရစေဗျာ...copyမှလာတာ”

Post a Comment

Related Posts Plugin for WordPress, Blogger...