Wednesday, August 23, 2017

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို တိုင်းရင်းသား ပြည်နယ်အလိုက် အသီးသီးခွဲဝေ နေရာချထားပေးရန် ဘူးသီးတောင်အမတ် အကြံပြု တိုက်တွန်း

,
ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ ဖိအား များလျော့နည်းသွားစေရန်၊ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစား သည့် သူများအတွက် အတူယှဉ်တွဲနေထိုင်ရေး သဟဇာတ ဖြစ်ရေးကို ရှေးရှပြီး လူသားချင်း စာနာကြသည်ဆိုပါက ရခိုင်ပြည်နယ်အတွင်းရှိ ဘဂါင်္လီများကို တိုင်းရင်းသား ပြည်နယ်အလိုက် အသီးသီး ခွဲဝေနေရာချ ထားပေးရန် အကြံပြုတိုက်တွန်းလိုကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက သြဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

“ဒါမှသာ အချင်းချင်း ရိုင်းပင်းကူညီပြီး ကူညီတဲ့စိတ်ဓါတ်ဖြင့် ပြသ၁နာကို ၀ိုင်းဝန်းဖြေရှင်းရာ ရောက်ပါလိမ့်မယ်။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အတွက်ကြောင့် ရခိုင်အရေးသည်လည်း မြန်မာ တစ်ခုလုံးရဲ့ အရေးဖြစ်တယ်။ ဒါကြောင့် တိုင်းနဲ့ပြည်နယ် အသီးသီးက တာဝန်ယူ ရမှာဖြစ်ကြောင်း တင်ပြရခြင်းဖြစ်ပါတယ်” ဟု ဦးအောင် သောင်းရွှေက ပြောသည်။

ရသေ့တောင် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ တင်သွင်း သည့် “ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပေါ်လျက်ရှိသော ဘင်္ဂါလီ လူမျိုး အစွန်းရောက် အဖွဲ့အစည်းများ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်း သည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်တံ့ ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြုံရေး တို့ကို များစွာထိပါးနှောင့်ယှက် လာသည်ဖြစ်၍ ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုအား ဆွေးနွေးစဉ် ဦးအောင်သောင်းရွှေက ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အတူ လက်ရှိအစိုးရ၏ ဘင်္ဂါလီအရေး ဖြေရှင်းဆောင်ရွက်မှုများသည် အနာတခြား ဆေးတခြား ဖြစ်နေကြောင်း ၊ ယခုဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများသည် နယ်မြေရလိုမှုနှင့် တိုင်းရင်းသားဖြစ်လို မှု ကြိုးပမ်းရာမှ နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာနေခြင်း ဖြစ်ကြောင်းလည်း ဦးအောင်သောင်းရွှေက ပြောသည်။

“ဒါတွေကို အစိုးရအနေနဲ့ ဘဂါင်္လီနဲ့ ရခိုင်အကြား ပြသ၁နာဖြစ်နေတဲ့ ပုံစံမျိုး နှစ်ဖက်လူ့အသိုင်းအ၀ိုင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး လူ့အခွင့်အရေး လူသားချင်းစာနာ ထောက်ထားရေး ဖွံ့ဖြိုးရေး စတဲ့ စကားလုံးတွေကို သုံးပြီးတော့ ပြည်ထောင်စုအစိုးရက ကြားဝင်ဖြေ ရှင်းပေးနေရတဲ့ ပုံစံမျိုး မဖော်ဆောင်သင့်ပါဘူးလို့ တင်ပြလိုပါတယ်” ဟုလည်း ဦးအောင်သောင်းရွှေက ပြောသည်။

ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် ကော်မရှင်အဖွဲ့များကလည်း အကြမ်း ဖက်အဖွဲ့အစည်းများကို မည်ကဲ့သို့ ဆောင်ရွက်မည်ကို ဖော်ပြမထားဘဲ နှစ်ဖက်လူ့အသိုင်းအ၀ိုင်း သဟဇာတ ဖြစ်ရေး၊ လူသားချင်း စာနာ ထောက်ထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့်စကားလုံးများကို တင်ပြထားရာ ခုတ်ရာတခြား ရှရာတခြား ဖြစ်နေကြောင်းလည်း ဦးအောင်သောင်းရွှေက ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ဇော်မင်းထွန်း
The Ladies News(23.8.17)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို တိုင်းရင်းသား ပြည်နယ်အလိုက် အသီးသီးခွဲဝေ နေရာချထားပေးရန် ဘူးသီးတောင်အမတ် အကြံပြု တိုက်တွန်း”

Post a Comment

Related Posts Plugin for WordPress, Blogger...