Thursday, August 24, 2017

ကိုဖီအာနန်ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာသည် ရင့်သီးလွန်းပြီး ခိုးဝင်ဘင်္ဂလီများအတွက် အလေးပေးလွန်းနေ

,
(24.8.2017)
ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြောင်းအရာများသည် ဌာနေရခိုင်တိုင်းရင်းသားများထက်ခိုးဝင်ဘင်္ဂလီများအတွက် ပို၍ အလေးသာနေပြီး အစိုးရအား မဖြစ်မနေဆောင်ရွက်ပေးရမည့် အမိန်ပေးသည့်သဘောသက်ရောက်နေကြောင်းတွေ့ရှိရပါသည်။

၁။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအား ရေတိုစီမံကိန်းအဖြစ် အရှိန်မြင့်ဆောင်ရွက်ရန်

၂။ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွင် တာဝန်ရှိဌာနမဟုတ်သည့် လွတ်လပ်သော အစိုးရအာဏာပိုင်အဖွဲ့တစ်ခု ဖွဲ့စည်း၍ ကန့်ကွက်မှုများကို ကိုင်တွယ်ရန်

၃။နိုင်ငံသားစိစစ်ခံရပြီးသူတိုင်း နိုင်ငံသား ခံစားခွင့် အခွင့်အရေးနှင့် လွတ်လပ်ခွင့် ချက်ချင်းရနိုင်အောင် စီစဉ်ပေးရန်

၎။နိုင်ငံသားပယ်ချခံရသူတို့၏ အခွင့်အရေးကို ဖော်ထုတ်ရှင်းလင်းပေးရန်

၅။ ၁၉၈၂ ဥပဒေသာ ပြင်ဆင်ရန်လိုအပ်နေ၍ ဥပဒေပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်ကို အစိုးရမှ စတင်ဆောက်ရွက်ပေးရန်

၆။ နိင်ငံမဲ့များအတွက် နိုင်ငံသားဖြစ်ရေး ဖြစ်နိုင်ဖွယ်များကို အစိုးရက စဉ်းစားဆောင်ရွက်ရန်

၇။ နိုင်ငံသားမဟုတ်သူများအတွက် အခွင့်အရေးရရှိစေရန် ဥပဒေစည်းမျဉ်းများထုတ်ပြန်ရန်

၈။ နိုင်ငံသားမဟုတ်သူများ နေထိုင်ခွင့်ရရေး ရှင်းလင်းထုတ်ပြန်ပေးရန်

၉။ ဘာသာရေး လူမျိုးရေး နိုင်ငံသားဖြစ်တည်မှုအပေါ် ခွဲခြားမှုမရှိဘဲ လွတ်လပ်စွာသွားလာခွင့်ပေးရန်

၁၀။ သွားလာခွင့်နှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်နှင့် ကန့်သတ်ချက်များကို စာရင်းပြုစုမြေပုံချပြရန်

၁၁။ တရားမဝင်ငွေတောင်းခံခြင်းနှင့် အကြောင်းမရှိဘဲ လမ်းပိတ်ဆို့မှုများအပါအဝင် အလွတ်သဘော တားမြစ်ပိတ်ဆို့မှုကို ရှောင်ကြဉ်ရန်

၁၂။ ဆယ်အိမ်မှူး ရာအိမ်မှူး အုပ်ချုပ်ရေးမှူးများကို ဒေသနေသူတို့မှသာ တင်မြှောက်ခွင့်ရှိရန်

၁၃။ အရပ်ဘက်အဖွဲ့အစည်းများအတွက် မှတ်ပုံတင်လုပ်ငန်းများ လွယ်ကူအောင်ဆောင်ရွက်ပေးရန်

၁၄။ IDP (ဒုက္ခသည်စခန်းများ) များအား လုံးဝပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေးတွင် နိုင်ငံတကာမိတ်ဖက်အဖွဲ့များ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီပူးပေါင်းဆောင်ရွက်ရန်

၁၅။ နေရာရွှေ့ပြောင်းသူများအား ၎င်းတို့သဘောဆန္ဒအလျောက်ဖြစ်စေရေး လုံခြုံမှုရှိစေရေးနှင့် ဂုဏ်သိက္ခာရှိစေရေး အစိုးရက စီမံပေးရန်

၁၆။ ပိတ်သိမ်းရေးလုပ်ငန်းစဉ်ကာလအတွင်း နေထိုင်သူများ၏ အမိုးအကာ ရေ သန့်ရှင်းရေး ပညာရေး အသက်မွေးဝမ်းကြောင်းများကို မထိခိုက်စေရ

၁၇။ ပြည်နယ်အတွင်း လူ့အဖွဲ့အစည်းအားလုံး၏ သမိုင်းဝင်ဆိုင်ရာ ၊ ဘာသာရေးဆိုင်ရာ ၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များအားလုံးကို အစိုးရက စာရင်းပြုစု ကာကွယ်ပေးရန်

၁၈။ လူ့အဖွဲ့အစည်းများအကြား မြို့နယ် ပြည်နယ် ပြည်ထောင်စုအဆင့်အလိုက် စေ့စပ်ညှိနှိုင်းပွဲ ကျင်းပရန်

၁၉။ လူ့အဖွဲ့အစည်းများအကြား ပူးတွဲ၍ အသက်မွေးဝမ်းကြောင်းသင်တန်းများနှင့် ယဉ်ကျေးမှုပွဲတော်များ ကျင်းပပြီိး လူငယ်စင်တာများ ဖွင့်လှစ်ရန်

၂၀။ ကော်မရှင်အနေဖြင့် အစွန်းရောက် အမြစ်ပြတ်ဖယ်ရှားခြင်း ဖြစ်လာနိုင်ချေရှိသည့် အန္တရာယ်ဟု သိရှိပြီး ရခိုင်ပြည်နယ်တွင် လုံခြုံရေးဆိုင်ရာ တုံ့ပြန်မှုများ လုပ်ဆောင်ခြင်းကို အကြံမပြုပါ

၂၁။ရဲတပ်ဖွဲ့များအား သတ်မှတ်ထားသည့် စည်မျဉ်းစည်းကမ်းများနှင့်လုပ်ဆောင်မှုရှိစေရန်

၂၂။ ရဲတပ်ဖွဲ့အားလုံးကို ရဲချုပ်တစ်ဦးတည်းကိုင်တွယ်ရန် နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့အား မြန်မာနိုင်ငံရဲတပ်ဖွဲ့အောက်ပေါင်းထည့်ရန်

၂၃။ ရဲတပ်ဖွဲ့ဝင်များသည် အမျိုးသမီးများနှင့် လူနည်းစုများ၊ ပြည်နယ်အတွင်းနေထိုင်သူများအားလုံးကို ကိုယ်စားပြုမှုရှိအောင် ဆောင်ရွက်ရန်

၂၄။ ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်နီုင်ရန် သီးခြားတာဝန်ပေးအပ်ထားတဲ့ ဝန်ကြီးအဆင့်ရှိသူတစ်ဦးခန့်အပ်ဆောင်ရွက်ရန်

၂၅။ ထိုဝန်ကြီးအောက်တွင် ဝန်ထမ်းအင်အားအများပါဝင်သော အဖွဲ့တစ်ခုဖွဲ့ရန်

၂၆။ ထိုအဖွဲ့သည် ကော်မတီ၏ လုပ်ငန်းများကို အထောက်အပံ့ပြုပေးရမည်

ပြည်မြန်မာ မီဒီယာ
သြဂုတ် ၂၄ ၂၀၁၇
https://m.facebook.com/story.php?story_fbid=689496364592931&id=276408029235102

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကိုဖီအာနန်ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာသည် ရင့်သီးလွန်းပြီး ခိုးဝင်ဘင်္ဂလီများအတွက် အလေးပေးလွန်းနေ”

Post a Comment

Related Posts Plugin for WordPress, Blogger...