Friday, August 25, 2017

အစြန္းေရာက္ ဘဂၤလီ အၾကမ္းဖက္သမားမ်ားက အၾကမ္းဖက္ တိုက္ခိုက္မႈအျပင္ ၎တို႔ ေနထုိင္သည့္ အိမ္မ်ားအား မီးရွိဳ႕ ဖ်က္ဆီးထြက္ေျပး

,
(Zawgyi Version)

[အစြန္းေရာက္ ဘဂၤလီအၾကမ္းဖက္သမား သတင္း -၃]

ေနျပည္ေတာ္ ၂၀၁၇၊ ၾသဂုတ္ ၂၅

အစြန္းေရာက္ ဘဂၤလီအၾကမ္းဖက္သမားမ်ားသည္ ေမာင္ေတာေဒသအတြင္းရွိ လံုျခံဳေရး ရဲကင္း ႏွင့္ ရဲစခန္းမ်ားကို အၾကမ္းဖက္တိုက္ခိုက္သည့္အျပင္ ဒုကၡသည္စခန္းမ်ားႏွင့္ ရြာမ်ားကိုလည္း မီးရွိဳ႕ ဖ်က္ဆီးခဲ႔ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရေသ႔ေတာင္ၿမိဳ႕နယ္အတြင္းရွိ ခ်ိန္ခါလီ ဘဂၤလီရြာတြင္ ေနထိုင္ၾကသည့္ ဘဂၤလီမ်ားသည္ ၎တို႔၏ ေနအိမ္မ်ားကို မြန္းလြဲ ၁ နာရီတြင္ မီးရွိဳ႕ဖ်က္ဆီးခဲ႔ၿပီး ျမစ္နားဘဂၤလီေက်းရြာႏွင့္ ေမယု ေတာင္ေၾကာဘက္သုိ႔ တက္သြားေၾကာင္း သိရွိရသည္။

ထို႔ျပင္  ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းရွိ အိမ္ေျခ ၆၀ ရွိသည့္ ေစတီျပင္ ဘဂၤလီေက်းရြာတြင္ ေနထုိင္ၾကသည့္ ဘဂၤလီမ်ားသည္ ၎တို႔၏ ေနအိမ္မ်ားကို မြန္းလြဲ ၁ နာရီ မိနစ္ ၄၀ တြင္ မီးရွိဳ႕ဖ်က္ဆီးခဲ႔ၿပီး ခ်င္းရြာဘက္သုိ႔ ေျပာင္းေရႊ႕သြားေၾကာင္း သိရသည္။
အစြန္းေရာက္ ဘဂၤလီအၾကမ္းဖက္သမားမ်ားသည္ ၾသဂုတ္ ၂၅ ရက္ ယေန႔ နံနက္ အာရုဏ္တက္တြင္ ေမာင္ေတာၿမိဳ႕နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ ႏွင့္ ရေသ့ေတာင္ ၿမိဳ႕နယ္အတြင္းရွိ လံုျခံဳေရး ေဆာင္ရြက္ ေနသည့္ ရဲကင္းစခန္းမ်ားကို  တစ္ခ်ိန္တည္း အလစ္အငိုက္ အၾကမ္းဖက္တိုက္ခိုက္ခံရမႈ ေနာက္ဆံုး အေျခအေနမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္-

(၁) တိုက္ခိုက္ခံရေသာ ကင္းစခန္းေပါင္း ၃၀ ခု
(၂)  က်ဆံုးတပ္ဖြဲ႔ဝင္ေပါင္း  ၁၁  ဦး (တပ္မေတာ္သား ၁ ဦး၊ ရဲတပ္ဖြဲ႔ဝင္ ၁၀ ဦး)
(၃) ဒုလဝကမွဴး  ၁  ဦး
(၄) ဒဏ္ရာရ တပ္ဖြဲ႔ဝင္ေပါင္း  ၁၁  ဦး ၊  ၃  ဦး စိုးရိမ္ရ
(၅) ဆံုးရွံဳးလက္နက္ ၆ လက္
(၆) အစြန္းေရာက္ ဘဂၤလီအၾကမ္းဖက္သမား အေလာင္း  ၅၉  ေလာင္း
(၇) အစြန္းေရာက္ ဘဂၤလီအၾကမ္းဖက္သမား အရွင္ဖမ္းမိ  ၁  ဦး

 အဆိုပါ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္၌ လံုျခံဳေရးတပ္ဖြဲ႔ဝင္မ်ား ႏွင့္ လူဝင္မႈႀကီးၾကပ္ေရး ဝန္ထမ္းတို႔ က်ဆံုး၊ ဒဏ္ရာရရွိခဲ႔သည့္အျပင္ ဘူးသီးေတာင္ၿမိဳ႕နယ္ ၊ ေဖာင္ေတာ္ျပင္ကင္းစခန္းရွိ ေက်းလက္က်န္းမာေရးဌာနဝန္ထမ္း ဦးေဇာ္မ်ိဳးေအာင္ ဒဏ္ရာ(မစိုးရိမ္ရ) ရရွိခဲ႔သည္။

ေမာင္ေတာ ေမာင္ႏွမရြာ ဗလီေရွ႕ ကားလမ္းမေပၚတြင္ စစ္ကူသြားသည့္ နယ္ျခားေစာင့္ရဲ တပ္ရင္းမွ ကား ၃ စီးကို  ေန႔လည္ ၂ နာရီခြဲတြင္ မိုင္းဆြဲ ခံခဲ႔ရၿပီး ညေန ၃ နာရီအခ်ိန္ထိ ပစ္ခတ္မႈျဖစ္ေနေၾကာင္း သိရသည္။

 ကိုဖီအာနန္ဦးေဆာင္သည့္ ရခိုင္ျပည္နယ္ဆိုင္ရာ အၾကံေပးေကာ္မရွင္မွ အၿပီးသတ္အစီရင္ခံစာ ထုတ္ျပန္သည့္အခ်ိန္ ၊ ၂၀၁၇ ခုႏွစ္ ၊ စက္တင္ဘာ ၁၂ ရက္မွ ၂၅ ရက္အထိ က်င္းပျပဳလုပ္မည့္ ကုလသမဂၢ အေထြေထြညီလာခံက်င္းပမည့္အခ်ိန္တုိ႔ႏွင့္  အခ်ိန္ကိုက္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ဖန္တီးကာ တိုက္ကြက္မ်ား ေဖာ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သံုးသပ္ရသည္။

ထပ္မံရရွိသည့္ သတင္းမ်ားအား ဆက္လက္ထုတ္ျပန္သြားမည္ျဖစ္ပါသည္။

(ႏိုင္ငံေတာ္အတုိင္ပင္ခံရံုး သတင္းထုတ္ျပန္ေရးေကာ္မတီ)
===================================================

(Unicode Version)

[အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား သတင်း -၃]

အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက အကြမ်းဖက် တိုက်ခိုက်မှုအပြင် ၎င်းတို့ နေထိုင်သည့် အိမ်များအား မီးရှို့ ဖျက်ဆီးထွက်ပြေး

နေပြည်တော်၊ ဩဂုတ် ၂၅

အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများသည် မောင်တောဒေသအတွင်းရှိ လုံခြုံရေး ရဲကင်း နှင့် ရဲစခန်းများကို အကြမ်းဖက်တိုက်ခိုက်သည့်အပြင် ဒုက္ခသည်စခန်းများနှင့်  ရွာများကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရသေ့တောင်မြို့နယ်အတွင်းရှိ ချိန်ခါလီ ဘင်္ဂလီရွာတွင် နေထိုင်ကြသည့် ဘင်္ဂလီများသည် ၎င်းတို့၏ နေအိမ်များကို မွန်းလွဲ ၁ နာရီတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး မြစ်နားဘင်္ဂလီ ကျေးရွာနှင့် မေယု တောင်ကြောဘက်သို့ တက်သွားကြောင်း သိရှိရသည်။
ထို့ပြင် ရသေ့တောင်မြို့နယ်အတွင်းရှိ အိမ်ခြေ ၆၀ ရှိသည့် စေတီပြင် ဘင်္ဂလီကျေးရွာတွင် နေထိုင်ကြသည့် ဘင်္ဂလီများသည် ၎င်းတို့၏ နေအိမ်များကို မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ချင်းရွာဘက်သို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။

အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများသည် ဩဂုတ် ၂၅ ရက် ယနေ့ နံနက် အာရုဏ်တက်တွင် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ် နှင့် ရသေ့တောင် မြို့နယ်အတွင်းရှိ လုံခြုံရေး ဆောင်ရွက် နေသည့် ရဲကင်းစခန်းများကို တစ်ချိန်တည်း အလစ်အငိုက် အကြမ်းဖက်တိုက်ခိုက်ခံရမှု နောက်ဆုံး အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) တိုက်ခိုက်ခံရသော ကင်းစခန်းပေါင်း ၃၀ ခု
(၂) ကျဆုံးတပ်ဖွဲ့ဝင်ပေါင်း ၁၁ ဦး (တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး)
(၃) ဒုလဝကမှူး ၁ ဦး
(၄) ဒဏ်ရာရ တပ်ဖွဲ့ဝင်ပေါင်း ၁၁ ဦး ၊ ၃ ဦး စိုးရိမ်ရ
(၅) ဆုံးရှုံးလက်နက် ၆ လက်
(၆) အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား အလောင်း ၅၉ လောင်း
(၇) အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား အရှင်ဖမ်းမိ ၁ ဦး

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့သည့်အပြင် ဘူးသီးတောင်မြို့နယ် ၊ ဖောင်တော်ပြင် ကင်း စခန်းရှိ ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်း ဦးဇော်မျိုးအောင် ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။
မောင်တော မောင်နှမရွာ ဗလီရှေ့ ကားလမ်းမပေါ်တွင် စစ်ကူသွားသည့် နယ်ခြားစောင့်ရဲ တပ်ရင်းမှ ကား ၃ စီးကို နေ့လည် ၂ နာရီခွဲတွင် မိုင်းဆွဲ ခံခဲ့ရပြီး ညနေ ၃ နာရီအချိန်ထိ ပစ်ခတ်မှုဖြစ်နေကြောင်း သိရသည်။

ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်သည့် အချိန် ၊ ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပမည့် အချိန်တို့နှင့် အချိန်ကိုက် အကြမ်းဖက်တိုက်ခိုက်မှုများ ဖန်တီးကာ တိုက်ကွက်များ ဖော်ဆောင်လာခြင်းဖြစ်ကြောင်း သုံးသပ်ရသည်။

ထပ်မံရရှိသည့် သတင်းများအား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://m.facebook.com/story.php?story_fbid=785195864986855&id=639456206227489

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “အစြန္းေရာက္ ဘဂၤလီ အၾကမ္းဖက္သမားမ်ားက အၾကမ္းဖက္ တိုက္ခိုက္မႈအျပင္ ၎တို႔ ေနထုိင္သည့္ အိမ္မ်ားအား မီးရွိဳ႕ ဖ်က္ဆီးထြက္ေျပး ”

Post a Comment

Related Posts Plugin for WordPress, Blogger...