Sunday, October 22, 2017

နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးရေး ဖိအားပေးမှုတွေ ရှိ

,
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက် အရ နိုင်ငံသား စစ်ဆေးမှု လုပ်ငန်းစဉ်အတွက် အောက်တိုဘာလဆန်းက စတင်ခဲ့တဲ့ NVC (National Verification Card) နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးရေး လုပ်ငန်းတွေကို ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေမှာ အဓိက လုပ်ဆောင်နေရာမှာ ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံ မွတ်စလင်တွေက ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့က စစ်တွေမြို့နယ် သဲချောင်းကျေးရွာကို အာဏာပိုင်တွေ လာရောက်စဉ်မှာ NVC ကတ်ပြား မလျှောက်ဘူးဆိုရင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးက ငါးဖမ်းလိုင်စင် ထုတ်မပေးဘူးလို့ ပြောဆိုမှု ရှိခဲ့တဲ့ အပြင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနဲ့ မြို့နယ်အဆင့် အာဏာပိုင်တွေကလည်း ဒီကတ်ပြား မလျှောက်ရင် တရားမဝင် အဖြစ် သတ်မှတ်ပြီး အဖမ်းခံရနိုင်ကြောင်း ပြောခဲ့တယ်လို့ ရွာခံတဦးက ဘီဘီစီကို ပြောပါတယ်။

https://m.facebook.com/story.php?story_fbid=1561526553903224&id=166580710064489

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးရေး ဖိအားပေးမှုတွေ ရှိ”

Post a Comment

Related Posts Plugin for WordPress, Blogger...