Wednesday, August 23, 2017

ရခိုင်ဖြစ်စဉ်ကနေ ခေါင်းရှောင်ချင်တဲ့ အစိုးရရဲ့စိတ်ဓာတ်ကို ဖော်ပြလိုက်တဲ့ ဧရာဝတီတိုင်းက NLD အမတ်

,
23.8.2017

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ရဲ့ “မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များ ကိုဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှု ကြောင့် လောလောဆယ် နေရပ်စွန့်ခွာထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ကျေးရွာများ ဆက်လက် ရပ်တည်နိုင်ရေးအတွက် အရေးယူဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို” နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့ NLD ပါတီ၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးရဲ့ ဆွေးနွေးမှုနဲ့ပတ်သက်ပြီး ပြောစရာလေးတွေရှိလာ ပါတယ်။

သူမပြောသွားတဲ့အချက်တွေထဲမှာ ရခိုင်ပြည်နယ်ဖြစ်စဉ်ဟာ ပြည်တွင်းရေးမဟုတ်ဘဲ ပြည်ပမှကျူးကျော် စော်ကားသော အကြမ်းဖက်မှုဖြစ်စဉ်များဖြစ်ပြီး အဲဒီဖြစ်စဉ်မှာ အစိုးရရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို မြောက်များစွာအသုံးပြုနေပြီး အကြမ်းဖက်မှုအား ကာကွယ်ရန်အားနည်းနေခြင်းအပေါ်ကိုလည်း ပြန်လည် သုံးသပ်သင့်တယ်ဆိုတာရယ်၊ အဲဒီလို ဖြစ်ရတာတွေဟာ အာဏာရှင်စနစ်ဆိုးကြောင့်ဆိုတာရယ်နဲ့ ပတ်သက်ပြီး အဓိက ပြောချင်ပါတယ်။

သူမရဲ့စကားအရ NLD ပါတီဟာ ရခိုင်အကြမ်းဖက်မှုကို ပြည်ပကျူးကျော်စော်ကားသောအကြမ်းဖက်မှု အဖြစ် သတ်မှတ်ထားတယ်လို့ ယူဆပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁)၊ ပုဒ်မ ၄၁၇ မှာ “နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန် ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးမည့် အရေးပေါ် အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းပြချက်တွေ့ရှိလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ နှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေကြေညာနိုင်သည်။ ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်ဝန်းလုံးဖြစ်ကြောင်းနှင့် အချိန် ကာလသတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိဖြစ်ကြောင်း ဖော်ပြရမည်” လို့ ပြောထားပြီးသားဖြစ်ပါတယ်။

ဒီတော့ ရခိုင်ဖြစ်စဉ်ဟာ ပြည်ပမှကျူးကျော်စော်ကားသော အကြမ်းဖက်မှုဆိုရင် အစိုးရ(NLD)အနေနဲ့ အရင်ဆုံး လုပ်ရမယ့်အလုပ်က ကာလုံခေါ်ရပါမယ်။ အခု NLD အစိုးရ ဖြစ်နေပုံက ကာလုံခေါ်ဖို့ နေနေ သာသာ သမ္မတကိုတောင် ဘယ်နားလိုက်ရှာရမှန်းမသိဖြစ်နေပြီး နိုင်ငံတော်ရဲ့ကိစ္စအဝဝကို ဒေါ်စုကသာ ကိုင်တွယ် နေတယ်။ ကာလုံ ခေါ်ရမယ့်အစား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးခန့်ပြီး ရခိုင်အရေးကို လက်တန်း ထိုး ဆောင်ရွက်နေတာတွေ့ရတယ်။ အမျိုးသားလုံခြုံရေးအကြံပေးဆိုတဲ့လူက ရခိုင်အရေးမှာ ဘာတွေများ ထိထိရောက်ရောက် ဆောင်ရွက်နေပါသလဲ။

စစ်တပ်က ကာကွယ်ရေးအသုံးစရိတ် အများကြီးယူပြီး ထိထိရောက်ရောက်မဆောင်ရွက်နိုင်ဘူးလို့ဆိုထား တယ်။ မြန်မာ့တပ်မတော်က သုံးတဲ့ဘတ်ဂျက်ဟာ အိမ်နီးချင်းနိုင်ငံက တပ်မတော်တွေနဲ့ ယှဉ်လိုက်ရင် ဘာမှမရှိသေးပါဘူး။ ပြည်သူတစ်ယောက်အနေနဲ့ မြင်မိသလောက်ကတော့ ရခိုင်အရေးမှာ အထိရောက် ဆုံး ဆောင်ရွက်နေတာဟာ တပ်မတော်တစ်ခုပဲရှိပါတယ်။ ဒါတောင် ဘင်္ဂါလီကယ်ဆယ်ရေးစခန်းလို့ နာမည်တပ်ထားတဲ့နေရာတွေကို အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိလို့ နယ်မြေရှင်းလင်းရေးလုပ်ဖို့ နေနေ သာသာ သွားရောက်ခွင့်တောင်မရှိတာတွေ့ရတယ်လို့ ရခိုင်အမျိုးသားပါတီက အမတ်တွေကိုယ်တိုင် လွှတ်တော်မှာ ပြောနေကြတာ တွေ့ရပါတယ်။

ပြန်သုံးသပ်ကြည့်တော့ NLD ပါတီအမတ် ဒေါ်အိအိပြုံးရဲ့ ဆွေးနွေးမှုဟာ အပြုသဘောဆွေးနွေးမှုထက် သူတစ်ပါးကို လက်ညှိုးထိုးပြီး ရခိုင်ဖြစ်စဉ်မှာ အဓိကတာဝန်ရှိသူဟာ အစိုးရဖြစ်တယ်ဆိုတာကို ရှောင်လွှဲ ချင်တဲ့အတွက် ပါတီက သင်ပေး၊ ရေးပေးလိုက်တာကို ပါတာဖတ်လုပ်သွားတာလို့ပဲမြင်ပါတယ်။ NLD အမတ်တွေဟာ ပါတီ(ဗဟို)ရဲ့ခွင့်ပြုချက်မရဘဲ အဆိုမတင်ရဲ၊ မဆွေးနွေးရဲကြဘူးမဟုတ်လား။ ဒါ့မပြင် စာရွက်ကြည့်ဖတ်တာတောင် စာချောအောင်မဖတ်တတ်တာမို့ နောက်တစ်ခါ ဒီလိုမျိုးထပ်မဖြစ်အောင် သေသေ ချာချာ သင်ပေးထားလိုက်ကြပါဦး NLD ပါတီက တာဝန်ရှိသူ လူကြီးမင်းများ ခင်ဗျားးးးးး။

#မင်းကို

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်ဖြစ်စဉ်ကနေ ခေါင်းရှောင်ချင်တဲ့ အစိုးရရဲ့စိတ်ဓာတ်ကို ဖော်ပြလိုက်တဲ့ ဧရာဝတီတိုင်းက NLD အမတ် ”

Post a Comment

Related Posts Plugin for WordPress, Blogger...