Monday, August 28, 2017

ARSA နှင့် အကြမ်းဖက်သမားများ

,
၂၀၁၆ စက်တင်ဘာလ ကတည်းကစ၍ မြန်မာ့တပ်မတော် နယ်ခြားစောင့်ရဲများ ရခိုင်ပြည်သူ့စစ်များနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များက နယ်ခြားစောင့်စခန်းများအား တိုက်ခိုက်ခဲ့သည့် လူတစ်စုကို နည်းမျိုးစုံ လက်နက်ပေါင်စုံ သုံးပြီး ချေမှုန်းလာခဲ့ကြသည်။

နယ်မြေရှင်းလင်းရေးဟု ခေါင်းစဉ်တပ်ပြီး အပြစ်မဲ့ အရပ်သားများစွာကို ရက်ရက်စက်စက် သတ်ဖြတ် မီးရှို့ပြီး အရပ်သားထောင်ပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သည်။ မြန်မာ့တပ်မတော်က အဆိုပါ တုတ်ဓါးကိုင် ဆောင်ထားသော လူတစ်စုကို ကြည်းရေလေ တပ်ပေါင်းစုံ လက်နက်မျိုးစုံသုံးပြီး ချေမှုန်းနိုင်ခဲ့ခြင်း မရှိသော် မြန်မာပြည်သူအားလုံး၏ ကာကွယ်ရေးကို မည်သို့ တာဝန်ယူနိုင်မည်နည်း။

ယခုအခါ အဆိုပါအုပ်စုက ဒုတိယအကြိမ် စခန်းပေါင်း ၂၀ ကို တိုက်ခိုက်ခဲ့ပြန်ရာ အဆိုပါ အဖွဲ့ကို အကြမ်းဖက်အုပ်စု အဖြစ် တရားဝင်ကြေညာခဲ့ပြီ။ ယခု တိုက်ခိုက်မှု မတိုင်ခင် အစွန်းရောက် ဆရာတော် ဝီရသူအား မောင်တောသို့ စေလွတ်ခဲ့ခြင်း ရခိုင်ပြည်နယ် တစ်ခုလုံး၌ ရိုဟင်ဂျာဆန့်ကျင်ရေး ဆန္ဒပြခွင့်ပေးခြင်း လွတ်တော်မှာ ဆွေးနွေးခွင့်ပေးခြင်း ရသေ့တောာင် ဘူးသီးတောင်နှင့် မောင်တောဒေသတွင် စစ်အင်အားအဆမတန် တိုးချဲ့ ချထားခြင်းများပြုလုပ်ခဲ့သည်။

ရခိုင်ကော်မရှင်၏ အစီရင်ခံစာထွက်လာသည်နှင့် တပြိုင်နက်  အကြမ်းဖက်မှုစတင်ခဲ့သည်။ အာနန်ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခန့်ထားသည့်အတွက် ငြိမ်းချမ်းရေးကို မလိုလားသော ရခိုင် အစွန်းရောက်များနှင့် စစ်တပ်က ကော်မရှင်ဖွဲ့ခဲ့သည့်အချိန်မှစ၍ ဆန့်ကျင်ကန့်ကွက်လာခဲ့သည်။

ရခိုင်ကော်မရှင်၏ အစီရင်ခံစာကို လက်မခံသူများသာ ယခုအကြမ်းမှုကို စတင်သည်မှာ ယုံမှားသံသယဖြစ်စရာ  မလိုပေ။

မည်သည့်ရိုဟင်ဂျာကမျှ အဆိုပါအစီရင်ခံစာကို ကန့်ကွက်ခဲ့ခြင်းမရှိ။ ထောက်ခံကြိုဆိုကြောင်းသာ ပြောခဲ့သည်။ သို့ဖြစ်၍ ယခုဖြစ်နေသော အကြမ်းဖက်မှုများကို ဒေါ်အောင်ဆန်းစုကြည်အား ထိုးနှက်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေခြင်းသာဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က မှုးဇော် ခေါ် ဇော်ဌေးကို ပြန်ကြားရေးအတွက် တာဝန်ပေးအပ်သည့်အချိန်မှစ၍ NLD အစိုးရ၏ လုပ်ဆောင်ချက်မှန်သမျှကို အလွယ်တကူ ဖျက်ဆီးရန် အခွင့် အရေးပေးထားသည့် သဘောဆောင် လာသည်။ ၂၀၁၂ အကြမ်းဖက်မှုကို ဖန်တီးသူများအနက် မီဒီယာအားဖြင့် အဓိကကြိုးကိုင်ဆောင်ရွက်ခဲ့သူမှာ ဇော်ဌေးပင်ဖြစ်သည်။

ယခု မောင်တော ဘူးသီးတောင် နှင့် ရသေ့ မြို့နယ်များတွင် အကြမ်းဖက်တိုက်ခိုက်ခံရသူအများစုမှာ အပြစ်မဲ့ အရပ်သား ရိုဟင်ဂျာများသာ ဖြစ်သည်။ UN Fact Finding Commission နှင့် အာနန်ကော်မရှင်၏ အစီရင်ခံစာကို လက်မခံသူများသည်ပင် အမှန်စင်စစ် အကြမ်းဖက်သမားများဖြစ်ကြသည်။

အကြမ်းဖက်သူတို့အား အမှန်ပင် နှိမ်နင်းလိုသူများသည် နိုင်ငံတကာမီဒီယာများနှင့် တည်ငြိမ်အေးချမ်းရေးဆောင်ကြဉ်းပေးနိုင်သည့် နိုင်ငံတကာ အဖွဲ့အစည်းများအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြမည်။

အထက်ပါ အချက်များကို သုံးသပ်ကြည့်ပါက

၁။ ARSA ကို မြန်မာ့ တပ်မတော်ကိုယ်တိုင်က ဖမ်းဆီးရန် ဆန္ဒမရှိခြင်း သည် ၎င်းကို တပ်မတော်က စနစ်တကျဖန်တီးကြောင်း ထင်ရှားနေသည်။

၂။ အရပ်သားများနေထိုင်ရာ ကျေးရွာများကို အမြှောက်လောင်ချာသုံးပြီး မီးရှို့ဖျက်ဆီး နေသည့်အတွက် အကြမ်းဖက်နေသူများမှာ နယ်ခြားစောင့်များနှင့် တပ်မတော်သားများသာ ဖြစ်ကြောင်း ထင်ရှားသည်။

#Myanmar #မောင်တော #ဘူးသီးတောင် #ရသေ့တောင် #ရခိုင် #ရိုဟင်ဂျာ

Soe Thu Moe

https://m.facebook.com/story.php?story_fbid=10213732252005805&id=1390856790

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ARSA နှင့် အကြမ်းဖက်သမားများ”

Post a Comment

Related Posts Plugin for WordPress, Blogger...