Monday, August 28, 2017

ဗမာဖန်တိးသည့်ပြဿနာကို ခေါင်းအေးအေးထားပြီးဖြေရှင်းဖို့လိုကြောင်း၊ ရိုဟင်ဂျာနဲ့မဆွေးနွေးချင်ဆိုလို့ မရတော့ကြောင်း၊ ဗမာစစ်တပ်ရက္ခိုင်ပြည်ကထွက်သွားဖို့ ဆန္ဒပြရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးအေးထွန်းပြော

,
#ရက္ခိုင့်တပ်မတော်ခေါင်းထောင်လာသဖြင့် ရက္ခိုင်မူဆလင်အဓိကရုဏ်းကိုဖန်တီးခဲ့ခြင်းဖြစ်ကြောင်း။ ထို့နောက် ဗမာစစ်တပ်က တကယ်တန်းအကူအညီမပေးပဲ ဟယ်လီကော်ပတာများဖြင့် #ဟန်ရေးပြကာကွယ်နေကြကြောင်း။  သူတို့ #ပစ်မှတ်ထားတာ မူဆလင်တွေမဟုတ်ကြောင်း #ရက္ခိုင့်တပ်မတော်သာဖြစ်ကြောင်း
…………………………………………………………………………………………
ယခုအခါ ဗမာစစ်တပ်သည် #ANPကိုအိပ်ထဲထည့်ထားပြီဖြစ်ကြောင်း။ ရခိုင်ပြည်နယ်တွင် ဗမာစစ်အင်အားတိုးပြီးချခွင့်ရဖို့ #ANPကိုအသုံးချသွားကြောင်း။
…………………………………………………………………………………………
#နိုင်ငံရေးမပြည့်ဝသော ရက္ခိုင်ခေါင်းဆောင်များကိုလည်း #ဘာသာရေးမှိုင်းတိုက်ပြီး NGO ကိုဆန္ဒပြခိုင်းနေကြောင်း။ ဆန္ဒပြနေသူများနောက်မှာ #ကြံ့ခိုင်ရေးနဲ့ခရိုနီများရှိကြောင်း။ NGO ကိုစစ်တပ်ကိုယ်စားဆန္ဒပြသဖြင့် #ထောက်ပံ့ကြေးတွေရနေကြောင်း။ အမှန်တကယ်မှာ NGO ကိုဆန္ဒမပြပဲ #ဗမာစစ်တပ်ရက္ခိုင်ပြည်ကထွက်သွားဆိုပြီး ဆန္ဒပြရမှာဖြစ်ကြောင်း။
…………………………………………………………………………………………
မေယုခရိုင်ဆိုသည်မှာ ရက္ခိုင်ကနာမည်အားဖြင့်သာ ပိုင်ဆိုင်ထားကြောင်း။ #မူဆလင်များကသာ တကယ်ပိုင်ဆိုင်ထားကြောင်း။  သူတို့လည်း ဗမာစစ်တပ်ဆီမှာတဆင့် #ခေါင်းပုံဖြတ်ခံနေရကြောင်း။ နာမည်အရမကျဆုံးသော်လည်း #လက်တွေ့မှာကျဆုံးပြီးသားသာဖြစ်ကြောင်း။  လက်လွှတ်မဆုံးရှုံးစေချင်သော်လည်း #ဒေါသနဲ့ဖြေရှင်းလို့မရကြောင်း။  ဘူးသီးတောင်မောင်တောကိုပြန်ရဖို့ #လူမျိုးရေးဘာသာရေး #သွေးထွက်သံယိုအဓိကရုဏ်းဖြင့် ဖြေရှင်းလို့မရကြောင်း။  #နိုင်ငံရေးပရိယာယ်ကြွယ်ဝဖို့လိုကြောင်း။
…………………………………………………………………………………………
#ရက္ခိုင်ဆိုတာရိုင်းစိုင်းသောလူမျိုးဆိုပြီး နိုင်ငံတကာကမမြင်ရအောင် NGO များနဲ့ သင့်မြတ်အောက်ဆက်ဆံသင့်ကြောင်း။ NGO နဲ့ကိုဖီအာနန်ကော်မရှင်ကို #ဆန့်ကျင်ဆန္ဒပြတာမှားယွင်းကြောင်း။ ကိုဖီအာနန်ကော်မရှင်နဲ့သာပူးပေါင်းဆောင်ရွက်ခဲ့ပါက အေအေကြောင့် #မငြိမ်မသက်မှုများဖြစ်နေရသည်။ #မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် #အေအေပါဝင်ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်များကို အစီရင်ခံစာမှဖြုတ်ပေးဖို့ တိုက်တွန်းနိုင်မည်ဖြစ်ကြောင်း။ တောသူတောင်သားများကလည်း #နိုင်ငံရေးပရိယယ်နားမလည်ပဲ အင်တာဗျူးတွေလုပ်နေတာတော်တော်ဆိုးကြောင်း။
…………………………………………………………………………………………
ဗုံးတွေနေရာအနှံ့ပေါက်နေတာ မူဆလင်တွေလက်ထဲမှာ သေနတ်တွေအများကြီးရှိနေတာ #စစ်တပ်ကထုတ်ပေးထားတာသာဖြစ်နိုင်ကြောင်း။
…………………………………………………………………………………………
ဆွေးနွေးပွဲတစ်ခုကို #ရိုဟင်ဂျာကိုဖိတ်လျှင် #ရခိုင်တွေမတက်ဘူးဟုငြင်းဆန်လေ့ရှိကြောင်း။ ငါမှန်တယ်ဆိုပြီး မာနကြီးနေလို့မရကြောင်း။ စစ်မျက်နှာကိုနှစ်ဖက်ဖွင့်လို့မရကြောင်း။ #ရိုဟင်ဂျာနဲ့မဆွေးနွေးချင်ဆိုလို့ မရတော့ကြောင်း။
…………………………………………………………………………………………
ရက္ခိုင်ပြည်သူတွေက အေအေဘာလုပ်နေသလဲဆိုပြီး #အပြစ်တင်နေတာအလကားဖြစ်ကြောင်း။ အေအေအင်အား ကြီးသထက်ကြီးလာအောင် #ပြည်တွင်းကိုဝင်ရောက်လာနိုင်အောင်သာ ကြိုးစားပေးကြရမှာဖြစ်ကြောင်း။
…………………………………………………………………………………………
…………………………………………………………………………………………

ဗိုလ်မှူးကြီးအေးထွန်း
ပြန်ကြားရေးဌာန

#ရက္ခိုင့်တပ်မတော်ထိပ်တန်းသတင်းများအား သင်ဖတ်ပြီးထပ်ဖြန့်မှ အမျိုးသားရေးတာဝန်ကျေမည်။

https://m.facebook.com/story.php?story_fbid=1607706545959211&id=1162710293792174

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဗမာဖန်တိးသည့်ပြဿနာကို ခေါင်းအေးအေးထားပြီးဖြေရှင်းဖို့လိုကြောင်း၊ ရိုဟင်ဂျာနဲ့မဆွေးနွေးချင်ဆိုလို့ မရတော့ကြောင်း၊ ဗမာစစ်တပ်ရက္ခိုင်ပြည်ကထွက်သွားဖို့ ဆန္ဒပြရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးအေးထွန်းပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...